မျက်စေ့အောက်ရောက်၊မုဆိုုးမှ သားကောင်ဖြစ်သွားကြသူများ၏ နောင်တ။(တတိယပိုင်း)
မျက်စိအောက်ရောက်၊ မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏နောင်တ။
( တတိယပိုင်း)။
အခန်းအပြင်မှတစ်ဒုန်းဒုန်း ထုသံကြောင့်ကျွန်တော်အိပ်နေရာမှနိုးလာခဲ့သည်၊ ထမည်အလုပ် တွင် တစ် ကိုယ် လုံးလေး လံလျှက် ကိုက်ခဲနေသဖြင့်–ကျွတ် ကျွတ် ဟုစုတ်သပ်ညီးညူရင်း ဖြေးဖြေးချင်းကုန်း ကာထ ရသည်၊(နိုးရင် မင်းမျက်လုံးပြန်စည်းထား) ဟုအပြင်မှ လှမ်းပြောသဖြင့်၊ စစ်ကြောရေးတော့ပြန်စတော့မည်လားလို့ တွေးလိုက်ရင်း၊ မျက်လုံးကိုပြန်စည်းလိုက်ပါသည်၊ အပြင်ဘက် တံခါးချောင်းကြည့်ပေါက်မှချောင်း ကြည့် ပြီး၊သေချာတော့မှလူတစ်ယောက်ဝင်လါသည်၊(ဟင်–မင်း ထမင်းမစားရသေးဘူးလား အ ရင် ပြီးအောင် စားလိုက်) ပြောပြီးတံခါးပိတ်ခါ ပြန်ထွက်သွားသည်။ ထိုခါမှ ပင်ကျွန်တော့် ဗိုက်ကအ လွန်ဆာ လောင် နေကြောင်းကို သတိပြုမိတော့သည်၊ ဘယ်အချိန်ကတည်းက ထမင်းပုဂံဝင်ထားသွားခဲ့သည်မသိပါ။
ထုံးစံအတိုင်း ကော်ပုဂံပေါက်စနလေးထဲမှာ၊ ထမင်းရော ဟင်းပါလေသလပ်ချောက်သယောင်းနေပြီ၊ မတတ်နိုင်၊မိမိအသက် ဆက်ရအုန်းမည်၊ကြံ့ခိုင်ရပေအုန်းမည်၊ ထိုသတိ နှင့် ထမင်းပုဂံ ဆွဲယူကာ အားပါးတယ စားလိုက်ပါတော့၏ ၊ စားပြီးနောက်၊ ထိုအခန်းထဲစရောက်ကတည်းကသောက်နေကျ သံချေးတက် နို့ဆီ ခွက် ထဲမှ ရေကို လည်း တစ်ဂွတ် ဂွတ် မြည်အောင်သောက်လိုက်ပါသည်၊ ကျောင်းတုံးက ယမ်းဘီလူးဆိုင်မှ သံဗူး ဖျော်ရည်ကို သတိ ယမိသည်၊ ယခုမှတစ် ကယ့်သံဗူး အစစ် နှင့်တွေ့ ရလေသည်ဟု၊ သံဗူးဖျော်ရည် ကိုအ လွန် ကျိုုက်သောကျွန်တော့်ကိုယ် ကျွန်တော် (ထိုဒုက္ခ) ထဲမှပင် ပြုံးမိပါတော့၏ ။ တစ်အောင့်ကြာတေ့ာ တံခါး လာ ထုပြန်ပြီ။ စောစောကလူအသံပင် (မင်းလွတ်ပါပြီကွာ)ဟုပြောသည်၊ မည်သို့မျှဖေါ်ပြခြင်းငှာမတတ်နိုင်အောင်ပင် လွန်စွာဝမ်းသာရလေခြင်း၊ အိမ်ပြန်ရတော့မည်ပေါ့၊ ကျွန်တော့်ကို ဖမ်းလာကာစ ညက လက် ထိပ်ခတ် လျှက်ချုပ်နှေင်ထားရင်း၊လှေခါးမ၊ှတထစ်ပြီးတစ်ထစ်ဆင်းပါသွားသော၊သားဖြစ်သူကိုကြက်သေသေ ပြီးေ ငး ကြောင်စွာကြည့်လျှက် ကျန်ခဲ့သော မေမေ့ မျက်နှာပြင်ကို စတင်သတိယမိပါတော့သည်။မေမေ အရမ်းကိုစိတ်ပူနေရှာ ရော့မည် ။
နောက်ထပ် နှစ်နာရီလောက်ကြာမည်ထင်သည်၊ ကျွန်တော့်ကိုမျက်နှာစည်းထားရန်ပြောပြီး တစ်အောင့်အကြာမှာ သူတို့လာခေါ်ကြပါပြီ၊အချုပ်ခန်းမှအထွက်၊အပြင်ဘက်တွင် ခေတ္တ ထိုင်စောင့်ခိုင်းပြီး။နောက်ခဏအကြာတွင်အခြား ဖမ်းခံထားသူများပါထပ်ရောက် လာသည်ကို ကြားရသောအသံများအရသိလိုက်ရသည်၊ သူတို့ကိုလည်းကျွန်တော့်ဘေးမှာ
ထိုင်းခိုင်းထားပါသည်၊ အချင်းချင်း စကားလုံးဝပြောဘို့နေနေသာသာ အသံပင်မထွက်ရပါ၊ နောက်တော့ ကျွန်တော့်ဘေးမှလူကို ပုခုံးပုတ်ပြီးမေးသံကြားရသည် မင်းတို့နှစ် ယောက်ကို လှည်းတန်းမှာ ချပေးရင် ရ တယ် မဟုတ်လာတဲ့၊ ဟုတ်ကဲ့ ဟုပြန်ဖြေသံကြားရပြီး။ ကျွန်တော့် ကိုလည်းကျောကုန်းပုတ်ခါ မင်းအိမ်နဲ့ အနီးဆုံး ဘယ်နေရာ ချပေးရမလည်းမေးတော့- — ကျွန်တော်ကအနီးဆုံးနေရာကိုပြောပြလိုက်ပါ၏။ ထို့နောက် တွင် တော့ ကျွန်တော်ရော၊ ဘေးမှ ဘဝတူနှစ်ဦးကိုပါ ကူတွဲပြီး သူတို့ကားပေါ် တက်ခိုင်းကြသည်၊ဘာမှတော့မမြင်ရပါ။
ကားပေါ်ရောက်တော့ ကားကြမ်းခင်းပေါ်တွင်သာထိုင်ကြရပြီး၊ ကျွန်တော်တို့ကို စောင့်ကြပ်ရန် လူများက၊ကား ဘေးတစ်ဖက်တစ်ချက်ထိုင်ကာအလေးပြုသံ နှင့် (ဆက်လုပ်ဟု အသံ)တစ်သံကြားပြီးသေါအခါ ၊ ကျွန်တော်တို့ကိုတင်ဆောင် သောထိုကား ကြီး စတင်ထွက်လါပါတောသတည်း။မျက်စိမှမမြင်နိုင်သော်လည်း လမ်းတစ်လျှောက် ကားသံ တွေ၊လူသံတွေ၊ကြားရပြီး၊ ကားခဏရပ်ပြီးပြန်ထွက်လျှင်လည်းကောင်း၊ခရာတွတ်သံကြားလျှင်လည်းကောင်း ဒါ မီးပွိုင့် ဖြစ်ရ မယ်၊ ဈေးသည်တွေအော်ဟစ်ရောင်းသံကြားရလျှင် ဒါ မှတ်တိုင်ကဈေးသည်တွေအသံ(သို့) ဈေးကြီးတစ်ဈေး နားမှဖြတ်သွားသံဟုမှတ်သားရင် လိုက်ပါလာခဲ့ကြရာ- နောက်တစ်နာရီနီးပါးအချိန်တွင် တုန့်ကနဲကားရပ်ကာတံခါး ဖွင့် သံကြားရပြီးဆက်မောင်းလာရာ၊ တစ်အောင့်ကြာသော်နောက်ထပ်ဝင်းတံခါးဖွင့်သံကြားရပြီး၊ ထိုအထဲ
သို့ကားမောင်းဝင်ကာ ရပ်လိုက်ပါတော့၏၊ ထို့နောက်ကားပေါ်ပါလာ သူစစ်ကြော ရေးမှလူ များကားပေါ်မှ ဆင်း သံကြားရပြီး။ မျက်လုံးမဖွင့်နဲ့အုန်း၊သည်အတိုင်း ငြိမ် နေ ဆိုသဖြင့် နေမြဲအတိုင်းနေနေရပါသည်၊ ထိုစဉ် တံခါးဖွင့်သံထပ် ကြားရပြီး၊ (ချလွင် ချလွမ်) သံများစည်းချက်ညီစွာဖြင့် ကျွန်တော်တို့ စီးလာသောကားဘေးမှဖြတ်သွား
သံကိုကြားလိုက်ရပြီး၊ ကျွန်တော်တို့အထဲမှ တစ်ယောက်က၊ ဟာ- ဒါ– ဒါ- အင်းစိန်ထောင်ဟု တီးတိုး ရေရွတ် ပြော လိုက်ပါတော့၏၊ နောက်မှသိရသည်မှာ ထိုသူ သည်ယခုမတိုင်ခင် ပထမအခေါက်ကတည်းကပင် ထိုထောင်သို့ အ လည်ရောက်ခဲ့ဘူးသူ ဖြစ်ကြောင်းပင်တည်း။
ထို့နောက်ကျွန်တော်တို့ကိုထားလျှက်၊ သယ်ဆောင်လာသူတို့ပြန်ထွက်သွားကြပြီ၊( သက်သက်မဲ့ လူကို လှောင် ခဲ့ကြသေးသည်၊) အိမ်နဲ့နီးတဲ့နေရာချပေးမယ်တဲ့ ၊ ခုလောက်ဆိုထိုသူတွေ၊သူတို့အပြန်လမ်းမှာ ကျွန်တော်တို့ အကြောင်းစားမြုံ့ပြန်ပြောရင်း တစ်ဝါးဝါး ရယ်နေကြရော့မည်၊ ဪ– ရယ်နိုင်ကြပါစေလေ —၊
ကျွန်တော်တို့အဖို့မှာတော့ ဘာပဲပြောပြော ထိုငရဲခန်း မှလွတ် လာရသည်ဆိုလျှင်ပင်၊ ကံကောင်းလှပြီမ ဟုတ်ပါ်လား၊ ပြန်လွတ်ဘို့ထက် နှိပ်စက်မှုမှ မှလွတ် မြောက်စေရန် ထောင် ထဲမြန် မြန်ပို့ လျှင်လည်းပို့ပါ တော့ဟုပင် အမှန်တစ်ကယ် ဆုတောင်းခဲ့မိပေရာ၊ ထိုဆုတောင်းက ပြည့်ရလေတောပြီတကား။ သူတို့ပြန်သွားတော့မှ ကျွန်တော်တို့မျက်လုံးနှစ်လုံးလည်းလွတ်လပ်ခွင့်ရတော့ သည်၊ထောင်မှ တာဝန်ရှိသူ တွေက၊ ကျွန်တော့် တို့ကို လုပ်ထုးံ/နည်းအတိုင်းစတင်ကြပြီ၊ ပုံစံထိုင်ရပြီ ၊ကိုယ်ရေးအချက် အလက်တွေ မေး သည်၊ ဖြည့်သည်၊ ကျွန်တော်တို့ကိုပြန်ဖတ်၊ လက်မှတ်တွေထိုးခိုင်းသည်၊ ပြီးတော့ သူရို့ ထုံးစံအတိုင်း တစ်ကိုယ် လုံးကို (ဝစ်လစ်စလစ်ချွတ်စေကာ)၊ အနာအဆာ၊ အမှတ်အသား များကို မွေးရာပါမှ စပြီး နွားဈေးပွဲ မှာစစ်သလို အသေးစိတ် စစ်ကာ မှတ်တမ်းတင်ပါတော့လေသတည်း။ ကျွန်တော့ဘဝ၏ ပထမအစ၊ထောင်ဘူးဝ အတွေ့အကြုံဖြစ်ပါ သတည်း။ (ဆက်ပါအုန်းမည်။) အပ္ပမာဒေန သမ္ပာဒေထ
11 comments
thit min
November 3, 2011 at 3:57 pm
ခံစားရလွန်းလို့ မျက်ရည်ဝဲလာတယ်ဗျာ။
ဘာဖြစ်လို့ အဲဒီလိုရက်စက်တတ်တဲ့ စိတ်တွေရှိနေရတာလဲဗျာ။
နီလေး
November 3, 2011 at 4:15 pm
လူတွေကို နောက်စရာများထင်နေလားပဲ ကိုယ်ချင်းစာတရားမရှိလိုက်ကြတာ ဒါနဲ့ ဘာမှုလဲဟင် မေးကောင်းလားမမေးကောင်းလားမသိဘူး ဆောရီးနော် မျက်လုံးတွေကိုပိတ်ခိုင်းတာတယ်ဆိုတော့ သူတို့ကိုမှတ်မိပြီး လက်စားချေမှာစိုးလို့နဲ့ တူတယ်နော်
ဆူး
November 3, 2011 at 5:05 pm
အားပေးနေပါတယ်။
nozomi
November 3, 2011 at 5:15 pm
အခုမှ ၃ ခုလုံး ပြန်ဖတ်ဖြစ်တယ်
ကိုယ်တွေ့ဆိုတော့ ဖတ်ရတာ အားရပါးရ ပဲ
နောက်ပို့စ်တွေ ဆက်ဖတ်နေပါမယ်
ဒါ သမိုင်း မှတ်တမ်း တွေ ဖြစ်သွားမှာပါ
ပေါက်ဖော်
November 3, 2011 at 5:44 pm
ဘဂျီးရေ..
မလွယ်ပါလား..ဗျာ..
ဟိုမအေရိုးတွေက တစ်ကယ်လဲ မလွှတ်ပေးပဲနဲ ့..လခွီးမိုလို ့..လှောင်သွားတာလား..မသိဘူး..
Xxxx
koyinmaung
November 3, 2011 at 6:24 pm
ဘကြီးရေ ခုမှဖတ်မိတယ်ဗျို…
ကိုယ်တွေ့မှတ်တမ်းလေးတွေ
သိပ်ကြိုက်ပါတယ်…ဆက်ရေးပါ အားပေနေပါတယ်
kyeemite
November 4, 2011 at 1:22 pm
ဒါ်တော့…နိုင်ငံရေးမှု့ဘဲဖြစ်မှာပေါ့နီလေးရာ….တခြားမှု့တွေဒါမျိုး လုပ်တာမှမရှိတာ..
နိုင်ငံရေး လုပ်လို့အဖမ်းခံရသူ ၉၉.၉၉%ဒီလိုခံခဲ့ရတာချည်းပါဘဲ…
MaMa
November 4, 2011 at 1:37 pm
ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ ရှေ့ကပိုစ့်တွေတုန်းက မဖတ်မိလို့ ပြန်ဖတ်လိုက်ပါဦးမယ်။ ကြံ့ခိုင်တဲ့စိတ်ဓာတ်ကို မွေးမြူခဲ့လိုက်နိုင်တာကိုပဲ အဆိုးထဲက အကောင်းလို့ တွက်ရမှာပေ့ါလေ။
pooch
November 4, 2011 at 4:11 pm
တချို့ နှစ်အကြာကြီး နေခဲ့ရသူတွေ ပြန်ထွက်လာတဲ့ အခါ ခဲဆိပ်သင့်ပြီး သက်ဆိုးမရှည်ပဲ ရောဂါ ပေါင်းစုံရ
ပြီး အလူးအလဲ ခံရတယ်လို့ လည်း ကြားဖူးတယ်.. …
pan pan
November 4, 2011 at 4:40 pm
ပို့စ်သုံးခုလုံး စုပေါင်းဖတ်လိုက်ပါတယ်
စိတ်ထဲလည်းမကောင်းဘူး
ဖတ်ရတာ အားတောင်ကုန်သွားတယ် (စိတ်ထဲတော်တော်ခံစားရတယ်)
ကြားဖူးပြီးသွားဖြစ်ပေမယ့် ဒီလောက်အသေးစိတ်တော့ မတွေးမိခဲ့ဘူး
ကိုယ်တိုင်ကြုံခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ်ပြန်အားပေး၊ အားတင်းနိုင်တဲ့လူတွေကို တကယ်လေးစားပါတယ်
windtalker
November 5, 2011 at 9:37 pm
ပြန်လွှတ်မယ့် ပုံစံမျိုး နောက်တာတော့ မကောင်းဘူး ထင်တယ်နော