three colorsMarch 23, 20121min2695
ရန်ကုန်မြို့လယ်၊၂ခန်းတွဲ ၆ထပ်တိုက်၊ စုစုပေါင်း ၁၂ခန်း၊ ရခန်းမှာ ကားတစီးစီ၊ တိုက်က မြေနေရာ မချန် အပြည့်ဆောက်ထားတော့ ကားတွေလမ်းမပေါ်၊ဘေးကလမ်းကြားထဲတွေမှာပါသွားရပ်ရတယ်၊ အဲလို တိုက်တွေပဲ ဆောက်ကြတော့ တလမ်းသွားလမ်းကြားမှာလဲ ကားတွေကို ဘယ်ရော၊ညာမှာပါကပ် ရပ်ကြလို့ အလယ်ကြောတခုနဲ့မောင်းရတယ်၊အချိုရည်ချတဲ့ကားလို၊အမှိုက်ကားလိုများပိတ်ရပ်လိုက်ပြီ ဆို တရုတ် အသုဘလှည့်သလို ဟွန်းသံတွေ ညံနေတာပဲ၊ အနော်ရထာလို၊မဟာဗန္ဓုလလို ၅ကြောရှိတဲ့လမ်းမတောင် ဘယ်ဘက်ဆုံးကြောမှာ ပါကင်ကားတွေယာဉ်ကြောပြည့်စောင်းရပ်ထားတယ်၊ ကပ်ရက်လမ်းကြောကျတော့နောက်ဆုတ်ပါကင်ဝင်မဲ့ကားတွေနဲ့ ပိတ်နေတတ်တယ်၊ညာဘက်ဆုံးကြောကျ မှတ်တိုင်ရပ်တဲ့ဘတ်စ်တွေပိတ်နေတယ်၊အရင်လိုတဲ့ဘတ်စ်ကျ ညာဘက်ဆုံးတောင်ချမရပ်တော့ပဲကပ်ရက် ညာကြောမှာပဲ အတင်အချ လုပ်ကြတယ်၊ (၃၈ လမ်း၊အနော်ရထာလမ်းမဆို ညာဘက်ဆုံးကြောက ဈေးသည်တွေက ညနေ၂နာရီနောက်ပိုင်းဆို ပိတ်ထားပြီ။)အဲဒီလိုနဲ့ အလယ်ဆုံးတကြောမှာပဲ စုတိုးနေကြတယ်၊ညနေ ၃နာရီ(ရုံးဖွင့်ရက်)ဆို အနော်ရထာလမ်းမကြီးပေါ် အရှေ့ဘက်ဗိုလ်အောင်ကျော်လမ်းနဲ့ အနောက်ဘက်ဆို ရွှေတိဂုံဘုရားလမ်း ကြားဟာ အကျပ်ဆုံးပဲ။ လမ်း(၄၀)မှတ်တိုင်ကနေ ရေတွက်ကြည့်ချက်အရအနော်ရထာလမ်းပေါ်မှာ ယာဉ်လိုင်း(၃၉၊၃၃၃၊၁၂၄၊၃၅၊၄၈၊အဓိပတိ(အပြာ)၊၆၅၊ရွှေဧည့်သည်……….စသဖြင့်)စုစုပေါင်း ၁၆လိုင်းထက်မနည်း ပြေးနေတယ်၊ကိုယ်ပိုင်ယာဉ်တွေနဲ့ […]


three colorsFebruary 1, 20121min1056
clean government ၊လာဘ်စားမှူပပျောက်ရေး၊တရားစီရင်မှူဖြောင့်မှန်ရေး၊လူကုန်ကူးမှူပပျောက်ရေး၊အားကစားအဆင့်မြင့်မားရေး….စသည့်စသည့်အားလုံးဟာ ကုုန်ဈေးနှူန်းကျဆင်းဘို့ပေါ ်မှာမှူတည်ပါတယ်၊ဒါကိုအကြံပေးအရာရှိမင်းများ အကြံပေးနိုင်မှ အောင်မြင်ပါမယ်၊ ဒါကိုသက်သာစေနိုင်တာက လူအများ အလုပ်အကိုင်ရရှိစေဘို့ပါဘဲ၊ဒီအတွင်းမှာ ကုန်ဈေးနှူန်းလဲကျရင်တော့အဆင်ပြေဆုံးပါဘဲ၊တက်စေတဲ့အရာမှန်သမျှကို အစိုးရက ဖယ်ရှားနိုင်ရပါမယ်၊ ကျွန်တော်သိသလောက် လောင်စာပေါ် ်မှူတည်ပြီးဈေးနှူန်းတက်ခဲ့တယ်၊ဘာလို့လဲဆိုတော့ သယ်ယူပို့ဆောင်စရိတ်တွေ၊ဘတ်စ်ကားခတွေ တက်သွားလို့ပါ၊ CNGသုံးတဲ့စရိတ်က သက်သာသော်လဲ CNGကားခများကိုလျော့ချ မပေးပဲထားသဖြင့်လူအများ စရိတ်ထောင်းနေကြရသည်၊ မီတာခ တက်တော့ဈေးကတက်သည်၊ မီတာထိန်းသိမ်းခ ဆိုတာက အဆမတန်များနေလို့မီတာခမတတ်နိုင်လို့လုံးဝမသုံးတဲ့အိမ်လဲ တလ တထောင်ပေးရသည်။ ယခင်က ဒေါ ်လာတက်ရင် ဈေးလိုက်တက်သည်၊ယခု ဒေါ ်လာကျတော့ပြန် မကျ၊ ကုန်သည်များဟာ တဦးနဲ့တဦး ဦးနာအောက်နဲ့ ဧရာဝတီ ကုမ္ပဏီဖြစ်ရမဲ့အစား အသင်းဖွဲ့ပြီး ဈေးနှူန်းတည်ငြိမ်အောင် လုပ်သယောင်ယောင်နဲ့ ဈေးညှိ သတ်မှတ် နေ ကြသည်၊ သယ်ယူစရိတ်ကြီးနေတဲ့အထဲ မလိုတဲ့ဂိတ်ကြေးများကြောင့်ပို ပို ဈေးတက်သွားသည်၊ …စသည်စသည် ကဲ့သို့သောအခြားအချက်များကို […]


three colorsJanuary 2, 20121min992
မကြာမှီက မြန်မာနိုင်ငံထက်တိုးတက်မှူနောက်ကျသေးသည်ဟုဆိုသော ကမ္ဘောဒီးယားသို့ တိုး ကုမ္ပဏီတခုနဲ့ ခရီးသွားခဲ့သည်။ တွေ့သမျှကို မိမိနိုင်ငံနဲ့ ယှဉ်ကြည့်မိသည်၊(ဓါတ်ပုံကိုတော့ post မလုပ်တတ်သေးပါ) ပထမ ရောက်ရောက်ချင်း ဖုန်းကဒ် ဝယ်ရသည်၊ ချောချောမောမော ရောက်ကြောင်း အိမ်ကို အကြောင်းကြားချင်၍ဖြစ်သည်။ SIM CARD အတွက် ၃ ဒေါ ်လာပေးရသည်၊အစားစား ရှိသည်၊ အများဆုံးက ၁ဝ ဒေါ ်လာဖြစ်သည်။မြန်မာငွေနဲ့ဆို၂၄၀ဝ ကျပ် မှ ၈၀၀ဝ ကျပ် ပဲရှိသည်၊ မြန်မာပြည်မှာ ယခင်က ၁၅သိန်း၊ ယခု ၅သိန်း ပင်များ လွန်း နေသေးသည်။မြန်မာပြည်ကို လွန်ခဲ့တဲ့ ၅ နှစ်က လာသော နိုင်ငံခြားသား တဦးကလဲ ဈေးကြီးလွန်းကြောင်းပြောဘူးသည်၊ ဆီရမ်ရိဖ် မှာ Angkor Holiday မှာတည်းရသည်၊ညဖက် […]


three colorsNovember 13, 20111min18012
ရန်ကုန်မြို့ကြီးမှာ နိုင်ငံခြားမြို့ကြီးများလောက် ကားအရေအတွက် မများသေးပဲယာဉ်ကြောပိတ်ဆို့မှူဖြစ်နေသည်၊ အကြောင်းရင်းများစွာအနက် အဓိက မှာ ကားများ လမ်းပေါ ်parking ပြုလုပ်ခြင်းပင်ဖြစ်သည်၊ ပိတ်ဆို့မှူအများဆုံးမှာ မြို့လယ်ရှိမြို့နယ်များတွင် ဖြစ်ပြီးကားရပ်နားမှူ အများဆုံးလဲဖြစ်သည်။ လမ်းသွယ်များတွင် တခြမ်းမှာ ပါ့ကင်ကားများကြောင့်တခြမ်းပဲမောင်းနိုင်သည်၊ဒါတောင် လူတွေက ပလက်ဖေါင်းပျောက်နေလို့လမ်းပေါ ်တက်လျှောက်နေသေးသည်၊ လမ်းသွယ်အကျယ်ကျတော့ဘယ်ရောညာပါ ရပ်ကြသည်၊လမ်းအားလုံး တလမ်းသွားဖြစ်လို့အလယ် ကြောက တန်းစီမောင်းရသည်၊ပစ္စည်းရပ်ချသောကားရှိနေရင် တလမ်းလုံးရပ်စောင့်ပေ ရော့။ အရှေ့အနောက်တလမ်း သွားလမ်းမကြီးများမှာယာဉ်ကြော၆ခု-ဘယ်အစွန်၂လိုင်းမှာစောင်းစောင်းရပ်သောကားများ၊ ရပ်ဘို့နောက်ဆုတ်နေသောကား များနဲ့နေရာယူသည်၊ ညာဘက်ဆုံးကြောက ဘတ်စ်ကားကြီးများက ပိတ်ထားသည်၊ဘေးလဲချမရပ်၊ အလယ်-၁ကြောသာသာမှာ rush hours တွင်ကား စုပြုံတိုးနေသည်၊ရပ်နားခ ကောက်ခံရုံနဲ့ မရတော့၊ ထို့ကြောင့်ကားပါကင် သည်ရန်ကုန်မြို့အတွက် မရှိမဖြစ် ဖြစ်နေပြီ၊ စင်္ကာပူတွင် လမ်းပေါ ်ကားရပ်နားခွင့်မရှိ၊တက္ကစီ ပင် လူတင်ရုံ စက်မသတ်ပဲခဏရပ်နိုင်သည်၊ တိုက်မြင့်အားလုံး  မြေညီထပ်ကို ကားရပ်နားဘို့ထားရသည်၊လိုရင် […]


three colorsNovember 9, 20111min17311
ငယ်ငယ်တုံးက မွန်သူဌေးကြီး ဦးနာအောက် နဲ့ ဧရာဝတီ သင်္ဘောကုမ္ပဏီတို့ရေကြောင်းခရီးသည်ပို့ဆောင်ရေးမှာ ပြိုုုင်ကြတဲ့အကြောင်းသင်ဘူးတယ်၊ အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီးတော့ ဦးနာအောက် ပြေးဆွဲနေတဲ့ရေကြောင်းပို့ဆောင်ရေး မှာ အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက ဝင်လာတယ်၊ ပြီးတော့ သင်္ဘောခ ကိုလျော့ချ ပြေး တယ်(ဥပမာ-နဂိုက ၁ကျပ်ဆို သုံးမတ်ပေါ့) အဲဒီအခါ ခရီးသည်တွေ ရွှင်လန်းအားရ ဖြစ်ကြရတယ်၊ ဟိုဘက်ကို စီးတဲ့ ခရီးသည်တွေပိုများသွားတဲ့အခါ ဦးနာအောက် ကလဲ လျော့ချပြေးတယ်၊ ခရီးသည်တွေပြန်မျှသွားတယ်၊ ဒီအခါ ဧရာဝတီကုမ္ပဏီက ငါးမူးနဲ့ပြေးတယ်၊ ဦးနာအောက်က လဲလိုက်လျော့တယ်၊ ဒီလိုနဲ့ခရီးသည်တွေကိုလျော့ပေးရုံမက ပုဝါတပိုင်စီပေးတဲ့အထိ service ကောင်းလာခဲ့တယ်၊ အရင်းရှင်ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရ က လွတ်လပ်စွာယှဉ်ပြိုင်ခြင်းပဲ၊ ဥပမာ-ကွန်ပြူတာမှာ intel နဲ့ အခြားcompany တွေယှဉ်ပြိုင် microprocessor တွေ, chip […]


three colorsSeptember 26, 20111min1134
ရန်ကုန်မြို့လူထု အများစုဟာ ဘတ်စ်ကားများကို အဓိကအားကိုးပြီး သွားလာကြရသည်။ ဘတ်စ်ကားခများ ၁ကျပ်၊၂ကျပ် မှ စတိုးလာသည်မှာ ယခုအခါ ၂၀၀၊၃၀ဝကျပ် ပင်ရှိနေပေပြီ။ ရွှေပြည်သာ၊အင်းစိန်အောင်ဆန်း၊လုှိင်သာယာစသည့် စသည့်နေရာများမှ မြို့ထဲသို့ နေ့စဉ်လာရသူများအတွက် ၂ဆင့်စီးရလျှင် အသွားအပြန် ကားခ သည် ၈၀၀၊၁၀၀ဝကျပ်ခန့်ရှိသည်၊ (အိမ်နားမှာ အလုပ်ရှာရန်ကလည်း အဆင်မပြေလို့)တလဆိုလျှင် ကားခချည်း မည်မျှကုန်မည်ကိုတွက်ကြည့်နိုင်သည်။ ဘတ်စ်ကားများ CNG ပြောင်းစက ကားခများကိုလျှော့ချပြေးဆွဲမည်ဟုကြားလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ဆီ ၃ ဂါလံနှင့်ညီသော CNG ပမာဏ၏ ထုတ်ဈေးမှာ (၇၀၀)ကျပ်သာရှိသည်ဟုသိရသည်။(မှားလျှင ပြင်ပေးကြပါကုန်)   ထို့ကြောင့်ဓါတ်ဆီ ၁ ဂါလံနှင့်ညီသောပမာဏသည် ကျပ်၂၀ဝသာသာ သာရှိသဖြင့်(၁၀)ဆကျော်သက်သာသည်။ ကားခကို ယခု ၂၀၀၊၃၀ဝကျပ် မှ ၂၀၊၃ဝကျပ် ထိပင်လျှော့ချပေးနိုင်သည်။ အထူးကားဟု အမည်ပေးပြီး ကားခ ပိုယူခဲ့သောကားများသည်လည်း(မထူး) […]


three colorsSeptember 24, 20111min25714
ဒါ ဒုတိယအကြိမ် တင်ကြည့်ခြင်းပါ။ တိုတိုပဲပြောကြည့်ပါမယ်၊ ကျွန်တော် စင်ကာပူ ကပြန်လာခါစ လွန်ခဲ့တဲ့ ၅နှစ်လောက်က အဖြစ်ကလေး။ ရန်ကုန်မြို့ထဲမှာ အကြော် ဝယ်ပြီး လက်က ကိုင်စား လာခဲ့ပြီး ကုန်သွားတဲ့အခါ ဟိုကပါလာတဲ့အကျင့်ကလေးကရှိနေသေးလို့ ဆီပေနေတဲ့သတင်းစာ စာရွက်ကိုကိုင်ရင်း အမုှိက်ပုံးရှာမိပါတယ်။၂block,၃ block သာကျော်လာတယ်၊အမှိုက်လွှတ်ဘို့နေရာမှန်ကိုရှာမတွေ့ လို့လမ်းပေါ ်ပဲချရပါတော့တယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က အမှိုက်ပုံးတွေblockတိုင်းမှာရှိခဲ့ဘူးပါတယ်၊အခုတော့—–။ ဒါတွေကြောင့်ရေမြောင်းတွေ ပိတ်တာ မဖြစ်နိုင်ဘူးလား???? စည်ပင်ဝန်ထမ်းတွေ အကုန်လုံး လှည်းထုတ်နိုင်လို့လား?????? အမှိုက်ပုံးတွေ ရှိဘို့မလိုဘူးလား???????? ်