Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျေရုစလင်….(၃)

hmeeOctober 25, 20113min44013
အသက်ဝင်လွန်းလို့ ကျွန်မ အရမ်းသဘောကျခဲ့တဲ့ ပန်းပု။
ကြယ်နီကြီးပေါ်ရာ နေရာက ဘုရားကျောင်းပုံ တင်မဖြစ်လို့ အတွင်းက ပန်းချီပုံ တင်ပေးပါတယ်။
ညာဘက်က တံတားလေးကနေ တက်သွားရတာပါ။
ဒေးဗစ်ဘုရင် အုတ်ဂူပါ။

 

သခင်ယေရှု နောက်ဆုံးညစာ စားတဲ့နေရာပါ။

ဒီတစ်ခါ အိမ်ကစထွက်တော့ မနက်(၈)နာရီ  ဂျေရုစလင်ရောက်တော့ (၁၀)နာရီ ကျော်ကျော်ပဲ ရှိသေးတယ်။ Dom of The Rock က  (၁၂) နာရီမှ ဖွင့်မှာ စောနေသေးလို့  ဂျေရုစလင်မြို့ထဲ  လျှောက်သွားပါတယ်။  ဂျေရုစလင် အသည်းနှလုံးလို့ တင်စားထားတဲ့  Ben Yehuda Street  မှာ လမ်းလျှောက်ဖို့ ကြံကြပါတယ်။  လမ်းမရောက်ခင်မှာ ကားပေါ်ကဆင်း ပြီးတော့ အဲ့ဒီလမ်းဆီ ခြေလျှင် ချီတက်ကြပါတယ်။ အဲ့လမ်းက ကားဝင်လို့ မရပါဘူး။  သူက တောင်စောင်းလို ဆင်ခြေလျှော တလျှောက် ရှိနေတဲ့လမ်းပါ။ ဘေးနှစ်ဖက်က ဆိုင်တွေ လမ်းလယ်မှာက ခုံတွေခင်းထားပါတယ်။ တချို့နေရာလေးတွေမှာ လမ်းလယ်ပန်းဆိုင်က အလှအပနဲ့   သစ်ပင်ကြီးတွေ ကလည်း တမေ့တမော ဖြစ်စေပါတယ်။  တချို့က ဘေးဘက် လူသွားရာလမ်းအလယ်မှာ ခုံတလုံးပေါ်ထိုင် သူ့ရှေ့မှာ ဂစ်တာအိတ်ကို ဖွင့်လျှက်ချထားပြီး သေသေချာချာ စိတ်ခံစားမှု အပြည့်နဲ့ သီဆို တီးခတ်နေတာတွေ တွေ့ရပါတယ်။ ရပ်ကြည့်တဲ့သူက ရပ်ကြည့်  သဘောကျသူတွေက   ဂစ်တာအိတ်ထဲကို ပိုက်ဆံထည့်သွားတာတွေ တွေ့ရပါတယ်။ တချို့နေရာတွေဆို တီးဝိုင်းအပြည့်အစုံနဲ့  တီးနေတာများ  လမ်းသွားလမ်းလာတွေကို  ဖျော်ဖြေနေသလိုပါပဲ။  လမ်းတလျှောက် ဆင်းလာရင်း  ဟိုငေးဒီငေး ကြည့်လာရတာ ငြိမ်းချမ်းလိုက်တာ။  ၁၂နာရီ ထိုးခါနီးတော့  ကားပြန်စီးပြီး  Dom of The Rock ဘက်ကို ဦးတည်လိုက်ပါတယ်။

ကျွန်မတို့ ရောက်သွားတော့  တန်းစီနေတဲ့ လူတွေ တော်တော်တောင် များနေပါပြီ။ ကားပေါ်ကဆင်း လှေကားအတိုင်းဆင်းသွားတော့ လူတွေမှ အများကြီးပါပဲ။ တချို့က အဖွဲ့လိုက် ဘုရားဖူး သက်သက်လာတယ် ထင်ပါ့။  ဝဲဘက် ဂိတ်ပေါက်က  Western Wall ကို ဝင်တဲ့ဂိတ်။ ညာဘက်က Dom of The Rock ကို ဝင်တဲ့ဂိတ်ပါ။ Western Wall ကတော့ အချိန်အကန့် အသတ်မရှိလို့  ဂိတ်ပေါက်မှာ လူတွေမများပါဘူး။  Dom of The Rock ကတော့  အချိန်အကန့် အသတ်ရှိလို့  တန်းစီနေတာ နဲတဲ့ အတန်းရှဖည်ကြီး မဟုတ်ဘူး။ နေပူပူမှာ တော်တော် ရပ်စောင့်လိုက်ရပါတယ်။ ဝင်ခွင့်လည်းရရော  လူတွေကိုလည်း သေချာစစ်   ပစ္စည်းတွေ X-Ray ဖြတ်ရပါတယ်။ ဒီအထဲကို ဝင်တဲ့အခါမှာတော့ အဝတ်အစား ဝတ်ထားတာပါ ကြည့်ပါတယ်။အကျင်္ ီအပြတ်၊ ဘောင်းဘီ စကပ် ဒူးကျော်ဆို မရပါဘူး။ တချို့တွေက  ပုဝါလေးတွေ ခြုံလို့ တချို့ စကပ် အတို ဝတ်ထားတဲ့ အမျိုးသမီးတွေက  ခါးမှာ ပုဝါတွေ ချည်လိုက်ရပါတယ်။  ဝင်ခွင့်ရလို့ ဝင်သွားတော့ လမ်းနဲနဲလျှောက် ပြီးတော့ သစ်သား တံတားပေါ်က လျှောက်သွားရတယ်။ အောက်ဘက်ကို ငုံကြည့်လိုက်တော့  Western Wall ကို မြင်ရပါတယ်။ အမှန်တော့ အာရပ်တွေ အုပ်စိုးစဉ်က  ဂျုးတွေရဲ့ ပထမဘုရားကျောင်း ဒုတိယဘုရားကျောင်း  နေရာကို  မူစလင်တွေရဲ့ Dom of The Rock  ကို တည်ဆောက်ထားတာပါ။    တံတားဆုံးတော့ တခါ ထပ်အစစ်ဆေးခံပြီး ဝင်သွားတော့ အခေါက်ခေါက် အခါခါ ဝင်ခွင့်မရလို့  မမြင်ခဲ့ရတဲ့ Dom of The Rock လို့  ခေါ်တဲ့ ရွှေကျောင်းကြီးကို    မြင်လိုက်ရပါတယ်။   ဝင်ဝင်ခြင်း ထင်ရူးပင် အကြီးကြီးတွေ ၊ အလှစိုက်ထားတဲ့ သံလွင်ပင် ပုပုတွေ  တွေ့ရပါတယ်။ တဝန်းလုံးကို  ကျောက်တုံးတွေ ခင်းထားပါတယ်။  ကျွန်မတို့လည်း စောနက  အပြင်မှာ ရပ်စောင့်ရလို့ ညောင်းညာခဲ့သမျှ ခဏ အမောဖြေ။  ဒီဝင်းထဲမှာ အမှန်တော့ ကျောင်းက နှစ်ခုပါ။  အစက ရွှေကျောင်း၊ ငွေကျောင်းဆိုပြီး ရည်ရွယ်ပြီး တည်ထားတာပါ။ ငွေကျောင်းက မပြီးသေးခင် အစ္စရေးဘက် ပြန်ကျသွားလို့ ဆောက်လက်စ တန်းလန်းကြီးပါ။ ငွေပြားတွေ မပူဇော်ရသေးလို့ အမည်းရောင်ကြီး ဖြစ်နေပါတယ်။  ဒါကြောင့် အလုံးစုံ ပြီးသွားတဲ့ ရွှေကျောင်းကပဲ နာမည်ကြီးတာပါ။  အမောပြေတော့ ရွှေကျောင်းဘက် ဦးတည်ကြပါတယ်။

လှေကားတလျှောက်တက် ပြီးတော့ မြင်လိုက်ရတာက လှပတဲ့ ကျောင်းတော်ကြီးကိုပါ။ အပေါ်အမိုးက ရွှေရောင် ဖြစ်နေပေမဲ့ အောက်နားကပ်လျှက်က အလှဆင်ကျောက်ပြား အပြာတွေရဲ့  တခန်းတနား အလှကို  မြင်လိုက်ရတာ တအံ့တဩပါ။ ဒီမြင်ကွင်းကို ကျောင်းပြင်ပက မမြင်ရပါဘူး။ အနီးကပ်မို့ မြင်ရတာပါ။  အနားကပ်သွားပြီး  ကျောင်းထဲများ ဝင်လို့ရမလားလို့ မယောင်မလည် သွားပါသေးတယ်။ ဂိတ်စောင့်က   ဘာသာကွဲတွေ မဝင်ရပါဘူးတဲ့။ ဒါနဲ့  ကျွန်မလည်း အားမလျှော့ပဲ မြင်ရသလောက် ကြည့်မယ်ဟယ် ဆိုပြီး တံခါးနား အသာကပ် ချောင်းပေမဲ့  ကလကာကြီးပဲ မြင်ခဲ့ရလို့  ပြန်လှည့်ခဲ့ရပါတယ်။  ကျောင်း တပတ် ပတ်ကြည့်တော့  မူစလင်ဘာသာဝင် မိသားစုတွေ ကျောင်းဘေးမှာ ဖျာတွေဘာတွေ အကျအန ခင်းပြီး ထိုင်နေတာ မြင်ခဲ့ရပါတယ်။ ကုန်းအမြင့် လွင်တီးခေါင်ခေါင်မို့ ပူပြင်းလိုက်တဲ့ နေက မျက်လုံးတွေတောင် ပြာပါတယ်။  အားလုံး လျှောက်ကြည့် ပြီးတော့ ပြန်ထွက်။ အချိန်က  တနာရီကျော်ပဲ ရှိသေးလို့  West bank ဘက်ကို သွားဖို့ ကြံကြပါတယ်။

သခင်ယေရှု မွေးဖွားရာ မြေအစစ်နေရာမှာ တည်ထားတဲ့ ဘုရားကျောင်းကို သွားဖို့ ရည်ရွယ်လိုက်တာပါ။ ဂျေရုစလင်ကနေ ကားနဲ့   သွားရင် ကျွန်မအထင် နာရီဝက်တောင် မကြာသလိုပါပဲ။  လမ်းမကနေ လက်ဝဲဘက်ကို ကားကွေ့လိုက်တော့ ဘွားကနဲ တွေ့လိုက်ရတာက အင်္ဂတေ တံတိုင်း အမြင့်ကြီးကိုပါ။ တမျှော်တခေါ်ကြီးပါပဲ။  West Bank ဘက်ကို သွားရင် အစ္စရေးက ကားတွေ ဝင်လို့မရပါဘူး။ အာရပ်တွေက ခဲနဲ့   ဝိုင်းပေါက်တတ်လို့ပါ။ ဘယ်လိုသိသလဲလို့ မေးစရာရှိပါတယ်။ ကားနံပါတ်ပြား အရောင်မတူပါဘူး။  ဒါနဲ့ ကျွန်မတို့လည်း ကားကို ပါကင်မှာ ရပ်ခဲ့ပြီး  လမ်းလျှောက် ဝင်ရပါတယ်။ အစ္စရေးဘက်ကနေ ပါလက်စတိုင်းဘက် ဝင်တော့ ဂိတ်ပေါက် ဒလက်ကလေးတွေကို တွန်းဝင်သွားရုံပါပဲ။ သုံးခုလောက်တော့ ဖြတ်ရပါတယ်။  အဲ… အစ္စရေးဘက် ပြန်ဝင်တော့  ပါ့စ်ပို့ ပြရပါတယ်။ ဂိတ် သုံးခုကို တော်တော် အစစ်ဆေးခံပြီးမှ ပြန်ဝင်ရပါတယ်။ လမ်းကျဉ်းလေးက ဘေးနှစ်ဖက် အပေါ်မှာ  သံချောင်းတိုင်တွေ ကာထားပါတယ်။ တခါဝင် ၅ယောက်။ ခဏရပ် ပါ့စ်ပို့ပြ။  တံခါးဖွင့်တော့ ၅ယောက်လုံးဝင်  တခါ ခဏ ရပ်နေရပြန်ပါတယ်။  မတော်လို့များ အသေခံခွဲသူ ဒီ၅ယောက်မှာ ပါလို့ကတော့  မတွေးရဲစရာပါ။  စစ်ဆေးတဲ့သူတွေကတော့ ကျည်ကာခန်းထဲကနေ စစ်တာမို့  သူတို့ကတော့ ကိစ္စမရှိလောက်ဘူး။  အဲလို သုံးခု ဖြတ်ပြီးမှ  အစ္စရေးဘက် ပြန်ရောက်ပါတယ်။ အထွက်လွယ်ပြီး အဝင်ခက်ချက်ကတော့ မပြောပါနဲ့။  တခါတလေ မသင်္ကာသူများ ပါလို့ကတော့ အဲ့ဒီလူကို စစ်ဆေးတဲ့ အခန်းထဲ ဝင်ခိုင်းပြီး အကုန်ချွတ်ခိုင်းပါတယ်တဲ့။  ပါလက်စတိုင်းတွေ ဒါကြောင့်လည်း စိတ်နာတာပါမယ် ထင်ပါတယ်။ ဒီလို မစစ်ဆေး ပြန်တော့လည်း အသေခံ ဗုံးခွဲသူတွေက  လွတ်လို့ သေကြပြန်တော့  အစ္စရေးဘက်ကလည်း မှန်ပြန်ပါတယ်။  ကိုယ့်ခံစားချက်နဲ့ ကိုယ်ကတော့ မှန်နေကြတာပါပဲ။ ခရီးအကြောင်း ဆက်ပါဦးမယ်။  သံတိုင်တွေကြားကနေ တရွေ့ရွေ့ဝင်သွားပြီး လမ်းဆုံးတော့ အဌါးကားတွေ တွေ့ရပါတယ်။ ကားဌါးပြီးတော့  ပထမဆုံး ရောက်သွားတာက  သခင်ယေရှု ဖွားမြင်ပြီ  သွားဖူးကြတော့လို့ သိုးကျောင်းသားတွေကို  တမန်တော် လာပြောတဲ့ နေရာမှာ တည်ထားတဲ့ ကျောင်းပါ။ ကြယ်နီကြီးကို မြင်တယ် ဆိုလားပဲ။ ဒါတော့ ကျွန်မ မသိပါဘူး။  ဘုရားကျောင်းကို အပြင်ဘက်က ရိုက်ခဲ့ပေမဲ့ လူပုံတွေပါလို့  မတင်ပေးနိုင်တာ စိတ်မကောင်းဘူး။  အထဲက ပန်းချီပုံတွေတော့ သဘောကျလို့   ရိုက်ခဲ့ပါတယ်။ ဘုရားကျောင်း အနောက်ဖက်မှာတော့ ဂူလေးတဂူကို သေချာ မွန်းမံထားပါတယ်။  သိုးတွေ ထားတဲ့ဂူ လို့ဆိုပါတယ်။

အဲ့ကနေ ခရီးဆက်တော့   ယေရှုမွေးရာ နေရာကို ရောက်ပါတယ်။ ဘုရားဖူးတွေ များလွန်းလို့ ဓါတ်ပုံလည်း ကောင်းကောင်း မရိုက်ခဲ့ရပါဘူး။  ယောသပ်နဲ့ မာရိတို့ နှစ်ယောက်လုံး  ဘယ်သလီဟန် ဇာတိ ဖြစ်ပေမဲ့  ထိမ်းမြားရန် စေ့စပ်ထားချိန်မှာတော့ နာဇာရက်မြို့မှာ ရောက်နေတာပါ။  တော်တော် ဝေးပါတယ်။   အဲ့အချိန်မှာ  ရောမလက်အောက်ရောက်နေတာမို့ ရောမဘုရင်က  လူဦးရေစာရင်း ကောက်ယူတဲ့ အချိန်မှာ လူတိုင်းမွေးဖွားရာ ဇာတိမှာ မှတ်ပုံတင်ကြရပါတယ်။  ဘီစီ ၂ခုနှစ် ရောမ ဧကရာဇ် ဩဂတ်စတတ်ဆီဇာ လက်ထက်မှာပါ။   ဒါနဲ့ ယောသပ်နဲ့ မာရိဟာ ဘယ်သလီဟန်မြို့ကို ရောက်လာတာပါ။ အနယ်နယ်က ပြန်လာတဲ့ လူတွေများလွန်းလို့ တည်းခိုစရာ နေရာ မရခဲ့ပါဘူး။  အဲ့သည်မှာ ကိုယ်ဝန် အရင့်အမာနဲ့  မာရိဟာ သခင်ယေရှုကို ဖွားမြင်တာပါ။  မွေးလာတဲ့ ကလေးကို အဝတ်နဲ့ ပတ်ပြီး နွားစာခွက်ထဲ ထည့်ထားရတာပါ။   နွားစာခွက်ထဲမှာ မွေးတာ မဟုတ်ပါဘူး။   ယေရှုမိဘများဟာ အမှုကိစ္စအားလုံး ပြီးတော့  နာဇာရက်ကို ပြန်သွားပြီး နေထိုင်ပါတယ်။  နောက်တခါ  နာဇာရက်က မာရိအိမ်အကြောင်း တင်ပေးပါ့မယ်။    လူတွေကို တိုးပြီး ကျောင်းထဲရောက်တော့ ခပ်နိမ့်နိမ့် တံခါးလေးကို ခေါင်းငုံပြီး အတွင်းကို ဝင်လိုက်တော့ ချက်ချင်း ဘာမှ မမြင်ဘူး။ လူတွေ  များလွန်းလို့ပါ။  ခန်းမ အကျယ်ကြီး ထဲမှာ တရွေ့ရွေ့ ဝင်သွားရပါတယ်။ နောက်တော့ မြေအောက်ကို လှေကားလေးအတိုင်း ဆင်းလိုက်တော့   သေသေချာချာ အမိုးအကာတွေနဲ့    ထိန်းသိမ်းထားတဲ့ သခင်ယေရှုမွေးရာ မြေအစစ်ကို တွေ့ရပါတယ်။  နေရာ ကျဉ်းပါတယ်။  ဘေးပတ်လည်မှာတော့   အထိမ်းအမှတ် အရုပ်တွေ တွေ့ရပါတယ်။  လူတွေ အရမ်းများလို့ အကြာကြီး နေလို့တောင် မရပါဘူး။ ပြန်ထွက်ခဲ့ရပါတယ်။  အဲ့က ထွက်လာတော့မှ အသက်ဝဝရှုရပါတယ်။  နောက်တနေရာကတော့ မယ်တော် မာရိ နို့စက်ကျလို့ ကျောက်တုံးဟာ ဖြူဆွတ်သွားတယ် ဆိုတဲ့နေရာက ဘုရားကျောင်းပါ။   ယောသပ်က မြင်းဆွဲ  မြင်းပေါ်မှာ မာရီက ကလေးလေးကို ပွေ့ပြီး စီးလာတဲ့ပုံ ရုပ်တုလေးဟာ အသက်ဝင်လိုက်တာများ ကြည့်မဝအောင်ပါ။  ဘုရားကျောင်းဆိုပေမဲ့  ဂူဆန်ဆန်နေရာတွေကို အပေါ်က ကျောင်းဆောက်ထား သလိုပါ။  ပြန်ထွက်လာပြီးတော့  အိမ်ပြန်ခရီး စပါတော့တယ်။  အပေါ်မှာ ပြောခဲ့သလို  ဂိတ်ရောက်တော့  ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီးမှ သက်ပြင်းချရပါတယ်။  တချို့ အာရပ်တွေဟာ မနက်တိုင်း ဂျေရုစလင်မှာလာ အလုပ်လုပ် ညနေပြန်ကြတယ် ဆိုတာကိုပါ ဗဟုသုတ အဖြစ် သိခဲ့ရပါသေးတယ်။  နောက်တခါ  နာဖာရက်က  မယ်တော် မာရိရဲ့  အိမ်ကို တင်ပေးပါ့မယ်။

Ben Yehuda Street ပါ။

13 comments

  • nozomi

    October 25, 2011 at 4:32 pm

    မမှီ ကြီး ဗုဒ်ဓဂါယာကို ရောက်ပြီးရင်တော့ ဘာသာအားလုံးရဲ့ အလေးအမြတ်ပြုရမဲ့နေရာ အားလုံးကို ရောက်ခဲ့သူတစ်ယောက်အနေနဲ့ ထူးခြားမှု တစ်ခုပဲ

    မမှီ အခု ရေးနေတာတွေ သေချာသိမ်းထား မြန်မာပြည်ပြန်ရောက်ရင် စာအုတ်ထုတ်သင့်တယ်

    အရင် ပို့စ်မှာ ဂျူးတွေက ငွေနဲ့ပတ်သက်ရင် အရမ်းစီးတယ် ပိုက်ဆံရမှ ပစ္စည်းပေးတယ် ဆိုတာ ဖတ်မိတော့ ဘေးလူတစ်ယောက်အနေနဲ့ အခံရ ခက်စရာ ကြီး အဲဒီလို စိတ်ရှိတဲ့ သူတို့ အချင်းချင်းကြားက ဆက်ဆံရေးရော..

    • hmee

      October 25, 2011 at 8:49 pm

      သူတို့ အချင်းချင်းလည်း စကားပြောတာလည်း ဒေါကြီးမောကြီးနဲ့မို့ ရောက်စက ရန်ဖြစ်နေတယ် ထင်တာ။ အခုပဲ တယောက်နဲ့ တယောက် သတ်ကြဖြတ်ကြတော့မလို အော်ဟစ်နေတာ အဲ…ခဏနေတော့ အခုနက အော်ဟစ်နေတာ သူတို့ မဟုတ်သလိုပဲ ရီမောနေပြန်ရော။ ဂျုးဆီက လက်ဆောင်ရတယ်ဆိုရင် အဲ့လူ တကယ်ကံထူးလို့ပဲ လို့တောင် ပြောစမှတ်တွင်အောင် စီးပါတယ်။ ဘာတခုမှ အလကားမရပါဘူး။ တခါတလေ ဈေးဝယ်လို့ (မာတာနာ=လက်ဆောင်) ဆိုပြီး ထည့်ပေးရင် မယုံရဘူး။ အိမ်ကလူကြီးကတော့ အမြဲပြောတယ် မင်းပေးလိုက်တာ ကြည့်လိုက်ဦး အကောင်းတော့ မဖြစ်နိုင်ဘူးလို့ပါ။ တကယ်လည်း ပြန်ကြည့် အနာပါနေလို့ သိပ်မကြာခင် ပစ်ရမှာကို ပေးတာပါ။ တကယ့်လူတွေပါ။

  • နွယ်ပင်

    October 25, 2011 at 4:44 pm

    မမှီရေးတဲ့ ပိုစ့်တစ်ခုကို တစ်ခါဖတ်တိုင်း
    ဗဟုသုတတွ တစ်ခါရလိုက်တာပါပဲ
    လိုင်းမကောင်းတဲ့ကြားက စာတွေရော ပုံတွေရောကို
    သေချာကြည့်ရှူ ဖတ်သွားပါတယ်မမှီရေ …………

  • Diamond Key

    October 25, 2011 at 4:50 pm

    ဘုရားကျောင်းပုံလေးတင်သာတင်ပါ။ မြင်ဖူးရတာပေ့ါ အားလုံးကို း)

  • ဆူး

    October 25, 2011 at 5:31 pm

    အပေါ်က တံတားက လျှောက်ပြီး ရွှေကျောင်းကို ဝင်ရတာပါ။
    လို့ရေးထားတဲ့ ပုံကို ကြည့်ရတာ မိုးမရွာတဲ့ မြို့ မိုလို့ ဒီလို လုပ်လို့ ရတာ ဖြစ်မယ် ထင်တယ်။

  • hmee

    October 25, 2011 at 6:00 pm

    သဂျီး ကူညီပါဦးနော်။ စုစုပေါင်း ပုံ (၁၃)ပုံတင်တာပါ။ ဘုရားကျောင်းပုံတွေ။ မွေးဖွားရာ မြေနေရာပုံတွေ ပါမလာဘူး။ gallery ထဲမှာ ရှိပါတယ်။ တင်လိုက် အယ်ရာပြပြီး ပျောက်သွားလိုက် ဖြစ်နေပါတယ်။ ကျန်နေတဲ့ပုံတွေ ပြန်ထည့်ပေးပါဦး။

  • ပုူံတွေပျောက်လို့စိတ်ညစ်ရှာ
    သူလဲငါ့လိုပျောက်တာပါဘဲ။
    အားပါးတရတင်လိုက်တာ
    ကော်နက်ရှင်အပြတ်မှာ
    ဘာမှပြန်မရ။
    ဒါပေမယ့်လည်း
    အမှတ်မရှိပါ။
    တင်ချင်စိတ်က တားမရဆီးမရ။

  • padonmar

    October 25, 2011 at 7:47 pm

    မှီရေ မဝေတို့ ဦးဖောတို့လို မျက်နှာတွေ အုပ်ပြီးပြလေ။

    • hmee

      October 25, 2011 at 8:58 pm

      မရဘူး အမရေ။ အဖွဲ့လိုက်ပုံကြီးဆိုတော့ လိုက်ဖျက်ရင် ပုံမှာ အမိုးပဲ ပေါ်မယ်။ ကျောင်းလေးက သေးတယ်လေ။ ပါလက်စတိုင်းဘက် သွားဖို့ မလွယ်လို့သာ ထပ်သွားပြီး ဓါတ်ပုံတွေ ထပ်ရိုက်ချင်နေတာ။ West Bank ဘက်ကို ကာထားတဲ့ တံတိုင်းကြီးပါ တင်ချင်တာ မတင်ရဲဘူး။ အင်္ဂတေ တံတိုင်းကြီးမှ အမြင့်ကြီးပဲ။ ငြိမ်းချမ်းရေးအတွက် အဲ့တံတိုင်းဆောက်တာ ဒေါ်လာ ဘီလီယံချီတယ်တဲ့ သူများပြောနေတာ နားစွန်နားဖျား ကြားလိုက်တာ။ အပေါ်မှာ မပြောရသေးလို့ ထပ်ပြောဦးမယ်။ ပါလက်စတိုင်းဘက်မှာလည်း ငွေက အစ္စရေး ငွေပဲသုံးကြတယ်။

  • windtalker

    October 25, 2011 at 7:55 pm

    တစ်ကယ်ကို စုံစုံလင်လင်ဖြင့် မျက်စိ ပဒါသ ဖြစ်ရပါ၏

  • ပေါက်ဖော်

    October 25, 2011 at 8:20 pm

    အပေါ်ဆုံးပုံက ပန်းပု ကျနော်လဲ ခိုက်တယ်..အန်တီမှီရေ
    😆

  • blackchaw

    October 25, 2011 at 9:13 pm

    ဂျေရုစလင် မြို့အကြောင်းကို ကျွန်တော်မှတ်မိသမျှ
    ဒီလောက်ပြောပြနိုင်တာ ဒေါ်မှီ တစ်ယောက်ပဲတွေ့ဘူးတယ်။
    တန်ဘိုးတော်တော်ရှိပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

  • htet way

    October 26, 2011 at 3:16 pm

    ဗဟုသုတရပါတယ်။ကျေးဇူးတင်ပါတယ်။

Leave a Reply