“ဆရာဝန်ဖြစ်ဖို ့ကျွန်တော်ကြိုးစားမည်” ဆိုသော သါးငယ်၊သမီးငယ်တို ့အတွက်

youngmanOctober 25, 20111min42717

“လူရည်ချွန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်။ဆရာဝန်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်။”သန်းထွန်းလေးရဲ့သီချင်းကိုကြားမိတိုင်းလူငယ်တွေရဲ့အကြီးမားဆုံးရည်မှန်းချက်အိမ်မက်ဟာ

လူရည်ချွန်ဖြစ်ဖို့၊ဆရာဝန်ဖြစ်ဖို့၊လို့အကြမ်းဖျင်းယူဆလို့ရပါတယ်။ လူရည်ချွန်စခန်းသွင်းတာဟာ မဆလခေတ်မှာ ကျန်ခဲ့ပြီမို ့ခေတ်နဲ ့မလျော်ညီတော့ပါဘူး။ အင်းစိန် (RIT) ကျောင်းဖျက်သိမ်းပြောင်းရွှေ ့ပြီးကတည်းကတကသိုလ် ဝင်တန်း(ဆယ်တန်း) မှာအမှတ်ကောင်း တဲ့လူငယ်တွေ(နိုင်ငံခြားထွက်ဖို့ ရည်ရွယ်ချက်၊အခြေအနေမရှိတဲ့လူငယ်) အတွက်တော့မြန်မာနိုင်ငံမှာအကောင်းဆုံးကျောင်းကတော့ဆေးကျောင်းပဲ

ဖြစ်ပါတယ်။ဆေးကျောင်းပြီးလို ့ဆရာဝန်ဖြစ်လါတဲ့အခါ လူ မှုပတ်ဝန်းကျင်မှာ ဂုဏ်ရှိတယ်၊ ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝ တဲ့အလုပ်လို ့ပဲမြင်ကြတယ်။ တဖက်လှည့်ပြန်စဉ်းစားကြည့်ရင်တော့ ကိုယ်ကုလိုက်လို ့သက်သာ၊အသက်ရှင်သွားရင် ကုသိုလ်ရပေမယ့် အဲလိုမဟုတ်ခဲ့ရင်အကုသိုလ် ဖြစ်နိုင်တာပေါ့။ဒင်္ဂါးပြားတစ်ပြားရဲ ့မျက်နှာပြင် နှစ်ဖက် လိုဒွန်တွဲ နေတာကိုတော့သတိပြုဖို ့လိုပါတယ်။ ဆရာဝန်တစ်ယောက်ရဲ  ့ယေဘုယျ ဘဝကိုပြောရ မယ်ဆိုရင် အသက်၁၆-၁ရမှာ ဆယ်တန်အောင် ( ၈၈ အရေးအခင်း နဲ ့ငြိရင် ၁၇-၁၈ မှာ အောင်)၊ ၉၆ ကျောင်းသား အရေးအခင်း နဲ ့မငြိရင်အသက်၂၃-၂၄ မှာ ကျောင်းပြီး၊ အသက်၂၅-၂၆ မှာ အလုပ်ဝင် ၊ လုပ်သက် နှစ်နှစ် ပြည့်ရင် ဘွဲ ့လွန်စာမေးပွဲ ဖြေ။ One Stroke နဲ ့အောင်ရင်တော့ အသက် ၃၄-၃၅ နှစ်မှာ အထူးကုဖြစ်။ (ခွဲစိတ်၊ အရိုး အထူးကု တွေ အတွက်တော့ စာရွက်ပေါ်မှာ ပဲ အထူးကု ဖြစ်ရင်ဖြစ်မှာပေါ့။ တကယ့်အလုပ်လုပ်နိုင်တဲ့၊အတွေ ့အကြုံစုံပြီလို ့ဆို နိုင် တဲ့အရွယ်ကတော့ အငယ်ဆုံးဆိုရင် အသက် လေးဆယ်ဖြစ်ပြီ။ဒီနေရာ မှာ တစ်ခု ပြောစရာ ရှိ တာ က လက်ထောက်ဆရာဝန်အဖြစ် အလုပ် စဝင်ပြီဆိုရင် အများအားဖြင့် လမ်းနှစ်လမ်း ရွေးကြပါတယ်။ Learn လုပ်မလါး။ earn လုပ်မလါး။ Learn လုပ်မယ့် လမ်းကိုရွေးရင်တော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း အသက်လေးဆယ်အထိတော့ဆေးခန်းကောင်းကောင်းမထိုင်နိုင်၊ အလုပ်တစ်ဖက်စာတစ်ဖက်နဲ ့ နပန်းလုံးရင်းကျော်ဖြတ်ရ မှာပါ။ Earn လုပ်မယ် ဆိုရင် နယ်ထွက် တိုက်နယ်ဆရာဝန်၊ မြို့နယ်ဆရာဝန် လုပ်၊ ဆေးခန်းဖွင့် လူတန်းစေ့နေ နိုင် အောင်၊ လူလတ်တန်းစားလိုတော့ရပ်တည်နိုင်မှာပါ။ ဒါကတော့ ပညာသင် ၊ ပိုက်ဆံ ရှာ တဲ့ဘဝ ဖြစ်စဉ်ပါ။ ဒီကြားထဲ ဆေးကျောင်းအတူတက်၊ ချစ်ကျွမ်းဝင် ချစ်သူတွေ ဖြစ်ပြီး ဘဝကို အတူရင်ဆိုင်မယ့် ဆရာဝန်တွေ အတွက်ကတော့ (မိဘ မပံ့ပိုးပေးနိုင်ရင်) ရုန်းကန်ရ မှာတော့အသေအချာ ပဲ။ ဒါတွေ ခဏ ဘေးဖယ်ထား၊ ခုန ကပြောခဲ့တဲ့ အသက်လေးဆယ်မှာ အထူးကု ဖြစ်ရုံနဲ ့တော့ ရန်ကုန် ၊မနလေး လို မြို ့ကြီးတွေ မှာတော့ ပိုက်ဆံရှာ ဖို ့စိတ် မကူးနဲ ့။ နယ်ထွက်မှ ပဲအဆင်ပြေလိမ့်မယ်။ ဒါကလည်း သူတို ့ဘဝ နဲ ့ရင်းပြီး အချိန်တွေ ၊ ခွန်အားတွေ ပေးဆပ်ခဲ ့ရတာ အတွက်တော့ပြန်လို ချင် မှာ မဆန်းပါ။တိုင်းပြည်ကို အလုပ်အကျွေးပြု ချင်လို ့ဆရာဝန် လုပ်တယ် ဆို ရင် တော့ ယုံရ ခက်ခက်ပဲ။ အတ နဲ ့ ပရ မျှဖို ့တော့ လိုတာ ပေါ့။ စာပေဗိမာန် ဆု ရဖို ့ရေးထားတဲ့၊ အကယ်ဒမီဆု ရဖို့ ရိုက်ထား တဲ့ လင်္ကာရည်ကျော် ရဲ  ့” ကြိုးကြာ တောင်ပံခတ်သံ” ကို ခံစားပြီး မျှော်လင့်နေ ရင် တော့ ပြောစရာ မရှိတော့ပါ။ ရိုးရိုး M.B.,B.S တစ်ယောက်ဖြစ်ဖို ့ဆို ရင် ရန်ကုန်၊ မနလေး မှာ ကိုယ့်အိမ်နေ ၊ ကိုယ့်အိမ်စားပြီး ကျောင်းတက် တဲ့ သူ အတွက်တော့ သိန်းတစ် ရာ လေါက်တော့ အနည်းဆုံး ကုန် မှာပေါ့။ မကွေးမှာ ဆို ရင် ဒီထက် ပို ကုန် အုံးမယ်။ အထူးကု တက်မယ် ဆို ရင် မိဘ၊ ယောက်ခမ မပေးနိုင် ရင် မလွယ် ဘူး။ ထားပါတော့၊ ရန်ကုန်လို နေရာ မျိုးမှာ အောင်မြင်တဲ ့ဆရာဝန်ကြီး၊ ပါမောက်ခကြီး ဖြစ်ပြီဆို အုံး တော့။ အသက်ကတော့ အနည်းဆုံး ငါးဆယ်ကျော်ပြီ။ ပင်စင်ယူဖို ့ဆယ်နှစ် တောင် မကျန်တော့ဘူး။ ဆေးခန်းထိုင် ( တစ်နေ ့လူနာ တစ်ရာ ကျော် လောက်ကြည့်)၊ ခွဲစိတ်တာတွေ အောင်မြင်၊ ပြီ း Retired သွားတော့ အများဆုံး ရှိ လှ မှ သံလွင်လမ်း၊ အင်းလျား လမ်း လိုနေရာ မျိုးမှာ လုံးချင်းတိုက်တစ် လုံး ၊ ကားတစ်စီး နှစ်စီး ရှိမယ် ထင်ပါ တယ်။ ဒါ တွေက တော့ AE တစ်ယောက် Project တစ်ခု တည်း နဲ ့ကို ရနိုင် တဲ ့အေံနအထားပါ။ တခြား စည်ပင်တို ့၊ အကောက်ခွန် တို ့၊ လဝက တို ့တော့

မပြောတော့ပါဘူး။ နောက်ပြီးကံအကောင်းအကြောင်းမလှရင် အသွင်ပြောင်းဆဲဒီမိုကရေစီ နိုင်ငံတော်ကြီးမှာ အရင်ကထက် ပိုမို ထင်သာမြင်သာရှိလါ

အောင်ကြိုးစားလါတဲ့ မီဒီယာ သမားတွေ ရဲ ့သါးကောင် ဖြစ်ရအုံး မယ်။ လေါလေါဆယ် မှားတာမှန်တာ ခဏထား၊ ကျော်ကြားမှုဖြစ်ပြီးအတိုင်ခံ ရ ရင် တော့ တစ်သက်လုံးကြိုးစားရင်းနှီးခဲ့သမျှ အကုန်သဲထဲ ရေသွန်ဖြစ်ပြီ။ “မြေနိမ့်ရာ လှံစိုက်”၊ “ကြွက်မနိုင် ကျီ မီးရှို” ဆိုတဲ့စကားပုံတွေ ကို ဒီနေရာ မှာ အမှတ် ရ စရာ ပင်။

နောက်ဆုံးပြောချင်တာတော့ ဆရာဝန်တွေ ပေါချင်းသောချင်းများနေ တဲ ့ ဒီခေတ် ကြီးထဲ မှာ ၊ တစ် နှစ် ကို နှစ်ထောင် နီးပါး ရိုက်ထုတ်ပြီး ( စစ် ဆရာဝန် တွေ မပါ သေး) အလုပ် နေရာ ငါးရာ တောင် မပေးနိုင် တဲ့အခြေ အနေ မှာ ချင်းတောင် လတ်ငြိမ်း ဒါမှ မဟုတ် ရဲတိုက် ထဲ က ဒေါက်တာ အင်ဒရူးမေဆင် လို ဘဝ မျိုး ရွေးချယ် သင့် မသင့် မိမိ ကိုယ် မိမိ ဆင် ခြင်သုံးသပ် ဆုံး ဖြတ်ကြစေလို ပါ သည်။

17 comments

  • windtalker

    October 25, 2011 at 9:27 pm

    မှန်လိုက်တာဗျာ ။ တစ်ပုဒ်ဆို တစ်ပုဒ် ဆိုရလောက်အောင် ပါဘဲ ။
    အခုခေတ် ဆရာဝန်လေး တွေ သူတို ့ဘော်ဒါတွေ အချင်းချင်း မင်္ဂလာဆောင်ကြရင် ဘာလက်ဖွဲ ့တာ အများဆုံး လဲ ဆိုရင် ၊ “ ရဲတိုက် ” စာအုပ်ပါတဲ့ ခင်ဗျ ။ စာတော်ခဲ့ ၊ အလွန်ကြိုးစားခဲ့ပါတယ် ဆိုတဲ့ ညီတော်မောင် ဆရာဝန် ကိုယ်တိုင် ဆရာဝန်ဖြစ်အပြီး ၂နှစ်ကြာမှာ ၊ ဘာဝင်ငွေ တစ်ပြားတစ်ချပ်မှ လည်း မရှိသေးဘဲ ၊ ၁၀၉/၁၁ဝ အဖြစ် အိမ်မှ လက်ဝါးပြန်ဖြန် ့နေတာ ကိုယ်တွေ ့ပါ ။ အစကတော့ မာနနဲ ့ဆင်ဖြေဖုံး လေးမှာ အခန်းငယ်လေးငှားပြီး ဆေးခန်းလေး ဘာလေး ဖွင့်သေးတာပေါ့ ။ သို ့ပေသည့် ဘယ်နေရာမဆို ဆေးခန်းလေးတွေ က မှိုလိုပေါက်နေတဲ့ အခါ….။ ကြာတော့ အခန်းခ လစဉ် အရှုံးပြတော့ ပြန်အပ် ။ အဲ..အခုခေတ် မှာ ဆရာဝန် ဖြစ်တာ ဘာကောင်းဖို ့သေချာ သလဲ ဆိုရင် တော်ရမယ့် ယောက္ခမတော့ သဘောကျ မှာပေါ့ ဗျာ ။

  • ပေါက်ဖော်

    October 25, 2011 at 9:36 pm

    နောင်ဖြစ်လာမဲ့ ဆာဝန်လောင်းလျာလေးများသို ့.ဆရာဝန်ကြီတစ်ဦးရဲ့ အမှာစာလို ့ခေါ်မလားဟင်
    သားတော့ မသိပါဘူး..
    ဆရာဝန်ဖြစ်ချင်တဲ့လူတွေကို ဖတ်စေ့ချင်တဲ့ ပိုစ့် ပါ ခင်ဗျာ..

    တန်ဘိုးမဖြတ်နိုင်တဲ့အသက်တွေကို ကယ်ချင်သပမိုလို ့ ဆရာဝန်လုပ်မှာလား…
    ဂုဏ်.ငွေ..ရဖို ့.လူထင်ကြီးဖို ့..မေမေကျေနပ်အောင်လို ့ ဆရာဝန်လုပ်မှာလားပေါ့ဗျာ..

    ကျနော်တွေ ့တဲ့ ဆာဝန်လောင်းငယ်လေးတွေတော့..ဂိမ်းချည်းပဲ ဆော့နေကြတာပဲ
    ရည်မှန်းချက်ကြီးတာ..မကြီးတာတော့ မသိဘူး…..လေတော့တော်တော်ကြီးကြတယ်

    😆

  • padonmar

    October 25, 2011 at 9:54 pm

    ဘတ်စကားနဲ့ ဆေးခန်းသွားထိုင်ရတဲ့ အမတစ်ယောက်ကတော့ စလင်းဘက်ထဲမှာ အိတ်မည်းမည်းလေးနဲ့ ထည့်ထားတဲ့ Littman နားကြပ်ကို ခါးပိုက်နှိုက်ခံလိုက်ရလို့ ငိုမဲ့မဲ့ဖြစ်နေပါတယ်။ ပြန်ဝယ်ဖို့ သွားမေးတော့ ကိုးသောင်းပါ။

    • ပေါက်ဖော်

      October 25, 2011 at 10:03 pm

      နားကြပ်ကို ကိုးသောင်းတောင်ပေးရသလားဟင်..
      aww mi taw faww
      😆

  • မောင်ကွ လေး

    October 25, 2011 at 10:12 pm

    အားလုံးဈေးကြီးတယ်လေ။မတတ်နိုင်သေးပါလား။

  • padonmar

    October 25, 2011 at 10:21 pm

    အဲဒီအမျိုးအစားက ဈေးဒီလောက်ကြီးပါတယ်။
    နှလုံးခုန်သံ၊အသက်ရှူသံ ကြားရတဲ့ အသံရဲ့ quality လည်းကွာတော့ ရောဂါကို မလွတ်စေချင်တဲ့ ဆရာဝန်တွေ အကုန်အကျခံပြီးကိုင်ရပါတယ်။
    ကြွားချင်လို့ မဟုတ်ပါ။
    ဒါကလည်း ကြားသောနားနဲ့ နားထောင်မှ ကြားတာပါ။
    ဆိုလိုတာက နားထောင်တတ်တဲ့ ပညာနဲ့တွဲရပါတယ်။
    အခုခေတ် သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာတွေနဲ့ တွဲပြီး ပါတဲ့ တရုတ်နားကြပ်တွေ နဲ့ဆိုရင် murmur ခေါ်တဲ့
    နှလုံးရောဂါတွေမှာကြားရတတ်တဲ့ မူမမှန်သော နှလုံးခုန်သံတွေ မကြားရပါ။
    ဆရာဝန်တွေရဲ့ လူမသိတဲ့ ကုန်ကျစားရိတ်တွေပါ။

  • ဘဘ

    October 25, 2011 at 10:57 pm

    အစိုးရကလဲ အလုပ်မပေး။ အပြင်အလုပ်တွေကြတော့ရော။ ဆေးကုပ္ပ္မဏီ တွေကဆို လခနဲနဲ နဲ့ ဆင်ခြေဖုံးရပ်ကွပ်ထိ ( အရောင်းဆေးသည် တွေကိုခိုင်းသလို) လုပ်ခိုင်းနေတယ်။ NGOဆိုတာတွေရော။ လခ ကသူများနိုင်ငံ နဲ့မတူတာမပြောနဲ့တော့၊ ကျန်တာရော။ သူများနိုင်ငံကလူတွေက NGOအဖွဲ့အစီးတွေကို လှူတယ်။ ကို့ မြန်မာပြည်ရောက်မှ မြန်မာလူမျိုးအချင်းချင်း ( ဂုတ်သွေးစုတ်တယ်ခေါ်ရမလား) လုပ်နေကြတယ်။ ဆိုပါစို့ တခုအတွက် လူဆယ်ယောက် လို မယ် ၊ ခေါင်းဆောင်ပါပါရင် ၁၁ ယောက်ပေါ့။ ခေါင်းဆောင် ဆီ ၁၁ ယောက် စာ လခ ၊ ခံစားခွင့်ပေးထားမယ်၊ သူ့ဆီကတဆင့် ကျန်တဲ့ သူတွေကိုပြန်ပေးပေါ့။ အဲဒီ မှာ အဲဒီခေါင်းဆောင် ဆိုတဲ့သူ က ၁ဝယောက် နေရာမှာ ၅ယောက် ပဲခန့်မယ်။ (စာရင်းလိမ် တယ်ပေါ့) ။ ကျန်တဲ့ ၅ယောက်စာ သူယူတယ်။

    ၁ဝယောက် လုပ်ရမှာ ကို၅ယောက် ပဲလုပ်မှတော့ လုပ်ရတဲ့ ၅ယောက် က ပင်ပန်းပြီပေါ့၊ အလုပ်လဲ မတွင်ဘူး။ အဲဒီ တော့ ပေးနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက် မှု ကလဲ နဲပြီ။ လုပ်ရတဲ့သူပင်ပန်း။ ပြည်သူတွေအတွက်လဲ အကျိုးနဲ။ လှုတဲ့သူတွေ ရဲ့စေတနာ ရည်ရွယ်ချက်လဲ အလကားဖြစ်။

    ဒါတွေဘယ် လိုဖြေရှင်းကြမလဲ။ ပထမ ဆုံးတော့ ( ကျနော် ကို FRရဲ့မှာPostမန်းထားတဲ့ ) အာဏာ၊ ရာထူး၊လုပ်ပိုင်ခွင့် ရထားတဲ့ ဆရာဝန်များက သူများပြောတိုင်း ဟုတ်ကဲ့ခေါင်းညိမ့်မနေပဲ ပြောသင့်ဆိုသင့် ၊တောင်းခံသင့်တာတွေကိုတောင်းသင့်ပါတယ်။ ဥပမာ- ကို အနဲဆုံး ၂ဝ ရာခိုင်နှုန်း တိုးတောင်းသင့်တယ်၊ ပြီးတော့ အဲဒီ ငွေတွေကိုဖျောင်စားတာတွေအရေးယူတာမျိုးပေါ့။
    (ပြောရရင် အထက်မှာ ရေးထားသလို မြန်မာအချင်းချင်း ဂုတ်သွေးစုတ်နေတာ ကျန်းမာရေးနယ်ပယ် တခုထဲမှာမဟုတ်ပါဘူး၊ ကျန်တဲ့ကဏ္ဌများမှာလဲထို့အတူပါပဲ)

  • ဘဘ

    October 25, 2011 at 11:06 pm

    စာကျန်သွားလို့ပါ၊ ဥပမာ- Health Care Budget ကို အနဲဆုံး ၂ဝ ရာခိုင်နှုန်း တိုးတောင်းသင့်တယ်၊
    ခုခေတ် ကလေးတွေ မှာ ကျောင်းသားဘဝ ပျော်စရာလဲမရှိတော့ပါဘူး။ အဆောင်ကလဲမပေး။ ဟိုတုန်းကလို အားကစားပွဲဆိုတာလဲဝေလာဝေး၊ ဆရာနဲ့တပည့် ရင်းနှီးမှုဆိုတာလဲနဲလာပြီ။ ပြောရရင် ကုန်မှာမဟုတ်။

  • parlayar46

    October 25, 2011 at 11:40 pm

    ကျုပ်ကတော့ ဉာဏ်သိပ်မမီလို့ လူပြိန်းအမြင်လေးနဲ့ပဲ ဝင်ပြောကြည့်ပါဦးမယ်။
    ဆရာဝန်လုပ်တာ ချမ်းသာဘို့ သိပ်မသေချာဘူးပေါ့နော်
    အင်းလေ
    ချမ်းသာချင်ရုံသက်သက်နဲ့တော့ ဘာလို့ဒီလောက် အချိန်တွေ ငွေတွေ အကုန်ခံပြီး ကံစမ်းနေတော့မှာလဲ
    ချမ်းသာနိုင်တဲ့ အခြားအလုပ်တွေ အများကြီးရှိပါတယ်။
    ချမ်းသာချင်လို့ ဆရာဝန်လုပ်တာတော့ လမ်းကိုလွဲတာပဲ…။

    တကယ်က ဆေးကုချင်လို့ ဆရာဝန်လုပ်တာ ဖြစ်ရမှာ
    ကဲထားပါတော့ – ဆရာဝန်ဖြစ်ချင်လို့ ဆရာဝန်လုပ်တာ …အဲဒါဆိုဟုတ်တုတ်တုတ်ရှိသေး။
    ဆေးကုချင်လို့ ဆရာဝန်လုပ်တာဆိုရင်တော့ မြန်မာပြည်မှာ ရန်ကုန်နဲ့မန္တလေး နှစ်မြို့ထဲမှာပဲ လူတွေရှိတာတော့ မဟုတ်ပါဘူးနော။
    ဆရာဝန်ဆိုတာ နိုင်ငံတိုင်းလိုလိုမှာ ဘယ်လောက်အခြေအနေဆိုးဦးတော့
    လူလတ်တန်းစားအဖြစ် အနည်းဆုံးနေနိုင်တယ်။
    လူအထင်ကြီးတယ်။ လူကြည်ညိုတယ်။ လူတောတိုးတယ်။
    တခြားအလုပ်အများစုနဲ့စာရင် ပိုပြီး ဘဝအာမခံချက်ရှိတယ်။
    ပြီးတော့ ကုသိုလ်လဲရ ဝမ်းလဲဝတဲ့အလုပ်။ ပထမတန်းစားအသက်မွေးဝမ်းကြောင်းမှု့လို့တောင် ဆိုနိုင်တယ်။
    ဒါက ကံအဆိုးဆုံးလို့ယူဆတဲ့ တောက GP ကိုပြောတာ။

    နဲနဲနှိုင်းယှဉ်ကြည့်ရင်-
    လူတွေအတွက်စေတနာထား ပေးဆပ်တာခြင်းတူရင် နိုင်ငံရေးသာလုပ်ရင်
    ဒီနိုင်ငံမှာ ကံများနဲနဲဆိုးလို့ကတော့ တသက်လုံးနီးပါးထောင်ထဲကမထွက်ဘူး။

    ကျုပ်အဖို့တော့ ဆရာဝန်အလုပ်ဆိုတာ မြင့်မြတ်ဖြူစင်တဲ့အလုပ်
    မြင့်လဲမြင့်မြတ်၊ ဖြူလဲဖြူစင် ထမင်းလဲ ဝ တဲ့ သားရွှေအိုးထမ်းတဲ့အလုပ်။
    လာဘ်စားပြီး ပိုက်ဆံချမ်းသာတဲ့ ဒုစရိုက်ကောင် သူခိုးဓမြအလုပ်တွေနဲ့ မယှဉ်သာပါဘူး။ ယှဉ်စရာမဟုတ်ပါဘူး။
    ကျုပ်သားသာအမှတ်မီရင် ဆရာဝန်ကို လုပ်ခိုင်းဦးမှာ ……..။

    • ဘဘ

      October 26, 2011 at 1:19 am

      ဟုတ်ပါတယ်၊ မြင့်မြတ် တဲ့ လုပ် ပါ။ ချမ်းသာဖို့ မသေချာဘူးမဟုတ်ဘူး။ ချမ်းကိုမချမ်းသာတာ။ ချမ်းသာ ချင် ရင် ဆရာဝန်မလုပ်နဲ့ (အကုသိုလ် ဖြစ်ကုန်မယ်) ဒါမှမဟုတ်လဲ စီးပွါးရေးလေးပါတွဲလုပ်။
      ” ဆရာဝန်ဆိုတာ နိုင်ငံတိုင်းလိုလိုမှာ ဘယ်လောက်အခြေအနေဆိုးဦးတော့
      လူလတ်တန်းစားအဖြစ် အနည်းဆုံးနေနိုင်တယ်။
      လူအထင်ကြီးတယ်။ လူကြည်ညိုတယ်။ လူတောတိုးတယ်။
      တခြားအလုပ်အများစုနဲ့စာရင် ပိုပြီး ဘဝအာမခံချက်ရှိတယ်။
      ပြီးတော့ ကုသိုလ်လဲရ ဝမ်းလဲဝတဲ့အလုပ်။ ပထမတန်းစားအသက်မွေးဝမ်းကြောင်းမှု့လို့တောင် ဆိုနိုင်တယ်။”’ အမှန်ပါပဲ။

      ခုတလောတော့ ဂျာနယ်တချို့ရဲ့ကောင်းမှုနဲ့ ဆရာဝန် မုန်းတီးရေးဝါဒ (မှိုင်းတိုက်နေလို့)။

  • ဘဘ

    October 26, 2011 at 1:22 am

    တချို့ ကလဲပြောသေးတယ်။ အားအားယားယား ဆေးကျောင်းတက်တယ်ဆိုပဲ။ ကိုယ်မလုပ်တိုင်း( မလုပ်နိုင်တိုင်း) မကောင်းဘူးပြောနေတဲ့ လူစားမျိုး က ဘယ်သူ့ကိုမှ အကျိုးမပြုဘူးဆိုတာ သတိပြုမိစေချင်တယ်။

  • ဘဘ

    October 26, 2011 at 1:29 am

    ”ကုသိုလ်လဲရ ဝမ်းလဲဝတဲ့အလုပ်။ ပထမတန်းစားအသက်မွေးဝမ်းကြောင်းမှု့ ” ဒီလိုလေးမြင်ပေးနိုင်ရင်တော့ကောင်းပါတယ်။ ခုဒီ MG ဆိုက်မှာတင် အဲလိုမမြင်တဲ့သူတွေရှိပါတယ်။ ကိုယ်ဘာသာချမ်းသာချင်လို့ တခြားလိုင်း ရွေးပြီး ဆရာဝန် အလုပ်လုပ်နေတဲ့သူ တွေကပဲ ”အ” လို့ လုပ်မိသလိုလို၊ ”ပိန်း” ပဲနေသလိုလို၊ လူညံ့ တွေလိုလို မြင်နေတဲ့သူတွေလဲရှိပါသေးတယ်။

  • kai

    October 26, 2011 at 1:43 am

    ဆရာဝန်တွေဆေးမကုပဲ.. ဆေးရောင်းတဲ့.. ဆေးလ်သမားတွေဖြစ်နေတာကြောင့်..
    ဈေးကျနေတာ..(အလုပ်-လခ) ဈေးကစားတဲ့.. သူဌေးသမားတွေအပြစ်လား..

    ပရို(ပရောဖက်ရှင်နယ်)ကို.. ထင်သလိုတွယ်မယ်ဆိုတဲ့.. အန်ပရိုတွေအပြစ်လား.. 🙁

    • ဘဘ

      October 26, 2011 at 1:53 am

      သူကြီး ရယ် ဘယ်သူ့ကို အပြစ်တင်ရမယ်လဲမသိတော့ပါဘူး။

      ””အစိုးရကလဲ အလုပ်မပေး။ အပြင်အလုပ်တွေကြတော့ရော။ ဆေးကုပ္ပ္မဏီ တွေကဆို လခနဲနဲ နဲ့ ဆင်ခြေဖုံးရပ်ကွပ်ထိ ( အရောင်းဆေးသည် တွေကိုခိုင်းသလို) လုပ်ခိုင်းနေတယ်။ NGOဆိုတာတွေရော။ လခ ကသူများနိုင်ငံ နဲ့မတူတာမပြောနဲ့တော့၊ ကျန်တာရော။ သူများနိုင်ငံကလူတွေက NGOအဖွဲ့အစီးတွေကို လှူတယ်။ ကို့ မြန်မာပြည်ရောက်မှ မြန်မာလူမျိုးအချင်းချင်း ( ဂုတ်သွေးစုတ်တယ်ခေါ်ရမလား) လုပ်နေကြတယ်။ ဆိုပါစို့ တခုအတွက် လူဆယ်ယောက် လို မယ် ၊ ခေါင်းဆောင်ပါပါရင် ၁၁ ယောက်ပေါ့။ ခေါင်းဆောင် ဆီ ၁၁ ယောက် စာ လခ ၊ ခံစားခွင့်ပေးထားမယ်၊ သူ့ဆီကတဆင့် ကျန်တဲ့ သူတွေကိုပြန်ပေးပေါ့။ အဲဒီ မှာ အဲဒီခေါင်းဆောင် ဆိုတဲ့သူ က ၁ဝယောက် နေရာမှာ ၅ယောက် ပဲခန့်မယ်။ (စာရင်းလိမ် တယ်ပေါ့) ။ ကျန်တဲ့ ၅ယောက်စာ သူယူတယ်။

      ၁ဝယောက် လုပ်ရမှာ ကို၅ယောက် ပဲလုပ်မှတော့ လုပ်ရတဲ့ ၅ယောက် က ပင်ပန်းပြီပေါ့၊ အလုပ်လဲ မတွင်ဘူး။ အဲဒီ တော့ ပေးနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက် မှု ကလဲ နဲပြီ။ လုပ်ရတဲ့သူပင်ပန်း။ ပြည်သူတွေအတွက်လဲ အကျိုးနဲ။ လှုတဲ့သူတွေ ရဲ့စေတနာ ရည်ရွယ်ချက်လဲ အလကားဖြစ်။

      ဒါတွေဘယ် လိုဖြေရှင်းကြမလဲ။ ပထမ ဆုံးတော့ ( ကျနော် ကို FRရဲ့မှာPostမန်းထားတဲ့ ) အာဏာ၊ ရာထူး၊လုပ်ပိုင်ခွင့် ရထားတဲ့ ဆရာဝန်များက သူများပြောတိုင်း ဟုတ်ကဲ့ခေါင်းညိမ့်မနေပဲ ပြောသင့်ဆိုသင့် ၊တောင်းခံသင့်တာတွေကိုတောင်းသင့်ပါတယ်။ ဥပမာ- ကို အနဲဆုံး ၂ဝ ရာခိုင်နှုန်း တိုးတောင်းသင့်တယ်၊ ပြီးတော့ အဲဒီ ငွေတွေကိုဖျောင်စားတာတွေအရေးယူတာမျိုးပေါ့။
      (ပြောရရင် အထက်မှာ ရေးထားသလို မြန်မာအချင်းချင်း ဂုတ်သွေးစုတ်နေတာ ကျန်းမာရေးနယ်ပယ် တခုထဲမှာမဟုတ်ပါဘူး)
      ””””

      လျှာရှည်မိတဲ့ မိမိ အပြစ်သာဖြစ်ပါကြောင်း။

    • ဘဘ

      October 26, 2011 at 1:58 am

      ဆရာဝန် တွေဆေးကုချင်တာပေါ့။ သတ်မှတ်တိကျ တဲ့ အလုပ်ချိန်၊ လိုအပ် သလောက် သုံးစရာ ဆေးဝါး ကိရိယာ၊ စမ်းသတ် စစ်ဆေးစရာစက်ပစ္စည်း စုံစုံလင်လင်၊ လက်ထောက်အကူ၊ သူနာပြု၊သူနာပြုအကူ( man power ) လုံလုံလောက်လောက် စတာတွေနဲ့ဆိုရင်………………………………………………………………………………..

  • layla

    October 26, 2011 at 6:04 am

    Agree with you U parlayar46!
    “ဆရာဝန်အလုပ်ဆိုတာ မြင့်မြတ်ဖြူစင်တဲ့အလုပ်
    မြင့်လဲမြင့်မြတ်၊ ဖြူလဲဖြူစင် ထမင်းလဲ ဝ တဲ့ သားရွှေအိုးထမ်းတဲ့အလုပ်။
    လာဘ်စားပြီး ပိုက်ဆံချမ်းသာတဲ့ ဒုစရိုက်ကောင် သူခိုးဓမြအလုပ်တွေနဲ့ မယှဉ်သာပါဘူး။ ယှဉ်စရာမဟုတ်ပါဘူး”

  • Foreign Resident

    October 26, 2011 at 6:35 am

    ဆရာ Young Man ဆရာ ဘဘ နှင့် ရွာသူား များရေ
    ဒီ Post ကို Reply လုပ်တဲ့ အနေနှင့် အဘ Post တစ်ခု ထပ်တင်ထား ပါတယ်ကွယ် ။
    ” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၂ ) ” ဆိုပြီးတော့ ။
    အဘ Post စရေးတော့ ဒီမှာ Comment က ၆ ခုပဲရှိသေးတာ ။
    ဒါပေမယ့် အဘ Post ကိုစာရိုက်တာ ၅ နာရီလောက်ကြာတယ် ။
    Post တင်ပြီး ကြည့်တော့ Comment ၁၆ ခုဖြစ်နေပြီ ။
    အဲဒီတော့ တချို့ Idea တွေ ထပ်သလို ဖြစ်သွားတယ် ။
    Sorry နော် ။

Leave a Reply