kaunglayMarch 9, 20121min1326
လွန်ခဲ့တဲ့ 7နှစ်လောက်ကပေါ့ဗျာ ၊ ကျွန်တော် ရွှေလီမြို့ကို အလည်သွားခဲ့ပါတယ်။ အဲမှာသွားရင်းလာရင်းနဲ့ စပ်စုမိတာတွေ့တာလေးတွေ၊ ဒီနဲ့မတူတာလေးတွေကို ဖောက်သည်ချမလို့ပါ။ ကျွန်တော်သွားမယ့်ကားက မန်းလေးကနေ ညရနာရီလောက်မှာစထွက်တယ် မနက်8နာရီခွဲလောက်ကို မူဆယ် ကိုရောက်တယ် ၊ အဲဒီမှာ မူဆယ်ရောက်တော့ ရွှေလီမှာရှိတဲ့ ဦးလေးဆီဖုန်းဆက် လာကြိုခိုင်းတာပေါ့ ၊ ဦးလေးကကျွန်တော်ရှိတဲ့နေရာကို ကားနဲ့လာကြို ပြီးတော့ မြန်မာဘက်ကလူဝန်မှုကြီးကြပ်ရေးမှာ လိုအပ်တာတွေလုပ် ပြီးတော့ တရုတ်ဂိတ်ဝမှာလည်း လိုအပ်တာတွေလုပ်ပေါ့ ကားကိုတော့ ကြယ်ခေါင်မှာပဲ ထားခဲ့ရတယ် ၊ပြီးတော့ အခုမန်းလေးမှာပေါနေတဲ့ လျှပ်စစ်ဆိုင်ကယ်လေးနဲ့ ဦးလေးရဲ့ဆိုင်ရှိရာကိုသွားခဲ့တယ် ။ ဟိုရောက်တော့ တောသားမြို့ရောက်သလို အထူးအဆန်းလျှောက်ကြည့်တာပေါ့ဗျာ … မူဆယ်ကနေ တစ်ဖက်ရွှေလီ ကိုလှမ်းကြည့်ရင် ပထမဆုံးမြင်လိုက်ရတာတွေကတော့ တိုက်တာအဆောက်အဦးတွေပေါ့၊ ရွှေလီထဲရောက်သွားတဲ့အခါမှာတော့ သူတို့လမ်းတွေပေါ့ နိုင်လွန်ကတ္တရာလမ်းတွေ/ကွန်ကရစ်လမ်းတွေ ဒီမှာလိုတော့ လှိုင်းလုံးဝမရှိဘူး လှိုင်းမထဘူး ကားအင်ဂျင်သံစက်သံလောက်ပဲကြားရတယ်၊ […]


three colorsJanuary 2, 20121min882
မကြာမှီက မြန်မာနိုင်ငံထက်တိုးတက်မှူနောက်ကျသေးသည်ဟုဆိုသော ကမ္ဘောဒီးယားသို့ တိုး ကုမ္ပဏီတခုနဲ့ ခရီးသွားခဲ့သည်။ တွေ့သမျှကို မိမိနိုင်ငံနဲ့ ယှဉ်ကြည့်မိသည်၊(ဓါတ်ပုံကိုတော့ post မလုပ်တတ်သေးပါ) ပထမ ရောက်ရောက်ချင်း ဖုန်းကဒ် ဝယ်ရသည်၊ ချောချောမောမော ရောက်ကြောင်း အိမ်ကို အကြောင်းကြားချင်၍ဖြစ်သည်။ SIM CARD အတွက် ၃ ဒေါ ်လာပေးရသည်၊အစားစား ရှိသည်၊ အများဆုံးက ၁ဝ ဒေါ ်လာဖြစ်သည်။မြန်မာငွေနဲ့ဆို၂၄၀ဝ ကျပ် မှ ၈၀၀ဝ ကျပ် ပဲရှိသည်၊ မြန်မာပြည်မှာ ယခင်က ၁၅သိန်း၊ ယခု ၅သိန်း ပင်များ လွန်း နေသေးသည်။မြန်မာပြည်ကို လွန်ခဲ့တဲ့ ၅ နှစ်က လာသော နိုင်ငံခြားသား တဦးကလဲ ဈေးကြီးလွန်းကြောင်းပြောဘူးသည်၊ ဆီရမ်ရိဖ် မှာ Angkor Holiday မှာတည်းရသည်၊ညဖက် […]


အခုမြင်နေရတဲ့ အမိုးလေးက သတ်သတ်လွတ်ဘုန်းကြီးကျောင်းပါ.. ရေတံခွန်သွားတဲ.လမ်းမှာရှိတာပါ အဲဒီကျောင်းမှာ သတ်သတ်ထမင်း လူတိုင်းဝင်စားလို.ရပါတယ်.. ဟဲဟဲ ရင်ပြင်တော်ပေါ်က ညနေ ၃ နာရီလောက်က ရိုက်ထားတာပါ.. တော်တော်လေးလှပါတယ်ဗျာ.. ဒီပုံလေးကတော့ ရင်ပြင်တော်ပေါ်က နတ်တောင်ပေါ်တက်ပြီး ရိုက်ထားတာပါ.. အရမ်းကြည်ညိုစရာကောင်းပါတယ် ဘယ်တော့ ဖူးဖူး မရိုးနိုင်တဲ့ မြင်ကွင်းလေပါဗျာ.. ဒီပုံလေးတွေကတော့ ထူးထူးခြားခြား မနက်နေထွက်ချိန် လေးတွေပါ.. ရောက်တဲ့နေ.ကစပြီး တလျှောက်လုံး မြူတွေဆိုင်းနေတာ တရက်မှမမြင်ရတဲ့မြင်ကွင်းပါ.. ပြန်မယ့် မနက်မှ အခုလိုမြင်ကွင်းကို မြင်ရတာပါ.. ဒီပုံကတော့ တည်းခိုတဲ့ သုံးထပ်ဆောင်နောက်ဘက်ကနေရိုက်ထားတာပါ… အခုဆိုရင် ကျွန်တော်ရဲ. မိုးရေထဲက ကျိုက်ထီးရိုးခရီး ကို အောင်မြင်စွာအဆုံးသတ်လိုက်ပါပြီဗျာ… မြတ်စွာဘုရားရှင်ရဲ. ဂုဏ်တော်တွေကို ကြည်ညိုကာ ဘုရားဖူးသွားရင်း မြို.ပြရဲ.မွန်းကျပ်မှူတွေကနေ. ခဏထွက် တောတောင်ရေမြေသဘာဝတွေကို တဝကြီးခံစားရင် ပင်ပန်းနွမ်းနယ်သမျှတွေပြေပျောက်ခဲ့ရပါတယ်.. အဲဒီလိုပဲ ရွာသူ၊ရွာသားအပေါင်းတို.လဲ […]


  ဒါကတော့ ကျီးကန်းပါးစပ်ပါ… အဲဒီအောက်ပြန်ဆင်းသွားရင် လှိုင်ဂူကျင်းကျင်းလေးရှိပါတယ်… အဲဒါကတော့ နဂါးမနဲ. ဇော်ဂျီတို. ဟိုဒင်းပြုနေထိုင်ကျတဲ့နေရာပါ… ဝင်ချင်ရင်တော့ အကြွေစေ့လဲတဲ ကောင်တာမှာ တုံကင်ယူရပါတယ်.. လေးဘက်ထောက်ဝင်ရမှာပါဗျာ.. မနက်၁ဝနာရီလောက် ရင်ပြင်တော်ပေါ်ကမြင်ကွင်းပါ.. ကိုယ်လူကိုယ်မပျောက်အောင် မနဲလက်တွဲထားရတယ်ဗျ.. ဒါကတော့ ညနေ ၃နာရီလောက်ကပါ ရေးရေးလေးမြင်နေရတာ က မြစ်ကြောင်းပါ.. မိုးရွာတဲ့ပုံအဆင့်ဆင့်လေးပါ…. မိုးရွာဖို.ပြင်ဆင်နေပါပြီ.. ရွာတော့မယ်ရွာတော့မယ် ကြည့်ထားနော်.. ရွာချပါပြီဗျာ.. အဲလိုရွာလို. ကျောက်ထပ်ကြီးသွားတဲ့ လမ်းက တန်းဆောင်းထဲမှာ မိုးတိတ်တဲ့အထိထိုင်စောင့်လိုက်ရပါတယ် :):) ကဲတော်သေးပြီ… နောက်ဆက်ရန်ကျန်ပါသေးတယ်နော်..


ဒါလေးတွေကတော့ ရှုခင်းပုံလေးတွေပါပဲ…. အပေါ်ပုံနဲ.အောက်ပုံက မိနစ်ပိုင်းပဲ ခြားတာပါ မိုးသားတွေ တက်လာတာလေ… တောပန်းလေးတွေပါ.. ကျီးကန်းပါးစပ်သွားတဲ့လမ်းမှာ ရှိတာလေ.. သဘာဝ ရှုခင်းလေးတွေက စိတ်ကို လန်းဆန်းစေတယ်နော… နောက်ဆက်တင်ပေးအုံးမယ်.. ကော်နတ်ရှင်ကြီး နေကောင်းမှ..


Diamond KeyOctober 8, 20114min17011
လေးကိုင်းသဏ္ဍာန်ရှိနေတဲ့၊ ရှေးအချိန်တုန်းက လေးဝတီ (ဓညဝတီ၊ မေခဝတီ၊ ဒွါရာဝတီ၊ ရမ္မာဝတီ) နဲ့ ဖွဲ့ခဲ့တဲ့ ပြည်ရခိုင်ရဲ့ အလယ်မှာရှိတဲ့ ကျွန်းကြီး နှစ်ကျွန်းအနက်က တစ်ကျွန်းဖြစ်တဲ့ ရမ်းဗြဲကျွန်းပေါ်က မြို့ကျောက်ဖြူ ကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့ရပါတယ်။ မန္တလေးကနေ့ ဒီနှစ်လတစ်လရဲ့ သောကြာနေ ့ညနေ ရ နာရီ မှာ မြတ်မန္တလာထွန်းကားနဲ ့ထွက်ခဲ့တာ နောက်တစ်နေ နံက်စောစော မှာ ရန်ကုန်ကိုရောက်တယ်။ အဲဒီနေ ့မှာပဲ နောက်တစ်နေ့ခရီး အတွက် လိုအပ်တာတွေ ပြင်ဆင်ရတယ်။ နောက်တစ်နေ့ တနင်္ဂနွေ နံက်စောစော မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားရပြီး ဝရး၃ဝ နာရီမှာ လေယာဉ် စထွက်တယ်။ သွားနေပြီ မြို့ကျောက်ဖြူဆီပေ့ါ။ ရန်ကုန်ကနေ ကျောက်ဖြူကို ပျံသန်းကြာချိန်က တစ်နာရီ […]