မီးပုံးပျံ ဘယ်လိုလွတ်လဲ သိချင်လား… (တောင်ကြီးမီးပုံးပျံစည်မစည် )
တော်တော်စည်ကားတယ်လေ
မစည်ဘူးမစည်ဘူးနဲ့ နေ့လွတ်မှာတောင် တော်တော်စည်တယ်
မီးစာကို ဒီလိုလေး တင်သွားတယ်လေ
မီးကျီဆိုတာ ဒါကိုပြောတာ … ယမ်းခွေလို့လဲခေါ်တယ်လေ
တီတံ ဆိုတာ ဒီအချောင်းလေးချောင်းကိုပြောတာ
မှိုင်းခံတယ်ဆို တာ ဒါပေါ့
မီးဇော်ထိုးတယ်ဆိုတာ ဒါပေါ့
မှိုင်းနဲနဲ ပြည့်လာပြီ
မီးချူးတွေ ခိုတွေ စကျလာပြီ
ဒီလိုဝုန်းတော့ ထွက်ပြေးကြတာပေါ့…
8 comments
Yin Nyine Nway
November 12, 2011 at 4:03 pm
အရမ်းပြန်ချင်တယ်… ပြန်လို့မရလို့ ဓါတ်ပုံလေးနဲ့အလွမ်းဖြေရင်း….
windtalker
November 12, 2011 at 7:06 pm
ရင်ငြိမ်းလေး အလွမ်းပြေအောင် ဒါ့ပုံလေးတွေ ပို ့ပေးဦးမှပါဘဲကွယ် (ဦးကြောင်လိုပြောသည်)
ဟီဟိ
ကြောင်ကြီး
November 12, 2011 at 8:19 pm
ပျံချင်ရင်
လေဟုန်စီး
ဗေထုံတီး၍
ရီးလေခို၊
သမီးလေးဆို
ဦးကြောင်ဖား
အချစ်ဦးမို့
အကြင်နာပို၊
တူနှစ်ကိုယ်
ပျော်ကာနွှဲ
နတ်ဖက်တဲ့
သည်စုံတွဲ။။။။။။ 😳
ကိုရင်စည်သူ
November 12, 2011 at 8:34 pm
နွေလေး ပျံချင်
ကိုရင့် ဖြစ်အင်
ဈာန်တွေ ကျင့်ကြံရ 😳 😳 😳
ကြောင်ကြီး ဝင်ရှူပ်
အမြီးလှုပ်
ကိုရင် ဈာန်ပျက်ရ… 😀 😀 😀
ကပေ့ လွမ်းပြေ
ဓါတ်ပုံအပေး
ကိုရင် ဈာန်ပျက်သေး… 😀 😀
(ဘာမှမဟုတ်ဘူးနော်.. နွေလေး ကိုယ်က ပျော်လို့ ရေးထားတာ…
ကပေါက်ဖော်နဲ့ အောင်ကြူးတို့ ရုပ်ချော သဘောကောင်းတဲ့
ကိုရင့်ကို ဒေါကီးနေလောက်ပီ.. 😛 😛 :P)
ပေါက်ဖော်
November 12, 2011 at 8:57 pm
ရင်လေးရေ..
အသဲထဲကို အေးသွားတာပဲ ကွာ..ဂယ်ပဲ.ဂယ်ပဲ..
(ဒုတိယမြောက်ပုံက ကျားကြီး လေထဲပျံနေတာကြည့်ပြီး အသဲယားတာပါ)
တို ့လဲ ပုလင်းလေးနဲ ့အလွမ်းဖြေ..အဲအဲ..ဒါ့ပုံလေးနဲ ့ပဲ အလွမ်းဖြေလိုက်ပါတယ်ကွယ်
😀
မှော်ဆရာ
November 12, 2011 at 7:46 pm
ကြုံတုန်း သီချင်းလေး ဝင်ဆိုဦးမှပါပဲ ..
ပင်စိမ်းသီးထောင်ထောင် မိန်းမလက်ဆောင်ပေးရအောင်
ပင်စိမ်းသီးပိုးထိုး ….ဟီဟီဟိ
🙂 🙂 🙂
Yin Nyine Nway
November 12, 2011 at 8:27 pm
ဟွန်း…နိုမှာနော်..
နဂိုကတည်းက မသွားရလို့ နိုချင်နေပါတယ်ဆိုမှ
အမယ်.. အကိုတော်လွတ်တဲ့ ပုတုမီးက ဒုတိယတဲ့ဗျား …..
ကြုံတုန်းလေး ကြွားလိုက်တယ်…
zay
November 13, 2011 at 6:42 am
မနိုပါနဲ့ ကိုကို လိုက်ပို့ပေးမယ်နော် ဟိ