ဘုရင် တစ်ပါး၏ ချစ်ခြင်းတရား ( အပိုင်း ၁)
(Oxford University ထုတ် စာရေးဆရာ Peter Dainty ရေးသားသော
THE LOVE OF A KING ကို မူရင်းနှင့်တွဲလျက် ဘာသာပြန်ရေးထားပါသည်။
True Story ဖြစ်ပါသည်။)
The Love of a King
ဘုရင်တစ်ပါး ၏ ချစ်ခြင်းတရား
IN APRIL 1987
ဧပရယ်လ ၁၉၈ရ ခုနှစ်
In April 1985, three hundred people came to a small room in Geneva, Switzerland.
ဧပရယ်လ ၁၉၈ရ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့မှာ ရှိတဲ့ အခန်းကျင်းလေးထဲမှာ လူ သုံးရာလောက် ရောက်ရှိနေကြတယ်။
There were Presidents and Kings, film stars, and millionaires.
ဘုရင်များ၊ သမတများ၊ ရုပ်ရှင်သရုပ်ဆောင်များ နှင့် သန်းကြွယ်သူဌေးများလည်းပါကြပါတယ်။
They came from four corners of the world, east and west, north and south, and they spoke many languages.
သူတို့တွေဟာ ကမ္ဘာ့နေရာ အသီးသီးကလာကြတာပါ။ ကမ္ဘာ့အရှေ့ခြမ်း၊ အနောက်ခြမ်း၊ မြောက်ခြမ်း တောင်ဘက်ခြမ်း က လာရောက်ကြပြီး ဘာသာစကားလည်းအမျိုးစုံ အောင် ပြောကြပါတယ်။
But they all wanted one thing _ to buy some jewellery.
ဒါပေမဲ့ သူတို့အားလုံး လိုချင်တာတစ်ခု တော့ တူညိတယ်။ လက်ဝတ်ရတနာ ဝယ်ဘို့ လာကြတာပဲ။
One woman, Mrs. Namiki from Japan, paid 105,000 dollars for a gold ring.
ဂျပန်နိုင်ငံ က လာတဲ့ အမျိုးသမီး မစ်စစ် နာမီကာ ကတော့ ရွှေလက်စွပ် တစ်ကွင်း ကို ဒေါ်လာ တစ်သိန်းငါးထောင် တောင် ပေးဝယ်ခဲ့ပါ တယ်။
“Why did you pay all that money?” a friend asked. “You can buy a good ring in Tokyo for half that money.”
သူ့သူငယ်ချင်းတစ်ယောက်က ဘာလိုု့ အဲဒီလောက်ပေး ဝယ်ရတာလဲ လို့မေးတယ်။ တိုကျိုမှာ ဆိုရင် ရွှေလက်စွပ် တစ်ကွင်း ဒီထက်တစ်ဝက်ဈေးနဲ့ ဝယ်လို့ရသားနဲ့လို့ပြောရှာတယ်။
“Because Wallis and Edward were special to me,” Mrs. Namiki replied, “I never met them, but I’ll keep that ring all my life.”
ဝေါလစ် နဲ့ အက်ဒဝပ် က ကျမ အတွက် တော့ တကယ့်ပုဂ္ဂိုလ်တွေ ပါပဲ။ သူတို့ကိုကျမ မတွေ့ဘူးပါဘူး ဒါပေမဲ့ ဒီလက်စွပ် လေး က ုကျမ ဘဝ တစ်သက်လုံးသိမ်း ထားမှာမို့ပါရှင် လို့ပြောလိုက်တယ်။
In the next few hours, in that small room in Geneva, the jewellery was sold for 50,000,000 dollars.
နာရီအနည်းငယ်အတွင်းမှာပဲ ဂျနီဗာ မြို့မှာ ရှိတဲ့ အဲဒီ အခန်းကျင်းလေးထဲမှာ ပဲ ဒေါ်လာ သန်းငါးဆယ် နဲ့ ရောင်းလိုက်ရတယ်။
But who was Wallis?
And who was Edward?
And why was their love story so special?
ဒါပေမဲ့ ဝေါလစ် ဆိုတာ ဘယ်သူလဲ။
အက်ဒဝပ် ဆိုတာရောဘယ်သူလဲ။
ဘာကြောင့်သူတို့ရဲ့ ချစ်ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတာလဲ။
Let’s begin at the beginning…….
ဇတ်လမ်းလေးစလိုက်ကြရအောင်………….
(1)
A Lonely Child
အထီးကျန်ကလေးငယ်တစ်ဦး
Prince Edward was born in 1894. His father, King George V, was a tall, cold man who did not like children. “Why does Edward talk all the time?” he once said. “He’s a very noisy child.”
မင်းသာလေး အက်ဒဝပ် ကို ၁၈၉၄ ခုနှစ်မှာ မွေးဖွား ပါတယ်။ သူ့ဖခင် (ခမည်းတော်) ဘုရင် ကြီး ဂျော့ (၅) ကတော့ အရပ်ရှည် ရှည် နဲ့သွေးအေးပြီး ကလေး တွေကို မချစ်တတ်ပါ။
သူ့ဖခင် (ခမည်းတော်) ကတစ်ခါမေးဘူးတယ်။ မင်းသာလေး အက်ဒဝပ် ကဘာကြောင့် ဒီလောက်တောင် စကားပေါ တာလဲတဲ့။ တော်တော် ဆူညံပူညံ လုပ်တဲ့ခလေးပဲတဲ့။
His mother, Queen Mary, agreed. “It doesn’t matter if Edward is happy or unhappy,” she said. “A child must be silent and strong.”
သူ့မိခင် မယ်တော် ကလည်း သဘောတူတယ်။ အက်ဒဝပ် ပျော်တာ မပျော်တာအရေးမ ကြီးဘူး၊ ကလေးတစ်ယောက် ဆိုတာ ငြိမ်ပြီး ခွန်အားရှိရမယ်(မပျော့နွဲ့ရဘူး)။
The family lived in Buckingham Palace, which had 600 rooms. There were 8 kitchens, 19 bathrooms, 24 toilets, 11 dining rooms, 17 bedrooms and 21 sitting rooms.
တော်ဝင်မိသားစု ဟာ အခန်းပေါင်း ၆၀ဝ ရှိတဲ့ ဘာခင်ဟန်မ်နန်းတော်မှာ နေကြပါတယ်။ နန်းတော်ထဲမှာဆိုရင် မီးဖိုချောင် ၈ခန်း၊ ရေချိုးခန်း ၁၉ ခန်း၊ အိမ်သာ ၁၉ လုံး၊ ထမင်းစားခန်း ၁၁ခန်း၊ အိပ်ခန်း ၁ရ ခန်း နှင့် ဧည့်ခန်း ပေါင်း ၂၁ ခန်းရှိပါတယ်။
Edward once told a story about the house:
အက်ဒဝပ်က တစ်ခါတော့ သူ့ နန်းတော်ကြီးအကြောင်းပြောပြပါတယ်။
Buckingham Palace was very big, and people sometimes got lost.
ဘာခင်ဟန်မ်နန်းတော်ကြီးဟာအင်မတန်မှ ကြီးကျယ် ခန်းနားတယ်၊ တစ်ခါတစ်ရံ များဆိုရင် နန်းတော်ထဲမှာ လူတွေ လမ်းပျောက်တတ်ကြတယ်။
One night, my mother, my father, and I were sitting in the dining room. We were waiting for our dinner. We waited and waited, but the food did not arrive. After twenty minutes my father was very angry. He stood up and went to the kitchen. “Where’s the cook?” he shouted, “and where is my food?”
တစ်ညမှာ ကျွန်တော့် ဖခမည်းတော်ရယ် မယ်တော်ရယ် ကျွန်တော်ရယ် ထမင်းစားခန်းထဲမှာထိုင်ပြီးညစာတည်ခင်းတာကိုထိုင်စောင့်နေကြတယ်။
စောင့်ရင်းစောင့်ရင်း နဲ့ အစားသောက်တွေကရောက်မလားဘူး။ မိနစ် နှစ်ဆယ် ကြာထိ ရောက်မလာတော့ ခမည်းတော် ကစိတ် အကြီးအကျယ်ဆိုးပါလေရော။ စားဖိုခန်းထိသွားပြီး သွားပြီး စာဖိုမှုးဘယ်ရောက်နေလည်း ငါ့အတွက် ပွဲတော်ဘယ်မှာလည်း အော်ဟစ်ဆူပူ ကြိမ်းမောင်းပါလေရော။
“But, Sir,” the cook replied, “your dinner left the kitchen fifteen minutes ago. Hasn’t it arrived yet? “
စားဖိုမှုးက အရှင်.. အရှင့်ရဲ့ ပွဲတော် လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ် က ယူသွားပါပြီ။ မရောက်သေးပါဘူးလားရှင်…
“No, it hasn’t,” my father shouted, “and I am angry.”
မရောက်သေးဘူး… ငါ ဗိုက်ဆာလောက်လှပြီ…ဖခမည်းတော် အော်ပြောလိုက်တယ်။
The King left the kitchen and began to look for the food. Ten minutes later he saw a woman who was carrying three plates of meant and potatoes.
ဘုရင် ကြီး စားဖိုခန်းထဲက ထွက်လားပြီး အစားသောက်လိုက်ရှာတော့တာပဲ။ ဆယ်မိနစ်လောက် နေတော့ အမျိုးသမီးတစ်ယောက် အသားနဲ့ အာလူးပါတဲ့ ပုဂံ သုံးပွဲ နဲ့အတူရောက်လာပါရော။
“What happened to you?” my father said. “Why didn’t you bring us our dinner?”
ဘာတွေများဖြစ်နေလို့လည်း.. ဘာကြောင့် ငါတို့ ပွဲတော် ကိုယူမလာရတာလည်း..မေးပါလေရော
“I’m sorry, Sir,” the woman replied. “There are a lot of dining rooms. I couldn’t remember where to go. But if you return to the table, Sir, this time I can follow you to the right room.”
ကျွန်တော်မျိုးမ တောင်းပန်ပါတယ် အရှင်.. ထမင်းစားခန်းတွေကသိပ်များနေပါတယ်..
ကျွန်တော်မျိုးမ ဘယ်အခန်းသွားရမှန်းမသိရိုးအမှန်ပါ.. အရှင်ထမင်းစာခန်းကို အခုပြန်သွားရင်
ကျွန်တော်မျိုးမ ဒီတစ်ခါတော့ မှန်တဲ့ ထမင်းစားခန်းကို လိုက်လာနိုင်မှာပါ အရှင်….
Edward did not go to school with other children. He stayed in Buckingham Palace where he had a special classroom just for him.
အက်ဒဝပ် က အခြားကလေးတွေနဲ့ အတူ ကျောင်းအတူမတက်ခဲ့။ သူ့အအတွက် နန်းတော်မှား သီးသန့်စာသင်ခန်း ရှိပါတယ်။
This is how Edward described his lessons:
အက်ဒဝပ် က သူ့ သင်ခန်းစာတွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်…
My teacher, Mr. Hansell, was a thin man. He never smiled and his nose was very red. We had lots of books but they were all very boring. They were full of words and they didn’t have any pictures. Sometimes I stopped reading and looked out of the window. Mr Hansell got very angry. He took a stick and hit me on the arm. “Don’t look out of the window, little boy,” he shouted. “Look at the book.” He hit me many times and my arm was red.
ကျွန်တော့်ဆရာ က မစ်စတာ ဟန်စော ပါ…ခပ်ပိန်ပိန်..ဘယ်တော့မပြုံးဘူး.. နှာခေါင်းက နီနီ နဲ့.. စာအုပ်တွေကလည်းအများကြီး.. ပျင်းစရာကောင်းလိုက်တဲ့ စာအုပ်တွေ..စာလုံးတွေကအများကြီး.အရုပ်ပုံတွေလည်းမပါဘူး..တစ်ခါတစ်ရံ ကျွန်တော် စာဖတ်တာ ရပ်ပြီး အပြင်ကိုငေးကြည့်တယ်.. ဆရာ ဟန်စော စိတ်ဆိုးပြီး ဒုတ်ဆွဲ ကျွန်တော့်လက်ကို ရိုက်တယ်.. အကြိမ်ကြိမ်ရုိုက်လို့ လက်မောင်းတွေတောင် နီရဲလာတယ်..ဟေ့ကောင်လေး အပြင်မငေးနဲ့..စာအုပ်ကိုဖတ် လို့ ဆူခံ ရတယ်….
(To be continued)
10 comments
small cat
November 7, 2011 at 3:04 pm
မြန်မြန်ဆက်ရေးပါခင်ဗျာ၊ဖတ်ဖို့စောင့်နေပါမယ်။
Shwe Ei
November 7, 2011 at 3:10 pm
စိတ်ဝင်စားနေတုံးရပ်သွားပြန်ဘီ။
MaMa
November 7, 2011 at 9:25 pm
အဲဒီလို ဘာသာပြန်ရေးနည်းလေးကို သဘောကျတယ်။ အရင် ရွှေသွေးမှာ ထည့်ပေးသလိုပေ့ါ။ စိတ်ဝင်စားရင် အင်္ဂလိပ်စာပါ တခါတည်း လေ့လာသွားနိုင်လို့ ကျေးဇူးပါ။ မြန်မာလို ဖတ်သွားပြီး နောက်အေးအေးဆေးဆေးမှ အင်္ဂလိပ်လိုပါ ထပ်ပြီးလာဖတ်ပါဦးမယ်။
pooch
November 7, 2011 at 10:31 pm
ဒီဘာသာပြန်ကို စောင့်ဖတ်ပါ့မယ်…
ကိုယ့်ဘာသာကို ဆို ဖတ်ဖြစ်မှာ မဟုတ်ဘူး…..
ဒီလို လွယ်လွယ်ကူကူ အဆင်ပြေပြေဖတ်ရတာ ကောင်းလိုက်တာ….
အားပေးနေပါတယ်..
etone
November 8, 2011 at 11:49 am
စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာပြန်ဝတ္တုလေးကို စောင့်ဖတ်နေပါတယ်နော် ။
နောက်အပိုင်းတွေလည်း ခပ်စိတ်စိတ်လေး တင်ပေးပါဦးလို့ တောင်းဆိုပါတယ် 🙂
လက်စွပ်လေး တကွင်းရဲ ့ တန်ဖိုးနဲ့ နောက်ကွယ်က ပါဝင်ပတ်သတ်တွေပေါ် ဘယ်လို ဆက်နွယ်သလဲ သိချင်လွန်းလှပြီလေ 🙂
Sonny
November 8, 2011 at 2:08 pm
small cat ရေ ..အတတ်နိုင်ဆုံးမြန်ပါ့မယ်..အခန်းက ၁၂ ခန်းလောက်ပါမယ်..အချိန်လေးယူပါရစေခင်ဗျာ မှုရင်း အရသာပျောက်သွားမှာဆိုးလို့ပါ..small cat ဘုရင် ကြီးရဲ့ချစ်ခြင်းတရား ကိုမြင်ရမှာပါ ဓါတ်ပုံတွေလည်းတင်ပေးပါမယ် ဖြေးဖြေးဆုံကြတာပေါ့နော်…ချစ်ခြင်းအားဖြင့် ကိုဆန်နီ..
MaMa ရေ..ဟုတ်ပါတယ် English လေ့လာတဲ့ ကလေးမျိုးဆက်အတွက် အင်္ဂလိပ်လိုပါရိုက်ပေးလိုက်တာ လူကြီးတွေအတွက်ကတော့ အာဏာကို ချစ်ခြင်းနဲ့ လဲပြီး နေလိုက်တဲ့ဘဝကို သိစေချင်လိုပါ..ချစ်ခြင်းအားဖြင့် ကိုဆန်နီ…
Shwe Ei ရေ..အတတ်နိုင်ဆုံးမြန်ပါ့မယ်..အခန်းက ၁၂ ခန်းလောက်ပါမယ်..အချိန်လေးယူပါရစေခင်ဗျာ မှုရင်း အရသာပျောက်သွားမှာဆိုးလို့ပါ..small cat ဘုရင် ကြီးရဲ့ချစ်ခြင်းတရား ကိုမြင်ရမှာပါ ဓါတ်ပုံတွေလည်းတင်ပေးပါမယ် ဖြေးဖြေးဆုံကြတာပေါ့နော်…ချစ်ခြင်းအားဖြင့် ကိုဆန်နီ..
pooch ရေ..ရေးသာရေးရတာ အလုပ်ကခပ်များများရယ်..အဆင်ပြေရင်ဝမ်းသာပါတယ်..ဖြေးဖြေးချင်းရွေ့ရင် ပန်းတိုင်ရောက်မှာပေါ့နော်..ချစ်ခြင်းအားဖြင့် ကိုဆန်နီ..
etone စောင့်ဖတ်နေပါတယ်နော်…ဆိုလို့ ဆက်ရေး ရတော့မှာပေါ့ ကျွန်တော်က ပျင်းတတ်တယ်..ကြိုးစားပြီးမြန်မြန်ရေးပါမယ်…ဒါတောင် ကျွန်တော့်အမေ တိုတွန်းလို့.အမေ မတိုက်တွန်းရင် ဘဝ မှာ အရှုံး ချည်နေမှာရယ်…ကျေးဇူးပါ..ချစ်ခြင်းအားဖြင့် ကိုဆန်နီ..
Dear small cat, MaMa, Shwe Ei, pooch,and etone,
Thank you so and so much for giving time to read my translation. Actually, I am an enormously lazy translator. I used to translate a romantic English novel before called “Two Loves by Denise Robin”,but it’s all in vain(uncompleted) since I got bored and bored as the story goes along. There was also no such internet connection twenty years before. But the theme of this true story such “THE LOVE OF A KING” inspires me a lot, concerned with the present political situation in Burma(where much power takes much greater role) nowadays. Hope it will come to an end one day if it does great advantages to all. If mine mistaken, please let me take the BLAME on myself. cu guys…with love Sonny 8th November 20111
Moe Z
November 8, 2011 at 2:59 pm
ဆရာ့ထက်ပိုပျင်းတဲ့သူရှိသေးတယ်..
အင်္ဂလိပ်လို ဖတ်ရမှာပျင်းလို့ မြန်မာလိုပဲရွေးဖတ်သွားတယ် 😀
စုံ စုံ
November 9, 2011 at 4:55 pm
sonny ရေ ပထမဆုံးအင်္ဂလိပ်လိုဖတ်သွားတယ်
နောက်မှ မြန်မာလိုပြန်ဖတ်မယ်(အခုအချိန်မရလို့)
အဲ့ဒိတော့မှ ကျမဘာသာပြန်တာဘယ်လောက်ညံ့လဲဆိုတာသေချာသိရမှာ
ခုတော့မသိသေးဘူး 😛
ဒီလိုဘာသာပြန်မျိုးမဖတ်ဖြစ်တာတော်တော့်ကိုကြာပြီ
အခုလိုမျိုးတင်ပေးတာကျေးဇူးတော်တော်တင်ပါတယ်နော်
နောက်အပိုင်းတွေလဲဆက်အားပေးနေပါ့မယ်
windtalker
November 14, 2011 at 7:49 pm
အကို ့စာတွေကို ကူးပြီး ကျုပ် ဂျီတော့ အကောင့်ကနေ ၊ ကျုပ် မိန်းမ ဂျီတော့ ကို မေးလ် ပို ့လိုက်တယ် ခင်ဗျ
ဖတ်ချင်တဲ့အချိန်ကြ ၊ sent mail မှာ သွားပြီး ပြန်ဖတ်လို ့ရအောင် ။
ကျုပ် လို အင်းဂလိစာကို လေ့လာနေသူတစ်ယောက်အတွက် ၊ အကို ့စာတွေက အရမ်းကို အကျိုးကျေးဇူး များစေပါတယ် ။ တင့်ခရု ပါ ခင်ဗျာ
MaMa
November 14, 2011 at 8:22 pm
မောင်ပေရေ- ကိုယ့်ဂျီတော့ ကို ပြန် send လို့ရတယ်။ ကိုယ်ကိုယ်တိုင် မှားဖူးလို့ သိတာ။ 😀