ယောနိသောမနသိကရ……ဒီချုပ်

mgtharmyarNovember 9, 20111min1150
ယောနိသောမနသိကရ……ဒီချုပ်
အမျိုးသားနိုင်ငံရေးသမားဆိုတာပညာကိုဦးထိပ်ထားတယ်၊အမှား၊အမှန်၊
မျှတမှု၊မမျှတမှု၊တန်းတူညီမျှရှိမှု၊မရှိမှုတိုကိုမှန်မှန်ကန်ကန်ဆုံးဖြတ်တွေးခေါ်နိုင်တယ်။
ဘာလိုလည်းဆိုတော့အရိပ်ကင်းလို့ဖြစ်တယ်၊နောက်ပြီးပြည်သူကြားမှာထာဝရရပ်တည်သွားနိုင်တယ်။
ဥပမာ(ဗိုလ်ချုပ်အောင်ဆန်း)ပါတီနိုင်ငံရေးသမားကျပြန်တော့
အာဏာကိုဦးထိပ်ထားတယ်၊ဘယ်လောက်ကောင်းအောင်လုပ်လုပ်၊ကျိုးစားကျိုးစား%နူန်းပြည့် ပြည်သူကပေးတဲ့အမှတ်မရနိုင်ပါဘူး၊
မအောင်မြင်နိုင်ပါဘူး။တစ်ချက်မှားသွားရင်သားစဉ်မြေးဆက်ခံရရော့။ ဥပမာ(ကက်စထရို)၊သူဆိုရင်တော်လှန်ရေးကာလတုန်းကပြည်သူအကြိုက်ဆုံးလူပေါ့
၊ဒါပေမဲ့အာဏာလည်းရရော့ကမာ္ဘသမိုင်းဝင်အာဏာရှင်ဖြစ်သွားတာဘဲ၊
ဒါကြောင့်အာဏာဆိုတာကိုင်မိရင်လူးတတ်တယ်၊ကြာလာရင်ရူးတတ်ပါတယ် ။ဒေါ်စုတရားတွေအားထုတ်နေတယ်ဘဲသဘောက်ပေါက်မှာပါ။ဒါဟာ
ဘာ ကိုဖေါ်ပြနေတာလဲဆိုတော့ပါတီနိုင်ငံရေးသမားနဲ့ပြည်သူ့နိုင်ငံရေးသမားရဲ့ခြားနားချက်ပါဘဲ။
အခုလည်းဒေါ်စုစဉ်းစားပေါ့။မိမိStance ကိုမိမိကိုယ်တိုင်ရိုက်ချိုးသလိုဖြစ်သွားမလားဆိုတာ။အခုလက်ရှိ
အချိန်မှာဒေါ်စုမှာအာဏာမရှိပေမဲ့ဩဇာရှိတယ်။ဩဇာဆိုတာတာ
အာဏာရှင်ကိုထာဝရစိတ် ဓါတ်ရေးရာမှာအနိုင်ယူနိုင်တယ်။အမှန်တရားကိုရောက်ရှိအောင်စောင့်ကြည် ့ဆော်ဪပေးယုံနဲ့တချိန်ချိန်မှာရောက်ရှိသွားမှာအသေအချာဘဲ၊
ဘာကြောင့်လည်းဆိုတော့ဓမ္မသည်အမြဲတမ်းအဓမ္မကိုအနိုင်ယူလေ့ရှိလိုပါဘဲ။ ဗုဒ္ဓကသေသေချာချာဟောကြားခဲ့ပါတယ်၊ပါပမိတ်ဆွေနဲ့ကလျာဏမိတ်ဆွေ
ဆိုတာ၃၈ဖြာမင်္ဂလာမှာဟောကြားခဲ့ပါတယ်။ မှန်ကန်စွာနှလုံးသွင်းစဉ်းစားလော့၊……စဉ်းစားလော့….