မျက်စိအောက်ရောက် မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏နောင်တ (ဒု)
(ဒုတိယပိုင်း)-အဆက်
ထိုမြေအောက်ခန်းသည်ကားအလွန်အသံလုံပေစွ၊သူတို့ပြောသောစကားသံက ဟိန်းထွက်နေ၏၊
အနံ့တစ်ခုရပါ၏၊ အောက်သိုးသိုးအင်္ဂတေနံ့နှင့်ရောစွက်နေသည့်အစိုပြန်သောအနံ့၊
ထိုနေ့က ကျွန်တော် စွပ်ကျယ်အကျင်္ ီလက်ပြတ်၊ ချည်သားရှပ်အကျင်္ ီကလေးနှင့် အပေါ်ဆုးံမှစစ်ရောင်အရပ်ဝတ် ဂျာကင် တစ်ပတ်နွမ်းကလေးဝတ်ထားပါသည်၊ ဗိုလ်ရူးရူးပြီး၊(ဒီအက်စ်အေဖြေတုန်းကဝယ်ထားတာ၊ )တိုက်ဆိုင်လိုက်တာဗျာ။
မြေအောက်ခန်းမတစ်ခုထဲရောက်ပြီထင်၏၊ နှစ်ဘက်ညှပ်ခေါ်လာသူနှစ်ဦးမှတုံ့ကနဲရပ်သွားသည်၊
တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်နေသည်၊ တစ်ဝူးဝူး မြည်သံစကြားရပြီ၊ ကျွန်တော့်ဆံပင်၊ပုဆိုး၊အကျင်္ီ တို့လေထဲလွင့်ကာတစ်ဖျတ်ဖျတ်၊
အလွန်ကြီးမားပြီးမြင်းကောင်ရေအားကောင်းသောပန်ကာကြီးဘယ်နှစ်လုံးနှင့် ကျွန်တော့်ထံစုုပြုံ ထိုးထားသည်မသိပါ။ ချမ်းစိမ့်ကာ၊နှာတောင်မွှန်လာပြီ။
စာရွက်လှန်လှော သံတွေစကြားရသည်၊ ဇတ်လမ်းစပြီပေါ့–။
(ချောင်းဟန့်သံ — မင်းနာမည်ပြော ဟုမေးသဖြင့် ကို——– ဟုဖြေလိုက်သည်၊)
ဘယ်ဘက်ပါးတစ်ခြမ်းလုံးဖျမ်းကနဲ ပူထူသွားကာ၊မည်သို့မျှထင်မှတ်မထားသောတုံ့ပြန်မှုကြောင့် အမှန်ပြောရ လျှင် လန့်ဖျတ်ကာ အောင်မယ်လေးဟုပင်အော်လိုက်မိပါသည်။
နာမည်မေးရင်မောင်တပ်ပြောဟု ထိုလူမှဆက်ပြောသည်ကို နားထဲမှ အမှတ်ပြုရင်း၊ ကိုယ့်ကိုယ်ကို (မကြောက်နဲ့ မကြောက်နဲ့– ကြောက်ရင်နှစ်ခါသေရတတ်တယ်–
ခံရဲတာ မှ သတ္တိကွ )ဟုစိတ်ထဲအပြန်ပြန်ရေရွတ်ရင်းမာန်တင်းနေခိုက်၊ သူဘာမေးလိုက်သည်မသိ –ပြန်မဖြေကောင်းလားဆိုပြီးမေးရိုး၊ပါးနှစ်ဘက်နှင့်နှဖူးခေါင်းတို့ကို-တစ်ယောက်ပြီးတစ်ယောက်၊ ဆက်တိုက်ဆိုသလို (မင်းကဘာကောင်လည်း၊သူရဲကောင်းပေါ့ ဟုတ်လား– သောက်ရူး) ဆိုကာသဲအိတ်ကြီးကိုထိုးသလို ဝိုင်းထိုးကြပါ လေ တော့ သည်။
ကျွန်တော့်ပါးစပ်မှ အောင်မလေး၊နာတယ်ဗျဟုတစ်တွတ် တွတ်အော်ဟစ်ရင်း၊ ပန်ကာလေကြောင့် လေမွှန်ပြီးအေးစိမ့်နေရာမှ၊ ခန္တာကိုယ်တစ်ခုလုံးပူထူလာကာ၊နာရာမှကျင် ကျင်ရာမှထူ၊ထူရာမှထုံ လျှက် ဇောချွေးများကျလာသည်မှာအတွင်းခံစွပ်ကျယ်နှင့်ရှပ်အကျင်္ ီကိုဖေါက်ထွက်ကာ၊ စစ်ရောင်အရပ်ဝတ်ဂျာကင်ကလေးမှာပငချွေးတွေစိုရွှဲနေပါတော့သည်။
ို့တိုင်အောင်အထိုးမရပ်ပဲ မေးလိုက်၊တစ်ယောက်တစ်လဲထိုးလိုက်နှင့်ကျွန်တော့်မျက်နှာကြီးတစ်ခုလုံး ငယ်ငယ်က မှော်ဘီထုတ်ထူပြိန်းပြိန်းရော်ဘာဘောလုံးကြီးကန်ရသလို ဖွံမ်း- ဖွံမ်းနှင့် ထူထုံထိုင်း လျှက်ရှိပြီးခွေယိုင်ကာလဲကျသွားရပါတော့သည်။ချုပ်ထားသူတစ်ဦးမှ (လက်လွန်မယ် သတိထားဟု) လက်သီးသ္မားများကို သတိပေးပါသည်၊ ကျွန်တော်က တော့ သမ္မန်သလင်းပေါ်ခဏလဲခွေနားခွင့်ရပါ၏။
ဘေးမှညှပ်ခြုပ်ထားသူနှစ်ဦးမှကျွန်တော့အားပြန်ဆွဲထူပြီး၊ သူတို့ခန္တာကိုယ်ဖြင့်ထိမ်းညှပ်ကာ၊ မေးစရာများကိုဆက်စစ်မေးကြပြန်သည်၊ သည်တစ်ခါတော့ ကျွန်တော့်မျက် နှာကို Passed ပေး လိုက်ပြီထင်ရ၏၊ ထိုစဉ်သူတို့ထဲမှတစ်ယောက်က ကျွန်တော့အကြောင်းအစီရင်ခံနေသံကြားရသည်၊ သူတို့အထက်အရာရှိရောက်လာ ပုံရ၏၊ အလေးပြုရန်လှုပ်ရှားသံများလည်းကြားရ၏၊ ထိုသူမှ ကျွန်တော့်အား မှန်မှန်ကန်ကန်ဖြေလျှင် ပြန်လွတ်ပေးမည့်အကြောင်းပြောပြီး၊ရွှေပြည်အေးတရားဟောပါတော့သည်၊ သူအသံကိုတမင်ဖျက်ပြောနေသည်မှာသိသာပြီး၊ ရုပ်ကိုတော့ကျွန်တော်လုံးဝမမြင်ရပါ၊ ထိုသူပြန်ထွက်သွားတော့ သူတို့ အစွမ်းကဆက်ကြပြန်လေပြီ။ နောက်ထပ် မေးခွန်း တွေရော။ ပြန်မေးပြီးသားတွေရော ရောသမမွှေကြသည်၊ဖြေပုံမကြိုက်သဖြင့် ထင်သည်သူ တို့အသံကပိုကျယ်ပြီး ဒေါသသံပါလာပြီ၊ ကျွန်တော်ကလည်းငြင်းမြဲ၊ ဘူးတစ်လုံးဆောင်ထားသည်၊အိုတောင်မဆင်းရဲသာဆိုသည် လောလော ဆယ်တော့ အသက် ထွက် မတတ်ပင်၊ ရုတ်တရက် ကျွန်တော့ နှလုံးနှင့်အဆုပ်နှစ်ဘက်ကြား ရင်ညွှန့်အလယ် အရိုးအခွက်ချိုင့်နေသောနေရာသို့ ဘာနှင့်လှမ်းထိုးလိုက်သည်မသိ၊ အလွန်နာကျင်ခံရ ခက်ပြီးခေါင်းနဘမ်းကြီးသွားကာ အသက်ရှုပင်ရပ်သွားရပါသည်၊ ခွေကနဲဖြစ်အသွားတွင်ဘေးမှညှပ် ထား သူမှထိမ်းပေးရင်း ဇက်ပိုးကိုခပ်ဆတ်ဆတ် ရိုက်ကာ ပြန်ထူမတ်စေပါသည်၊ ထို့နောက်တော့– မေးလိုက်၊ ဝါးအဆစ်ပိတ် တုတ်ဖြင့် ရိုက်လိုက် နှင့် ပေါင်၊ခြေသလုံး၊ညှို့သဂျီး၊ခါးဆစ်ပါအလွတ်မပေး၊ ဇောချွေးနှင့်နာကျင်သေါဝေဒနာ၊ ထုံကျင်သောခေါင်းတစ်ခုလုံးခြာခြာလည်ကာ ၊ ပါးစပ်မှအာခေါင် အထိ ချောက်ကပ်ကာ လည်ချောင်းပါကွဲအက်သလိုဖြစ်ပြီးတံတွေးပင်မြိုချလို့မရတော့ပဲရေ–ရေ– ဟုတောင်းရင်း တစ်ကိုယ် လုံး ပျော့ခွေလျှက်၊ အဝတ်အမဲရောင်စည်းထားသော မျက်လုံးနှစ်လုံသည်၊ ထို့ထက်ပိုမဲနက်မှောင်မိုက်သော အာရုဏ်အမြင်ဖြင့် လောကကြီးတစ်ခုလုံးနှင့်အဆက်ပြတ်သွားရပါလေတော့သတည်း။
သတိယလတော့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး၊ ရေအလွန်ဆာသဖြင့် ရေ တောင်းသော်လည်း မည်သူမှမလာ၊ သေးပေါက်ချင်တယ်ဗျို့ဟုအော်မှ တစ်ရောက် ဝင်လာသည်၊ ရေတောင်းသည် မပေး- သည်လိုနှင့် အိမ်သာသို့တွဲပြီးလိုက်ပို့သည်၊ မျက်နှာကိုထုံးစံအတိုင်းစည်းထားတော့မမြင်ရ၊ ခြေထောက်ကြွ ၊ဟိုဘက်ကိုင်၊သည်ဘက်ကိုင်
ဟုလိုက်ပို့သူ၏လမ်းညွှန်ချက်ဖြင့်- အိမ်သာထဲရောက်ပြီ၊ ထိုသူကပြောသေးသည် – မျက်နှာအုပ်ထား လုံးဝမဖွင့်နဲ့တဲ့။ သည်လိုနှင့်မမြင်မစမ်းလက်ဖြင့်ရမ်းကာအိမ်သာထဲမှသုံရေ
အိုးကိုရှာရပြီ၊မတွေ့ ၊ဘေးဘက် ဝဲ၊ယာတွေကို ဆက်စမ်းသည်– ဟောတွေ့ပါပြီ ရေဘုံဘိုင်ခေါင်း– ဘာပြောကောင်းမလည်း ရေဘုံဘိုင်ခေါင်းကိုဖွင်ကာ၊ လက်ခုပ်ဖြင့်ခံပြီး
အငမ်းမရ– တရစပ်သောက်လိုက်ပါတော၏၊ အလွန်အရသာရှိလှပြီး၊ လန်းဆမ်းစေပါတော့သည်။ ထိုနေ့တစ်နေ့လုံးကျွန်တော့် မူလအချုပ်ခန်းတွင်အိပ်စက်ခွင့်ရခဲ့ပါသည်ခင်ဗျား။
(ဆက်ပါအုန်းမည်။)
မှတ်ချက်။ ။ (သည်ပို့စ်ကိုရေးရာတွင်ကျွန်တော်မည်သည့်အာဃာတတရားမှထားရှိရေးရန်မရည်ရွယ်ပါ၊ လောကသံသရာ၏ အလှည့်အပြောင်းလေး ကိုလူတိုင်း မျက်ဝါးထင် ထင် မြင်သိပြုင်ပြီးတရားရစေ လိုခြင်းသာ ရည်ရွယ်ပါသည်။ ) အပ္ပမာဒေန သမ္ပာဒေထ ။
21 comments
ဆူး
November 1, 2011 at 10:26 am
ပိုစ်လေးက ခေါင်းစဉ်လေးပျောက်နေတော့ စာဖတ်သူတွေ နိပ်ဖွင့်ရခက်မယ် ထင်တယ်။
သဂျီးရေ ခေါင်းစဉ်လေး ကူညီထည့်ပေးလိုက်ပါအုန်း။
Moe Z
November 1, 2011 at 10:44 am
အိမ်သာကရေတောင်သောက်ခဲ့ရတယ်နော် လူမဆန်လိုက်ကြတာ
အားလုံးသိအောင်ရေးသင့်ပါတယ်
စောင့်ဖတ်နေပါ့မယ်..
Foreign Resident
November 1, 2011 at 11:26 am
အားလုံးသိအောင်ရေးသင့်ပါတယ်
စောင့်ဖတ်နေပါ့မယ်..
ba gyi
November 1, 2011 at 11:28 am
ဟုတ်ပါရဲ့ မဆူးရေ၊ မနေ့ကတင်ရင်း ကွန်နက်ရှင်ကျသွားတော့ မိုင်ပို့စ်ထဲဝင်ပြန်ကြည့်တယ်၊အဲသည်ထဲရောက်နေတော့ အိုကေ ရောက်ပြီလို့စိတ်ချနေတုန်း။ မီးအားကကျပြီး
ယူအက်စ်ပီ ကအော်နေတော့ပိတ်လိုက်တာ၊ သည်မနက်ရောက်တော့ပြန်ဖွင်တော့ ဒုတိယပိုင်းအစလေးပဲ
ပါလာတယ်၊ ဒါနဲ့ သည်မနက်ဒုတိယပိုင်းအဆက်လို့တပ်ပြီးထပ်တင်ပေးလိုက်တာ- မနေ့ကခေါင်းစဉ် တပ်ပြီး တာကိုမေ့ပြီးအရင်စလိုလွှတ်လိုက်မိပါတယ်၊ခွင့်လွှတ်ကြပါဗျာ၊ သူကြီးမင်းလည်းတောင်းပန်ပါ၏။ ပို့ နံ မည် လေး ဆက်တပ်ပေးပါအုန်းဗျာ။ (မျက်စိအောက်ရောက် မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏နောင်တ)
မန့်ပေးကြသူအားလုံးကိုကျေးဇူးတင်လျှက်။
ပေါက်ဖော်
November 1, 2011 at 11:58 am
ကံကြမ္မာ အလှည့်အပြောင်း ဘယ်လိုဆက်ဖြစ်မတုန်း သိချင်ပါဘိ ဦးဘဂျိရေ
ဖတ်ရတဲ့လူတောင် လန် ့ဒယ်ဗျာ..
ခံရတဲ့လူ တော့ ပြောမနေနဲ ့တော့
👿
windtalker
November 1, 2011 at 12:04 pm
ကိုဇာဂနာ့ ရိုက်မယ့် ရုပ်ရှင်အတွက် ဇါတ်လမ်းပေးသင့်တယ် ဘကြီး
ba gyi
November 1, 2011 at 12:20 pm
ကျေးဇူးပဲ windtalker ရေ ——၊
ကိုဇာဂနာထံမှာ ကျွန်တော့ထက် ဆိုးဝါးတဲ့အတွေ့အကြုံတွေရှိနေမှာပါ – windtalker ရေ။
Diamond Key
November 1, 2011 at 2:07 pm
ရင်နာ၊ စိတ်မကောင်းစွာနဲ့ ဆက်ဖတ်နေပါသည်။ ဆက်ပါ ဘကြီး။
amatmin
November 1, 2011 at 3:02 pm
လူအချင်းချင်း မသေရုံနှိပ်စက် တဲ့.လူမဆန်သူများ ဘယ်လိုပြန်ခံစားရ မလဲ.
စိတ်ဝင်တစား.စောင့်ဖတ်ပါမည်..ဘကြီး.ရေ.
pooch
November 1, 2011 at 3:24 pm
ဘကြီးတို့ ပြောပြမှပဲ ကျမတို့ တွေက သိရမှာ ဖတ်ရတာ စိတ်မကောင်းလှပေမဲ့ ဆက်ရေးစေချင်ပါတယ်….
အမှန်တရားအတွက်ပါ…….
KMN
November 1, 2011 at 4:56 pm
ယုံကြည်ချက်အမှန်တရားအတွက် ဘဝနှင့်ရင်းပြီးရင်ဆိုင်ခဲ့သော ဘကြီးကို လေးစားရင်း၊ ရင်နာ စိတ်မကောင်းစွာနဲ့ စောင့်ဖတ်နေပါမည်—-။
kocho
November 1, 2011 at 6:09 pm
အဖြစ်မှန်တွေဟာတကယ်ကို စိတ်ဝင်စားဘို့ကောင်းသလို ကိုယ်ချင်းလဲစာမိတယ် 🙁
Oo Oo
November 1, 2011 at 8:39 pm
ဖတ်ရတဲ့သူတောင်..တော်တော်ခံစားရပါတယ်
ရက်စက်မှုတွေက ကွက်ကွက်ကွင်းကွင်းပါပဲ
စိတ်မကောင်းစွာဖြင့် ဆက်လက်စောင့်မျှော်ဖတ်ရှု့နေပါသည်
ကြောင်ကြီး
November 2, 2011 at 10:48 am
စစ်ကြောရေးတွေမှာ မေးတဲ့ကောင်တွေက ဖမ်းထားတဲကသူတွေကို စစ်တဲ့အခါ ထိုးကြိတ်နှိပ်စက်ဖို့ အပြင်ကလူတွေကို ပိုက်ဆံပေးခေါ်တယ်။ သူတို့က အမြဲတစေ မရိုက်ဘူး။ လက်နာလို့တဲ့။ များသောအားဖြင့် လက်ဝှေ့သမားတွေများတယ်။ အကျင့်မရှိရင် သူများကို ထိုးရတာ လက်နာတတ်တယ်။
Shwe Ei
November 2, 2011 at 11:11 am
ဒီလောက်ထိလိုလို့လား၊ လိုက်လို့တောင်မမှီတော့ဘူး။ ဒါနဲ့ အပြစ်က တော်တော်ကြီးသလားဟင်။
kyeemite
November 2, 2011 at 11:22 am
အရေးအသားကောင်းပါတယ်..
စောင့်ဖတ်ပါ့မယ်…ဒါပေမဲ့ ဇတ်လမ်းအစကိုမဖတ်လိုက်ရဘူး..
Foreign Resident
November 2, 2011 at 11:40 am
ဘာရယ်မဟုတ်ပါဘူး Internet ထဲမှာတွေ့မိတာလေး တစ်ခုပါ ။
ဆက်စပ်တွေးတောကြည့်ဖို့ပါ ။
သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး(နေပြည်တော်)
ရက်စွဲ။ ။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာ( )ရက် ရည်ညွှန်းချက်။ ။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကလေးမြို့အကျဉ်းထောင်အတွင်းရှိအရှင်ဂမ္ဘီရ အပေါ်ထောင်ပိုင်ကြီးနှင့်တကွထောင်ဝန်ထမ်းများ၏ တရားဥပဒေနှင့်မညီမညွတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမှန်တကယ် ခံစားနေရသော ရောဂါနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ထိုးဆေးများထိုးသွင်းနေသည့်အတွက် ပိုမိုဆိုးဝါးပြင်းထန်လာသော အခြေအနေများကြောင့် ၎င်းကဲ့သို့လွဲမှားစွာ ပြုမူဆောင်ရွက်နေမှုများကို ချက်ချင်းရပ်တန့်ပေးပါရန်နှင့် အရှင်ဂမ္ဘီရအား ချက်ချင်း ပြန်လွှတ်ပေးပြီး မိသားစုများမှ အရှင်ဂမ္ဘီရခံစားနေရသော ရောဂါများကို အနီးကပ်ကြပ်ကြပ်မတ်မတ် ဆေးကုသခွင့်ရနိုင်ပါရန် တောင်းဆိုခြင်းကိစ္စ
လေးစားအပ်ပါသော သမ္မတကြီးရှင်…
ကျွန်မသည် အထက်ရည်ညွှန်းချက်ပါ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကလေးမြို ့အကျဉ်းထောင်အတွင်းရှိ အရှင်ဂမီ္ဘရ၏ အမ မခင်သူဌေး(၈/ပမနနိုင် ဝ၀၁၄၈၆)ဖြစ်ပါသည်။ အရှင်ဂမီ္ဘရအကျဉ်းကျနေစဉ်ကာလတစ်လျှောက် အရှင်ဂမီ္ဘရ၏ ထောင်ဝင်စာကိစ္စအဝဝကို တာဝန်ယူခဲ့သလို ယခုလည်း အရှင်ဂမီ္ဘရခံစားနေရသော အဖြစ်ဆိုးမှ လွတ်မြောက်နိုင်ရန်အတွက် အရှင်ဂမ္ဘီရနှင့် မိသားစုဝင်အားလုံး၏ ကိုယ်စားတောင်းဆိုရခြင်း ဖြစ်ပါသည်။
အရှင်ဂမီ္ဘရအား ၂၀၀၈ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ပြီးနောက် ထောင်ဒဏ်(၆၈)နှစ်နှင့် ခန္တီးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ခန္တီးအကျဉ်းထောင်သို့ ရောက်ပြီး ၂၀၀၉ခုနှစ်ဧပြီလ (၁)လလုံးလုံး ခနီ္တးထောင်ပိုင် ကြီးနှင့် ထောင်ဝန်ထမ်းများမှ နေ့ညမပြတ် (၁၅)မိနစ်လျှင် (၁)ကြိမ်နှုန်းဖြင့် အရှင်ဂမ္ဘီရ၏ ဦးခေါင်းအား (၂”x၁”)သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။ အရှင်ဂမီ္ဘရမှ ထောင်အတွင်းကျန်းမာရေးအတွက် လမ်းလျှောက်ခွင့် မရခြင်း အပေါ် တောင်းဆိုရာမှ ထိုသို ့ရိုက်နှက်ပြုမှုနှိပ်စက်ခြင်းများ ခံခဲ့ရကြောင်း အရှင်ဂမီ္ဘရနှင့် ထောင်ဝင်စာတွေ ့ဆုံစဉ်ပြောပြချက်အရ သိရှိခဲ့ရပါသည်။
ထိုသို့ ရိုက်နှက်စဉ်တွင်လည်း အရှင်ဂမီ္ဘရအား လက်ထိပ်နောက်ပြန်ခပ်ထားခြင်း၊ ခြေထောက်ကို ဒေါက်ခပ်ထားခြင်း ဦးခေါင်းအား အိတ်အမည်းစွပ်ထားခြင်း၊ ပါးစပ်အတွင်းအဝတ်များ အားကုန်ထိုးသွတ်ထားခြင်း ဟူသော လူမဆန် သော၊ လူ ့ အခွင့် အရေးကို အစွမ်းကုန်ချိုးဖောက်သော ၊ ဥပဒေနှင့် မညီညွှတ်သော အပြုအမှုများကို ပြုမှုခဲ့ကြပါသည်
ထိုနှိပ်စက်ခံခဲ့ရသည့်(၁)လတာကာလအတွင်း ထမင်းကိုဇွန်းဖြင့်ခွံ ့ကျွေးခဲ့ကြပြီး ကုလားထိုင်ပေါ်တွင်သာထိုင်နေ စေကာအပေါ့၊အလေးကိစ္စများကိုလည်း ဒီအတိုင်းသာသွားခဲ့ရပါသည်။ ထိုသို ့မသေရုံတမည်နှိပ်စက်ခဲ့ကြပြီး နောက်၂၀၀၉ခုနှစ်၊ မေလ(၁၂)ရက်နေ ့တွင် ခန္တီးထောင်ပိုင်ကြီးမှ ကလေးထောင်ပိုင်ထံသို ့”အရူးတစ်ယောက်ပို ့လိုက်သည်” ဟူသောေ ကြးနန်းဖြင့် အရှင်ဂမီ္ဘရ၏ ဦးခေါင်းအားအိတ်အမည်းစွပ် ၊ခြေဒေါက်ခပ်၊ လက်ထိပ်နောက်ပြန်ခပ်ကာ ကလေးထောင်သို့ပြောင်ရွှေ ့စေခဲ့ပါသည်။
ကလေးအကျဉ်းထောင်မှ ထောင်ပိုင်ဦးဝင်းသော်(ယခုအခါအ ငြိမ်းစား)မှလည်း အရှင်ဂမီ္ဘရရောက်ရှိလာခြင်းအား အရူးတစ်ယောက်ရောက်လာသည်ဟု ပြောဆိုခဲ့ကြောင်း၊ မကြာသေးမှီက သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာအမိန် ့ဖြင့် ကလေး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများဖြစ်သည့် ဦးအေးချို၊ လှိုင်မျိုး၊ ကိုမင်းအောင်၊ ကိုမြင့်နိုင်၊ ဦးသိန်းလွင်ဦးတို ့မှ ပြန်လည်ပြောပြခဲ့ကြပါသည်။
ကလေးအကျဉ်းထောင်သို့ရောက်ပြီးနောက် အရှင်ဂမီ္ဘရအား တိုက်သစ်ထဲတွင် တစ်ပါးတည်းထားခဲ့ပြီး အပြင်မှသံဆူးကြိုးများ အထပ်ထပ်ကာရံကာ အတွင်းတံခါး(၂)ချပ်ကိုလည်း လုံးဝဖွင့်ပေးခဲ့ခြင်းမရှိကြောင်း အကျဉ်းသားဟောင်းများထံမှ စုံစမ်း သိရှိ ရပါသည်။
ထိုအချိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောအကျဉ်းသားများ အရှင်ဂမီ္ဘရအပေါ် ထိုသို့ ပိတ်လှောင်ထားမှုအားမပြုလုပ်ရန် ဝိုင်းဝန်းတောင်းဆိုရာတွင် ထောင်အာဏာပိုင်များမှ ကျန်းမာရေးမကောင်းဟုဆိုကာ ဆက်လက် ပိတ်မြဲ ပိတ်လှောင်ထားခဲ့ပါသည် ။ နောက်ပိုင်းအတန်ကြာမှ ဖွင့်ပေးခဲ့ ကြောင်းသိရပါသည်။
အထက်ပါနှိပ်စက်ခံရသည်ဆိုသောသတင်းများကြောင့် မိသားစုုမှကလေးအကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့ရာ အရှင်ဂမီ္ဘရ၏ မမြင်ရက်စရာမြင်ကွင်းက ဆီးကြိုနေခဲ့ပါသည်။ ပါးစပ်အတွင်းသို့ တအားကုန်ထိုးသွင်းခံခဲ့ရမှုကြောင့် အသံ ပျောက်နေခဲ့ပြီး လက်နှစ်ဖက်မှာ သေးသိမ်ချိုင့်ဝင်လျှက် လက်ထိပ်နောက်ပြန်ခပ်ပြီး ရှေ့နောက်တွန်းထိုးခံခဲ့ရသောဒဏ်ရာများမှာ ပွန်းပဲ့ကာ သေရာပါဒဏ်ရာများဖြင့် စိတ်မကောင်းဖွယ်ရာတွေ့မြင် ခဲ့ရပါသည်။
ဤကဲ့သို့ တစ်လလုံးလုံး ဦးခေါင်းကို(၁၅)မိနစ်လျှင်တစ်ကြိမ် တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသောဒဏ်ရာများက ဦးခေါင်းအတွင်းအကျိတ်တည်ခြင်း (သို့မဟုတ် ) ပြည်တည်နာဟုခန့်မှန်းယူဆရလျှက် နားလည်တတ်ကျွမ်းသောသမားတော်ကြီးများနှင့် သေသေချာချာ အမြန်ဆုံးစမ်းသပ်စစ်ဆေးခံယူခွင့်ရနိုင်ပါရန် အရေးတကြီးအမြန်ဆုံး လိုအပ်လျှက်ရှိနေပါသည်။
ထိုဒဏ်များက တစ်ရက်လျှင်တစ်ကြိမ်(သို့မဟုတ်)တစ်ပတ်တစ်ခါမခံမရပ်နိ ုင်ကိုက်ခဲ နာကျင်လာသည့်အခါ ဦးခေါင်းကိုအုပ်ကိုင်လျှက် တအားအားအော်ညည်းနေရတတ်ကြောင်း သိရှိခဲ့ရပါသည်။ ထိုကဲ့သို့အော်ညည်းလာသည့်အခါတိုင်း ထောင်ပိုင်ကြီးဦးဝင်းသော်လက်ထက်မှစတင်၍ ယခုလက်ရှိထောင်ပိုင်ဦးဂိုကျင်ပေါင်လက်ထက်အထိ ထောင်ပိုင်ကြီးအပါအဝင် ထောင်မှူးထောင်ဝန်ထမ်းများက အရှင်ဂမ္ဘီရအားမူးယစ် ဆေးဝါးတစ်မျိုးမျိုးဟုယူဆရသည့် ဆေးများကို အကြောထဲ ထိုးသွင်းကျင့်စဉ်အား အစဉ်အမြဲပြုလုပ်လျှက်ရှိကြောင်း၊ ထိုဆေးထိုး၍ မပြီးခင်ပင်အိပ်ပျော်သွားတတ်လျှက် (၅)နာရီလောက်ကြာကြာအိပ်ပျော်သွားတတ်ပြီး အိပ်ယာမှ နိုးလာလျှင် အာများလျှာများလေးလံကာ ကြည်လင်လန်းဆန်းမှုမရှိဘဲ ကြောင်တောင်တောင်ဖြစ်နေတတ်သည်ဟု အဆိုပါအကျဉ်းသားဟောင်းများမှ ပြောပြကြပါသည်၊
ထိုသို့သောအခြေအနေများမှာ အနာနှင့်ဆေးတည့်အောင် မှန်ကန်စွာကုသခြင်းမဟုတ်ဘဲ လတ်တလောပြေလည်သွားစေရန် လွဲမှားစွာပြုကျင့်ခံရခြင်းကြောင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော အကျဉ်းသားများမှ အရှင်ဂမ္ဘီရအား နားလည်တတ်ကျွမ်းသူများနှင့်ကုသနိုင်ပါရန် ရန်ကုန်သို့ပြောင်းရွှေ့ပေးပါရန် ဝိုင်းဝန်းတောင်းဆိုခဲ့ဘူးသည်ဟုသိရှိရပါသည်၊ ယခုကလေးရဲဘက်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုထောင်မှူးဦးခင်မောင်သိန်းသည် ကလေးအကျဉ်းထောင် တွင် တာဝန်ကျခဲ့စဉ်က အရှင်ဂမ္ဘီရခံစားနေရသောရောဂါဝေဒနာမှာ ကလေးမြို့တွင် ကုသနိုင်သောဆရာဝန် ၊ဆေးခန်း ၊ဆေးရုံမရှိပါ၍ ရန်ကုန်မြို့သို့ပြောင်းရွှေ့ကုသသင့်ကြောင်းကို သက်ဆိုင်ရာအထက်လူကြီးများသို့တင်ပြပေးဘူးကြောင် း၊ ယခုကဲ့သို့လွဲမှားစွာဆေးထိုး၍ ဖြေရှင်းခြင်းမှာ လွန်စွာအန္တရာယ်ကြီး၍မှားယွင်းကြောင်း၊ မိမိမလုပ်ရဲကြောင်း ၊နောင်တစ်ချိန်မိမိတာဝန်အဖြစ်မခံနိုင်ကြောင်း အထက်လူကြီးများသို့စာတင်ပေးဘူးကြောင်း ကိုပြန်လည်လွတ်မြောက်လာသော အကျဉ်းသားဟောင်းတစ်ဦးမှ ပြောပြပါသည်၊
အရှင်ဂမ္ဘီရသည် တစ်ခါတစ်ရံဂဏှာမငြိမ်ဖြစ်လာတတ်ပြီးထိုင်ရ မလိုထရမလိုနှင့် နံရံကိုလက်သီးနှင့်ထိုးခြင်းများ၊ လှုပ်ရှားထကြွလာသောစိတ်ကို တရားထိုင်ပုတီးစိပ်၍ထိန်းချုပ်ပါသော်လည်း ထိန်းချုပ်နေသည့်ကြားမှလွတ်ထွက်ကာ မိန်းဂျေးကို ပတ်ပြေးတတ်သည်ဟုပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများ၏ စကားကိုကောက်ချက်ဆွဲရလျှင် ခံစားနေရသည့် ရောဂါအပြင် ထောင်မှအမြဲလိုလိုထိုးသွင်းလျှက်ရှိသည့် ဆေးကိုစွဲနေပြီဖြစ်ကြောင်း ယူဆမိပါသည်၊
ထိုကဲ့သို့ဆိုးဝါးပြင်းထန်နေသောအခြေအနေများကိုရင်ဆို င်နေရသည့်အရှင်ဂမ္ဘီရအားလိုအပ်သည့်ဆေးဝါးကုသမှုများပြု လုပ်ပေးနိုင်ရန်အတွက်နားလည်တတ် ကျွမ်းသောသမားတော်များနှင့်ပြသနိုင်ရန်အတွက် အရှင်ဂမ္ဘီရအားချက်ချင်းလွှက်ပေးပါ ရန် သမ္မတကြီးအားလေးစားစွာဖြင့် အနူးအညွတ်တောင်းဆိုအပ်ပါသည်၊
ယခင်အစိုးရလက်ထက်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားလက်လွတ်လုပ်ရပ်များကို သမ္မတကြီး၏ အစိုးရအဖွဲ့သစ်အနေဖြင့်ပြုပြင်ပြောင်းလဲနေသည်ဟု ကျွန်မအနေဖြင့်ကြားသိတွေ့မြင်လျှက်ရှိနေပါသည်၊ အရှင်ဂမီ္ဘရအပေါ် ပြုကျင့်ခဲ့ကြ သော ကိစ္စရပ်များမှာ လုံးဝမဖြစ်သင့်သော၊ လူမဆန်သော၊ ဥပဒေမဲ့ပြုကျင့်ကြသောကိစ္စရပ် များဖြစ်ပါသည်၊
ဤအဖြစ်များကိုကျူးလွန်ခဲ့ကြသော ခနီ္တးထောင်ပိုင်ကြီး၊ကလေးထောင်ပိုင်ကြီးနှင့် ဤအမှုတွင်ပါဝင်ကျူးလွန်ခဲ့ကြသူအားလုံးအား ကျမအနေဖြင့်အာဃာတဖြင့်မဟုတ်ဘဲ စစ်မှန်သောဒီမိုကရေစီပေါ်ပေါက်ရေး၊ တရားနည်းလမ်းကျသော ဥပဒေပေါ်ပေါက်ရေး ၊နှင့်မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရရှိစေနီုင်ေ သာ ဥပဒေပေါ်ပေါက်ရေးတို့အတွက် တရားစွဲဆိုခွင့်ရရှိနိုင်ပါရန်ြ မန်မာနိုင်ငံသားအားလုံး၏ကိုယ်စား လေးစားစွာဖြင့် သမ္မတကြီးအား အနူးအညွတ်တောင်းဆိုလိုက်ရပါသည်။
လေးစားစွာဖြင့်
မခင်သူဌေး ၈/ပမန(နိုင်)၀၀၁၄၈၆ (အရှင်ဂမ္ဘီရ၏အမတော်)
စက်မှုဇုံ(၅)လမ်း
မိတ္ထီလာစက်မှုဇုံ မိတ္ထီလာမြို့။
နီလေး
November 2, 2011 at 11:41 am
တကယ်ကို ရက်စက်ကြတယ်နော် ကိုယ်ချင်းစာတရားမရှိကြဘူးနော်
ba gyi
November 2, 2011 at 12:31 pm
Shwe Ei ရေ သူတို့က ကျွန်တော့်ကို ကျောင်းထဲမှဖြစ်တဲ့ (1990) ကိစ္စမှာ နောက်ကွယ်အဓိ ကကြိုး ကိုင် သူလို့ထင်ထားတာ၊ မဟုတ်မှန်းသိတော့ နောက်တစ်ယောက်ဖြစ်မယ်ဆိုပြီး ဝင်ခံခိုင်းပြန်ရော၊ လုံဝမ ဟုတ်ဘူး မ ပတ်သက်ဘူးငြင်းလို့အဲလောက် ထိ ပေါက်ကွဲကုန်တာ နေမှာ။ သူ တို့မှာ အပေါ်က ဖိအားက ဘယ်လောက် တောင်ကြီ်း လည်းမသိဘူး။
ba gyi
November 2, 2011 at 12:51 pm
F R ရေးသားဖေါ်ပြသလိုပါပဲ ၊ အဲသည် ကလေးထောင်မှာ ကျွန့်တော့် ရဲဘော်ရဲဘက်တစ်ယောက်(လသာ
အန်အယ်လ်ဒီ လူငယ်တာဝန်ခံကိုခင်မောင်မြင့်ဆိသူ) 1976-77 လောက်ကဖြစ်မယ် ။သွေးတစ်အားတက် တာဒြွစ်သွင်းလည်း ပြီးရော တက်ပြီးသေသွားခဲ့ရပါတယ်။သူ့မိသားစုခဗျာ ကလေးအထိသွားင်္ဂြ ိုလ်ရရှာတယ်။
ကဗ္ဘာ့ကြက်ခြေနီအဖွဲ့လာသွားပြီးတော့ နောက်ပိုင်းတော့ အခြေအနေသိပ် မဆိုးဘူးလို့တော့ ယ္ခု ထွက်လာ သူတွေပြောပြတယ်။ဒါပေမည့် အချို့လည်းကျန်ချင်ကျန်နိုင်သေးမှာပေါ့၊ ထောင်ပိုင်တွေပေါ်မူတည်ပါတယ်။
koyinmaung
November 3, 2011 at 6:45 pm
ဘကြီးရေ…လူမဆန်တဲ့စစ်ခွေတွေရဲ့အကြောင်းခုလိုဖွင့်ချပြတာ
ရွာသားတွေဗဟုသုတရပါတယ်…အားပေးနေပါတယ်ဗျာ…