Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညနေခင်းဆည်းဆာအလှ

manawphyulayNovember 2, 20112min47036

အလုပ်ကအပြန် ရုံးက ကလေးတွေက ဗိုလ်တစ်ထောင်ဘုရားလိုက်ပို့ခိုင်းလို့ သွားရင်းနဲ့ ကမ်းနားဆိပ်ကမ်းရဲ့သဘာဝညနေဆည်းဆာရဲ့ အလုပ်ပြန်ချိန်ကို သွားကြည့်ရင်း ပြန်လည်မျှဝေလိုက်ပါတယ်။

ညနေခင်း ငှက်သမ္ဗာန်တွေရဲ့ ဘဝ မြင်ကွင်း

ညနေခင်း ဆည်းဆာအလှ

ငှက်ကလေးတွေ အိပ်တန်းပြန်ချိန်နှင့် ဗိုလ်တစ်ထောင်ဘုရား ဖူးမြော်ကြရအောင်

နေထွက်ချိန်ရှိသလို
နေဝင်ချိန်ဆိုတာလည်း
နေ့တိုင်း ကြုံတွေ့ရမှာ….

ဟိုဘက်ကမ်းမှ ခရီးသည်ပို့ပြီး ပြန်လာနေစဉ်
ကောင်းကင်ပြင်ရဲ့ ညနေဆည်းဆာအလှနဲ့အတူ ရေလုပ်သမားများရဲ့ ကျင်လည်ရာဝန်းကျင်မြင်ကွင်း
တစ်နေလုံး ဝမ်းစာရှာတော့ စက်က ပျက်ပြန်ရောပေါ့.....

36 comments

  • inz@ghi

    November 2, 2011 at 2:01 pm

    wow ….လှချက် …
    အားပေးပါသည်ခည…

    • manawphyulay

      November 2, 2011 at 2:44 pm

      ရိုက်လာတာတွေ အများကြီးပဲ ကွန်နက်ရှင်မကောင်းတော့ တင်လို့ဘယ်လိုမှအဆင်မပြေဘူးဖြစ်နေတယ်ရှင်။

  • Koyin Sithu

    November 2, 2011 at 2:31 pm

    ဗိုလ်တထောင်ဆိပ်ကမ်းမှာ
    ကိုရင့် ခြေရာတွေချည်းပဲ…
    မတွေ့ခဲ့ဘူးလား.. မနောရဲ့..
    ကလေးတွေနဲ့ သွားရမယ့်နေရာမဟုတ်ဘူး.. အမ..
    မောင်လေးဆိုလားနဲ့ သွားရမှာ… 😛
    ဓါတ်ပုံက ဖုန်းနဲ့ရိုက်တာထင်တယ်..
    ရီဆိုလူးရှင်းသိပ်မကောင်းဘူး..
    ရိုက်ချက်ကတော့ လန်းပါ့ဗျာ…

    • manawphyulay

      November 2, 2011 at 2:43 pm

      အဲဒီနေ့က ကိုရင့်ကိုတွေ့လိုက်တယ်လေ… ဘောတံတားပေါ်က ခုန်ဆင်းဖို့လုပ်နေတာမလား… 😛

  • kocho

    November 2, 2011 at 2:49 pm

    လှပါတယ်ဗျိုး(ဘိုတထောင်ဆိပ်ကမ်း ဝင်တာပိုက်ဆံပေးရလားဟင် မရောက်တာကြာလို့ပါ) 😀

    • Koyin Sithu

      November 2, 2011 at 3:08 pm

      ကိုချိုရေ.. ဘိိုတစ်ထောင်ဆိပ်ကမ်းသွားတာ ဝင်ကြေးမပေးရပါ..
      ဝါသနာပါရင် ဘီယာလေးတစ်လုံးလောက်ဆွဲသွားပြီး..
      ညနေစောင်း နေဝင်အလှကို အမြည်းလွတ်ခံစားကြည့်စေလိုကြောင်းပါ..

  • blackchaw

    November 2, 2011 at 2:55 pm

    ဆရာချိုကတော့ လုပ်ပြီ။
    ကားဆိုရင် နှစ်ရာတောင်းပါတယ်။ လူဆိုရင်တော့ ပြုံးပြရပါတယ်။
    အလကားရတာတော့ မန်းဂဇက်မှာ စာရေးတာပဲ ရှိတယ်ဗျို့။
    ဒါတောင် အင်တာနက်ဆိုင်က အခွန်ကောက်သေးတယ်။

    • manawphyulay

      November 2, 2011 at 3:11 pm

      ကွန်နက်ရှင်ကို ပူဇော်ပသရသေးတယ်လေ… ညနေဆိုရင်တော့ လေတဖြူးဖြူးနဲ့ တကယ့်ကို အေးချမ်းလှပါတယ်။

  • kocho

    November 2, 2011 at 3:19 pm

    အေးဗျာဒီတခါဗေကေးရှင်းကတော့ အမိမြန်မာပြည်ဖြစ်မှာပါ (ပြီးခဲ့တဲ့ ဗေကေးရှင်း ကလဲပြန်မလို့ မဒန်ချိုနဲ့ ကလေးတွေကသဘောမတူတာနဲ့ အော်စီနဲ့နယူဇီလန်ရောက်သွားတာ) ရန်ဂုံမှာတုံးကဘိုတထောင် ဖရားမှာအမြဲပတီးစိတ်နေကြ 😀

    • manawphyulay

      November 2, 2011 at 3:23 pm

      တကယ်လာမယ်ပေါ့ ဟုတ်လား။ ရန်ကုန်မောင်နှမတွေကို မျှော်လင့်ချက်တော့ မပေးနဲ့နော်… လာမှလာမယ်ပြော …:)

  • မိုးပွင့်ဖြူ

    November 2, 2011 at 3:29 pm

    လှပါတယ် မနောဖြူရေ ကိုယ်ဘဝရဲ ဆည်ဆာချိန်ကိုလည် လှလှလေးဖြစ် ချင်တယ် ….

    • manawphyulay

      November 2, 2011 at 3:49 pm

      ဟုတ်တယ်မိုးပွင့်ရေ… အဓိကက နေဖို့ရော သေဖို့ရော ကြိုတင်ပြင်ဆင်နိုင်ကာမှ တော်ကာကျမှာလေ။ ကွေးသောလက်မဆန့်မီ ှဆန့်သောလက်မကွေးမှီတဲ့။ ဒီတော့ အပြန်လှပဖို့ ကျင့်ဆောင်ရမှာပေါ့နော်။

  • kocho

    November 2, 2011 at 3:33 pm

    ကျနော်မေမေကမနောလို ပန်းစိုက်ဝါသနာပါတယ် ခြံထဲမှာတော့ပန်းတွေစိုက်တတ်ပါတယ် ဟိုတခါပြန်တုံးကလဲ၆ရက်ပဲရလို့(ပြီခဲ့သော၅ရီးရားက) ဘယ်မှမသွားဖြစ်ပါဘူးဗျာ မှတ်မှတ်ရရ ရွှေတဂုံဖရားကိုနေ့စဉ်တက်ပြီးပတီပဲစိတ်ခဲ့တယ် (လမ်းရှောက်ရင်၁၅မိနစ်ဆိုရောက်ပြီ)

  • AKKO

    November 2, 2011 at 3:44 pm

    ညနေခင်းမပြောနဲ့ နေတောင်မကျသေးဘူး အတွဲလေးတွေက လက်ကလေးတွေ ဆွဲပြီး အလျှိုလျှိုထိုင်ကောင်းမယ့်နေရာရှာနေကြပြီ ။ သူတို့ မစဉ်းစားမိတာတစ်ခုရှိတယ် ။ အမှောင်ထဲမှာ မြွေပါးကင်းပါးအပြင် ဒုစရိုက်လုပ်နိုင်တဲ့ လုယှက်မှုဖြစ်နိုင်တယ်ဆိုတာဘဲ ။ အမှောင်ထဲ အတွဲနားအတင်းကပ်ပြီး ဓါးထောက်လုပါပြီတဲ့ ဘာတတ်နိုင်သေးလဲ ။
    တစ်ခါက ကျွန်တော်တို့ ကြည့်မြင်တိုင်ကမ်းနားမှာ အေးအေးလူလူသွားထိုင်တာ အပြန်နောက်ကနေ ချောင်းရိုက်ခံရတယ်လေ ။ ဒါတောင် မီးတွေ လင်းနေတာနော် ။ နောက်ပိုင်း ဘာလေညှင်းမှလည်း မခံတော့ဘူး ။ အိုက်လျှင် အိမ်ပြန် ယပ်ခတ်နေတော့တယ် ။ 😛

    • manawphyulay

      November 2, 2011 at 3:52 pm

      ဓားထောက်တဲ့သူကလည်း လူကြည့်ပြီး မျိုးမျိုးမြက်မြက်ရနိုင်မယ့်သူမှ လုမှာပေါ့ရှင်။ ဒီလို လုတာကတော့ နေရာတိုင်းမှာ သတိနဲ့သာ သွားတာ အကောင်းဆုံးပါပဲနော်။

      • etone

        November 3, 2011 at 1:05 pm

        အစ်မ မနောရေ အခုခေတ်က အတုံးလိုက် အတစ်လိုက်ဝတ်ပြမှ ဓါးထောက်လုတဲ့ခေတ်မဟုတ်တော့ဘူး …ပိုက်ဆံလေး ငါးထောင်လောက်နဲ့ တောင် ရိုက်လုတာ ကိုုယ်တွေ့ကြုံဖူးတယ် …. တကယ် တကယ် … 🙄
        ရိုက်ခံလိုက်ရတဲ့ လူခမျာ ခေါင်းကွဲ ပါးပြဲသွားတယ် …. ရလာတဲ့ လုပ်အားခလေး ပြန်စရာတောင်မရှိတဲ့ အဖြစ် ….. အုပ်စုလိုက် အနိုင်ကျင့် လုယှက်မှု …. ။
        ( etone ကောင်းမှု အကြောင်းပြုပြီး တရားခံနှစ်ယောက် ကိုတော့မိလိုက်တယ် 😀 ) နောက်နေ့ ရဲစခန်းမှာ တရားခံ ဟုတ်မဟုတ်သေချာ သွားကြည့်တော့ … ပေပေရေရေ အဝတ်စားနဲ့မဟုတ်လို့ ဇဝေဇဝါရယ် ဟီးဟီး 😀 အချာဘင်တော့မဟုတ်ဘူး … စကားများ စပ်စုလွန်းလို့ … လုတဲ့ကောင် target လွဲသွားရှာတယ် … etone ကတော့ ဘာမှ ပါမသွားပဲ ခေါင်းတော့ ပေါက်သွားတယ် 🙁 အသားထိရင် ဒေါသထွက်တတ်လွန်းလို့ … ရဲစခန်းသွား အမှုဖွင့်ဘာညာတွေလုပ်ရသေးတယ် … အတော့်ကို အလှုပ်ရှုပ်သွားတယ် … ။ တရားခံတယောက်ကတော့ ပြေးနေပြီး … နောက်ပိုင်းဇာတ်မျောကြီးလုပ် … အစဖျောက်သွားတော့တယ် 😀

        • manawphyulay

          November 4, 2011 at 11:45 am

          etone ပြောမှ သွားသတိ လာသတိနဲ့နေရတော့မယ်နော်။ ခုခေတ်က ဘယ်လိုဖြစ်မှန်းကိုမသိဘူး။ ညီမလေး အမှုသွားဖွင့်တော့ ရဲကို ပေးရသေးတယ်မလား… တရားခံမိလို့တော်သေးတယ်။ နောက်တစ်ခါဆို လှမ်းသာခေါ်လိုက် ဝိုင်းပြီး ထွက်ပြေးပေးမယ်ပြောမလို့ 😛

        • etone

          November 4, 2011 at 1:19 pm

          တရားရုံးထိ အမှုဖွင့်တာမျိုးမဟုတ်ပဲ … စခန်းမှာတင် အမှုဖွင့်တာပါ … ။
          တပြားမှ မပေးခဲ့ရပါဘူး …. etone ဘဲရဲ့ ရုံးကို သူတို့အလုပ်ကိစ္စနဲ့ ဝင်ထွက်နေရင်း သိနေတဲ့ လူတွေမို့ပါ …

          အစ်မမနောရေ .. တကယ်တမ်းဖြစ်တဲ့အချိန်မှာ လှမ်းခေါ်ဖို့ မစဉ်းစားလေနဲ့ …မြင်နေလျှက်နဲ့ ဘယ်သူမှ ဘာမှ မကူညီနိုင်ခဲ့ဘူး … ကူညီတဲ့လူပါ ရော အတီးခံရမှာစိုးလို့…
          သူတို့က အရည်မျိုပြီး အုပ်စုလိုက်ရမ်းကားတဲ့ လူတွေလေ … ။ 🙄

        • inz@ghi

          November 4, 2011 at 1:22 pm

          ETone ဘဲ ဆိုတာ ..ကျနော့် ဝတ္ထုထဲက
          ဇာတ်လိုက်ကျော်ကြီး ကပေ့ ကိုပြောတာလားဟင်င်င်င်….

        • ဆူး

          November 4, 2011 at 1:38 pm

          ဒီချာတိတ်တော့ ရွာအထာ မသိပဲ လိုက်အော်ချင်နေတယ် ရွာသူတွေ ဝိုင်းညော်လို့ ပုဆိုးမပါပဲ ရွာပြင်ကို ပတ်ပြေးရတော့မယ်။
          အီးတုံးဘဲ ဆိုတာ သီးသန့် ရှိတယ် မောင်ပေ က အပြင်မှာမိန်းမရှိတယ်။ ဒါတောင် သူက မာဆတ်မှာ သခွားသီး ဆီလူးပြီး နတ်ပူးနေတာ သူ့မိန်းမ မသိရှာဘူး။
          ရွာသူ ရွာသားတွေ အကြောင်း သေချာ မသိပဲ လျှောက်ပြောရင် ငရဲကြီးလိမ့်မယ်။ အညော်ခံချင်ရင်တော့ မသိပဲ လိုက်ပြီး စုံတွဲ လိုက်တွဲ နောက်မှ ကြောက်ပါပြီ မလုပ်နဲ့.. ရွာအကြောင်း သိအောင် သေချာ လေ့လာအုန်း။

        • inz@ghi

          November 4, 2011 at 1:48 pm

          နောက်တာပါဘွားဆူး ရဲ့ စိတ်အဆိုးပါနဲ့ …
          ဆြာပေ မိန်းမချိတာလည်း တား တိပါတယ်…
          အန်တီ အိတုံ ကို နောက်လက်စနဲ့ ဆက်နောက်နေတာပါ ….

          ရွာသူတွေဝိုင်းညှော်တာနဲ့ ပုဆိုးမပါတာနဲ့ …အသည်းယားထှာ …
          ခုလည်း ပုဆိုးပါဝူးရယ် ..အဟီး ..
          တားက ဘောင်းဘောင်းပဲဝတ်တာ…

        • etone

          November 4, 2011 at 2:00 pm

          ပုဆိုးမပါတာတော်သေးတယ် …. (ဘောင်းဘီပါမှာပဲလေ)
          အသက်မပါလျှင်တော့ အိုးစားကွဲပြီ …. မှတ်… ကိုယ့်လူ … ဟဲဟဲ 😆

  • Diamond Key

    November 2, 2011 at 3:46 pm

    မနောဖြူက ရိုက်ကွင်းရှာတာတော့ Pro ထက် သာသဗျ။

    • manawphyulay

      November 2, 2011 at 3:55 pm

      ဦးစိန်ကိုတော့ ဘယ်မှီမလဲနော် ကြိုးစားဖို့ အများကြီးလိုသေးတယ်။ ခုမှ ခြေဖျားမပြောနဲ့ ခြေရာတောင် မမှီသေးဘူး။ သင်ပေးပါဦးနော်။

  • koyinmaung

    November 2, 2011 at 4:33 pm

    မနောဖြူရေ ဓါတ်ပုံလေးတွေအားပေးသွားပါတယ်….

  • အီးတီ

    November 2, 2011 at 4:43 pm

    ရိုက်တဲ့သူကတော်တော့ ပုံလေးတွေက သက်ဝင်ပန်းချီကား တစ်ချပ်လိုပါဘဲ။ အဲဒီကို ဘယ်သူနဲ ့သွားတာ
    လဲ မှန်မှန်ပြော။ မောင်လေးနဲ ့လား?

    • manawphyulay

      November 2, 2011 at 4:55 pm

      သိချင် လိုက်ကြည့် အဟိ…. စာထဲမှာပါတယ်လေ။ ရုံးက ညီမလေးနဲ့သွားတာပါဆို… 😉

  • alinsett

    November 2, 2011 at 8:07 pm

    ဘာပဲ…ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်နော်

  • fatty

    November 3, 2011 at 9:23 am

    ရိုက်ချက်တွေကလည်း ကောင်း ကွန်ပိုဇေးရှင်းတွေကလည်းမှန် ချီးကျူးမိပါတယ် ….။

    • manawphyulay

      November 4, 2011 at 11:24 am

      လေးဖက်တို့ကိုတော့ မြူမှုန်တောင် မမှီသေးပါဘူးလေ။ ဒီလိုပဲ ရိုက်တာကို ဝါသနာပါလို့ မနေနိုင်တာတစ်ခုပဲရှိတယ်။ ဘယ်လိုကောင်းအောင် ရိုက်ရမလဲဆိုတာ သိပ်နားမလည်ဘူး။
      လေးဖက်တို့၊ ဦးဦးစိန်သော့တို့ ဦးဦးဘလက်တို့ ဦးဦးချိုတို့ဆီက ပညာလေးတွေတော့ သင်ချင်မိပါရဲ့။ သင်ပေးမယ်ဆိုရင်ပေါ့လေ…..

  • inz@ghi

    November 4, 2011 at 11:28 am

    သင်ချင်တဲ့သူဆီသင် အင်ဇာဂီနဲ့ မှော်ဆြာ့ ဆီကတော့ မသင်နဲ့ …
    သည်လူကြီးက မျက်တောင်မခတ် တွေ ပဲ ရိုက်တာ…
    အင်ဇာဂီက နည်းနည်း ဓါတ်ပျက်နေတယ် ….

    အဲ့၂ယောက် သိပ်ကြောက်ဖို့ကောင်းတယ် …
    😀

    • manawphyulay

      November 4, 2011 at 11:42 am

      ဟီး ဓာတ်ကူးသွားရင် ဘယ်လိုလုပ်မလဲ မျက်တောင်မခတ်ခိုင်းတာထက် ကျော်ပြီး ဟိုဘက်ကို နည်းနည်းတိုးအိပ်မယ်လို့ ပြောမိမှာစိုးလို့လေ…. အဟိ

  • kai

    November 4, 2011 at 2:49 pm

    ပုံလေးတွေက ကြည့်လို့လှတယ်..။
    အိုင်ဒီယာလေးတွေပါနေသလိုပဲ..

    လွန်ခဲ့တဲ့နှစ် ၃ဝကျော်လောက်က.. “ဖိုးထောင်”ဆိုတဲ့ ဘဝသရုပ်ဖေါ်ဝတ္ထုလေးသတိရမိတယ်..။
    အဲဒါ..ဆိပ်ကမ်းနားက..ကလေးလေးတယောက်အကြောင်းရေးတာ..။
    စာရေးသူက တကယ့်အဖြစ်အပျက်အခြေခံတာတဲ့..

    ရေးတဲ့သူက.. ရွေသမင်စာအုပ်တိုက်ပိုင်ရှင်ပေါ့..။
    အခု..ယူအက်စ်မှာ..။

    နုနုရည်အင်းဝ ရဲ့.. “အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား” လည်းရှိသေးတယ်နော..။
    ပုံတွေကြည့်ပြီး.. အမှတ်ရလာတာ..။

    • manawphyulay

      November 4, 2011 at 5:02 pm

      ဟုတ်တယ်နော်။ တစ်ခါတလေ ကိုယ်တစ်ယောက်ထဲ ဘဝရုန်းကန်နေရတယ်ဆိုတဲ့အမြင် မြင်နေရင် စိတ်က မချမ်းသာဘူး။ အဲလိုနေရာလေးတွေသွားကြည့်ရင် ဘဝအတွက် ငယ်ငယ်ရွယ်ရွယ်လေးတွေ ဈေးဗန်းခေါင်းရွက်နေတာတွေ အလုပ်မျိုးစုံလုပ်နေရတာရတာတွေ မြင်တော့ ကိုယ်ရဲ့ဘဝက ဘာမှမဟုတ်ပါလားလို့ ဖြေကြည့်လိုက်ရင် စိတ်သက်သာရာရသွားတယ်။

  • snow white

    March 13, 2012 at 3:07 pm

    ညနေစောင်းတော့ဗိုလ်တထောင် ကမ်းနားမရောက်သေးဘူး နောက်တခေါက်အမ တပည့်တွေနဲ့ သွားရင်ညီမကိုလည်းခေါ်နော် ဟီးးးးးးးးးးးးးးးးးးးလိုက်ချင်လို့နော်

  • snow white

    March 13, 2012 at 3:09 pm

    ညနေစောင်းတော့ဗိုလ်တထောင် ကမ်းနားမရောက်သေးဘူး နောက်တခေါက်အမ တပည့်တွေနဲ့ သွားရင်ညီမကိုလည်းခေါ်နော် ဟီးးးးးးးးးးးးးးးးးးးလိုက်ချင်လို့နော် ဘုရားလည်းဖူးရင်း သဘာဝရှုခင်းလည်းကြည့်ရအောင်လို့လေ မမတို့နဲ့လည်း တခါမှမသွားဖူးတော့လေ အမနဲ့လည်း တူတူကြည့်ချင်တယ် သဘာဝရှုခင်ကော ညနေစောင်းနေဝင်သွားတာကိုလည်း ကြည့်ဖူးချင်တယ်လေ

Leave a Reply