Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာဆန်းလဲ…. No wonder !

ငယ်စဉ်က ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရေးတဲ့ လူပေါကြီးအီဗန်ဝတ္ထု ဖတ်ဖူးပါတယ်။ (အထင်မကြီးနဲ့ ဘာသာပြန်)။ အသေးစိတ် မမှတ်မိပေမဲ့ ဆိုင်တာကို ကိုးကားပါရစေ။

လူပေါကြီးဆိုသော်လဲ မင်းသိင်္ခဝတ္ထုထဲက ဇာတ်ကောင်စရိုက် အတိုင်းပြောကြေးဆိုရင် လူစွမ်းကောင်း ဒါမှမဟုတ် ဂန္ဓာရီခရီးသည် ဖြစ်နိုင်ပါတယ်။ အီဗန်မှာ လောဘ၊ ဒေါသ မရှိဘူး။ ပကတိ ရိုးသားဖြူစင်တယ်။ အကိုနှစ်ဦးကတော့ သူလိုငါလို အတ္တကြီးသူများ ဖြစ်ပါတယ်။ အရွယ်ရောက်တော့ အကိုနှစ်ဦး အိမ်ထောင်ပြုကြပြီး မိဘသေလို့ အမွေခွဲတဲ့ အခါမှာလည်း ကျွဲနွားရွှေငွေတွေကို သူတို့ပဲ အကုန်သိမ်းတယ်။ အီဗန်ကတော့ ယူရကောင်း၊ နာရကောင်းမှန်း မသိဘူး။
တနေ့မတော့ အီဗန်တယောက် လယ်ထဲမှာ ထွန်သွားနဲ့ညှိနေတဲ့ မှင်စာတကောင် ဖမ်းမိတယ်။ မသတ်ဘဲ လွှတ်လိုက်လို့ မှင်စာက လိုရာဆုမန်းနိုင်တဲ့ ဆေးမြစ်သုံးခုပေးတယ်။ ဆေးမြစ်တခုကို အကိုကြီးက ဧရာမစစ်တပ်တတပ် ဖြစ်စေလို့ မန်းမှုတ်တယ်၊ အကိုလတ်က နောက်ဆေးမြစ်တခုနဲ့ ရွှေငွေရတနာတွေ ရဖို့ မန်းမှုတ်တယ်။ ရလာတဲ့ စစ်တပ်၊ ရွှေငွေတွေနဲ့ အကိုနှစ်ယောက် တပြည်တရွာက ဘုရင်ဆီမှာ အခစားဝင်ပြီး စစ်ဗိုလ်၊ သူကြွယ် အသီးသီး ဖြစ်တယ်။ အီဗန်ကတော့ အပူအပင်မရှိ နောက်ဆုံးလက်ကျန် ဆေးမြစ်လေးနဲ့ ကျန်ခဲ့တယ်။

တရွာလုံးလည်း ရေကြည်ရာ မြက်နုရာ ထွက်သွားကြတာ လူပေါတွေပဲ ကျန်ခဲ့တယ်။ သူတို့မှာ အပူအပင် မရှိဘူး၊ လောဘ ဒေါသ မာနကင်းတယ်။ ငွေကြေး မသုံးစွဲဘူး။ တနေ့မှာ အီဗန်တို့ရွာကို စစ်ဗိုလ် အကိုတိုင်းပြည်က ကျူးကျော် သိမ်းပိုက်တယ်။ ကျွဲနွားပစ္စည်းတွေကို အနိုင်ကျင့် သိမ်းယူတဲ့အခါ ရွာသားများ မခုခံတဲ့အပြင် မတရားယူငင်တာ မမြင်ဘူးလို့ အထူးအဆန်းသဖွယ် ဘေးကဝိုင်းကြည့်တယ်။ ရွာသားအချို့ အကြောင်းမဲ့ အသတ်ခံရတာတောင် ဒေါသထွက်ရကောင်းမှန်း မသိဘူး။ ကြာလာတော့ အကိုစစ်ဗိုလ်ကြီးရဲ့ စစ်တပ် စစ်မတိုက်ရလို့ တပ်ပျက်သွားတယ်။ (အတယ်ပြောပြော၊ ရိုးတယ်ပဲဆိုဆို၊ ပုံပြင်ကို ပုံပြင်မှတ်)
သူဌေးဖြစ်နေတဲ့ အကိုကလည်းလာပြီး အီဗန်တို့ကို ငွေနဲ့ပေါက်ဝယ်ဖို့ ကြိုးစားတယ်။ ဘယ်သူမှ မရောင်းဘူး၊ ရွှေငွေရတနာ သုံးစွဲမှုမရှိဘူးလေ။ အထူးအဆန်းပစ္စည်း အနေနဲ့သာ ဒင်္ဂါးပြားအချို့ ဝယ်ယူထား ကြတယ်။ ထမင်းဟင်းတောင် ဝယ်စားလို့ မရဘူး။ လိုချင်ရင် အလုပ်လုပ်၊ ကိုယ်ဆီက ထွက်တာနဲ့ လဲစား၊ မရှိရင် တောင်းစား၊ ဒါပဲရှိတယ်။ အကိုသူဌေးလည်း အငတ်မနေနိုင်တော့ တောင်းစားရပြီး နောက်ဆုံး မြို့ပြန် ပြေးရတယ်။ ဇာတ်လမ်းအပြည့်အစုံက အရမ်းဖတ်လို့ကောင်းတယ်။ ရေးချင်တာ အီဗန့်ဇာတ်လမ်း မဟုတ်လို့ သူ့အကြောင်း ဒီမှာရပ်ပါရစေ။
အီဗန့်ကို လူပေါအဖြစ် မမြင်ဘဲ ယုံကြည်ရာကို မသွေမတိမ်း ကိုင်စွဲသွားသူလို့ တမျိုး မြင်ကြည့်ပါ။ ဘုရားသခင် အလိုတော်အတိုင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းတယ်ပေါ့လေ။ သူ့ကို လက်နက်နဲ့ ခြိမ်းခြောက်၊ ငွေကြေးနဲ့ ဆွဲဆောင်လို့မရဘူး။ မြန်မာတွေ နိမ့်ပါးနေတာ ဘာသာရေးမှိုင်း မိနေလို့ လို့ သဂျီး၊ ဩဇီဦးဖောနဲ့ ပစ္စုပ္ပန်ဗုဒ္ဓဝါဒီများ ရွာထဲပြောလေ့ ရှိပါတယ်။ စေတနာ ဒေါမနဿနဲ့ အပြုသဘောဆောင် ဝေဖန်ရေးအဖြစ် တန်ဖိုးထားပါတယ်။ ဆက်စပ်ပြီး ကိုနက်ချော မနေ့ကတင်တဲ့ ကုလားအစ်နဲ့ မြန်မာအစ်ပို့စ်မှာ မြန်မာတွေ အလှူလုပ်ရင် နွား၊ ဝက်၊ ကြက် အကောင်များစွာ သတ်ဖြတ်တယ်၊ ဒါကြောင့် မြန်မာတွေက ပိုဆိုးတယ်လို့ စဉ်းစားစရာ ရေးပြထားတယ်။

ဆင်းရဲနေတာ ဘာသာတရား ကိုင်းရှိုင်းလို့လား၊ ဘာသာတရား အဆုံးအမကို မလိုက်နာ ကိုယ်လိုရာဆွဲ သုံးနေကြလို့လား တွေးစရာ ဖြစ်ပါတယ်။
သဂျီးရဲ့ကွန်းမန့်တခုမှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများသည် ဘာသာရေး လွှမ်းမိုးတဲ့ ဒေသများ ဖြစ်တယ်လို့ သရုပ်ပြမြေပုံနဲ့ပြတယ်။ မေးချင်တာ ဘာသာတရား ယုံကြည်လိုက်နာမှုကို ဘယ်လိုတိုင်းတာမလဲ ဆိုတာပါ။

ဘာသာရေးလွှမ်းမိုးတိုင်း အဆုံးအမကို လိုက်နာ နေတယ်လို့ ပြောမဖြစ်နိုင်ပါဘူး။ ဘာသာတရားကို အာဏာ၊ ငွေကြေး၊ ကိုယ်ကျိုးအတ္တအတွက် အသုံးချနေသူတွေက ကမာ္ဘကြီးမှာ အများစုပါ။ အနောက်နိုင်ငံတွေ တိုးတက်တာ ခေတ်နဲ့လျော်ညီတဲ့ အုပ်ချုပ်ပုံ စနစ်၊ သိပ္ပံရုပ်ဝါဒ ထွန်းကားလို့၊ အာရပ်နိုင်ငံတွေ ချမ်းသာတာ မြေကြီးထဲက ရေနံထွက်လို့ ဖြစ်ပါတယ်။ ဘာသာတရားတိုင်း လူသားများရဲ့ နေထိုင်မှုဘဝ ရိုးသားကြိုးစားဖို့ သူ့နည်းသူ့ဟန် ဆုံးမထား ကြတာချည်ပါပဲ။ အနောက်တိုင်းက မူလ ဘာသာတရား သွန်သင်ချက်များကနေ လျော့ပေါ့လှည့်ပတ် တွေးခေါ်ယူတယ်၊ အစ္စလာမ်တွေကတော့ များသောအားဖြင့် တင်းကျပ်သတ်မှတ်တယ်။ ဘယ်လိုပင် အပြောင်းအလဲ အတိုးအလျှော့ရှိရှိ အခြေခံ ကျင့်ဝတ်များကို မဖျက်ဆီးဘူး။
ကျနော်တို့ရော သူတို့လိုပဲလား၊ မထင်ပါဘူး။ မြန်မာလူမျိုးများ ဘာသာရေးကိုင်းရှိုင်း၊ ရှေးရိုးဆန်ပေမဲ့ နိုင်ငံရေးနဲ့ ဘာသာရေး မရောတဲ့ အစဉ်အလာရှိတယ်။ အမျိုးသမီး လွတ်လပ်ခွင့်၊ ကိုးကွယ်ထိမ်းမြားပိုင်ခွင့်၊ အမွေဆက်ခံခွင့်မှာလည်း ခေတ်ယဉ်ကျေးမှုအရ အဆင့်မြင့်တယ်။ ကံဆိုးတာ ဒါ့ထက်ပိုပြီး မလုပ်နိုင်ခဲ့တာပါ။ အနောက်နိုင်ငံတွေလိုမျိုး ပြုပြင်ပြောင်းလဲရေး မလုပ်ခဲ့၊ လုပ်ဖို့ အခွင့်မသာခဲ့ဘူး။ ပြည်တွင်းစစ်နဲ့အတူ ပေါက်လာတဲ့ စစ်အုပ်ချုပ်ရေးစနစ်ကတော့ အဆိုးဆုံးပါ။ ခေါင်ကနေ ဖိနင်းခံလိုက်ရလို့ အပေါ်ထိုးထွက်တဲ့ အတက်အလက်မှန်သမျှ အညွန့်တုံးကုန်တယ်။ မပြောင်းလဲနိုင်လို့ အရှေ့အလယ်ပိုင်း နိုင်ငံများမှာလို ဘာသာတရားက လူများအပေါ် စိုးမိုးထားပြန်သလားဆိုတော့လည်း မဟုတ်ရပါ။ အကျိုးရလဒ်အားဖြင့် အထိန်းအကွပ် မရှိဘဲ တိုင်းပြည်သည် စိတ်ပိုင်း ရုပ်ပိုင်း အဖက်ဖက်မှ ချွတ်ခြုံကျခဲ့ ရပါတယ်။
ဒါကို ဗုဒ္ဓဘာသာကြောင့် သို့တည်းမဟုတ် ဗုဒ္ဓဘာသာအမည်ခံ သွန်သင်ချက်ကြောင့်လို့ လက်ညှိုးထိုး စွတ်စွဲသင့်ပါသလား။ နိုင်ငံရေး ကလိန်ကျမှု၊ စီးပွားရေး မသမာမှု၊ လူမှုရေး ဖောက်ပြန်မှု၊ ဝန်ထမ်း အကျင့်ပျက် ခြစားမှု၊ ဥပဒေမဲ့ ပြုမှုဆောင်ရွက်မှုများဟာ ဗုဒ္ဓဘာသာကျမ်းလာ သွန်သင်ချက်များကို လားလားမျှ မဆိုင်ဘူး။ ခေတ်နဲ့အညီ ပြုပြင်ဆွေးနွေး၊ ကြိုးပမ်းအားထုတ်တာလည်း မရှိဘူး။ ဗုဒ္ဓတရားတော်နဲ့ လုံးဝကို ဆန့်ကျင်ပြီး အကျင့်သိက္ခာမဲ့ ဖြစ်သလို လုပ်ကိုင်စားသောက် ကြတော့တယ်။ ဥပမာ – အစ္စလာမ်မစ် နိုင်ငံတွေမှာ ငွေတိုးကို ဘာသာရေးအရ တားမြစ်ထားလို့ ဝန်ဆောင်ခအဖြစ် ပြောင်းလဲသတ်မှတ်တယ်။ အမေရိကန် ဘယ်လောက် လွတ်လပ်တယ်ပြောပြော နယ်မြို့တွေမှာ တနင်္ဂနွေနေ့ဆိုရင် အရက်ဝယ်လို့မရဘူး။
မြန်မာတွေရဲ့ ငါးပါးသီလထဲမှာ အရက်သေစာ မသောက်ရဘူး။ ဘာသာရေး ပိုမိုအလေးထားတဲ့ ကျေးလက်တွေမှာ အရက်ဆိုင်၊ ထန်းတော နေရာတိုင်းမှာ ရှိတယ်။ ရွာအလှူလုပ်ရင် ကာလသားတွေအတွက် အရက်ဆီ ပုံးလိုက်ထားပေးရတာ အစဉ်အလာ ဖြစ်နေပြီ။ သူ့အသက်မသတ်ရ ဆိုပေမဲ့ နွား၊ ဝက်၊ ကြက် အကောင်လိုက် သတ်ကျွေးတာ မဆန်းဘူး။ သွားတားရင်လဲ အလှူရှိမှ အသားစားရတာလို့ ပြန်အပက်ခံရမှာ သေချာတယ်။ မခိုးရဆိုပေမဲ့ ခလေးတွေက ကျောင်းသားဘဝထဲက စာခိုးချတယ်၊ ဈေးထဲမှာ ငါးသည်ကအစ ရွှေဆိုင်ပိုင်ရှင်အထိ အလေးခိုးတယ်။ သီလစောင့် မစောင့်ခြင်း အသားစား မစားခြင်းထက် ဗုဒ္ဓဘာသာဝင်များ အပြောနဲ့အလုပ် ညီမညီကို ရည်ညွှန်းချင်တာပါ။
ယဉ်ကျေးမှုခြင်းနီးတဲ့ ထိုင်း၊ မလေးရှားတို့လည်း မြန်မာတွေလို ဗေဒင်၊ ဆေးဝါး၊ ဂမ္ဘီရ အယူသီး၊ လာဘ်ပေးလာဘ်ယူ ဆွေမျိုးသားချင်းဝါဒ ရှိပေမဲ့ အုပ်ချုပ်ပုံ ကောင်းလို့တိုးတက်တယ်။ အုပ်ချုပ်ပုံစနစ်သည် အနဲဆုံး မမှန်ရင်တောင် ကောင်းဖို့ကောင်းဖို့လိုတယ်။ မြန်မာပြည် စနစ်မှားခဲ့တာတောင် ပင်လယ်ရပ်ခြား ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ရခဲ့ပါတယ်။ မဟုတ်တာလုပ်ပြီး ကိုယ့်အရိပ်ကိုယ် တစ္ဆေခြောက်၊ အရာရာကို လုံခြုံရေးအမြင်နဲ့ကြည့်ပြီး တံခါးပိတ် မူဝါဒတွေချမှတ်ခဲ့တဲ့ စစ်ဗိုလ်များကြောင့် တိုင်းပြည် မွဲပြာကျခဲ့ရတာ။ ဒီအခြေအနေရောက်မှ အခြေခံကျကျ ပြုပြင်ပြောင်းလဲမှု မရှိဘဲ တို့ထိတိုထိတော့ လုပ်မနေနဲ့၊ မီးများမီးနိုင် ရေများရေနိုင်ပဲ။
လူပေါကြီး အီဗန်လိုသာ ယုံကြည်မှု အဆုံးအမကို လိုက်နာနိုင်ရင် ထပ်တူမကျလည်း ဘူတန်နိုင်ငံလို ရုပ်ဝတ္ထု မချမ်းသာတောင် စိတ်ချမ်းသာမယ်။ မင်္ဂလာတရား ၃၈ဖြာကို မြန်မာပြည်မှာ ပြောယုံပြောပြီး အသုံးချမှု မရှိဘူး။ ဝါကျွတ်ကာလ လူကြီးသူမများအား ကန်တော့ခြင်းကို လာဘ်ထိုးခြင်းအဖြစ် အသုံးချတယ်၊ သင်္ကြန်ရေ သဘင်ပွဲကို အပျော်ကြူး ကာမပွဲအဖြစ် ခံစားတယ်၊ ဘုရားပွဲဆို လောင်းကစားပွဲ၊ လင်ရှာ မယားရှာပွဲ ဖြစ်တယ်။

လူလည်း လူအလျောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်၊ အုပ်ချုပ်သူလည်း အုပ်ချုပ်သူအလျောက်၊ ပြည်သူလည်း ပြည်သူအလျောက် စည်းဖောက်မှတော့ မြန်မာတွေ ဘေးရောက်တာ ဘာဆန်းလဲ……။

29 comments

  • Moe Z

    October 28, 2011 at 10:38 am

    ထောက်ခံပါတယ်ဗျို့
    ဘာမှမဆန်းပါဘူး.. အများစုက ဒီလိုဖြစ်နေမှတော့ သူများစကားငှားပြောရရင်
    ပြည်သူနဲ့တန်တဲ့အစိုးရကိုပဲ ရမှာပါပေါ့..

    • ပေါက်ဖော်

      October 28, 2011 at 11:01 am

      အဲလိုပြောပါနဲ ့.
      အနော်တို ့လို..လူဂေါင်းလေးတွေ ချိပါတေးတယ်..

      ခက်တာက
      အနော်တို ့ကလဲ ပေါ့ပေ့ါနေ ပေါ့ပေါ့စား ဘဝကို ဖီးလ်တတ်နေတာမို ့ပါ..
      အပြောများပြီး အလုပ်နဲတာလဲ ပါတာပေါ့လေ
      😯

      • inz@ghi

        October 28, 2011 at 11:22 am

        လူဂေါင်းလေးက ပုလင်းလေးဆွဲပီး ရှေ့တိုးနောက်ငင်လေး ..ခစ်ခစ်..

  • windtalker

    October 28, 2011 at 11:11 am

    လူထုဦးလှ ရဲ ့ကျောင်းကန်အနီးမှ မြန်မာ့ပုံပြင်များ ဖတ်ရသလို ပါဘဲလား
    ဖိုးသူတော် ယာထဲ ပြောင်းဝင်ချိုး
    ပြောင်းက အစေ့အဆန် ကျိုးတိုးကျဲတဲ နဲ ့မဖြစ်ညစ်ကျယ်
    ဒါနဲ ့ဖိုးသူတော် ပတ်ဆဲ သလို ပါဘဲ
    ကောင်ကြိုရေ

  • amatmin

    October 28, 2011 at 11:14 am

    ” အထိန်းအကွပ် မရှိဘဲ တိုင်းပြည်သည် စိတ်ပိုင်း ရုပ်ပိုင်း အဖက်ဖက်မှ ချွတ်ခြုံကျခဲ့ ရပါတယ်။…”
    ဦးကြောင်ပြောမှပဲ..အထိန်းအကွပ်တွေကို.သေချာမြင်မိတယ်..
    လောလောဆယ်တော့ လူပေါကြီး အီဗန်လို နေတာကောင်းမယ်.(ချမ်းသာဖို့ မလွယ်သေးလို့..)

  • မိုးပွင့်ဖြူ

    October 28, 2011 at 11:36 am

    ဟုတ်ပါတယ်ဦကြောင်ရေ အရင်နေ့ကမေတာရှင်ရွှေပြည်သာရဲတရားနာခဲတာ ဆရာတော်ပြောတာကမြန်မာပြည်ကလူတွေဆင်ရဲ နေတာကတစ်ယောက်နဲတစ်ယောက်အပြစ်တင်ပြီးသူအပြစ်ငါအပြစ်လွဲချနေကြလိုတဲ တိုင်းပြည်အုပ်ချုပ်သူကလဲ ပြည်သူတွေကြောင့်တိုင်းပြည်မွဲရတယ် ပြည်သူတွေကလည် အုပ်ချုပ်သူ လူကြီးတွေကြောင်းတို့တိုင်းပြည်တိုးတက်သင့်သလောက် မတိုးတက်ပဲဖြစ်နေတာ လူတိုင်းကိုစီသာ တာဝန်သိစိတ်နဲ နေထိုင်ကြမယ်ဆိုရင် တိုင်းပြည်တိုးတက်နိုင်ပါတယ်လိုဟောသွားတယ်
    အဲဒီနယ်ကလူတွေကကျောင်းဆောက်မယ်ဆိုပြီးပိုက်ဆံကောက်ကြတာ ဘယ်သူကဘယ်လောက်ထည့်တယ် ဘယ်သူကငါထက်ချမ်းသာပြီးနည်း2ပဲထည့်တယ် ငါ့သားသမီးကျောင်သားမရှိဘူးမထည်ဘူးဆိုပြီ စည်လုံးမှုမရှိတောကျောင်းတစ်ကျောင်းဖြစ်မို မလွယ်ဘူးဖြစ်နေတာပေါ့ သိန်း100လောက်ကုန်မယ်ဆိုရင်အိမ်ခြေတစ်ထောင်လောက်ရှိတဲရွာဆို တစ်အိမ် 1သောင်းကောက်ရင် သိန်းတစ်ရာ ရမယ်ဟာကိုမထည့်ချင်
    ကြဘူး မိမိတိုနေထိုင်ရာဒေသတိုးတက်မှာကို ပညာတတ်ပေါများမှာကို ဝို်ငးကူပေးဘို့စိတ်ကူမရှိကြဘူး…

  • ဆူး

    October 28, 2011 at 11:51 am

    အမောင်ကြောင်တော့ ပွဲကြမ်းနေပြီ။

  • နွယ်ပင်

    October 28, 2011 at 11:56 am

    ဦးကြောင်ကြီး အမှန်တွေ သိပ်မပြောနဲ့လေ
    ဒီခေတ်က အမှန်ပြောလို့ရဘူးရယ် အလိမ်အညာ
    လေး နည်းနည်းပါမှ ယုံကြတာ
    တစ်ခါတစ်လေ အမှန်တွေပြောလွန်းအားကြီးရင်
    အမှားလို့မြင်သွားတက်တယ်လေ ………..

  • ရာဇဝင်လူဆိုး

    October 28, 2011 at 12:49 pm

    လူလည်း လူအလျောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျောက်၊ အုပ်ချုပ်သူလည်း အုပ်ချုပ်သူအလျောက်၊ ပြည်သူလည်း ပြည်သူအလျောက် စည်းဖောက်မှတော့ မြန်မာတွေ ဘေးရောက်တာ ဘာဆန်းလဲ……။

    (အသေအလဲ ထောက်ခံတယ်)

  • blackchaw

    October 28, 2011 at 12:53 pm

    ကြောင်ကြီးပြောတာ ဘယ်သူငြင်းမလဲ။
    ကျုပ်ကတော့ မငြင်းရဲပါဘူး။

  • nozomi

    October 28, 2011 at 1:11 pm

    အပြည့်အဝ ထောက်ခံပါတယ်

    ခေတ်လွန်တိုင်းပြည်က ဦးခိုင်နဲ့ ဦးဖော ကို ရွာသာကာလသားခေါင်းကြီး ဦးကြောင် က အချက်အလက် အကျိုးအကြောင်း ခိုင်လုံစွာနဲ့ ပြန်လည်ချေပလိုက်ပါပြီ..
    ရွှီး…ဖျောင်း…ဖျောင်း

    • Foreign Resident

      October 30, 2011 at 9:11 am

      ဟင် အဘနာမည်က ဘယ်လိုလုပ်ပါလာရတာလဲကွယ် ။

      ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုကြောင့် မတိုးတက်တာ လို့
      အဘလဲ တခါမှ မပြောမိပါဘူး ။

      အဘ ကိုယ်တိုင်ကလည်း ဘာသာတရား ကိုင်းရှိုင်းလို့
      အဘိဓမ္မာ သင်တန်းတွေတက်ပြီး
      တရား စခန်းတွေတောင် ကိုယ်တိုင်ဦးစီးပြီး လုပ်ခဲ့တာပါ ။

      အဘ ကိုယ်တိုင် တရားပြတာမဟုတ်ဘူးနော် ။
      ဘုန်းဘုန်း တွေပြကြတာပါ ။

      တခုတော့ ရှိတယ် Australia မှာတော့
      မြန်မာပြည်မှာလို နေ့တဓူဝ
      သူများ ကလည်း ကိုယ့်ကိုလာ မုသာဝါဒပြောနေ
      ကိုယ် ကလည်း သူများကိုပြန် မုသာဝါဒပြောရ
      လုပ်စရာ မရှိဘူး
      ( မင်း အရမ်း လှနေပါလား ဆိုတဲ့ မြှောက်ပင့် စကားက အစ
      အရှုံးခံပြီး ရောင်းနေတာပါ ဆိုတဲ့ မုသား စကား အဆုံး )

      Australia က မြန်မာပြည် နှင့် စာရင်
      အကုသိုလ် တော်တော် နဲတဲ့ တိုင်းပြည် ။
      အဘ တော့ကြိုက်တယ် ။

      ရွာသားတို့ ကို တခု ပြောချင်တာကတော့
      ကိုယ်က မတရားတာ အကုသိုလ် မလုပ်ရင်တောင်မှ
      သူများတွေ မုသာဝါဒပြောနေ
      မတရားတာ အကုသိုလ် လုပ်နေတာတွေကို
      တွေ့နေ မြင်နေ ကြားနေ ရရင်ကိုက
      အကုသိုလ် နော် ။
      အဘိဓမ္မာ ထဲမှာ ပါတယ်။

      Australia မှာ အဲဒါတွေ မြင်ရ ကြားရတာ သိပ်မရှိဘူး ။

      အဘတော့ ဒါပဲသိတယ် ။

  • စုံ စုံ

    October 28, 2011 at 1:32 pm

    ဦးကြောင်ကမှန်တာတွေပြောနေတော့လဲ ကိုဘလက်ချောပြောသလိုဘဲ
    မငြင်းရဲပါဘူး လုံးဝအုတ်သုန်ထောက်ခံပါတယ်

  • Shwe Tike Soe

    October 28, 2011 at 1:50 pm

    ဟုတ်ပါတယ်ဗျာ ဘာသာတရား၊ကိုးကွယ်ယုံကြည်မှုကြောင့် မတိုးတက်တာမဟုတ်ဘူး.. ဘုရားတရားတော်တွေက လိုက်နာချင်နာ မနာချင်နေ လိုက်နာတဲ့သူ လိုက်နာသလို ကောင်းကျိုးခံစားရမယ် မလိုက်နာတဲ့သူတွေ ကိုလဲ ဘာမှ မပြောထားပါဘူး. .. လူတွေက သာ ဘာသာတရား၊ကိုးကွယ်ယုံကြည်မှုကို ကိုယ်အတ္တတွေရောပြီး လုပ်ကြတော့ အဲလိုတွေဖြစ်ကုန်တာပေါ့…
    ဥပမာ ဗျာ .. နောင်ဘဝ ကောင်းစားအောင် နာမည်ကြီးတဲ့ ရွှေတိဂုံ ဘုရားမှာ စိန်နာကပ်ကြီးချွတ်လှူ တဲသူ က ရပ်ကွက်ထဲက အ.မ.က ကျောင်းမှာ ကွန်ပျူတာ P3 သုံးလုံးလောက် လှူဖို.ကျတော့ လက်တွန်.နေကြတာလေ…

  • မှော်ဆရာ

    October 28, 2011 at 2:07 pm

    လူထုအားကို အများကြီးလိုသည် ..
    ဗိုလ်ချုပ်အစိုးရ အတိုးချကူညီ …
    ဟီ ဟီ ဟိ ..
    ဆက်မဆိုရဲတော့ဘူး …

  • chityimhtoo

    October 28, 2011 at 6:30 pm

    ဟုတ်ပါတယ်ဘကြောင်ကြီးအင်မတန်မှထောက်ပြသင့်တဲ့စကားတွေပါဘဲ။ဘာသာနဲ့မဆိုင်ပါဘူး
    ဘာသာဝင်တွေနဲ့ဘဲဆိုင်ပါတယ်။ခရစ်ယာန်ဘာသာဝင်တွေကတော့မနက်ဖန်တွေအတွက်ဘုရားသခင်
    ကပေးတဲ့မျော်လင့်ချက်ပေါင်းများစွာရှိတယ်လို့ယုံကြည်ကျပါတယ်။ဒါကြောင့်မနက်ဖန်တိုင်းဟာသူ
    တို့အတွက်မျှောင်လင့်ချက်ပေါင်းများစွာနဲ့ရှင်သန်နေကျပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမှာ
    မနက်ဖန်ဆိုတာနဲ့သေဖို့တစ်ရက်နီးလာပြီလို့တွေးလိုက်တာနဲ့ မျှော်လင့်ချက်တွေပျောက်ဆုံးသွားတယ်လို့
    ထင်မိပါတယ်။ခရစ်ယာန်ဘာသာဝင်တွေကဒီဘဝပြီးရင်ကောင်းကင်ဘုံရောက်မယ်လို့ယုံကြည်ချက်ရှိတဲ့
    အတွက် ဒီဘဝအတွက်ဘဲယုံယုံကြည်ကြည်လုပ်တဲ့အတွက်ပိုပြီးတိုးတက်တယ်လို့ထင်မိပါတယ်။ကျွန်တော်
    တို့ဗုဒ္ဓဘာသာဝင်တွေကတော့ သံသရာပေါင်းများစွာအတွက်အလုပ်လုပ်တဲ့အတွက် တိုးတက်တာပိုပြီးကျန့်ကြာတယ်လို့ထင်မိပါတယ်။

  • alinsett

    October 28, 2011 at 9:09 pm

    အိမ်း….ကောင်းလေစွ…ကောင်းလေစွ:)

  • pooch

    October 28, 2011 at 9:34 pm

    ဦးကြောင်ပြောတာ တခုမှ မမှားဘူး…ဟုတ်တယ်.. ကိုယ်လုပ်တာ ကိုယ်ရနေကြတာ … ..
    ဒါပေမဲ့ အဲ့ဒီလို လုံးဝ မသိတာထက်စာရင် သိလာနေကြတာက နည်းနည်းတော်သေးလားလို့…..
    သိလာလေလေ စိတ်ထဲ မကောင်းလေပဲ ……. ဘူတန်ကို မြင်တော့ အားကျတဲ့စိတ်က ထိန်းမနိုင်သိမ်းမရပေါ်လာသေးတယ်…. ကိုယ်ပြည်ကိုယ်လည်း အားမလို အားမရစိတ်နဲ့…..

  • True Answer

    October 29, 2011 at 8:54 am

    ကိုကြောင်ကြီးပြောတာ အပြည့်အဝ ထောက်ခံပါတယ်။
    ကျွန်တော်တို့တတွေ သမုတိသစ္စာ ရှုထောင့်က
    အကြောင်းအကျိုး အစစ်ကို တောင် မိအောင် မဖမ်းတတ်သေးပါဘူး။

    ပစ္စုပ္ပါန်-ပဓါနာ လူသားကောင်းစားရေးဆိုတဲ့ အရိယသစ္စာလို့ တကြော်ကြော် အော်ဟစ်နေသူများလည်း အော်နေရုံရှိတာပါပဲ။

  • MaMa

    October 29, 2011 at 9:13 am

    သဂျီးနဲ့ ဦးဖောက အနာကိုပြတယ်။ ကြောင်ကြီးက ဆေးနည်းကို ပေးတယ်။ ကုသဖို့ပဲ လိုပါတယ်။ ဆရာဝန်လိုက်ရှာဦးမှ… 🙁
    (ဆေးဖိုးကိုတော့ ထည့်မစဉ်းစားထားဘူး။)

  • တညင်သား

    October 29, 2011 at 11:24 am

    ထောက်ခံပါတယ် ….ဒါနဲ့စကားမစပ် နှစ်ဘီး ကားပေါ်က အီဗန် ပုံလား .. တော်တော်မိုက်တယ်….:)

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 29, 2011 at 12:46 pm

    လူမှု့စီးပွားတိုးတက်ရေးနဲ့ ဘာသာရေး အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ကျင့်စဉ်တွေကို
    လိုက်ရောလို့တော့မရဘူး ( လုံးဝမရဘူး )
    ကြားဘူးတဲ့စကားဟောင်းလေးဘဲ ပြန်ပြောလိုက်ပါဦးမယ် ပြောလည်းပြောခဲ့ဘူးပါတယ်
    ရဟန်းလူလိုကျင့်သော် သီလပျက်ပါတယ် လူ ရဟန်းလိုကျင့်သော် စီးပွားပျက်ပါတယ်
    လောကီဟာ လောကီပါ လောကုတ္တရာဟာ လောကုတ္တရာပါ လုံးဝ မရောဘူး
    ရောတယ်လို့ပြောတဲ့လူ လူလိမ် ကျုပ်ပြောတယ်
    အားလုံးရဲ့သဘောနဲ့တော့ ကွဲလွဲလိုက်ပါဦးမယ်
    အားလုံးကတော့ လူထက်မူလို့ဆိုတာကို တစ်ညီတစ်ညွှတ်ထဲထောက်ခံနေကြတာကို
    သတိတော့ထားမိပါရဲ့
    ကျုပ်ကတော့ နှစ်လမ်းတည်းကတစ်လမ်းကို ပြတ်ပြတ်သားသားရွေးဘို့ဘဲ ဆိုခြင်ပါတယ်
    ကိုယ့်လမ်းကိုယ်ရွေးတာ ကျုပ်ပရောဂတော့ပါဘူးနော
    ဒီနေရာမှာနားလည်ရမှာက ထားပါတော့ မူဆိုတာကိုပြင်လိုက်ပါပြီ
    မြန်မာနိုင်ငံရဲ့ပထဝီဝင်အနေအထားအရ ပင်လယ်ရေတွေနဲ့ မြစ်ချောင်းအင်းအိုင်တွေရဲ့သဘောအရ
    အသက်ဇီဝတွေကို မဖြစ်မနေမွေးမြူရမှာပါဘဲ ဒါတိုးတက်ရေးရဲ့သဘောတွေဘဲ
    နည်းပညာတွေဘက်ကိုလှည့်ဦးမလား ခိုးရမယ် ဝှက်ရမယ် ဒါက သိပ်အကျဉ်းချုံးပြောတာပါ
    အများသူငှါဖြစ်နေတာလေးကို နည်းနည်းလေး တို့ထိပြပါရစေနော
    ဝိဿခါ ကျောင်းအမကြီးကိုတော့ ဘယ်တော့ဘယ်တော့ မှ ကိုယ်နဲ့ မတန်တရာ သွားမနှိုင်းနဲ့
    တော်တော်သောက်မြင်ကပ်တယ်
    ဟိုက အရိယာ သူ့ကိစ္စက ပြတ်နေပြီ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ လမ်းစဉ်အတိုင်းဘဲ
    လိုက်နာကျင့်သုံးခြင်တယ်ဆိုရင်တော့ သစ္စာတရားကို ခေါင်းထဲထည့်ထားရမှာဘဲ
    သစ္စာတရားဆိုတာက ငြိမ်ငြိမ်နေရမှာဘဲ ဘာမှ မမြဲဘူး အလကားလို့ သိရမှာဘဲ
    ဝိဿခါကျောင်းအမကြီးလည်း လင်ယူတာဘဲ သားမွေးတာဘဲ ဆိုတာလောက်တော့လာမပြောနဲ့
    သူ့မှာ ရှိတဲ့စည်းစိမ်ကိုသူခံစားတယ် ရှိတဲ့အိမ်ထောင်နဲ့ပျော်ပါးတယ်
    ဘာစီးပွားရေး ဘာအနာဂတ်လူမျိုးမှ သူ့ခေါင်းထည်းမထည့်ထားဘူး
    ဝိဿခါ ကျောင်းအမကြီးအတွေးနဲ့ဆို save the world ဆိုတာ သနားတယ် ကိုယ့်အပူဘာရှိလို့လဲ
    ကိုယ့်ကိုယ်တိုင်တောင်မမြဲတာ ကမ္ဘာကြီးကိုများ ကယ်ဦးမတဲ့ ဘိုးတော်အာဘော်တွေ
    အားလုံးကပြောတဲ့ နိုင်ငံရေး မူဆိုတာကို ကျုပ်တစ်ဦးတည်း မှ ကွဲလွဲတာပါ
    အထူးပြောခြင်တာက ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာတွေလို့ ခံယူကြတယ်
    ဗုဒ္ဓတရားက တစ်ဖက် စောက်ကမြင်းကျောထခြင်တဲ့စိတ်က တစ်ဖက်ကြောင့် လို့ဘဲ
    ပြတ်ပြတ်သားသားဆိုခြင်ပါတယ်
    ပြောရရင်တော့ အောလပုံပေါ့်ဗျာ
    ဆက်တော့အပြောခြင်သား 😀 😀 😀

    • ကြောင်ကြီး

      October 29, 2011 at 1:33 pm

      ဘပုပြောသလို လောကုတ္တရာအသိဆိုတာ အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်ဖို့၊ လောကီကြီးပွားရေးဆိုတာ ကိလေသာအပြည့်နဲ့လုပ်တာ။ နှစ်ခုရောလို့ မရဘူး။ တွဲသွားရင်တော့ ဖြစ်နိုင်တယ်။ ဘုရားက အတိအလင်းပြောပြီးသား၊ နောက်ပိုင်း သာသနာမှာလည်း ကိုယ်တွေ့ပြောဟောဆုံးမသွားသူတွေ အများအပြားရှိပါတယ်။ အောက်အရိယာ နှစ်ဆင့်အထိ ကိလေသာ မကုန်သေးလို့ သူလိုငါလို စီးပွားရှာ အသက်မွေးနိုင်တယ်ဆိုတာ။ ဒါပေမဲ့ အရိယာသစ္စာညဏ်ပိုင်းသွားမှတော့ အများတကာလိုနေလည်း သူလိုငါလို စိတ်မထားနိုင်တော့တာ သေချာပါတယ်။ ပုထုဇဉ်တွေလို ငါအပြည့်နဲ့ တဘဝတနပ်စာ ကြံစည်အားထုတ်ကြမယ် မထင်ပါဘူး။
      တဖက်မှာလည်း ဗုဒ္ဓဘာသာဝင်ဆိုတိုင်း သစ္စာညဏ်ထိုက်သူများ မဟုတ်ဘူး။ သူသူငါငါ ကံသမား အများဆုံးဖြစ်မယ်။ သူတို့အတွက် ကံကိုပစ်ပယ်လို့ မရဘူး။ ထိုက်တန်တာ ပေးကိုပေးရမယ်။ နိုင်ငံရေးအရကြည့်ရင် သာသနာဆက်ဖို့၊ ညဏ်သမားကို ထောက်ပံ့လုပ်ကျွေးဖို့ ကံသမားရှိမှဖြစ်မယ်။ ဒီတော့ ဒါန၊ သီလ၊ ဘာဝနာ အကျင့်တွေ ထားပေးရတယ်။ အကုသိုလ်၊ ကုသိုလ် တရားတွေ ဟောပေးရတယ်။ ဒီတရားတွေသာမရှိခဲ့ရင် ပထမသာသနာ နှစ်ငါးရာနောက်ပိုင်း ဝိပဿနာတရားဆိုတာ မတည်နိုင်တော့ဘူး သို့မဟုတ် အခုလို ကျယ်ကျယ်ပြန့်ပြန့် မရှိနိုင်ဘူး။ ကျနော်တို့ ခင်ဗျားတို့လို ဟိုမရောက်ဒီမရောက်တွေ အဘိဓမ္မတရားတော်နဲ့ ကိုယ်တွေ့စာတွေ့ နီးစပ်ဖို့ ဖြစ်နိုင်ပါအုံးမလား။ ရှေးလူတွေ ဘယ်လောက်ပဲ လမ်းချော်ခဲ့တယ်ပြောပြော သိမှီသလောက် သသနာသယ်ဆောင်လာပေးတဲ့ ကျေးဇူးကြီးမားလှတယ်။ ချို့ယွင်းချက် အနေနဲ့ သယ်ရင်းသယ်ရင်း စွမ်းအားကျလာတယ်။ အားသွင်းထားတဲ့ ဓာတ်ခဲလိုပေါ့ဗျာ။ လမ်းခရီးအစမှာ အားအပြည့်ရှိပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဓာတ်အားကျလာတယ်၊ သို့ပေမဲ့ ဓာတ်ခဲမပျက်စီးသ၍ နောင်တချိန်ထပ်သုံးတဲ့အခါ အားပြန်ဖြည့်နိုင်တာပေါ့။ ဓာတ်ခဲ ပျက်ဆီးသွားရင် ဆုံးပြီလေ။ ဓာတ်ခဲက သာသနာ၊ ရှေးလူတွေက ဓာတ်ခဲသယ်ဆောင်လာသူ၊ ယနေ့ခေတ် ကျင့်ကြံအားထုတ်သူများက လျှပ်စစ်ဓာတ်အား ဖြစ်တယ်။ ကျနော်တို့လုပ်ရမှာ ဓာတ်အားပြန်သွင်းဖို့၊ အားလျော့နေတာကို ပုတ်ခတ်ဖို့မဟုတ်ဘူး။ အားသွင်းပုံသွင်းနည်းက မူလအစ သွင်းခဲ့ပုံနဲ့ တူချင်မှတူမယ်။ အားပြည့်လာရင် သုံးကြမယ်၊ ဓာတ်အားသွင်းပေးသူတွေ ရှိနေသေးသ၍ ဓာတ်ခဲ အားအပြည့်နဲ့ လည်နေမယ်။ သူတို့မရှိတော့ရင် ဓာတ်အားရှိသ၍ ဓာတ်ခဲကောင်းသ၍ နှောင်းလူများ ကြံဖန်သုံးစွဲကြမယ်။ ဒီလိုနဲ့ ဒုတိယသာသနာ နှစ်ထောင့်ငါးရာ တပတ်ပြန်လည်ပါမယ်။
      ရေးရင်းနဲ့ ရှည်သွားပြီ။ ပြောချင်တာ သာသနာနဲ့ ဓမ္မတာ စပ်လို့ရတယ်၊ ရဘူး နှစ်မျိုးစလုံး မှန်တယ်။ ရေတဝက်ဖြည့်ထားတဲ့ ဖန်ခွက်လို တဝက်အပြည့်လား half full တဝက်အလွတ်လား half empty ကာယကံရှင်အပေါ် မူတည်ပါလိမ့်မယ်။

      • မိုက်ကယ်ဂျော်နီအောင်ပု

        October 29, 2011 at 2:37 pm

        ပြောလို့သာပြောတာ
        ကိုယ့်ကိုယ်ကိုယ်ဝေဖန်တာဘဲကောင်းပါတယ်
        လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက စာလေးပေလေးဖတ်ပြီး
        ကိုယ့်ကိုယ်ကိုယ် ငါ့တော့ လုပ်သင့်တာတွေပဟဆိုပြီး
        ရှင်းရှင်းပြောရင်တောထွက်တယ်ပေါ့ဗျာ
        ကြာပါဘူး ငုတ်နေတဲ့ကိလေသာမျိုးစေ့တွေ
        အပင်တွေပေါက်လာလိုက်တာ အသီးတွေများ ဝေစာာာာာာာာာ…နေဒါဘဲ
        တော်တော်လေးတော့ ကြိုးစားရတယ်ဗျို့
        တစ်ခါတစ်လေများ ဘိုင်ပြတ်ရင် အိမ်နံရံက
        တောက်တဲ့ သုံးလေးကောင် မျက်စောင်းတစ်ခဲခဲပေါ့ 😀

  • မှော်ဆရာ

    October 29, 2011 at 1:04 pm

    ကိုယ့်ကိုယ်တိုင်တောင်မမြဲတာ ကမ္ဘာကြီးကိုများ ကယ်ဦးမတဲ့ ဘိုးတော်အာဘော်တွေ
    ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာတွေလို့ ခံယူကြတယ်
    ဗုဒ္ဓတရားက တစ်ဖက် စောက်ကမြင်းကျောထခြင်တဲ့စိတ်က တစ်ဖက်ကြောင့် လို့ဘဲ
    ပြတ်ပြတ်သားသားဆိုခြင်ပါတယ်
    အိုင်ဆေး ကိုအောင်ပု …
    မှန်တာပေါ့ဗျာ ..

  • kai

    October 30, 2011 at 6:22 am

    အဟမ်း..
    ဒါကြောင့်..ဒါတွေဖြစ်ရတယ်မပြောပဲ..
    ဒါတွေကိုတိတိကျကျမလိုက်နာလို့ ဒီလိုတွေဖြစ်ရတာလို့ ပြောတာမျိုးဖြစ်နေတယ်လို့..ကိုရင်ကြောင်ကြီးစာတွေကို.. သုံးသပ်မယ်ဗျာ..။

    ကျုပ်ကတော့.. ဒါကြောင့် ဒါတွေဖြစ်ရတာပဲလို့.. အားမနာ..မငှဲ့ပဲ.. တည့်တည့်ပြောမယ်..။
    ဆိုတော့..
    ဒီအတွေးအခေါ်တွေကမှားနေတယ်..ဒါကြောင့် ဒီလိုဖြစ်ရတယ်..။
    အဲဒီလိုပြောမယ်..။

    အဲဒီမှာ နောက်တမျိုးပြောစရာဖြစ်လာပြန်တယ်..။
    ဒီအတွေးအခေါ်တွေမှားတာ ဆိုတော့.. မူရင်းဟောခဲ့သူဗုဒ္ဓက မှားသလား.ပေ့ါ..။

    ဗုဒ္ဓသာသနာကို လက်ခံလိုက်နာသူ.. ကိုးကွယ်သူ ဒီဘဒ္ဒကမ္ဘာမှာ..လူသန်းရာချီရှိတယ်..။
    လူဦးရေအားဖြင့်.. ပိုလို့အများဆုံးကိုးကွယ်ကြတဲ့.. မဟာယာနဗုဒ္ဓဘာသာဝင်များတဲ့နိုင်ငံတွေက.. အကုန် တိုးတက်အောင်မြင်နေကြတယ်..။ သူတို့ practicesက.. ဗုဒ္ဓတရားကို လိုက်နာနေတာ ပိုတယ် မြင်ရတယ်..။
    လော့ဂျစ်ချကြည့်ရင်…
    ဗုဒ္ဓ…အဆုံးအမတွေ မှားတယ်..ဆည်းကပ်သူတွေ.. မအောင်မြင်ဘူးဖြစ်နေတယ်..လို့ ပြောစရာအကြောင်းမမြင်မိတော့ဘူး..။

    ဒါကို ….ဆန်းသပ်အဖြေရှာမှု တခုလို့ ..
    Test လုပ်နေတာလို့.. သဘောထားရင်..။
    ဒီဆန်းသပ်မှုကို အဖြေထုတ်နိုင်တဲ့ကာလဟာ.. ၁ဝနှစ်မဟုတ်ဖူး..။
    အနှစ် ၂ဝမဟုတ်ဖူး..။
    အနှစ် ၅ဝ မဟုတ်ဖူး..။
    အနှစ် ၁၀ဝ မဟုတ်ဖူးလေ..
    လူ့သက်တန်းတခု.. အနှစ် ၈ဝလောက်ကို ကျော်နေပြီပဲ..။

    ကိုရင်ကြောင်ကြီး စာကိုပဲ ပြန်ကိုးကားပြောမယ်..။
    တို့တတွေ.. ဒီလိုဖြစ်နေကြတာဟာ.. ဗုဒ္ဓဘာသာအမည်ခံ သွန်သင်ချက်ကြောင့်တွေကြောင့်..

    တိတိကျကျဆိုရင်..
    ဟိန္ဒူဘာသာရဲ့လွမ်းမိုးမှု.. မိရိုးဖလာ ဟိန္ဒူတွေရဲ့မူရင်းမြေထွက်.. တောင်ပိုင်အိန္ဒိယနဲ့.. သီဟိုဌ်ဖက်က.. ထေရာတွေရဲ့.. အဆုံးအမတွေရောသယောင်းထနေတဲ့.. ဟိုမရောက်ဒီမရောက်.. ထေရာတရား(ထေရဝါဒ)ကို ဂေါတမဗုဒ္ဓတရားထက်.. ဦးစားပေးထားတဲ့.. အဆုံးအမတွေကြောင့်လို့ လက်ညှိုးထိုး စွတ်စွဲလိုက်ပါကြောင်း..။

    ဆဲနိုင်ပါကြောင်း…။ 😆

  • Foreign Resident

    October 30, 2011 at 9:16 am

    မမြင်လိုက်မှာစိုးလို့ ထပ် မန့် တာပါကွယ် ။

    အဘနာမည်က ဘယ်လိုလုပ်ပါလာရတာလဲကွယ် ။

    ဘာသာတရား၊ ကိုးကွယ်ယုံကြည်မှုကြောင့် မတိုးတက်တာ လို့
    အဘလဲ တခါမှ မပြောမိပါဘူး ။

    အဘ ကိုယ်တိုင်ကလည်း ဘာသာတရား ကိုင်းရှိုင်းလို့
    အဘိဓမ္မာ သင်တန်းတွေတက်ပြီး
    တရား စခန်းတွေတောင် ကိုယ်တိုင်ဦးစီးပြီး လုပ်ခဲ့တာပါ ။

    အဘ ကိုယ်တိုင် တရားပြတာမဟုတ်ဘူးနော် ။
    ဘုန်းဘုန်း တွေပြကြတာပါ ။

    တခုတော့ ရှိတယ် Australia မှာတော့
    မြန်မာပြည်မှာလို နေ့တဓူဝ
    သူများ ကလည်း ကိုယ့်ကိုလာ မုသာဝါဒပြောနေ
    ကိုယ် ကလည်း သူများကိုပြန် မုသာဝါဒပြောရ
    လုပ်စရာ မရှိဘူး
    ( မင်း အရမ်း လှနေပါလား ဆိုတဲ့ မြှောက်ပင့် စကားက အစ
    အရှုံးခံပြီး ရောင်းနေတာပါ ဆိုတဲ့ မုသား စကား အဆုံး )

    Australia က မြန်မာပြည် နှင့် စာရင်
    အကုသိုလ် တော်တော် နဲတဲ့ တိုင်းပြည် ။
    အဘ တော့ကြိုက်တယ် ။

    ရွာသားတို့ ကို တခု ပြောချင်တာကတော့
    ကိုယ်က မတရားတာ အကုသိုလ် မလုပ်ရင်တောင်မှ
    သူများတွေ မုသာဝါဒပြောနေ
    မတရားတာ အကုသိုလ် လုပ်နေတာတွေကို
    တွေ့နေ မြင်နေ ကြားနေ ရရင်ကိုက
    အကုသိုလ် နော် ။
    အဘိဓမ္မာ ထဲမှာ ပါတယ်။

    Australia မှာ အဲဒါတွေ မြင်ရ ကြားရတာ သိပ်မရှိဘူး ။

    အဘတော့ ဒါပဲသိတယ် ။

  • ကြောင်ကြီး

    October 30, 2011 at 11:14 am

    အမေရိကန်သဂျီးနဲ့ ဩဇီဦးဖောတို့ရဲ့ မှတ်ချက်တွေကို ဒီနေရာကနေ တပေါင်းတစည်းထဲ ပြန်ပြောမယ်ဗျာ။
    ဩဇီဦးဖော။။။။။ မဟုတ်တရုတ်လုပ်တာ ဩစတေးလျမှာ ရှိမရှိတော့ မသိဘူး။ ပင်စင်လိမ်ထုတ်တာ အထောက်အထားနဲ့ ဖြစ်နေလို့ အမေရိကန်မှာ ရှိတာ သေချာတယ်။ ဩဇီလည်း စီးပွားရေး အကျပ်အတည်း မတွေ့သေးလို့ပါ။ တခုရှိတာ ဩစတေးလျက တိုင်းပြည်ကြီး၊ သယံဇာတပေါများ၊ နည်းပညာတိုးတက်၊ လူဦးရေ အရမ်းနဲတော့ စီးပွားကျတောင် အမေရိကန်လို ဖြစ်မှာ ဟိုရှာဒီရှာ ပြာနေစရာ မလိုဘူး။ သီလမလုံတာ၊ အကုသိုလ်များတာနဲ့ ပတ်သက်လို့ လူဆိုတာ ဆင်းရဲရင် ပျက်သလို ချမ်းသာဒဏ်ကိုလည်း မခံနိုင်ဘူး။ ဒါပေမဲ့ ရွေးစတမ်းဆို လူတိုင်း ချမ်းသာတဲ့ဒဏ်ကို ရွေးမှာပဲ။ အကုသိုလ် ၊ ကုသိုလ်ထက် သုဂတိ၊ ဒုက္ခတိ ဘုံခြင်းလို့သာ မြင်တယ်။ ဆင်းရဲတော့ လောဘ၊ ဒေါသ၊ မောဟများတယ်။ ချမ်းသာတော့ လောဘ၊ မောဟ၊ မာန ဖုံးတယ်။ သံသရာ အမြင်ကို လက်ခံနိုင်ရင်၊ သစ္စာတရားလေးပါး တရားကို အမှန်လို့ ယုံထားရင် ဆင်းရဲ ချမ်းသာသည် ဘာသာရေး ပြသနာ မဟုတ်ပါ။
    သဂျီး။။။။။။။။။ ဗုဒ္ဓဘာသာ မဟာယာနနိုင်ငံတွေ ထေရဝါဒ နိုင်ငံများထက် ပိုချမ်းသာတာ ငြင်းစရာမရှိဘူး။ မဟာယာနအုပ်စုဝင် ဂျပန်၊ ကိုရီးယား၊ တရုတ် တိုင်းပြည်စီမံခန့်ခွဲမှု စနစ်မှန်လို့ တိုးတက်တာ။ ဈေးကွက်စီးပွားရေး မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့တဲ့ တရုတ်ပြည်ဟာ အထင်ရှားဆုံးပဲ။ ချို့ယွင်းချက် အများအပြားရှိပေမဲ့ အခွင့်ကောင်းကို ဆုပ်ကိုင်နိုင်လို့ ရှေ့ကိုမှန်မှန် ချီတက်နေတယ်။ ကူမြူနစ်ဗီယက်နမ်လည်း ဒီလိုပဲ။ ဂျပန်၊ ကိုရီးယားကြတော့ လူမျိုးတော်တယ်၊ စစ်ပြီးခေတ်မှာ အမေရိကန်ရဲ့ ထောက်ပံ့မှုကို ပုံအောရခဲ့တယ်။ စနစ်မှန်တယ်။ ဒီတော့ တိုးတက်တယ်။ သူတို့ ကိုလိုနီခေတ်မှာ မတိုးတက် အနိုင်ကျင့်ခံခဲ့ရတာ ဘာသာရေးကြောင့်လား၊ အုပ်ချုပ်ပုံစနစ်ကြောင့်လား၊ ပြန်ကြည့်ပါ။ အဲဒီခေတ် ဘုရင်များ ဇိမ်ယစ်တယ်၊ ခေတ်နောက်ပြန်ဆွဲတယ်၊ ရက်စက်ကြမ်းကြုတ်တယ်၊ ပညာမဲ့တယ်။ ဘာသာတရားကို တကယ်ကြည်ညိုရင် ပညာမမဲ့ဘူး၊ မရက်စက်ဘူး၊ လွပ်လပ်တယ်။ တလွဲသုံးတော့ ဘာဖြစ်သလဲ.. ဖိနှိပ်တယ်၊ ငါတကောကောတယ်၊ လိုရာဆွဲတယ်။
    သုံးလေးနိုင်ငံလောက်ပဲရှိတဲ့ ထေရဝါဒတိုင်းပြည်များမှာ ထိုင်းနိုင်ငံ အတိုးတက်ဆုံးပဲ။ ကျန်တာတွေကတော့ ဖွတ်ကျား။ ဘာကွာလဲ၊ အုပ်ချုပ်ပုံ စနစ်ကွာတယ်။ ကမော္ဘဒီယားမှာ အခုအချိန်အထိ ဒီမိုကရေစီမဆန်တဲ့ ဟွန်ဆန်အစိုးရ မင်းမူနေတုန်းပဲ။ ထိုင်းကို အနောက်တိုင်း စံချိန်အရ နိမ့်တယ်ပြောပေမဲ့ လုံးဝမဆင်းရဲဘူး။ ထေရဝါဒတိုင်းပြည်များရော ဗုဒ္ဓအဆုံးအမကို လိုက်နာကြလို့လား။ အဘိဓမ္မာတရားသဘောကို ပိုပြောကြမှာတော့ သေချာတယ်။ တကယ်ရော နားလည်လို့လား။ အများစုက ပါးစပ်နဲ့ ဖြစ်ပျက်လက္ခဏာတင် သစ္စာပိုင်းနေကြမှတော့၊ ကိလေသာ မငြိမ်းဘဲ နိဗ္ဗာန်နဿ ပစ္စယောဟောတု လုပ်နေကြမှတော့ တရားနဲ့ညီနိုင်ပါတော့မလား။ မင်းကျင့်ဆယ်ပါး၊ ၃၈ဖြာ မင်္ဂလာ တရားတို့ဆိုတာ လောကီမှာ သုံးနိုင်တယ်။။ ဝိပဿနာ ဖြစ်ပျက်တင်မရှုနိုင်တောင် ဗြဟ္မမစိုရ်တရား လေးပါးညီရမယ်။ မလုပ်နိုင်လည်း အနည်းဆုံး သီလလုံရမယ်။ မဖြစ်နိုင်ဘူး မပြောနဲ့နော်၊ ရှေးခေတ်က ဒီလိုပဲ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံများ ကျင့်သုံးလာခဲ့တာ။ နောက်ပိုင်း ပျက်ပျက်လာပြီး သီလတောင် မလုံဘဲနဲ့ သစ္စာစကားတွေပြော၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်း ဆက်သောက်နေလို့ ခံရတာ။ ကိုယ်က မလိုက်နိုင်မှန်းသိရင် အလျော့အတင်း လုပ်တတ်ရမယ်။ ဘေးဘီကြည့် ပြုပြင်ပြောင်းလဲတတ်ရမယ်။
    ကိုလိုနီခေတ်အထိ ဗုဒ္ဓဘာသာနိုင်ငံများအားလုံး ဂျပန်ကလွဲရင် ပြင်ရကောင်းမှန်း မသိဘူး။ ဂျပန်က ပြင်ပြန်တော့လည်း အဓမ္မဝါဒဖက်လိုက်တယ်။ ဗုဒ္ဓဘာသာစစ်ရင် နယ်ချဲ့ဖက်ဆစ်ဝါဒီ ဖြစ်သွားပါ့မလား။ နောက်ပိုင်းသူ့နောက်လိုက်တဲ့ နိုင်ငံများ အခြေအနေ အချိန်အခါ ကြည့်သွားတတ်တော့ တိုးတက်တယ်။ ဘာသာတရားကြောင့် ဆုတ်ယုတ်တာ၊ တိုးတက်တာ မဟုတ်ဘူး။ ကမာ္ဘ့သမိုင်း၊ နိုင်ငံ့သမိုင်းကို သင်ခန်းစာယူတတ်ဖို့ လိုတယ်။ မြန်မာတွေကြတော့ စစ်ဗိုလ်များကျေးဇူးနဲ့ ပုံသွင်းထားတဲ့ ပြည်တွင်းသမိုင်းတခုထဲကြည့်ပြီး ဆက်မှားကြတယ်။ တမျိုးကောက်ချက်ချရရင် မဟာယာန၊ ထေရဝါဒ၊ ဖန်ဆင်းရှင် ဘာဖြစ်ဖြစ် အုပ်ချုပ်ပုံစနစ် ဟုတ်ရင် တိုင်းပြည်ကောင်းမှာပဲ၊ ဘာသာတရားက အခုခေတ်မှာ အရောင်သာ ခြယ်ပေးနိုင်တော့တယ်။
    ပထဝီနိုင်ငံရေးအရကြည့်ရင် တရုတ်ကြီးနဲ့ နယ်ချင်းဆက်နေတဲ့ ဗုဒ္ဓဘာသာနိုင်ငံများအားလုံး အခြေအနေ သိပ်မကောင်းဘူး။ ထိုင်းနိုင်ငံ အမေရိကန်ခံထားလို့ သက်သာတယ်၊ ဗီယက်နမ်နိုင်ငံ နယ်ချဲ့တော်လှန်ရေး သမိုင်းပေးအတွေ့အကြုံနဲ့ ဆိုဗီယက်ရုရှားနိုင်ငံ ထောက်ပံ့မှုကြောင့် တောင့်ခံတယ်။ မြောက်ကိုရီးယားကတော့ သိတဲ့အတိုင်း။ လော၊ ကမော္ဘဒီးယား၊ မြန်မာ ဖွတ်ကျားပဲ။ ဒီသုံးနိုင်ငံစလုံးသွားတူတာ ဒီမိုကရေစီ အယောင်ဆောင် အာဏာရှင် အစိုးရများ အုပ်ချုပ်တယ်။ အပြန်အလှန်အားဖြင့် ရပ်တည်ရေးအတွက် တရုတ်ကို မှီခိုရတယ်။ ပညာတတ် သူဌေးကို မမှီခိုဘဲ၊ လူရှုပ်ကို ပထွေးတော်ရမှတော့ မွဲနေတာ ဘာဆန်းလဲ…။

    • Foreign Resident

      October 30, 2011 at 2:08 pm

      ဦကြောင်ရယ်
      လူဆိုးဆိုတာ နေရာတကာ ရှိသပေါ့ကွယ် ။
      မှန်တာပြောရရင် ဆိုးပြီဆိုရင် ဒီကလူတွေက ပိုတောင်ဆိုးသေး ။

      တိုင်းပြည်ချမ်းသာ စနစ်ကောင်း စားဝတ်နေရေး ဖူလုံကြတော့ ။
      အလကားနေရင်း နေ့တဓူဝ
      တစ်ယောက်ကို တစ်ယောက် ခွက်စောင်းခုတ်နေစရာ မလိုတော့
      မုသာဝါဒါ နည်းတာ မတရားမှုနည်းတာ ကိုပြောတာပါ ။

Leave a Reply