ရှေးမြန်မာထိုးကွင်းမင်ကြောင် နှင့် ခေတ်ပေါ် tattoos

nyanayMay 22, 20102min48

ရှေးမြန်မာမင်းဆက်များဖြစ်တဲ့ ပထမတကောင်းမင်းဆက် ၊ သရေခေတ်သရာ ၊ ပင်းယ ၊ တောင်ငူ ၊အင်းဝ ၊ဒုတိယတကောင်းမင်းဆက် ၊  ပုဂံ ၊ စစ်ကိုင်း ၊ ပြည် သရေခေတ္တရာ ၊ ကုန်းဘောင်မင်းဆက်များဆိုပြီး ရှိလာခဲ့လာက အင်းဝခေတ်ကစတင်ပြီး ထိုးကွင်းမင်ကြောင်ဓလေ့ စတင်ပေါ်ပေါက်လာခဲ့သည် ။

burmar
tattoo

ရှေးခေတ်မြန်မာအမျိုးသာတို့၏ အရေးပါသော ကိစ္စတစ်ရပ်အဖြစ် ထိုးကွင်းမင်ကြောင်ထိုးခြင်း အမှုအား ပြုမူနေထိုင်ခဲ့ကြခြင်းဖြစ်သည် ။ထိုးကွင်းမရှိသော ယောက်ျား လူရာမဝင်ဟု ထိုခေတ်ထိုအခါက မှတ်ယူခဲ့ ကြပြီး ထိုးကွင်းထိုးမည့် ယောကျာ်းပျို များ ၊နေ ့နံ ၊နက္ခတ် နေရာတို့ကို ဦးစွာစီရင်ကြရသည် ။ ထိုးကွင်းထိုးကြရာတွင် မင်ခံပုဆိုးသည် အရေးပါသော အရာဖြစ်ပြီး  မင်ခံပုဆိုးအားနှစ်မျိုးခွဲခြား သတ်မှတ်ထား သည်  ။ရာပုဆိုးနှင့်ထောင်ပုဆိုးဟူ၏ ။ ရာပုဆိုးသည်ကာ မိဘဘိုးဘွားမောင်နှမတို့မှ ရက်လုပ်ပေးသော ငါးရာနှစ်ဆယ့်

ရှစ် မေတ္တာ ပုဆိုး ဖြစ်ပြီး ထောင်ပုဆိုးမှာ ထိုးကွင်းအထိုးခံမည့် ယောက်ျားပျို၏  ချစ်သူကရက်လုပ်ပေးသော တစ်ထောင့်ငါးရာမေတ္တာဖြင့်ရက်လုပ်သည့် ပုဆိုးဖြစ်လေသည်။ ထိုးကွင်းထိုးရာတွင်ပင်အလေးထားသော မြန်မာလူမျိုးတို့၏   ချစ်ခြင်း မေတ္တာ စိတ်စေတနာဖြစ်လေ၏ ။ ထိုးကွင်းမင်ကြောင်ထိုးရာတွင် မင်ကြောင်ရုံတည်ဆောက်ရန် နေရာကောင်းသတ်မှတ်ရွေးချယ်ရပြီင်္း မင်ကြောင်ရုံကို အထွတ်အမြတ်နေရာ ရမှသာလျင် သန် ့ရှင်းသေသပ် စွာ တည်ဆောက်ကြရပေသည်။ မင်ကြောင်ရုံအား ဂါထာမန္တန်များ ပရိတ်ရေများ နှင့် စီရင်ရပြီး ဆန်မန်းပေါက်ပေါက်ကျဲကာ ရာဇမတ်ကာပေးရသည် ထောင့်လေးထောင့် တွင်ကား ငှက်ပျောပင်များစိုက်ရပြန်၏ ။ မင်ကြောင်ရုံ၏ အပေါ်အမိုးကို ဖျင်ဖြူမိုုးပေးရပြီး တင်းတိမ်များကာရံ ရလေသည် ။ အမိုးဖျင်ကာရက်လုပ်ရာတွင် သတ်မှတ်ထားသော နေ ့သင့်နံသင့် မိန်းမပျို တစ်ဦးတည်းကရက်လုပ်ရပြီး တင်းတိမ်တစ်ထည်နှင့်တစ်ထည်က ို ဆက်ရာ တွင် ပရိတ်ချည် အသုံးမပြုရချေ ။ဖျင်ဖြူစအမိုးတွင် ပတ်လည်ပန်းဆွဲနေရာများအား ဂြိုလ်ရှစ်လုံး၏  နံသင့် တနင်္ဂနွေ-အုန်း ၊ တနင်းလာ-ကံ့ကော် ၊ အင်္ဂါ-ဆီး ၊ ဗုဒ္ဒဟူး-  ဝါး ၊ ကြာသာပတေး-ပေါက် ၊ သောကြာ-သီးသီး ၊ စနေ-ဒန်းညွန့် အစရှိသည်ဖြင့် ချိတ်ဆွဲထားရသည်။ မင်ကြောင်ရုံအတွင်းတွင် သဲဖြူကိုခင်းခြင်း ပရိတ်ရေဖျန်းခြင်း ၊ ဆီမန်းသုတ်လိမ်းခြင်း ငှက်ပျောရွက်ခင်းခြင်း တို့ကို လုပ်ဆောင်ရပြန်သည် ။ မင်ကြောင်ရုံ၏စင် ခေါင်းရင်းစင်ကို သစ်မင်းဝါးမင်း နှင့်ပြုလုပ်ပြီးစင်ပေါ်တွင် ဆေးဘုရားဆင်းတုတော် ၊ စုတ်မျိုးစုံ ၊ဆေးမျိုးစုံ ၊နေ ့သင့်နံသင့် ပန်း ညောင်ရေအိုးများတင်ရပြန်လေသည်။ ထိုစင်၏ရှေ့တွင် တိုင်နှစ်တိုင်စိုက်ထူရပြီး ထိုတိုင်နှစ်ခုတွင် မင်ခံပုဆိုးလွှားရန် ကြိုးတန်းရှိသည်။ ယင်းကြိုးကို ခုနစ်နေ့သမီး အပျိုစင် တို့ထံမှတောင်းခံထားသော ချည်စတို့ဖြင့် ကျစ်သောကြိုးဖြစ်လေ၏ ။အထက်စင်၏ အရှေ့ဘက် အောက်နားတွင် စင်ငယ်တစ်ခုထပ်မံထားရှိရပြီး ငှက်ပျောပွဲ အုန်းပွဲ ဖျင်ဖြူဖျင်နီ စသည့်တို့ရစ်ပတ်ပါဝင်၏ ။ ဆီမီးလည်းထွန်းရလေသည်။ ရှေးမြန်မာတို့၏ အကြောင်းအရာတစ်ခုပေါ်အလေးထား စည်းစနစ်ကြီးသော အလေ့ထပေတည်း ။ မင်ကြောင်ထိုးခံရာတွင် နှစ်မျိုးကွဲပြားလေသည် ။ ဝဲမှောင် နှင့် ယာမှောင်ဟူ၏။ ဝဲမှောင်သမားသည် ယာမှောင်သမားထက် ပိုပြီး အဆင့်မြင့်လေသည် ။ အဘယ်ကြောင့်မူ ယာမှောင်သည် အလှထိုးမင်ကြောင် ဖြစ်သောကြောင့်ပင်။

burmese
tattoo

မင်ကြောင်ထိုးရာတွင် အပျိုချောနှင့် မင်ကြောင်ရုံကို စုံစမ်းစေ့စပ် ပေးသူကို မင်သေ့ကျွန်ဟုခေါ်ဆိုကြ၏။ မင်သေ့ကျွန်သည် မင်ကြောင်ထိုးခံနေသော ယောက်ျားပျို၏ အခြေနေကောင်းခြင်း ဆိုးခြင်း စသော အကြောင်းခြင်းရာ တို့ကို မင်ကြောင်ထိုးခံ ယောက်ျားပျို၏ ချစ်သူမိန်းမပျို နှင့်အပေါင်းဖော်တို့အား သတင်းပေးရသည် ထိုမင်သေ့ကျွန်သူ အရေးပါအရာရောက်၏ မရှိမဖြစ်ထားရှိရလေ၏။ အာပေါင်အာရင်းသန်သူလည်းဖြစ်ရလေသည်။ မင်ကြောင်ထိုးခံပြီးသောအခါ မင်ကြောင်ရုံမှ လူကူတွဲပြီး လက်ခမောင်းခတ်ထွက်လာသူကို အမြှောင်ခတ်ဟုခေါ်ဆိုပြီး ကပ်ဖြင့်မထုတ် ရပြီးလက်ခမောင်းခတ်ထွက်လာသူကို အဝါခတ်ဟု ခေါ်ဆိုကြလေသည်။တစ်ကိုတည်းထီးထီးထွက်လာပြီး လက်ခမောင်းခတ်လာသူကို အထီးခတ် သို့မဟုတ် ထီးထီးခတ်ဟု ခေါ်ဆို ကြလေသည် ။ထိုသူသည်ကား ယောက်ျားတကာတို့ထဲတွင် သူရသတ္တိရှိသူ ယောက်ျားကောင်း ဟုသမုတ်ခံရပြီး မျက်နှာပွင့်လေသည် ။ မင်ကြောင်ထိုးရာတွင် ခါးအထက်ပိုင်းမှ ဒူးဆစ်အထိ မင်ကြောင်ရုပ်ပေါင်း ခြောက်ဆယ်ကျော်ပါဝင်သည်ဟု သိရှိမှတ်သားရပေသည်။ ထိုးကွင်မင်ကြောင်ဓလေ့သည် ကုန်းဘောင်ခေတ်မှစတင်ပျောက်ကွယ်ခဲ့သည်ဖြစ်၏။

northern
tattoo
-
-

ယခုခေတ်ခါတွင်ရေးထိုးကြသော tattoos အများစုသည်ကား အနောက်နိုင်ငံတို့တွင် ရှေးယခင်နှစ်များစွာက ပေါ်ပေါက်ခဲ့ ပြီး အမျိုးသမီးများနှင့် ကလေးသူငယ် များပါမကျန် ရေးထိုးခဲ့ ကြသည် အလှပုံများသာရေးထိုးကြခြင်းဖြစ်ပေ၏ ။ လူတစ်ကိုယ်လုံးနေရာအနှံ့ရေး ထိုးကာ အလှဆင်ကြလေသည် ။ ကမ္ဘာတွင်မက မြန်မာလူငယ် အများစုတွင်ပင် အသုံးပြုလာသော ယဉ်ကျေးမှုပေတည်း။ မြန်မာအမျိုးသမီးအချို့တွင်ပင် tattoos ထိုးခြင်းများရှိလာသည်ကိုတွေ့မြင်နေရချေသည် ကောင်းသောလက္ခာလော မကောင်းသော အတတ်ပညာလော ။ အလှဆင် tattoos ဓလေ့ အသုံးပြုလာကြသည်နှင့်အမျှ ကူးစက်တတ်သောရော ဂါဆိုးများကိုလည်း ကြုံတွေ့နေရပေပြီ။ ရောဂါရှိသူကိုထိုးထားသော ဆေး၊ စုတ်များဖြင့် အသစ်လာထိုးသူတို့အား ဂရုမမူပဲ ပြန်ထိုးပေးကြခြင်းဖြစ်၏။ တားမရပြီဖြစ်သော ခေတ်ပေါ် ယဉ်ကျေးမှုများနှင့် လူငယ်တို့၏စိတ်တွင်  tattoo ထိုးလျှင်လူရှိန်သည်  စသည်အတွေးများနှင့် လူနေမှုစရိုက်များပင် တဖြည်းဖြည်းလမ်းလွဲနေပေပြီ ။ရှေးမြန်မာထိုးကွင်းမင်ကြောင်ထိုးခြင်းနှင့် ယနေ့ အလှပုံထိုးခြင်းကားများသွာကွာခြားနေလေ၏။ သူရသတ္တိရှိခြင်း ယောက်ျားကောင်းယောကျာ်းမြတ် ဖြစ်ခြင်း မင်းခယောက်ျားပီသခြင်း စသော အင်္ဂါရပ် အတွေးတို့နှင့်ကွားခြားလွန်းပေစွ ။

tattoo
tattoo

အလှပုံထိုးနေကြသော ဆေးမင်များကို ယနေ့ခေတ်တွင် အသုံးပြုသူများပြားလာကြပြီး ရည်ရွယ်ချက်ကွားခြား ကြလေသည် ။နေရာတကာတွင်ထိုးကြ၏။နေရာတိုင်းတွင်ထိုးကြ၏။ မလိုအပ်လည်းထိုးကြ၏။လိုအပ်လို့လည်းထိုးကြပြန်၏။ ဘယ်အရာက ကောင်းသည်မသိ။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဆိုသော ချက်မပိုင်ရင်နောင်ပြင်ရန်ခက်သောအမျိုးတွေကို ခေတ်လူငယ်တွေ အလွယ်တကူလေးပင်တဘောထားလေပြီ။တိုးတက်ထွန်းကားလာသောခေတ်နှင့်အတူ လူတို့၏ မယူဆ အစွဲအလမ်း စတာတွေလည်း ပြောင်းလဲသွားပေပြီ။  အဆုံးသတ်အနေဖြင့် ယနေ့မြင်တွေ့ခွင့် မရတော့ပြီဖြစ်သော မြန်မာ့ထိုးကွင်းမင်ကြောင်အား ဗဟုတုတ အလို ့ငှာ မျှဝေရင်း ခေတ်သုံးမင်ကြောင် အကြောင်းဆက်စပ်မိခြင်းပင် ။ ဝန်ခံရပါဆိုလျင်မမှတ်မိတော့ပြီဖြစ်သော ရှေးခေတ်မြန်မာစာအုပ် တစ်အုပ် မှ မှတ်မိနေသေးသောထိုးကွင်းမင်ကြောင် အကြောင်းကို တင်ပြခြင်းဖြစ်ပေသည်။ အကြောင်းခြင်းမပြည့်စုံကြောင်လည်းဝန်ခံရကေဦးမည် ။မြန်မာသားကောင်းတို့၏ စိတ်ထံတွင် ထိုးကွင်းမင်ကြောင်ထိုးခြင်း ၏ အယူဆကောင်း မျော်လင့်ချက်ကောင်းတို့ကို ရစေချင်သောစေတနာဖြင့် တင်ပြလိုက်ခြင်းဖြစ်ပေတော့သည်။ ။