ဒီတစ်ခု ကတော့ သေချာပါတယ်
အမေ့ ဗိုက်ထဲကထွက်လာပြီးကတဲ့က ကျွန်တော်တို့မှာ သေချာတာက တစ်ခုပဲရှိပါတယ် ။ အဲဒါဘာလဲဆိုတော့ သေခြင်းတရား ပါပဲ။ အားလုံးလဲ သိကြပြီးသား ဖြစ်ပါတယ် ။ ကျန်တာ ဘာတစ်ခုမှကို မသေချာပါဘူး။ ဆင်းရဲမယ်၊ချမ်းသာမယ်၊ အသက်ဘယ်လောက်ထိနေရမယ်၊ ဘယ်သူနဲ့ အိမ်ထောင်ကြမယ်၊ အကြဘူး ၊ အိမ်ထောင်ဖက်က ချောမယ်၊ရုပ်ဆိုးမယ် ဘာဆို ဘာမှကို မသေချာတဲ့ ဘဝတွေပါ၊ သေခြင်းတရားကတော့ ဘယ်လိုမှ၊ ဘယ်သူမှ ကို ရှောလွှဲလို့ မရတဲ့ တရားပါ ။ ဒါပေ့မယ် သေခြင်းတရားကို လူတော်တော် များများက သတိမရပဲ မေ့နေကြပါတယ်။ ဒီလိုပဲ စားလိုက်၊ သောက်လိုက် ၊စီးပွားရှာလိုက် ၊ သားကျွေးမှု့၊မယားကျွေးမှု့ တွေနဲ့ ရှုပ်ရှက်ခတ်နေကြတာကို ဘယ်သတိရကြပါမလဲ ( အပြစ်ဆိုလိုမရပါ ) ပုထုစဉ်လူသားတွေကို။ ဒီလိုနဲ့ ပဲသေသွားကြတော့ နောက်ဘဝကို ဘာမှပါမသွားကြရှာဘူးဗျာ။ ဘဝကူးမကောင်းဘူးပေါ့ဗျာ ။ အခုဘဝမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ခဲ့ရဲ့ နဲ့ နောင်ဘဝအတွက် ဘာမှလုပ်မသွား နိုင်ကြဘူးဆိုတာ တော်တော် ဝမ်းနည်းဖို့ကောင်းပါတယ်ဗျ (သံသရာ ကိုမယုံ ကြည်သူများ ကို တော့မပြောလိုပါ ) ။ ဒါကြောင့် ဘဝကူးကောင်းရလေအောင် မိုးကုတ်ဆရာတော် ဘုရားကြီးကလဲ အသေမဦးခင် ညာဏ်ဦးအောင် လုပ်ထားကြဖို့ လိုတယ်လို့ မိန့်တော်မူခဲ့ပါတယ် ။ အသေမဦးခင် ညဏ်ဦးအောင် လုပ်ထားကြဖို့ ဆိုတာ ဝိပဿနာ တရားကို ကျင့်ကြံ ပွားများကြဖို့ ကိုဆိုလိုပါတယ် ။ ဝိပဿနာ တရားဆိုတာကတော့ သေခြင်းတရားကို သိအောင်(သေခြင်းတရားကို လက်ခံအောင်) လုပ်တဲ့ တရားလိုဆိုပါတယ် ။ ကျွန်တော့်တို့ မြတ်စွာ ဘုရားတောင် ဝိပဿနာ တရားကို ကျင့်ကြံအားထုတ်ပီးမှ ဘုရားအဖြစ်ကို ရောက်တော်မူခဲတာကို ကြည့်ခြင်းအားဖြင့် ဝိပဿနာ တရားဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာသိနိုင်ပါတယ်ဗျ ။ဒါကြောင့် ဘဝကူးကောင်းအောင်၊ နောင်ဘဝအတွက်လဲ အကျိုးရှိအောင် ဝိပဿနာ တရားကို ကျင့်ကြံအား ထုတ်ကြပါလို့ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ကို နှိုးဆော်ပါရစေဗျာ။
မုံရွာ လယ်တီဆရာတော်ဘုရားကြီးကလဲ သေခြင်းတရားကို မေ့လျော့နေကြမှာစိုး၍ သင်္ခါရ (သို့) သံဝေဂ ဆိုတဲ့ ကဗျာလေးကို စပ်ဆိုတော်မူခဲ့ပါတယ်။
( ကဗျာ နာမည် နှင့် ကဗျာစာသား နည်းနည်း လွဲရင်လွဲနိုင်ပါကြောင်း ကြိုတင်ဝန်ခံပါရစေ )
တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့လျှော့ကာ သေးဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ အကြိမ်ကြိမ်သွားပါလိမ့်
တား မရပေဘူး။
ကျွန်တော် လက်ခံထားတာလေးတွ သိထားတာလေးတွေကို တင်ပြထားခြင်းဖြစ်ပါတယ်ဗျာ။ အမှားများပါနေလျင် ကျေးဇူးပြု၍ ထောက်ပြပေးကြပါဗျာ ။
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ သေခြင်းတရား နဲ့ ပတ်သက်၍ ဓမ္မသံဝေဂ ပွားများနိုင်ကြ ပါစေကြောင်း။
6 comments
ပေါက်ဖော်
October 27, 2011 at 9:59 pm
မသေခင် ဦးမေးဒေး ..ရှိတဲ့အမွေလေးပေးခဲ့ဦးနော့်…
အင်တာနက်ဆိုင် ကျနော်လာထိုင်ပေးရမလား..ပြော..
😆
mayday
October 27, 2011 at 10:18 pm
ဟာဂျာ ကျွန်တော့ ဆိုင်ဆို ရင်တော့ ပေးခဲ့တာပေါ့ဗျာ ။ သေရင် ယူသွားလို ရတဲ့ အရာ မှ မဟုပ်တာကိုဗျာ ။ ကျွန်တော် က အင်တာနက်ဆိုင် က ပျာတာ ဗျ ။ ကျွန်မရ လဲ ကလေးမလေးတွေ ဟောက်တာခံရသေးတယ် 🙁 ။ အခုတလော ဆို အဟောက်ပဲ ခံနေရတာ ။
parlayar46
October 27, 2011 at 10:48 pm
အော်…ဒီကလေးနှယ်…
အဘတို့က ဇွတ်မေ့ထားတာ…
အစမှ ဖေါ်ရက်ပလေကွယ်…:(
မိုးပွင့်ဖြူ
October 28, 2011 at 10:07 am
သေခြင်းတရားကတောမေ့ထားလိုမရတဲ အဖြစ်ပါပဲ ဒါပေမဲ မေ့မေ့နေမိတယ်
အဲဒါကလည်မောဟ အမိုက်အမှောင်ဖုံးနေလို
အခုတော ဆင်ခြင်မိပြီ ငါသည်တစ်နေ့သေရမည် ဘယ်နေရာ ဘယ်အချိန် သေရမယ်ဆိုတာမသိပါဘူး….
thit min
October 31, 2011 at 6:22 pm
သေခြင်းတရားကို မေ့မေ့နေကြတာဘဲနော်။
တကယ်ကအနီးအနားမှာအမြဲရှိနေတာကြီးနော်။
အမလေး စဉ်းစားမိရင် လန့်တယ်။
မစဉ်းစားမိတော့အေးရာအေးကြောင်း။
windtalker
October 31, 2011 at 6:46 pm
မနက်ဖန် ပို ့စ်တင်ဖို ့ရောက်အောင်လာပါ..
မင်းမမေ့နဲ ့ဦး..
ဘိုင့်ဘိုင် ၊ ဆိုင်းအောက် လုပ်ကာ ထွက်သွား…
နောက်ဆုံးတွေ ့လိုက်တဲ့ နေ ့ကတဲက..
နောက်တစ်ခါ ဘယ်တော့မှ…
ပြန်မတွေ ့ရတော့တဲ့ ရွာသားတစ်ယောက်..