ကမ္ဘာပတ်အက
ကျမဘဝ
ဝမ်းဝဖို့အတွက်
ည, အကာလမှာ
ကမ္ဘာပတ်နေရသူပါ…..။
ဟုတ်တယ်လေ……
ပညာကမတတ်
အသပြာကနတ္ထိ
အလိုက်ကမသိတတ်ဖူးဆိုပြီး
ဘယ်အလုပ်မှာမှ ကြာကြာမမြဲ
အဲဒိတော့
နေ့အချိန် လူစည်ကားရာလမ်းများမှာ
ညအခါတိတ်ဆိတ်
ကျမခြေသံ တစ်ဖြတ်ဖြတ်နဲ့
ကမ္ဘာပတ်ရင်းနှိပ်စက်နေမိတာပေါ့…..။
လွမ်းရေးထက် ဝမ်းရေးခက်တယ်လေ…
ဝမ်းထဲမှာ အစာမှ မရှိရင်
လွမ်းရတာဘယ်အရသာရှိတော့မလဲရှင်ရယ်…။
ဒါကြောင့်
ဝမ်းစာအရေး
မျှော်တွေးရင်းနဲ့ ဖောက်သည်ရှာ
ကမ္ဘာတစ်ပတ်စာလောက်
ညည ကျမ လမ်းလျှောက်နေရပါတယ်…။
နေဝန်းနီ
12 comments
khinmintatthu
November 4, 2011 at 5:08 pm
ကမ္ဘာပတ်ရင်း ဝမ်းစာရှာနေရသူတွေရဲ့ ဘဝပေါ့နော်…
blackchaw
November 4, 2011 at 8:19 pm
ပြောချင်တဲ့ အကြောင်းအရာလေးလည်း ရလိုက်ပါတယ်။
ခေါင်းစဉ်ကို ပိုတောင်ကြိုက်နေမိတယ် ကိုနေဝန်းနီရေ။
windtalker
November 4, 2011 at 8:48 pm
ကိုပေါက်ရဲ ့ပို ့စ်ထဲ က ဝါးတားမယ်လွန် ရဲ ့ကွန်မင့် အရ ဆိုရင် လမ်းမလျှောက်ကြတော့ဘူး တဲ့ဗျ ။ ဆိုင်ကယ်လေးတွေ နဲ ့ ဆိုကလား ။
ပေါက်ဖော်
November 4, 2011 at 8:55 pm
အင်း..ကောင်းလေစွ..လက်ကြောမတင်းမရေ.
ကောင်းလေစွ.ကောင်းလေစွ..ကမ္ဘာပတ်အက
😆
naywoonni
November 4, 2011 at 9:37 pm
ကိုပေါက်ဖော်ရေ…။ တိုင်ပတ်အက တွေ့ဖူးတယ်မဟုတ်လား…။ ဒါက ကမ္ဘာပတ် အက ကြည့်ချင်ရင်လာခဲ့…။ နော့…………။
မောင်ပေရေ….။ ဆိုင်ကယ်လေးတွေနဲ့ လှုပ်ရှားတာက ရန်ကုန် မန္တလေးမှာ ဖြစ်ပါလိမ့်မယ်…။ တောနယ်မှာတော့ ဆိုင်ကယ်လေးနဲ့ ဈာန်ရဖို့ ဝေးလို့ စက်ဘီးလေးတောင်မရှိရှာလို့…။ အဲဒိလိုလှုပ်ရှားနေရင်လည်း လိုက်ခေါ်မဲ့သူ မရှိမှာစိုးလို့နဲ့တူရဲ့ ညည ဆယ်နာရီနောက်ပိုင်း လောက်မှာမှ လှုပ်ရှား ကြရတာ…။
windtalker
November 4, 2011 at 9:41 pm
အဝေးပြေး လမ်းမကြီးဘေး က
ဘဝလေးတွေ ပေါ့နော်
ဟိုးတုန်းက ဖြစ်ရပ်မှန် ဇါတ်လမ်းတစ်ပုဒ်ထဲမှာ
ကားသမားတစ်ယောက် က အဲဒီ လမ်းဘေးက ကောင်မလေး ကို တင်ခေါ်သွားပြီး
လမ်းမှာ ကားမှောက်တော့ ၊ ၂ယောက်စလုံး သရဲ ဖြစ်ကုန်ကြသတဲ့ ဗျာ
Shwe Tike Soe
November 5, 2011 at 9:07 am
ကဗျာလေးက တိုတိုလေးနဲ. သူ.ရဲ.ဘဝ ကို ထိထိမိမိမြင်သာအောင်ရေးထားတာပဲ…
အဲလိုဘဝတွေ အများကြီးရှိကြမှာပဲနော်…
ငွေအရင်းအနှီးမရှိတော့ ကိုယ်ပိုင်ရှိတာလေးနဲ. လုပ်ကိုင်စားသောက်ရရှာတာပေါ့ဗျာ…
ဘယ်လိုပဲဖြစ်ဖြစ် ကဗျာလေးကောင်းတယ်..
AKKO
November 5, 2011 at 10:26 am
ကြုံသလိုရှာစားနေတဲ့ ဘဝတွေရှိပါတယ် ဒါပေမယ့် အရင်းနှီးလိုလိုလောက်လောက်ရတဲ့အခါ ဘာလို့ ရုန်းမထွက်ကြသေးတာလည်း မသိဘူး ။
အနေပျော်သွားလို့ပဲ ဖြစ်ရမယ် ။
naywoonni
November 5, 2011 at 10:38 pm
တစ်ချို့ကျတော့လည်း အပျော်နေသွားကြတာပါ…..။ ဘဝမှာ ဖြစ်သလိုနေတဲ့သူတွေ အတော်များများဟာ နေသလိုဖြစ်သွားကြတာပဲလေ….။ မတတ်နိုင်ဘူး…။ သန္ဓေ လို့ပြောမလား စရိုက်ပျက်တာလို့ ပြောမလား တစ်ချို့က ရောက်နေတဲ့ နေရာကနေ ဆန်ဆက်ဖို့ အားမရှိကြ အားမထုတ်ကြတော့ဘူး…။ သွားကယ်ရင် ကယ်တဲ့သူပါ ချောက်ထဲ ကျသွားနိုင်တယ်…။ အဲဒိတော့ ကယ်သင့်မှကယ်..။ ပေးသင့်မှပေး ဆိုတာတွေ ပေါ်လာရော………….။ သူတို့အကြောင်းပြောရရင် ကျမ်းတစ်ဖွဲ့ ဖြစ်သွားဦးမယ်…။
kai
November 6, 2011 at 4:31 am
ဖလံမီးစလောင်း
ရိုင်းတယ်လို့မထင်နဲ့..
အမေပေးတဲ့လယ်တကွက်
ထွန်ယက်ချင်သူတွေ
အခွင့်ပေး။
ရှေ့ရေးအတွက်
ညစာဖက် နေ့စာဆက်ရအောင်
ညငှက်ကျမ တွင်းထွက်ရှာ
လင်းကြက်တွန်ရယ်မှ အိမ်ပြန်တာ
ဖြစ်သူအပြစ်လား ရှိသူအသစ်လား
သိသူအဟောင်းလား ပြုသူအကောင်းလား
ရောင်းသူစလောင်းလား ရွဲ့သူအိုးလား။
တိုးရဲတဲ့မီးရောင်
ဖလံမျိုးဟေ့
ခြေကွ မြေမခ
ကမ္ဘာပါတ်လျှောက်တတ်သူ..။ ။
နေဝန်းနီ
March 22, 2012 at 8:27 pm
အဲဒါက သူကြီးရဲ့ ကဗျာလား ? ရှယ်ယာပေးမလား?
aye.kk
March 22, 2012 at 10:04 pm
ကမ္ဘာပတ်အကနဲ ့..
သူတတ်သမျှရှာ..
ဝမ်းဝဘို့လား..
ခါးလှဘို ့လား..
မရေရာတဲ့..
ဘဝအတွက်..
တဏှာဆိုတဲ့..
သားရဲလက်မှာပျက်ရသည်။