“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းနှစ်)
“ရာဇဝင်ထဲကမယ်နုရဲ့ …………………”(အပိုင်းနှစ်)
ဘုရားကျောင်းက နှစ်ထပ်လို့ပြောရင်ရပါတယ်။
မြေပေါ်မှာတစ်ထပ်မြေအောက်တစ်ထပ်။
ကျောင်းအောက်ထဲကို ဝင်ဘု့ိအပေါက်လေးတွေက ကျောင်းလေးဘက်လေးတန်စလုံးမှာရှိပါတယ်။
အရင်ကတော့ နှစ်ထပ်ကျောင်းရဲ့အောက်ခြေက မြေသားဖြစ်တဲ့အပြင်အမိူက်သရိုက်တွေနဲ့ရှုပ်ပွ။
အထဲဝင်လိုက်တာနဲ့ အောက်သိုးသို့အနံ့ရ။
လိုက်ပို့တဲ့သမိုင်းပညာရှင်ကလေးတွေကလဲ ကျောင်းအောက်မှာ လူတွေကိုသတ်ပြိးမြုတ်ထားတဲ့
တွင်းကြီးရှိတယ်ပြောပြန်တော့ မှောင်နေတဲ့အထဲဝင်ရမှာခပ်ကြောက်ကြောက်။
မတော်ခွေနေတဲ့မြွေက တွယ်ထည့်လိုက်ရင်ဆိုတဲ့အတွေးကြောင့် မဝင်ရဲ။
အခုတစ်ခါတော့ အောက်ခြေကို ရှင်းပြီး အင်္ဂတေလမ်းလေးခင်းထားတော့ ရှေးဟာင်းဆိုတဲ့ရသ
ပျက်သွားပေမယ့် အတွင်းကိုတော့ ဝင်ရဲသွားပါတယ်။
ကျောင်းအပေါ်ကိုမော့အကြည့် မြင်ရတာလေးပါ။
ဒါပေမယ့် လင်းနှို့ခြေးစော်တွေနံတော့ အသက်ရှုကျပ်လာတာနဲ့ တစ်ဝက်နဲ့ပြန်ထွက်ခဲ့ပါတယ်။
ကျောင်းအပေါ်တက်တဲ့လှေခါးထစ်ကလည်း ထည်ထည်ဝါဝါ။
ကျောင်းပေါ်တက်ကြည့်ရင်တော့ ဘိနပ်ချွတ်ရပါတယ်။
အုတ်နဲ့အခိုင်အမာဆောက်ထားတဲ့ ကျောင်းပေါ်က အခန်းတွေကတော့ကျွန်းသစ်နဲ့ဆောက်လုပ်ထားပါတယ်။
အရင်ကတော့ အတွင်းဆောင်တွေထဲကို ဝင်လို့ရပေမယ့် အခုတစ်ခေါက်ရောက်တော့ တံခါးတွေပိတ်ထားပါတယ်။
လိပ်ဥလာတူးတဲ့ အတွဲတွေကိုကြောက်လို့ထင်ပါတယ်။
ထူးခြားတဲ့ရှေးလက်ရာ မူမပျက် တွေ့မြင်ရတာ ရင်မှာဖော်မပြနိုင်တဲ့ခံစားမူ့တစ်မျုးိရလာပါတယ်။
နည်းနည်းလေးယိုယွင်းစပြုနေတဲ့စင်္ကြန်ကနေတောင်ဘက်ဆက်လျျောက်တော့ တွဲရက်ရှိနေတဲ့ဘုရား
တစ်ဆောင်ကိုတွေ့ရပါတယ်။
အဲဒီဘုရားရဲ့တောင်ဘက်မုဒ်ကဆင်းရင် နည်းနည်းလေးမြင့်တဲ့ကုန်းပေါ်မှာတည်ထားတဲ့ဘုရားတစ်ဆူရှိပါတယ်။
အဲဒီကုန်းပေါ်ကလှမ်းကြည့်ရင် စစ်ကိုင်းတောင်အောက်ခြေမှာ ရှိနေတဲ့
ရတနာပုံတံတားအသစ်နဲ့ ရှေးက အင်းဝတံတားအဟောင်း နှစ်စင်းကို ယှဉ်လျက်မြင်ရမှာဖြစ်ပါတယ်။
ကလေးတွေကဘုရားပေါ်ရောက်ရင် ဆုမတောင်းရဘူးလို့မှာပါလိမ့်မယ်။
သိချင်ရင်တော့ ရောက်တဲ့အခါသူတို့ကိုမေးကြည့်။
တောင်ဘက်မှာတော့ ရွှေရောင်ဝင်းနေတဲ့ဘုရားတစ်ဆူ။
အဲဒီဘက်ကို ကူးဘို့ မလွယ်ပေါက်လေးတွေရှိပါတယ်။
အဲဒီဘုရားဘက်ကိုကူးလို့ ဝင်ဖူး။
ရင်ပြင်တော်ပေါ်မှာနေအတော်ပူတော့ ခဏနဲ့ပြန်ထွက်ခဲ့ပါတယ်။
ဘုရားလှည့်ပါတ်ဖူးပြိးလို့ပြန်အထွက်မှာ တော့ အထိန်းအမှတ်အရုပ်ကလေးတွေရောင်းတဲ့အရောင်းဆိုင်လေး။
လမ်းမှာပေါ်မှာတော့ တိုးရစ်တွေကိုလ ိုက်ပို့တဲ့ မြင်းလှည်းလေးတွေက ခြူသံတစ်လွင်လွင်။
အပ်ထားတဲ့ဆိုင်ကယ်ကို 200ပေးရွေးပြီး ရှေးမြန်မာအင်းဝမင်းများမင်းစိုက်ခဲ့တဲ့နေရာက
ရင်နာစရာဇာတ်လမ်းများကိုဖြစ်တည်စေခဲ့တဲ့အရှင်သခင်မ နန်းမတော်မယ်နုရဲ့အလှူတော်
အခုချိန်ထိ လူတွေကို စိတ်ဝင်စားအောင် ခံစားမူ့တွေ့ပေးနေနိုင်သေးတဲ့ နေရာကနေပြန်ခဲ့ပါတယ်။
တပုဒ်ထဲ နာမယ်ကြီးတဲ့မောင်မျိုးတင့်ရဲ့ငယ်ချစ်ဟောင်းနဲ့စောင်းအိုရှင်သီချင်းထဲကစာသားလေး
တစ်ပိုင်းတစ်စတောင်ကြားယောင်လို့လာပါတယ်။
“အဖြစ်ဟောင်းဆိုတာ လူတိုင်းကိုယ်စီရှိကြလေသည်”တဲ့။
ဒါပေမယ့် အချို့သောအဖြစ်ဟောင်းတွေကတော့ နှစ်ပေါင်းများစွာကြာသည့်တိုင်မပျောက်မပျက်
ခေတ်အဆက်ဆက်တည့်တံ့။
နံမယ်ကောင်းသလား ဆိုးသလားကတော့ မိမိလုပ်ရပ်ပေါ်မှာ မူတည်။
ခေတ်ဟောင်းက အဖြစ်ဟောင်းတွေ သံဝေဂတွေ နောင်တ တရားတွေကို သိ်မ်းဆည်းထားတဲ့
နေရာလေးကို နေရစ်ပေတော့လို့ နုတ်ဆက်ပြီးပြန်ခဲ့ပါတယ်။
နောက်တစ်ခါ ရောက်ဘို့ကတော့ ….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(6-11-2011)
13 comments
ဆူး
November 9, 2011 at 5:26 pm
အောက်မှာ လူသတ်ပြီး မြုပ်တယ် ဆိုပြီး ရေးထားလို့ အဲဒီ ရာဇဝင်လေး နည်းနည်း ချီးမြှင့်ပါလား
ကိုပေါက်(မန္တလေး)
November 9, 2011 at 5:35 pm
အဲဒီသမိုင်းကြောင်းက ပြန်ရှာရအုံးမှာရယ်။
အဲတာတော့ ပုချ်ကိုရေးခို်င်းဟာ။
သူကဒါမျုးိကျွမ်းတယ် သမိုင်းဆိုင်ရာလေ။
pooch
November 9, 2011 at 7:08 pm
ဆူးရေ မယ်နုအကြောင်းသိချင်ရင် ရေးပေးမယ်နော်.. ဒါပေမဲ့ နည်းနည်းလေး စောင့်ပေး …
သေချာအောင် ခုနှစ်တွေ ပြန်စစ်လိုက်အုန်းမယ်…
ရာဇဝင်ရေးတော့ အမှားပါမှာ စိုးလို့ စာမျက်နှာပေါ်မှာ တင်ရတာဆိုတော့လေ….. အကိုးအကားလေးပါ ထည့်ပေးမယ်..
တခြားတော့ မ ဟုတ်ဖူး… သူကြီးကို ကြောက်လို့ပါ. … သူက အခုတလော သူပြောတာကို ဘုရား စကား အကိုးအကားတွေနဲ့ အာခံတယ်ဆိုပြီး မျက်မှန်စိ်မ်းကြီး တပ်ပြီး ထိ်ပ်တုံးခတ်ပြီး နှိပ်ကွပ်ဖို့ ကြံနေတာ……
သတိကပ်နိုင်မှ တော်ကာ ကျမယ်… 🙁
windtalker
November 9, 2011 at 7:42 pm
ရဘူး
မြန်မြန်ရေးပေး
သား တို ့က
ဖတ်ချင်လှပါပြီ ဆို..ဆို
Shanma TUmdy
November 9, 2011 at 8:51 pm
ုမြင်းလှည်းလေးက . အညာကိုအတိအကျပုံဖော်နေတယ်လို့ခံစားမိတယ်..
ကြောင်လတ်
November 9, 2011 at 10:00 pm
ကိုပေါက်ရေ၊မရောက်ဖူးတဲ့နေရာတွေကိုရောက်သွားသလိုခံစားရလို့ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လည်းကင်မရာတစ်လုံးကိုင်ပြီးရောက်လေရာမှတ်တမ်းတင်ဖို့ ခရီးတွေအများကြီးသွားခွင့်ရချင်လိုက်တာ။
ကိုပေါက်(မန္တလေး)
November 9, 2011 at 10:05 pm
ခရီးသွားခွင့်ရဘို့ဆိုတာထက် အချိန်အားရရင်ရသလို ပြေးရတာပါဘဲ။
ကျနော်လဲ ဝန်ထမ်းတစ်ယောက်ကိုးဗျာ။
အဲတော့ အလုပ်ပိတ်ရက်ဆိုနေ့ချင်းပြန်လို့ရတဲ့နေရာလေးတွေကို လှည့်ပါတ်သွားရတာပေါ့ဗျာ။
ကိုပေါက်(မန္တလေး)
November 9, 2011 at 10:07 pm
pooch ရေ
သမိုုင်းကြောင်းထဲက မယ်နုတာဝန်ကို pooch ကိုလွှဲလိုက်ပြီနော်။
ရေးပေတော့။
ကျနော်ကလဲ သိတာလေးတွေပြောပြမယ်။
TTNU
November 10, 2011 at 12:25 am
ကိုပေါက်ရေ
ရောက်ဖူးပြီးသားပေမဲ့ ကိုပေါက်ပုံတွေ မြင်ရတော့
ထပ်သွားချင်စိတ် ဖြစ်မိတယ်။
ဘိုးတော်ညံ့တာ အ တာလား၊ မယ်နုကြမ်းတာ ရိုင်းတာလား
သမိုင်းမလှခဲ့တာတော့ အမှန်ပဲနော်။
ကြောင်ကြီး
November 10, 2011 at 1:12 pm
ဘကြီးတော်ပါ တီချယ်ကြီးကလည်း။ ညီအကိုအချင်းချင်း ရန်တိုက်ပေးနေပြန်ပါပြီ။။။ 🙄
ရှူံးနိမ့်မှုများနဲ့.. လူ
November 10, 2011 at 6:48 am
လောက်ပေးရေ.. ဟိုတစ်ခါပြောခဲ့သလို စိန်ခေါ်တဲ့စကားလို့ရယ်လို့လဲမထင်စေချင်ဘူး..
ဒါပေမယ့် မြန်မာ့သမိုင်းမှာ တစ်ခေတ်တစ်ခါက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နန်းမတော်မယ်နုအကြောင်းကို ပြန်ပြောတဲ့အခါမှာ ဆင်ခြင်သင့်တာလေးတွေ၊ သူတို့ မှားယွင်းခဲ့တာလေးတွေကို သာသာလေး ထောက်ပြ ပြောဆိုစေချင်တယ်.. ” မိန်းမဖျက်တော့ ပြည်ပျက်တယ်” ဆိုတာ အလကားတော့မဟုတ်ဘူး။ သမိုင်းကြောင်းမှာ အမှန်ရှိခဲ့တာပါ။ Pooch ကိုလဲ ပြောချင်တယ်၊ ဇာတိဂုဏ် ညံ့ဖျင်းအောင် ရေးသားနေတယ်လို့ တွေးမယ်ဆိုတာထက် ကိုယ့်လူမျိုးတွေ ဒီထက်ပိုကောင်းစေချင်လို့၊ သမိုင်းကို သမိုင်းအမှန်အတိုင်းရေးပြီး ပြင်ဆင်သင့်တာတွေ၊ အတုယူူသင့်တာတွေကို အမှန်အတိုင်း ချပြစေလိုတယ်။ စာအုပ်ထူထူကြီးတွေနဲ့တော့ ကိုင်မပေါက်စေချင်ဘူး။ ကိုယ်ပိုင် အတွေးအမြင်၊ အယူအဆလေးတွေပါ ထည့်ရေးပေးစေချင်တယ်။ စာရေးသူရဲ့ အာဘော်နောက်ကို စီးမျောလိုက်ပါနေဖို့မလိုဘဲ ကိုယ်ပိုင်စိတ်ကူးတွေကို လွတ်လပ်စွာ ချပြသင့်တယ်ထင်တာပဲ။ နိုင်ငံတစ်နိုင်ငံကို တစ်ကယ်ဦးဆောင်နိုင်တာ ခေတ်သစ်လူငယ်တွေပဲ။ ရှေးက အကြောက်တရားတွေနဲ့သာ အတွေးအခေါ်တွေပါ အကျဉ်းကျနေခဲ့မယ်ဆိုရင် တိုးတက်တဲ့နိုင်ငံကြီးတစ်ခု ဖြစ်ပေါ်လာဖို့မလွယ်ဘူး။
ဆိုတော့ကာ….
မူရင်းစာရေးသူအရိပ်တွေ လွှမ်းမိုးမှုမပါတဲ့ စာရေးသူတစ်ယောက်ရဲ့ အာဘော်အသစ်တွေကို မြင်လိုပါကြောင်း…
ကိုပေါက်(မန္တလေး)
November 10, 2011 at 4:47 pm
ကိုရှုံးပြောတာမှန်တယ်ဗျာ။
တကယ်ဖြစ်ခဲ့တဲ့သမိုင်းကြောင်းကို အမှန်အတိုင်းပြန်ပြောပြ။
မှားတယ်ဆိုတာတွေကို တိတိကျကျထောက်ပြ။
နောက်ပြီး တကယ်ဖြစ်သင့်တဲ့မှတ်ချက်တွေရေး။
ဒါမှနောက်လူတွေက ဒီလိုထပ်မမှားကြတော့မှာလေ။
ကောင်းတယ် ခင်ဗျားအတွေးကို သဘောကျတယ်။
True Answer
November 10, 2011 at 4:58 pm
POOCH ရဲ့စာများ ကို စောင့်မျှော်အားပေးနေပါ့မယ်။
ဓါတ်ပုံလေးတွေအတွက်လည်း လေးပေါက်ကို ကျေးဇူးတင်ပါတယ်။