တန်ဆောင်မုန်းက လမင်း ကိုအလည်ခေါ်ကြည့်ခြင်း

တန်ဆောင်မုန်းက လမင်း ကိုအလည်ခေါ်ကြည့်ခြင်း

တန်ဆောင်မုန်းလပြည့်က လမင်း

ကောင်းကင်ကလနဲ့ရေထဲကလ

ဒီလို့ပေါက်ပေါက်ရှာရှာလက်ဆော့မှ အိမ်သုံးကင်မရာလေးတွေက
သဘာဝကဖန်တီးပေးထားတဲ့ မျက်လုံးကို မမှီသေးဘူးဆိုတာသိရပါတယ်။
ရေထဲမှ ကျနေတဲ့ လရိပ် မပီမသ

ရေထဲမှာ လတစ်စင်း ကောင်းကင်မှာလဲ လတစ်စင်းဒါပေမယ့် မရှင်းမရှင်း

အချိန်တန်တာတောင်မပြန်ချင်သေးတဲ့လမင်းအဖြစ်ကလဲသနားစရာ။
ဝင်ချိန်တန်တာတောင် မဝင်သေးတဲ့လမင်း

သစ်ပင်တွေကြားမှာ ပုန်းနေတဲ့မဝင်သေးတဲ့လမင်း

ကိုပေါက်ရဲ့ ပုံစာတွဲ

12 comments

  • windtalker

    November 14, 2011 at 7:09 pm

    လမင်းကိုဘဲ အလည်ခေါ်တာလား ဗျာ
    ရွာထဲက ခင်မင်တဲ့ရွာသူတွေကိုလဲ အလည်ခေါ်လို ့ရပါတယ်နော

  • ပေါက်ဖော်

    November 14, 2011 at 9:18 pm

    လမင်းရေလာပါလော့..ပေကြီး တမော့မော့.. 😆
    ရေပေါ်ရေအောက်….လမင်းကို ဖမ်းရိုက်ထားတာပါကလား.
    တော်သေး..အဲကန်ဘေးမှာ…မြောင်းနှိုက်နေတဲ့ နာ့ကို လေးပေါက် မမြင်သွားတာကံကောင်းတယ်

  • MaMa

    November 14, 2011 at 9:59 pm

    ကိုပေါက်ရဲ့ ပုံကို ကြည့်ပြီး ၂လ ပြည့်မှ ပြန်မယ်ဆိုတဲ့ စကားတောင်စားကိုတောင် သတိရမိတယ်။ 🙂

    • ဆူး

      November 15, 2011 at 1:02 pm

      ဆူး လည်း ပြန်မလို့ ၂လ မပြည့်သေးလို့ မပြန်နိုင် ဖြစ်နေတာ အန်တီရဲ့

  • naywoonni

    November 14, 2011 at 10:26 pm

    နေအဝင် လအထွက် တဲ့လေ…။ ကိုပေါက်ပြနေတာက လအဝင် နေအထွက်ဖြစ်နေပါရောလား…..။ ကောင်ကင်နဲ့ ဝေးနေတာကြာပါပြီဗျာ…..။ ဂရုထားပြီးမော့မကြည့်ဖြစ်ပါဘူး…။

  • “ဘီလူးကြီး”ogre

    November 15, 2011 at 8:35 am

    အကိုပေါက်တော့
    လမင်းကြီးကို ရိုက်နေပြီဟေ့
    နောက်ရိုက်မယ်ပုံတွေအတွက်သတိသာထားကြတော့
    မောင်ပေနဲ့ပိုနီးတော့ မောင်ပေသတိသာထား….. ;P

  • blackchaw

    November 15, 2011 at 9:56 am

    ကိုပေါက်ရေ။
    အဲဒီညက ကျွန်တော်တို့ ကင်မရာခြင်း လမင်းမှာ ဆုံခဲ့ကြတာပေါ့ဗျာ။
    ကျွန်တော်လည်းရိုက်ထားသေးတယ်။ ဖီလင်တူကြတာ ဝမ်းသာပါတယ်ဗျာ။

  • အတွေးတူသွားတာနေမှာ ကိုချောရေ။
    ကျနော်ဝင်ကြည့်ပြီးသွားပြီ ခင်ဗျားရိုက်ထားတာတွေ။

  • bluerose

    April 2, 2012 at 2:21 pm

    မအိပ်ပဲနဲ့မိုးအလင်းစောင့်ရိုက်နေတာလားဟင်လေးလေးပေါက်

  • cum min

    June 22, 2012 at 10:20 am

    အင်း..ဟုတ်တယ်..
    ကိုပေါက် နှလရှိပြီး…ဆိုမှ သတိရတယ်…..မမလို..
    ဘာလဲကိုပေါက်….အကြွေများလိုအိပ်မပျော်ဘူးထင် ပ

Leave a Reply