မိုးရေးထဲက ကျိုက်ထီးရိုးခရီး-၃
ဒါကတော့ ကျီးကန်းပါးစပ်ပါ… အဲဒီအောက်ပြန်ဆင်းသွားရင် လှိုင်ဂူကျင်းကျင်းလေးရှိပါတယ်… အဲဒါကတော့ နဂါးမနဲ. ဇော်ဂျီတို. ဟိုဒင်းပြုနေထိုင်ကျတဲ့နေရာပါ…
ဝင်ချင်ရင်တော့ အကြွေစေ့လဲတဲ ကောင်တာမှာ တုံကင်ယူရပါတယ်.. လေးဘက်ထောက်ဝင်ရမှာပါဗျာ..
မနက်၁ဝနာရီလောက် ရင်ပြင်တော်ပေါ်ကမြင်ကွင်းပါ.. ကိုယ်လူကိုယ်မပျောက်အောင် မနဲလက်တွဲထားရတယ်ဗျ..
ဒါကတော့ ညနေ ၃နာရီလောက်ကပါ ရေးရေးလေးမြင်နေရတာ က မြစ်ကြောင်းပါ..
မိုးရွာတဲ့ပုံအဆင့်ဆင့်လေးပါ….
မိုးရွာဖို.ပြင်ဆင်နေပါပြီ..
ရွာတော့မယ်ရွာတော့မယ် ကြည့်ထားနော်..
ရွာချပါပြီဗျာ.. အဲလိုရွာလို. ကျောက်ထပ်ကြီးသွားတဲ့ လမ်းက တန်းဆောင်းထဲမှာ မိုးတိတ်တဲ့အထိထိုင်စောင့်လိုက်ရပါတယ် :):)
ကဲတော်သေးပြီ… နောက်ဆက်ရန်ကျန်ပါသေးတယ်နော်..
12 comments
koyinmaung
October 24, 2011 at 2:29 pm
မိုးရွာမဲ့တိမ်တွေကကိုယ်အနားရောက်နေတယ်နော်…
တခါမှအပြင်မှာမမြင်ဘူးသေးပါ….
ကျေးဇူးပါဘဲ…
koyinmaung
October 24, 2011 at 2:42 pm
(အဲ့ဒီအောက်ပြန်ဆင်းသွားရင် လှိုင်ဂူကျင်းကျင်းလေးရှိပါတယ်…
အဲဒါကတော့ နဂါးမနဲ. ဇော်ဂျီတို. ဟိုဒင်းပြုနေထိုင်ကျတဲ့နေရာပါ)…တဲ့
ရွှေတိုက်စိုး ရေ နဂါးမနဲ့ဇော်ဂျီ တို့ကဘယ်ဒင်းပြုတာတုန်း
ကောင်လေးကတော့လုပ်ချလိုက်ပြန်ပြီ…ဟေ..ဟေ့
Shwe Tike Soe
October 24, 2011 at 3:58 pm
မသိဘူး ကိုရင်မောင်ကြီးရယ်.. ဘယ်ဒင်းပြုလဲမသိဘူး ဥနှစ်လုံးတော့ ထားသွားတာပဲ..
ဟိဟိ… ဇော်ဂျီကလဲ နဂါးမ မှန်းသိတော့ လစ်တာပေါ့ ဖိနပ်တောင်ကျွတ်တယ်ပြောတယ်..ဟဟဟဟဟ
Diamond Key
October 24, 2011 at 2:57 pm
ကျိုက်ထီးရိုးက မိုးရနံလေးက ကောင်းပါဗျာ။
ရင်ပြင်တော်ပေါ်ကမြင်ကွင်းလေးကိုလည်း သဘောကျနေတယ်။
စုံ စုံ
October 24, 2011 at 3:19 pm
ကျိုက်ထီးရိုးဘုရားကတော့တနှစ်တခေါက်ကိုသွားချင်နေတဲ့နေရာပါ
ဘုရားဖူးရတာလဲကုသိုလ်ရသလို သွားရတဲ့ခရီးကြောင့်လဲစိတ်အပန်းပြေတယ်
ကျမလဲသင်္ကြန်တုန်းကတခေါက်ရောက်သေးတယ်
မြူတွေဆိုင်းပြီးအရမ်းလှတာဘဲ ရွာထဲမှာပုံတင်မလို့လုပ်ခဲ့တာမအောင်မြင်ခဲ့ဘူး
အခုတော့သူများတင်ထားတဲ့ပုံရယ် ကိုယ်ရိုက်လာတဲ့ပုံရယ်ကိုဘဲပြန်ကြည့်ရင်း အလွမ်းဖြေတော့မယ် 😀
ကိုရွှေတိုက်စိုးရေ ပုံတွေအတွက်ကျေးဇူးပါနော်
chitlay
October 24, 2011 at 3:22 pm
connection မကောင်းတဲ့ကြားထဲကနေ ပုံတွေအများကြီးရအောင် တင်နိုင်တဲ့ ကိုရွှေတိုက်စိုးကို ချီးကျူးပါတယ် ..။ ကျိုက်ထီးရိုးမရောက်တာ 2 နှစ်လောက်တောင်ရှိသွားပြီ ..။ ဒီနှစ်တော့ သွားဖြစ်အောင် သွားမယ်လို့ စိတ်ကူးထားတယ် ..။ အခုဒီပုံတွေကို တွေ့ရတော့ ပိုတောင်သွားချင်လာပြီ ..။ ဒါနဲ့ စကားမစပ် ကိုရွှေတိုက်စိုးရေ ဆရာလုပ်တာတော့ မဟုတ်ဘူးနော် … မိုးရေထဲက ကျိုက်ထီးရိုးခရီး-၃ မှာ ရေမှာ ဝစ်စနှစ်လုံးပေါက်ပါနေတယ် ဖြုတ်လိုက်ပါအုံးနော် …. 😛
Shwe Tike Soe
October 24, 2011 at 4:21 pm
အော်ဟုတ်ကဲ့ ကျေးဇူးပါဗျာ.. လက်သန်းက အကျင့်ပါနေတော့ အဲဒီ ဝတ်စနှစ်လုံးပေါက်ပါပါသွားတာ.. ဟဟဟ စောတီးစောတီး
MaMa
October 24, 2011 at 4:08 pm
မိုးရွာပုံအဆင့်ဆင့်ကို ရအောင်ရိုက်လာတာ တော်လိုက်တာ။ လှတပတလေးတွေမို့ ကူးထားလိုက်ပါတယ်နော်။
ဆူး
October 24, 2011 at 4:21 pm
ပုံကို ကြည့်ပြီး အခုတောင် သွားချင်စိတ်ပေါက်နေပြီ။
ခရီးသွားဖြစ်ပါစေ ဆုတောင်းနေတာ..
windtalker
October 24, 2011 at 8:37 pm
ဆူးကိုကို နဲ ့အတူသွားပေါ့
တစ်နေ ့ကတောင်
ပို ့စ်တစ်ခု မှာ ကွန်မင့် ဖတ်မိသေးတယ်
မန် ့တဲ့သူ က ဆူးကိုကို တဲ့
ကိုတိုက်စိုး ကောင်းမှု နဲ ့
တောနဲ ့တောင်စွယ် မြင်ကွင်းများကို
ကြည့်ရှု ခံစားရပါ၏
kocho
October 24, 2011 at 4:29 pm
မိုးရွာတဲ့အတွက် ဓတ်ပုံရိုက်ရတာ တော်တော်ပင်ပန်းမှာပဲနော်
sukoko
October 25, 2011 at 12:27 pm
မိုးရွာတဲ့ဓာတ်ပုံလေးကိုအဆင့်ဆင့်ရိုက်ထားတာအရမ်းလှပါတယ်