Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပရော်ကျစ်

water-melonOctober 27, 20111min58326

အခုဆောင်းတွင်းဝင်လာပြီဆိုတော့ ပုရစ်တွေလည်း ပေါ်လာပြီနော်။ ပုရစ်ဆိုတာ အပင်က ပုရစ်ဖူးကိုပြောတာဟုတ်ဘူးနော်။ အင်းဆက်မျိုးနွယ်ဝင် ပုရစ်ကိုပြောတာဗျ။

အခုဆို ရေကြည်ညောင်ပင်မှာဆို ပုရစ်တွေရောင်းကြတယ်။အများကြီးဘဲ သနားလည်းသနားပါတယ်။

မန်းလေးက ၇၃လမ်းပေါ်မှာဆိုရင် ပုရစ်တွေကြော်ရောင်းကြတယ်ဗျ။ သူတို့က ချီးရောထုတ်လားမသိဘူး

ပြီးတော့ ခြေထောက်က ဆူးတွေရော ကတ်ကြေးနဲ့ညှပ်လားမသိဘူး။တော်ကြာ ဈေးသည်တွေ မန်းလေးဂဇတ်ဝင်ဖတ်ပြီး သူတို့စီးပွားရေးကို ဒုတ်နဲ့ထိုးပါတယ်ဆိုပြီး သူကြီးတိုင်နေရင် ဒုက္ခဗျ။

ပုရစ်ဖမ်းတာ ဒီလိုဖမ်းတာဗျ။ ပုရစ်တွင်းကို တွေ့ပြီဆိုရင် အပေါက်ကို နည်းနည်းကျယ်အောင်လုပ်ပြီး တွင်းထဲကိုရေလောင်းချတယ်ဗျ။ ပုရစ်တွေက ရေမွန်းပြီးထွက်လာမှ ဖမ်းတာတဲ့။ ဒီလိုဖမ်းလို့လည်း ရေတွေကြီးပြီး လူတွေ ဝဋ်လည်နေတာဗျ။ ဝမ်းရေးအတွက်လုပ်တာဆိုတော့လည်း ငရဲတို့ဝဋ်တို့က နောက်မှပေါ့ဗျ။

 ကြုံတုန်းပြောလိုက်အုန်းမယ် အကောင် ၁၀ဝ ပါတဲ့ ပုရစ်မကို ၃၀၀ဝကျပ်တဲ့။ အထီးဘဲဆိုရင် ၂၀၀ဝကျပ်တဲ့။

ဈေးနှုန်းအတက်အကျရှိသည်။

26 comments

  • koyinmaung

    October 27, 2011 at 6:02 pm

    water-melon ပြောမှဘဲ ပုရစ်ကျော်စားချင်စိတ်ပေါ်လာတော့တယ်
    ကျနော်တို့ဆီမှာတော့လမ်းမီးတိုင်အောက်က စောင့်ဖမ်းယင်အများကြီးရသဗျ
    ငယ်ငယ်ကတော့ညဘက်သူငယ်ချင်းတွေနဲ့ထွက်ဖမ်းနေကျ…
    အသက်ကလေးကရလာတော့သနားလို့မဖမ်းတော့ပါဘူး
    ငရဲကြီးမှာစိုးဘို့….ဈေ းမှာဘဲအသေတွေကိုဝယ်စားတော့တယ်…ဟဲဟဲ

  • water-melon

    October 27, 2011 at 7:29 pm

    အစ်ကို koyinmaung က ပုရစ်ကြော်ကြိုက်တယ်ပေါ့။ မိန်းမကို ကြော်ခိုင်းတာပေါ့။တော်ကြာ ညော်မိလို့ တက်နေအုန်းမယ်။ ဟီး 🙂

  • koyinmaung

    October 27, 2011 at 7:44 pm

    တက်ဘို့နေနေသာသာ..တရုတ်ပြည်မှာပုရစ်ဘယ်ရှာရမှန်းတောင်မသိပါဘူးကောင်လေးရေ
    မင်းပို့စ်ကိုဖတ်ပြီးသတိရလို့ပါ..မမယ်မ ကတော့မင်းကိုမေတ္တာပို့နေတယ် ….နေကောင်းလာတဲ့ ဟဲဟဲ

    • water-melon

      October 27, 2011 at 9:45 pm

      အန်တီမရီးကို တိုင်ပြောမယ်။ ဦးကိုရင်မောင် ကဲနေပါတယ်လို့။ နှုတ်ပိတ်ခလေးတော့မစနော်။
      မရီးက ရွှေလီလား။ ပြည်မကြီးထဲလား။ အဆင်ပြေရင်ပြောပါအုန်းလို့ သင်တန်းသွားတက်မလိုု့။ တရုုတ်စကားမပြောတတ်လို့ သင်နေတယ်ဗျ။ ရောက်မှဘဲ တိုင်ပြောမယ်။ နေကောင်းပါတယ် နီယောက်မာ ဟီးဟီး ဖောကြည့်တာပါ 🙂

  • windtalker

    October 27, 2011 at 7:51 pm

    ၇၃ လမ်း လမ်း၃ဝ ဆေးကျောင်း ရှေ ့နား ၊ ၇၃ လမ်း အောင်ဆန်းအဆောင် ရှေ ့ နား ရှိ ပုရစ်ကြော် ဆိုင်များ ကို ရောက်ခဲ့ပြီးဘီပေါ့လေ ။ ချီးထုတ်တဲ့ ဆိုင် ဆိုလို ့အောင်ဆန်းအဆောင်ရှေ ့က ဆိုင်ကတော့
    ချီးထုတ်ပြီးမှ ကျော်တယ်တဲ့ ဗျို ့။ ပြီးခဲ့တဲ့ ၃ ရက်လောက် က အသိပုရစ်ဒိုင် တစ်ယောက် က လက်ဆောင် ဆိုပြီး လာပို ့သွားတာ ၊ မသေမရှင်တွေ ပါလာလို ့အရမ်းစိတ်ညစ်ရတာဘဲ ။ အဲဒါတွေ ပြန်လွှတ်တော့လည်း အတောင်ဖြတ်ခံထားရတော့ မပျံနိုင်ကြရှာ ။

  • ပေါက်ဖော်

    October 27, 2011 at 9:02 pm

    ပုရော်ကျစ်..ဆိုလို ့..ပုရစ်ကျော်ကို ပြောတာကိုး
    ဗန်းထဲက အကောင်ပုံလေးတွေကြည့်ပြီး..စားရမှာ အသဲယားလိုက်တာ..
    ကျနော် မြည်းကြည့်တာ..ငံကျိကျိနဲ ့..ချီးမထုတ်ဘူးလား မသိဘူး 😮
    ငယ်ငယ်ကဆို ဘုရားတွေမှာလိုက်ဖမ်းတာ..များကြီးရတယ်..
    မီးတိုင်အောက်တွေမှာ..များကြီးမှ များကြီး…ဖမ်းရတာ ပျော်ဖို ့ကောင်းတယ်ဗျာ..
    စကားမစပ်.
    ပုရော်ကျစ်ကို..ဘီယာနဲ ့မြည်းရင် လိုက်မလား မသိဘူးနော့် 😯

    • water-melon

      October 27, 2011 at 9:36 pm

      မိုက်တယ် ဘီယာနဲ့မြည်းရင်။စားလို့ကောင်းတယ်ဗျ။ စိမ့်စိမ့်လေးနဲ့ကြွတ်ကြွတ်လေးကြော်ရင် မိုက်တယ်ဗျ။ အခုတောင် ထမင်းဆီဆမ်းပြီး စားချင်လာပြီ။ ဂလု 😮

    • water-melon

      October 27, 2011 at 9:39 pm

      ဦးပေါက်ကတော့ လုပ်ပြီ။ ပြောပြပါအုန်း စီနီယာကြီးကလည်း သင်သူပါတယ်ဗျာ။ မန်းလေးသားအချင်းချင်းကို ကူညီပါနော်။ ရေးစရာဆိုလို့ ပုရစ်ကြော်နည်းဘဲ ရှိတော့တယ်ဗျ။အဟီ 🙂

  • ညီလေးစာကိုဖတ်လို်က်တော့ ဆောင်းတွင်းရောက်ရင် ကျုံးဘေး ပေတစ်ရာလမ်းမက မာကျူရီဓါတ်တိုင်အောက်မှာ ငယ်ငယ်က ပုရစ်ကောက်ခဲ့ရတာကို သတိရလာတယ်ကွ။

    • water-melon

      October 27, 2011 at 10:31 pm

      ဦးပေါက် အခုချိန်သွားကောက်ရင် မှောင်ရိပ်ခိုမှုနဲ့ အချုပ်ထဲရောက်မလား။ လမ်းပေါ်တက်ကောက်ရင် ဆိုင်ကယ်တိုက်မလား ကားတိုက်မလားမသိဘူးနော်။ ကျုံးဘေးကောက်ရင်လည်း အတွဲတွေနဲ့ရှက်စရာကြီး။ငယ်ငယ်တုန်းက ဘဝကိုလွမ်းတယ်ဗျ။ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွာရနဲ့။ ပြောရင်းနဲ့ငိုချင်လာပြီ။ အဟီး ရွှတ်…. :cry

  • KoNyeinChan

    October 27, 2011 at 10:23 pm

    မေမြို ့မှာခဏနေခဲ့စဉ်တုန်းက ပုရစ်ရာသီရောက်ရင် သင်္ဘောသားမီးသီးထွန်းလိုက်တာနဲ ့ပုရစ်တွေကျလာလိုက်တာ အရမ်းဘဲ.. အများစုက ဥပါတဲ့ အမတွေ.. ဒီတိုင်းလက်နဲ ့လိုက်ကောက်လို ့မနိုင်နှိုင်အောင်ဘဲ.. တချို ့ကတော့ အုန်းတံမြက်စည်းနဲ ့ရိုက်လိုက် လှည်းလိုက် ပြီးရင်ရေထည့်ထားတဲ့ ဘာလီပုံးထဲ ထည့်ထားလိုက်တာဘဲ.. မေမြို ့မှာ နေကြာရိုင်းတွေ အရမ်းပေါတာကြောင့် အရွက်ကြွေကျ မြေဩဇာဖြစ်၊ တီကောင်နဲ ့ပုရစ်အရမ်းပေါတဲ့ ဒေသပါ.. မနက်ပိုင်းကျရင် လာဝယ်တဲ့သူတွေရှိတယ်.. ချေး မဖေါက် ခြေမဖြတ်ဘူး အကောင်ရေ ရာစုအလိုက်ရောင်းတယ်.. သူတို ့ပြောစကားအရ မန္တလေးဘက်ကို ပို ့တယ်ဆိုဘဲ..

  • parlayar46

    October 27, 2011 at 10:41 pm

    အကောင်အစိမ်းကို ဂုတ်ချိုး ကလီစာထုတ်ပြီး အဆာသွပ် ပြန်ကြော်တာတော့ မန်းတရုတ်တွေလုပ်တာ တွေ့ဘူးတယ်။
    စားလို့လဲ အရမ်းကောင်းတယ်။
    ဒါပေမယ့် ပါဏာတိပါတ လေ ။ သိတယ်ဟုတ် ?။
    ဒီတော့ ကြော်ပြီးသားကိုပဲ ပြန်ပြုပြင်ပြီးစားဖြစ်တယ်။

    -ကြော်ပြီးသားပုရစ်အမရွေးဝယ်။ (အထီးနဲ့အမ အရသာ တခြားစီပါ။ အမကိုစားပြီးလို့ အထီးကိုစားရင် တခြားပိုးကောင်လားတောင်ထင်ရအောင် အရသာကွာခြားပါတယ်။)
    -ခေါင်းချိုးပြီး ဝါးတူလေးစိတ်ထိုးလေးနဲ့ အူကလီစာလေး ရသလောက်တချက်ကော်ထုတ်။ ဥတွေအထိမဟုတ်ပါ။
    -အတောင်တွေမညှပ်ရသေးရင် (ကြော်ပြီးသားဝယ်ရင် မညှပ်ထားပါ) လက်နဲ့ချွေလိုက်။
    -နောက်ခြေထောက်ကြီးကို ဒူးဆစ်ကနေ ကပ်ကြေးနဲ့ ညှပ်ထုတ်။
    -ရှေ့ခြေချောင်းအသေးတွေကိုလဲ နှမြောရင် အဲသလိုပဲလုပ်၊ မနှမြောရင် ချိုးပစ်လိုက်တော့။
    -ဒယ်အိုးထဲ မှာ ဂျင်းနဲ့ ကြက်သွန်ဖြူ ဆီသတ်ပြီး ဆီမွှေးလာတဲ့အခါ ပြုပြင်ထားတဲ့ ပုရစ်တွေ ပြန်ထည့် မီးအေးအေးလေးနဲ့ ပြန်လှိမ့်ကြော်။

    အဲဒါ ကျုပ်မန္တလေးနေခဲ့တုန်းက တတ်သလောက်မှတ်သလောက် လုပ်စားခဲ့တဲ့ပုံပါပဲ။
    ဂျင်းဆီသတ်နဲ့ပြန်ကြော်ရင် အဆိပ်ပြေလို့ ကျုပ်လို အလာဂျီဖြစ်တတ်သူလဲ စားလို့ရပါတယ်။
    ကြော်ပြီးသားဆီတော့ ဘာမှလုပ်မရတော့ဘူး။ သွန်သာပစ်လိုက်ရတော့တယ်။

    • inz@ghi

      October 28, 2011 at 7:43 am

      အကုသိုလ်ဒွေ အကုသိုလ်ဒွေ..

      တရုတ်ဆိုလို့ ပြောရဦးမယ် ..(တရုတ် မုန်းတီးရေး လုပ်တယ်ဆိုပီး သဂျိုင်ခီး ပွိုင့်ဖြတ်မှာလည်း ကြောက်ရသေး..)
      သူတို့မယ် …ပုရစ် ဂုတ်ချိုးတာလောက်ကတော့ အပျော့ပါ ခည ..
      တလောက ကြည့်ရတဲ့ မူဗီ အတိုလေးမှာ အကောင်အရှင်တွေကို အပြိုင်အဆိုင် ချက်ကြတာ ဗျ…
      ချက်ပီး serve လုပ်တဲ့ အချိန်ထိ အရှင်ဖြစ်ရမယ်ဗျာ သေပီဆို အရှုံး..

      ငါးကို အရှင်လတ်လတ် အကြေးထိုးတယ်ကလီဇာ ထုတ်တယ် ခေါင်းကကိုင်ပီး ကိုယ်လုံးကို ဆီပူထဲ နှစ်ကြော်တယ် ခေါင်းကတော့ အစိမ်းဗျ ..ပန်းကန်ထဲ ရောက်တဲ့အထိ ငါးက ပါးဟက် ဟစိဟစိ …

      မြွေကိုအရှင် ရေနွေးဖျော အရေခွံစုတ် ခေါင်းဖြတ် တောက်တောက်လှီးပီး ငြုပ်ရည် ဆမ်းပြီး serve လုပ်တယ်
      အဲ့သည့်တောက်တောက် တွေက လှုပ်တုန်း..
      အတော် ဆိုးတယ်ဗျာ …အဲ့လိုဂျီးဒွေ …

      “မီးအေးအေးလေးနဲ့ ပြန်လှိမ့်ကြော်” ဆိုလို့ အမေ့ကို သတိရသွားပီ…..
      အမေလည်း အဲ့လို ပြောတတ်တာကိုး …ကျနော် ငယ်ငယ်က အမေ့ကို ဘယ့်နှယ့် မီးပဲ အေးတယ် ရှိမလား ဆိုပီး
      လောင် ခဲ့ဖူးတာကိုး ….

      ခင်တဲ့
      Inz@ghi

      • ကြောင်ကြီး

        October 28, 2011 at 10:43 am

        ရှေးခေတ်အိန္ဒိယမှာ လူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပုံအကြောင်း ဖတ်ဖူးတာ သွားသတိရတယ်။ စာထဲမှာရေးထားတာ ကိုအင်ဇာဂီပြောသလိုပဲ အရှင်လတ်လတ် ဦးခေါင်းခွံချွတ်ပြီး သံချွန်မှာချိန်၊ တကိုယ်လုံး အရည်ပြားခွာထုတ်ပြီး သဲပူပြင်ပေါ်ပြေးခိုင်း၊ ပါးစပ်ဖြဲပြီး ရွှေနွေးပူလောင်းချ အမယ်လေးလေ့ မတွေးဝံ့စရာ။ ဖတ်တုန်းကတော့ ပိုလွန်းမယ်ထင်တာ ခင်ဗျားမှတ်ချက် ဖတ်ပြီးမှ ဖြစ်နိုင်တယ်လို့ လက်ခံလိုက်တယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့…။ 🙄

  • pan pan

    October 28, 2011 at 8:38 am

    ပုရစ်ကြော်ကြိုက်မှကြိုက်
    ကိုယ့်အတွက်တော့ ကောင်းမှကောင်း
    ဒီရာသီ ပုရစ်ပေါ်ရင်တော့ တော်တော်လေးဝယ်စားဦးမှ 😀 (ဈေးကြီးတာလေးပဲ မကြိုက်တာ)

  • nikita

    October 28, 2011 at 9:03 am

    ဘီဘီလေးနဲ့ မြည်းလိုက်ရင်တော့ ရှယ်ပဲ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 28, 2011 at 10:29 am

    ဟေ့ ပါဏာတွေ တိပါတာ တွေလုပ်မနေနဲ့
    ပရစ်ဆိုဒါ အင်းဆက်ဘဲ
    သစ်ပင်တွေတွက်ဘာမှ အသုံးမျဘူး
    လူသားတွေတွက်ဘာမှ အကျိုးမပြုဘူး ( မြောက်ကိုရီးယား လှိုင်ဂေါင်းနည်းပညာမပါ )
    သူ့ကိုစားလို့ရတာတောင် တော်တော်ကံကောင်းတယ်
    ရသလောက်စားပလိုက်
    မှတ်ချက်။ ။ သဂျီးမင်း၏ အသံနေအသံထားဖြင့် တတ်နိုင်သလောက်
    အသံခပ်ကျယ်ကျယ်လေးပြောပါ

    • မှော်ဆရာ

      October 28, 2011 at 3:47 pm

      ဝုတ်ပ ဝုတ်ပ ကိုအောင်ပုရေ ….( ကြံ့ဖွံ့ လေသံဖြင့် ပြောသည်)

  • char too lan

    October 28, 2011 at 1:22 pm

    တိဒယ် မယ်မယ်ပုဆီကဖစ်ဖစ်…. တဂျီးမင်းဆီကပဲဖစ်ဖစ်…
    ဒီလိုမျိုးကျားရဒေါ့မယ်ဆိုတာလေ………………… 🙂

  • Endless

    October 28, 2011 at 2:09 pm

    ပုရစ်ဆိုရင်တော်တော် ကြောက်တယ်… အဲ့ အကောင် မျက်စိပြူးပြူးကို မြင်လိုက်တာနဲ့တင် ပါးစပ်ထဲ ဝင်သွားမှာကို မသတီသလိုမျိုး ခံစားရလို့ … ပုရစ်ကြော် မကြိုက်ပါဘူးလို့ ပြောတော့… အသည်းလေးက မကြိုက်ရကောင်းလားဆိုပီး… အတင်းခွန့်တာ… အန်တောင်ထွက်တယ်… မကျွေးခင်က သူ့ကိုချစ်ရင် စားရမယ် ဘာညာဆိုပီး ပြောပီးမှ ကျွေးတယ်… တကယ် အန်တော့မှ မစားတတ်တာ ယုံသွားတယ်… အဲဒါက ပုရစ် နဲ့ ပတ်သက်လို့ အတွေ့ အကြုံလေးပါ… ကျောင်းနားလေး သွားရင် အဲ့ အနံ့ကို မခံနိုင်ဘူး… ဒါပေမယ့် ကြိုက်တဲ့သူကျတော့လည်း တော်တော် လေးကို ကြိုက်တယ်…. တစ်ခါ စား အကောင် ၁၀ဝ တို့ ၂၀ဝ တို့ စားလိုက်ကြတာ…. အမလေးလေး… ပြောရင်းကြက်သီးတောင် ထတယ် 🙁

  • ဆူး

    October 28, 2011 at 3:25 pm

    တခါ ကျိုက်ထီးရိုးသွားတုန်းက ညဘက် ဘုရားရင်ပြင်မှာ ပုရစ်ကောင်တဲ့ ကလေးတွေ အားကြီးပဲ ရေသန့်ဘူးခွံ ထဲကို ဖမ်းမိတဲ့ ပုရစ်တွေ ကောက်ထည့်ကြတယ်။ နောက်တော့ ပုရစ်တွေကို အရှင်လတ်လတ် ရေနွေးဖျောပြီး ဆီအိုးထဲ ထည့်ကြော်နေတာ တွေ့တော့ တော်တော် စိတ်မကောင်း ဖြစ်မိသွားတယ်။

  • kai

    October 28, 2011 at 3:41 pm

    စကားမစပ်..
    ဘုရားက.. လမ်းကြုံ..တရားဝင်နာတဲ့.. ယက်ကန်းသည်မလေးကို မေးတယ်..။
    “ဘယ်ကလာသလည်း”တဲ့..။ ဟိုကဖြေတယ်.. “မသိပါဘုရား”..တဲ့..။
    “ဘယ်ကိုသွားမှာလည်း”..တဲ့.. ယက်ကန်းသည်မက ပြန်ဖြေတယ်.. “မသိပါဘုရား”တဲ့..။

    အဲဒီမသိတာကြိးကို.. သိချင်ဟန်ဆောင်နေသူတွေလို့.. ထင်မိတယ်..။
    ဘာဖြစ်လာမှန်းမသိတဲ့.. နောင်ဘဝ စိတ်စွဲပြီး.. ဝဋ်အမည်တပ်.. စိတ္တဇလို့.. ထင်တာပဲ..။
    အဲဒီလိုနဲ့.. အစားကောင်း.. မကြိုက်ကြဖူးလား….ဆိုတော့…။ အဟမ်း…
    😆

    မြန်မာပြည်က ပုရစ်တွေ.. ကမ္ဘာအိပ်စပို့လုပ်ဖို့ကောင်းတယ်..။
    ဒီလောက်စားကောင်းတဲ့အကောင်.. ကမ္ဘာသူကမ္ဘာသားတွေ ကြိုက်ကြမှာပါ….။
    ရတဲ့ဒေါ်လာတွေနဲ့.. အမေရိက..Maine မိန်းပြည်ထွက်.. လော့ဘ်စတာတွေဝယ်စားကြဖို့ကောင်းတယ်..။ 😆

    • ဆူး

      October 28, 2011 at 3:55 pm

      ကမော္ဘဒီးယားမှာ ပုရစ်ကြော် ရောင်းတာ တွေ့တယ်။
      အဲဒီ နိုင်ငံမှာမှ ပို စုံတယ် ပင့်ကူကြော်တွေလည်း တွေ့တယ် နောက် ဘာကောင်တွေလဲတောင် မသိဘူး တောတော စုံတယ် တောထဲမှာ ပေါတဲ့အကောင်တွေလားတော့ မသိဘူး။

      • kai

        October 28, 2011 at 4:04 pm

        ချမ်းသာတဲ့ နိုင်ငံကလူတွေက.. အင်းဆက်ပိုးမွှား..ပိုးကောင်.. မြေအောင်းကောင်တွေ.. မကြိုက်ကြ.. မစားကြပါဘူး..။ အများစုကြီးကပေါ့..။
        တီဗီရှိုးတို့.. ရုပ်ရှင်ထဲတို့.. အချင်းချင်းအပြိုင်အဆိုင်ဖြစ်ချိန်တို့.. ခရီးသွားရင် အသစ်အဆန်း စမ်းချင်တာတို့ အချိန်လောက်ပဲ.. လက်တည့်စမ်းကြတာ..

        ဒါပေမဲ့.. ခရီးသွားတဲ့..တိုးရစ်ကလည်း.. သိန်းသန်းလူဦင်္းရေရှိနေတော့ကာ…
        ဒါကို.. အထူးအဆန်းလုပ်.. တိုးရစ်ဇင်အဝင်များလာအောင်.. ပရိုမိုးရှင်းလုပ်… လူတွေ မျှားခေါ်… .. အဲဒါမျိုးက ပိုထိရောက်မလားပဲ..။

        ပုရစ်တွေ.. ထောင်သောင်း.. ပုံတွေ.. လိုချင်မိတယ်..။
        သတင်းစာထဲ.. အင်တာနက်ထဲ… ထည့်ပေးလိုက်ရင်.. ဘိုတွေ စိတ်ဝင်စားကြမှာ…။

  • ဆူး

    October 28, 2011 at 4:28 pm

    အခု သတင်းကြားတာ ထိုင်းမှာ ရေကြီးလို့ ဒီကို တိုးရစ်တွေ လိမ့်ဝင်လာတယ် ဆိုလားပဲ.. ဟိုတယ်တွေ အကုန်ပြည့်နေပြီ ဆိုပဲ.. ဒီမှာက ခရီးသွား သိပ်မလာသလို ဟိုတယ်ကလည်း သိပ်များများ စားစား မရှိလှပါဘူး။ ထိုင်းကို မှီဖို့ဆိုရင် ဟိုတယ်တွေတော့ အများကြီး လိုအပ်ပါသေးတယ်။

    ပုရစ်ကြော်ပုံတွေကိုတော့ ဂူဂဲမှာ ရှာရင် ကမော္ဘဒီးယားမှာ ရောင်းနေတဲ့ ပုံတွေ မြင်ရပါလိမ့်မယ်။
    အခုတော့ လိုင်းမကောင်းလို့ အင်တာနက်မှာ တခြား အပိုစာတား လုပ်လို့ မရနိုင်သေးလို့ ကိုယ့်ဟာကိုပဲ ရှာကြည့်ပါတော့…
    ဂူဂဲကနေ ဆူး ရှာကြည့်ဖူးတယ် ပုံတွေက မြန်မာနဲ့တောင် မှားလောက်တယ် မြန်မာတွေလို ထမိန်တွေ ဝတ်ပြီး ပရစ်ကြော် လှည့်ရောင်းနေတဲ့ ပုံတွေပေါ့.. ရုပ်ရည်က မြန်မာနဲ့ မှားလောက်အောင် ခပ်ဆင်ဆင် ဆိုပေမဲ့ မြန်မာလိုတော့ သန့်ပြန့် ချောမွတ်မှုတော့ မမှီဘူး တော်ရေ လို့ ပြောရမလားပဲ.. ဟိဟိ. (ကိုယ့်ငါးချဉ် ကိုယ်ချင်နေတာ)

Leave a Reply