မျက်စေ့အောက်ရောက် မုဆိုး မှသားကောင်ဖြစ်သွားကြသူများ၏နောင်တ။
မျက်စေ့အောက်ရောက် မုဆိုးမှ သားကောင်ဖြစ်သွားကြသူများ၏နောင်တ။ ( စတုတ္ထပိုင်း )
(by ba Gyi )
ထောင်ဘူးဝမှ။စစ်ဆေးမှတ်တမ်းတင်ပြီးသောအခါတွင် ထောင်ဝါဒါနှစ်ယောက်ရှေ့ နောက်ညှပ်လျှက် မလွယ် ပေါက်ကလေးတစ်ခုကို ကျော်ဝင်လိုက်သည် နှင့် ဪ ဒါ အင်းစိန်ထောင် ထဲရောက်ပါပေါ့လားဟု စိတ် ထဲမှ ရေရွတ်မိပါတော့သည်။
အလွန်မြင့်မားသော လေးဘက်လေးတန်အုတ်တံတိုင်းကြီးတွေကာရံလို့၊ တစ်မျှော်တစ်ခေါ် ဝန်းခြံအကြီးကြီ းပါတကား၊ ထိုဝန်းခြံ အကြီးကြီးထဲတွင်- နှစ်ထပ်အဆောင်မြင့်ကြီး နှစ် ဆောင်၊ ခပ်ပြာ းပြား အမိုး နှင့်အ ဆောက် အဦးတစ်ခု၊ ဝန်း ခြံက လေး သီးသန့်ထပ်ခတ်လျှက် သစ်သားအိမ်ကလေးနှစ်လုံး တို့ ကို ဘေး ပတ် ပတ် လည်မှာ တွေ့ရ သည်၊ အဲသည်အဆောင်တွေနောက်ဘက်မှာ သွပ်ဆူးကြိုးတစ်ထပ် ထပ်ကာထားသော စိုက်ခင်းများတွေ့ရသည်၊ ထိုထောင်ဝင်းကြီးအလယ်ဗဟိုမှာတော့ သစ်ပင်များ၊ပန်းပင်များ ကိုစံနစ်တစ်ကျစိုက် ပျိုးထားပြီး၊ အုတ် ခဲ များ တစ်လုံးပေါ်တစ်လုံးစောင်းလျှက၊်ပတ်လည် ဝန်းရ ံစီထားသည့် ပတ်ဝန်း ကျင် တစ် ပြင်လုံးရှင်းလင်း သေသပ် လှသောမြင် ကွင်းပါပေ။ ကျနော်တို့ သုံးယောက်သည် ဝါဒါနှစ်ဦး ၏ ဦးဆောင် မှုဖြင့် အထက်ပါမြင်ကွင်းအားလုံးကိုကျော်ဖြတ်ကာလျှောက်ခဲ့ကြပြီး၊ ထိုထောင်ကြီးအတွင်း နောက်ထပ် အုတ် တံ တိုင်းဖြင့်ထပ် ကာရံထားသောဝင်းခြံက လေးရှိရာသို့ ဦးတည်လာခဲ့ရာ ထိုအုတ်တံတိုင်း ဝင်း က လေး ထဲ ဝင် လိုက် ကြသည်နှင့် ထိုဝင်းကလေး၏ သံတံခါးလည်း ပြန်ပိတ်သွားပါတော့သည်၊ ထိုဝင်းလေးထဲ တွင် တစ် ခုတည်း သောတိုက်တန်းလျှားလေးကိုတွေ့ရပါ၏ ၊ ထိုတိုက်အဆောင်ကလေးကို တော့ ထောင်ဒါဏ် တစ် သက် တစ် ကျွန်းများထားရာ ကျွန်းတိုက် ဟုခေါ်ပါသည် တဲ့။
ထိုတိုက်တွင်ရောက်နှင့်နေကြကုန်သော။ ကျနော် တို့၏လုပ်ဖေါ်ကိုင်ဘက်များ၊ သိသူ၊မသိသူ၊ ဘဝ တူများ အားလုံး အခန်းတွင် းသံတိုင် တံခါးများအနားသို့ သို့တိုးကပ် လာကြပြီး စိတ်မ ကောင်းစွာနှုတ် ဆက်ကြ ပါ သည်။ ဝင်လာလာခြင်း အခန်းမှ အန်ကယ်ကြီးတစ်ယောက် ဆို ကျောင်းသားတွေလားကွာဟုမေးရင်း တော် တော်စိတ်မ ကောင်း သောမျက်နှာဖြင့်ကြည့်လျှက်၊တောက် တစ်ချက်ခေါက်ကာ အံကြိတ် နေရှာပါတော့ သည်။
(ထိုပုဂ္ဂိုလ်သည်ကား နောက်ပိုင်းကျနော့ ကိုယ်တွေ့ဇတ်လမ်းတွင်အရေးပါလာမည့် မုဆိုး ဟောင်း ကြီး ဖြစ် ခဲ့သူပင်၊ မုဆိုးမှ တော်တော်ကြီးသော မုဆိုးကြီးပါပေ။ ) ။
သက်ဆိုင်ရာ တာဝန်ခံ ထောင် ဝါဒါ မှ လွတ်နေသောအခန်း တံခါးကိုဖွင့်ကာ ကျနော်တို့သုံး ယောက်စ လုံး ကိုထိုအခန်းတွင် နေရန်နေရာချပေးပါ၏၊ ပြီးနောက် မင်းတို့ရေမချိုးရတာ ဘယ်နှယ် ရက်ရှီပြီ လည်း ဟုမေး ကာ၊ရေချိုးခွင့်ပေးပါသည်၊ နေ့နေ့ညည ရေမချိုးရပဲအခန်းလုံထဲ ပိတ်လှောင် နေခဲ့ရသောကျနော်တို့ အဖို့ အ လွန်တန်ဘိုးရှိသောအခွင့်အရေးပါပေ၊ ခက်သည်က လဲစရာအဝတ်အပိုတစ်ယောက်မှာမှမပါ၊ မတတ်နိုင်ပါ၊ ဝတ်ထားသော ပုဆိုးအကျင်္ ီချွတ်၊အောက်ခံဘောင်းဘီတိုလေးနှင့် ရေချိုးကန်ရှီရာသို့ သုံး ယောက် သား ပြေး သွားပြီးကန်ဘောင်ပေါ်တွေ့သည့်၊ရေခွက်၊ဇလုံအဟောင်းလေးတွေကိုင်ကာအားရပါးရချိုးမည်အလုပ် ၊ ဟ ဟ နေကြအုန်း ဆိုကာ ၊ ကို ဝါဒါ ကြီးမှ မင်းတို့သည်မှာ ရေချိုးရင်စည်းကမ်းအတိုင်း ချိုးရမယ်၊ ကဲ ခွက်ကိုင် ဆိုပြီး၊ ရေချိုးနည်း သင်တန်း စပေးပါတော့၏ ။
သုံယောက်သားပြိုင်တူရေခပ်၊ရေလောင်းရသည်၊ ု ဝါဒါကြီးပါးစပ်မှ ခပ်၊လောင်း၊ ခပ် လောင်းဟု တိုင်ပင် ခေါ် ပေး သည်၊ ထို ခပ်- လောင်း သံကလေးသည် ၊နောင် အ သား ကျသွားတော့ ခပ်ပဲ ပါတော့ပြီး ခပ် ခေါ်ပြီး (ရေ လောင်း နေတုန်း) ခေတ္တအသံဖြတ်ကာ ခပ် ဟုပြန်ခေါ်ပေးသဖြင့်၊ ရေချိုးလျှင် ခပ်—- ခပ်— -ခပ် ဟုသာ အသံထွက်တော့၏ ၊တစ် ခပ် နှင့် တစ် ခပ် ကြားတွင် ရေကိုအလျှင်မှီအောင်လောင်းရပါသတည်း။ ပထမသုံးခွက် လောက်ဆက်တိုက်ရေလောင်းခွင့်ရပြီး ရပ်၊ ဆပ်ပြာ တိုက်ဟုအမိန့်ပေးလျှင် သူရို့ပေးထားသော ကာပေါ်လစ် ဆပ်ပြာဖြင့်တိုက် ရသည်၊ တစ်အောင့်ကြာမှာ ချေးတွန်းဟုအမိန့်ပေးလျှင် ချေးမြန်မြန်တွန်းရသည်၊ ပြီး ခွက်ကိုင် ခပ် ဟုတိုင်ပင်ပြန်စလျှင် တိုက်ထား၊တွန်းထားသောချေးတွေကို အကုန်စင် အောင်ဆေးနိုင် လျှင် ဆေး ၊မဆေးနိုင်လျှင်တော့၊ ချေးနှင့်ဆပ်ပြာရောသမမွှေကာ အင်းစိန် ဝဲ ကအတော်နာ မည်ကြီး သလောက် နှိပ်စက်ပါတော့မည်။
ကျနော်တော့ ထိုအထဲတွင် ဝဲမပေါက်ခဲ့ပါ ၊အစ မှ အဆုံး ရေဆယ်ခွက် လောက် သာ ချိုး ခွင့်ရမည်ထင်ပါသည်။ ကျန်သူတွေတော့ ဝဲ ပေါက်ကြသည်။ အဲ —-ရောက်ပြီး တစ်လလောက်ကျော်တော့ အ ခန်း ဖေါ်တစ်ဦးမှာ သန်းစ တွယ်တော့သည်၊ ထိုနောက် ကျနော့ မှာ ပါ တွယ်လာ သည် ၊ ယားလို့ ကြောကုန်း ကိုလက်ဖြင့်ကုတ်ရာမှ ကြောကုန်းအသားထဲမှ လိမ့်လူးကာ လက်သဲကြား ပါလါ သည်၊ ကြည့်လိုက်တော့ သန်း ကဖြူဆွတ်ပြီး ခေါင်းမှာတွေ့တတ်သော သန်းထက်အရွယ် အစားကြီး ပါ သည်၊ ထိုအကောင်ကို သန်းဂျီးမ ဟု ခေါ်ပါသတဲ့ ၊ မိဘများပြောပြခဲ့ဘူးသော၊ဂျပန်ခေတ် စစ်ပြေးကာလ သန်းဂျီးမကိုခုတော့ လက်တွေ့မျက်မြင် ရပါ ပြီ။ ထိုရေချိုးသင်တန်းစတက်သောနေ့က အောက်ခံဘောင်းဘီတိုကလေးနှင့်ကျနော့ ကိုကြည့်ရင်း ဝါဒါ ကြီးမှ စိတ် မကောင်းစွာပြောရှာသည်၊ အသေးလေး မင်းတော် တော်ခံခဲ့ ရတာပဲတဲ့ ကျနော့်တစ်ကိုယ်လုံးတွင် အညို အမဲ တို့ကစွဲ နေသည်မဟုတ်ပါလား၊ ရေချိုး၊ချေးတွန်းတော့ မှတော်တော်ခံရခက်ရပါတော့သည်၊ကျနော်တို့ ရေချိုး စဉ် လှမ်း ကြည့် နေကြသော၊ အခန်းအသီးသီးမှ ရဲဘော်များကလည်း၊ ကျနော့်ကိုကြည့်ကာ အားလုံး စိတ်မ ကောင်း ကြ ၊ ဝင်း အဝင်ဝအခန်းမှ အန်ကယ်ကြီး မှ – ဝါဒါမှတစ်ဆင့်၊ ကျနော့်အတွက် ပရုပ်ဆီဗူး နှင့် ညအေး လျှင်ဒါဏ်ရာမှ ကိုက်ခဲလိပ်မည်ဆိုကာ ခြုံထည်ကလေးတစ်ထည်ပေးခိုင်းပါသည်။
ရေချိုးပြီးအညောင်းပြေ(10) မိနစ်ခန့်ဝင်းခြံကလေးထဲလမ်းလျှောက်ခွင့်ရပါသည်၊အခန်းထဲပြန်တက်တော့ သံပန်းအခန်းတံခါးလည်းပြန်သော့ခတ်လိုက်ပါပြီ၊ အခန်း အကျယ် အဝန်းမှာ (8)ပေပတ်လည် လောက်ရှိ မည်ထင်ပါသည်၊ အလုံပိတိုက်ခန်းဆိုသော်လည်း၊စစ်ကြောရေးမှ ငရဲခန်းထက်တော့တော်သေးပါသည်၊ အခန်းရှေ့/ နောက် အပေါ် ခေါင်မိုးအနီးတွင် လေဝင်ပေါက် တစ်ပေါက်စီကို သံတိုင်များကာရံ ထားပြီး ဖေါက် ထား ပါ သည်၊လူအဝင်ဝသံတံခါးမှာလည်း လူတစ်ယောက်စာရှိသဖြင့် ပါတ်ဝန်းကျင် ကိုမြင် နိုင်ပြီး လေဝင်/ လေထွက် ရပါ သည်။ အခန်းအပေါ်တက်သောအုတ်လှေခါးသုံးထစ်ရှိရာ၊ အခန်း၏၊ သံတံခါးအပြင် ဘက် တွင် သောက်ရေ အိုးတစ်လုံး၊ အဖုံဖုံးထားကာ၊ ကော်ရေခွက်တစ်ခုထားပေးပါသည်၊အခန်းထဲမှာ တော့ သံမန်သလင်း ပေါ်ခင်းထားသော တစ်ယောက်အိပ်၊ ဝါးချော ဖျာအစုတ်က လေးတစ် ချပ် ရှိပါသည်၊ ထိုဖျာကလေးကို ကန့် လန့် ခင်းပြီး၊ကြောကုန်းအောက်မှအခံ ရလျှင်ပြီးရောအိပ်ရပါသည်၊တာရှည် သံမန်သလင်း အအေးဒါဏ်ကာကွယ်ဘို့ ထိုအခင်းစုတ်ကလေးသည် အလွန်အဖိုးတန်ပေစွ၊ ညအိပ်ပြီဆိုလျှင်ဆောင်း အအေးဒါဏ် နှင့်အတူ သံမန်သလင်း အအေးခံနိုင်ရန် ဖျာစုတ်ကလေးပေါ် သုံးယောက်သား ပုဆိုးကလေး တွေခြုံကွေးအိပ် ရသည်၊ တော်သေးပြီ၊ တိုက်အဝင်ဝအခန်းမှ အန်ကယ်ကြီးပေး သောစောင်ပါးက လေးရှိပေလို့၊ ထိုဆောင် ပါး ကလေးကို၊ ပုဆိုးခြုံ အပေါ်မှတစ်ထပ်ထပ်ကာသုံး ယောက် မျှခြုံရပါ သည်။ ထိုညကတော်တော်အိပ်မရ၊အိပ်ယာပြောင်းသည်က တစ်ကြောင်း၊ အညို၊အမဲဒါဏ်ရာများကြောင့်တစ်ကြောင်း၊အောက်ခံဖျာနှင့်ဒါဏ်ရာတွေထိမိလျှင်အလွန် ခံရ ခက်လှပါသည်၊ အန်ကယ်ကြီးပေးလိုက်သောပရုပ်ဆီဗူးကလေးနှင့် ကိုယ်ခန္တာကိုလိမ်း ရင်း ဝင် လေ၊ ထွက်လေကလေးမှတ်ကာ၊နာရီသံချောင်းခေါက်သံ နှစ်ချက်တီး လောက်တွင် တော့မှေး ကနဲအိပ်ပျော် သွားပါ တော့သည်။
လှုပ်လှုပ်ရှားရှားသံများကြောင့်နိုးလာတော့၊ နံက် ငါးနာရီလောက်ရှိမည်ထင်၊ဘေးခန်းမှပေးထားသောဆားဖြင့်၊ မတိုက် ရတာ ကြာပြီဖြစ် သောသွား ကို တိုက်ရသည်၊ မျက်နှာ သစ်ပြီးရေသေချာသပ်ချ၊လေသလပ်ခံကာခြောက်စေရတော့၏၊မျက်နှာသုတ်ပုဝါမှမရှိပဲလေ၊တစ်အောင့်ကြာတော့ ထောင်ဗူးဝမှ ( ပုံစံ )ဟုှ အော်သံကြားရပြီ၊ တင်ပလိန်ထိုင်၊ ခါးမတ်ကာ လက်ကိုဆန့်လျှက်ဒူးပေါ်တင်ထားပြီး၊ မိမိရှေ့ဘက်တည့်တည့်ကြည့်ကာထိုင်နေရသည်။ နောက်(45) မိနစ်လောက်ကြာတော့၊သက်ဆိုင်ရာထောင်မှူးနှင့် ဝါဒါ အရာ ရှိများ ရောက်လာရာ၊ စစ်ဆေး၊ သတင်းပို့ခြင်းများလုပ်ပြီးပြန်ထွက် သွားပါသည်၊ အနှီကိစသည် နေ့စဉ်ဆောင် ရွက်ရသော အလေ့ အထ တစ်ခုပင်ဖြစ်ပါသည်။ ထိုသို့စစ်ဆေးပြီး၊အဆောင်စုံကာ၊တန်းဖြုတ်ဟု ဗူးဝ မှအမိန့်ပေးသံကြားရတော့မှ အားလုံးပြန်အိပ်ချင်အိပ်၊ လှဲချင်လှည်း၊ ကိုယ်သဘောရှိခွင့်ရ ပါတော့၏ ။ တစ်ချို့ကတရားထိုင်၊တစ်ချို့ကအခန်းထဲတွင်ပင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကြ၊တစ်ချို့ကပြန်အိပ်ကြနှင့်၊ကျွန်တော်တို့သုံးယောက်ကတော့၊ထိုထောင်၏ ပထမဆုံး နံက်ခင်းကို ဗိုက်ဆာဆာနှင့် ရေသောက်ကာ ဗိုက်မှောက်ပြီးနောက် တစ်ချီပြန် အိပ်လိုက် ကြပါ သ တ ည်း။ နံက်(7း30)နာရီကျော်လောက်ရှိမည်ထင်သည်၊သံတံခါးများဖွင့်သံကြားပြီးအခန်းတွင်းမှထောင်သားများမြေအင်တုံ အပြားကလေးတွေကိုယ်စီကိုင်လို့ထွက်လာကြသည်၊ ပြီးတော့ အဆောင်အလယ်တွင်အခြားထောင်သားနှစ် ယောက်ထမ်းသယ်ပြီးချထားသော စဉ့်အိုးကြီးထဲသို့ ထိုအင်တုံပြားကလေးများ ၏အဖုံး ကိုဖွင့်ကာ သွန် ထည့် ကြ သည်၊ တစ်နေ့၊တစ်ညအောင်းထားသော၊ မစင် သွန်ချိန်ပေတည်း။
မစင်သွန်ပြီး၊ (10 ) မိနစ်လမ်းလျှောက်ခွင့်ရကြသည်၊ အချင်းချင်းစကားပြောခွင့်ရကြပါသည်၊ နက်(10)နာရီ ကျော် လောက်တွင် ထမင်းဝေပါသည်၊ တစ်ယောက်လျှင်ပုံစံခွက် ဒန် ပုဂံ တစ်ချပ်စီ တွင်၊ ထမင်း ထည့် ပေးပြီး၊ (နံက်ပိုင်း)အတွက်၊ကုလားပဲဟင်းအရေကျဲးဆမ်းပေးပြီး၊ ငါးပိကျော် လက်တစ်ဆုပ်စီပေးပါသည်။ ညနေ အတွက် တော့ ထမင်းပုဂံထဲ သို့ နာမည်ကြီး အင်းစိန် တာလပေါ ခပ်ကျဲကျဲ ကို ငါးပိတစ်ဆုပ်ထည့် ပေး ပါသည်၊ (တာလ ပေါနာမည်ကြီးပုံပြောရအုန်းမည်၊) ပွက်ပွက်ဆူရေထဲသို့၊ (ဟင်းနုနွယ်ပင်များ ရေထဲနှစ် ဆယ်ပြီး၊ ဓါးဖြင့်နွား စာ စဉ်းသလိုစဉ်းကာ ပစ်ပစ်ထည့်ပြီး၊ဆားထည့်ကာမွှေထားသော တာလပေါပါပေ၊တစ်ခါတစ်လေ၊ပိုးလောက၊် အ သေ ကောင်ပြုတ်ကလေးတွေပင်ပါလာတတ်သည်၊) မတတ်သာ ကျွေးသမျှကို ဗိုက်ဝအောင် တော့ စား ရမည်၊ အသက်ရှင် လျှက်ပြန်ထွက် ဘို့လိုသည် မဟုတ်ပါ လော၊ နောက် ပိုင်းမှာတော့၊ နံက်ပဲဟင်းဝေချိန်တွင်-ပဲဖတ်ကိုများများ တောင်းကာ၊တစ်ဝက်စားပြီးကျန်တစ်ဝက်ကို၊အရေစင်အောင်ညှစ်၊ပြင်ပတာဝန်ကျ သာတီးဒီ (ခေါ်)အိမ်ယာမဲ့ အ မှောင် ရိပ်ခိုဖမ်းခံရသူများ(ဝါ) နိုင်ငံရေးမှုကြီးသမားများ အတွက်ကူ ဖေါ်လောင် ဘက်လုပ် ပေး ရ သူ မှတစ်ဆင့် နေလှန်းကာ အခြောက်ခံ ထားရပြီး၊ ညနေဆို ကျွတ်ရွသော ပဲခြောက်နေလှမ်းကလေးအဖြစ် ထမင်းမြိန်စေပါတော့သည်။တစ်ပတ်လောက်ရှိတော့၊ရှေ့ကရောက်နှင့်သော အခန်းများမှ ထောင်ဝင်စာရကြ သဖြင့် ထိုသူတို့မှမျှဝေပေးသောဟင်းအမယ်ကလေးများနှင့်တော်တော်အရသာရှိလှပါပေသည်။
ကျနော်တို့ သုံးယောက်ကတော့ ထိုအထဲရောက်ပြီး(3)လလောက်အထိ ဘာထောင်ဝင်စာမှမရပဲ၊ အိမ်နှင့်အဆက်ဖြတ် ထားခံရပါသတည်း။
ထိုထဲနေစဉ် အဆိုးဆုံးအရာမှာ အခန်းထဲနေသူတစ်ဦး မှ မစင် စွန့်ချင်ပြီဆိုလျှင်၊အခန်းပတ်ခြာလည် ပြေးစရာမရှိ တစ်ဦး၏ အနံ့အားကျန်သူများ ကျိတ်မှိတ်ကာ အသက်ရှုဝ အောင်မနဲ ရှုရှီုက်ရပါသည်၊ တစ်နေ့ ဗိုက်စာစာနှင့်ထ မင်း စားကြစဉ်၊၊တစ်ယောက်သောသူမှ ဗိုက်နာသည်ဆိုကာ အိမ်သာတက်ပါတော့၏၊ ကိုင်း ကောင်းကြ ရော နှာ ခေါင်း မှဇွတ် တိုးဝင်သော အီးနံ့ နှင့် ဆာလောင်နေသောဝမ်းဗိုက်တို့အားပြိုင်ရပြီ၊ မတတ်သာ နောက်တော့ ကျိတ်မှိတ် ကာ ထမင်းကိုမြိုချရပါတော့၏။ ကြာတော့သည်လည်း ထိုအနံ့ကိုကျနော်တို့ ယဉ်ပါးစွာ လက်ခံနိုင်ရ ပါတော့သည်။
(ဇတ်သိမ်းခန်းကိုဆက်ပါအုန်းမည်။)
11 comments
inz@ghi
November 15, 2011 at 10:13 am
စိတ်မကောင်းစွာဖြင့် ဖတ်ရှုအားပေးသွားပါသည် ဘကြီးခဗျား
ပေါက်ဖော်
November 15, 2011 at 10:48 am
ဖတ်ရတာ စိတ်မချမ်းသာလိုက်တာ..ဗျာ
တောက်ခေါက်ယုံမှလွဲပြီး..ဘာမှမတတ်နိုင်ခဲ့ပါဘူး ဘကြီးရာ..
😮
nozomi
November 15, 2011 at 11:15 am
အရင်ပို့စ် တွေလိုပဲ ခေါင်းစဉ် နောက်မှာ စတုတ္ထလို့ ထည့်ပေးရင် ပိုအဆင်ပြေမယ်ထင်တယ် ၊ အခု အတိုင်းကျ အပိုင်း ၁ နဲ့ ၄ က တူနေသလို ဖြစ်နေလို့ပါ
အတွေ့အကြုံတွေက ဆက်ရေးရင် တော်တော်များဦးမယ်ထင်ပါတယ် ၊ မုဆိုးကြီး အကြောင်းလဲ ပြောပြဦးမယ်ဆိုတော့ ( ဖြစ်နိုင်ရင်) ဇာတ်မသိမ်းသေးပဲ နောက်ဆက်တွဲတွေ လုပ်ပါဦး ဆင်ခြင်၊ စဉ်းစား စရာတွေ အများကြီး ရလို့ပါ
ba gyi
November 15, 2011 at 11:44 am
ကျေးဇူးတင်ပါသည် nozomia,inz@ghi နဲ့ ကိုပေါက်ဖေါ်ကြီးတို့ရေ၊ ထောင်တွင်း အသက် လုရတာ တွေ၊ အသက်ပေးသွားသူတွေ၊မိသားစုဘဝပျက်ခဲ့ရသူတွေ၊လွမ်းစရာ၊သောစရာ၊မောစရာတွေကတော့-
အများ ကြီးပါဗျား၊ဖတ်သူတွေအတွက်အားနာလို့ (အတိုချုံးပြီး)မကြာခင် ဇတ်သိမ်းဘို့ဆိုရည်ရွယ် တာပါ၊အား ပေးကြရင်တော့၊ကျနော်တွေ့ကြုံခဲ့သမျှကိုစုံအောင်မျှဝေပါမည် ခင်ဗျား။အားလုံကိုလေးစားကျေးဇူးတင်လျှက်။
ကြောင်ကြီး
November 15, 2011 at 11:48 am
နေ..နေပါအုံး ဘကြီးရဲ့…. အခုမှ စကာရှိသေး ဇာတ်သိမ်းတော့မလို့လား။ အလွန်တန်ဖိုးရှိတဲ့ စာမျာဖြစ်ပါတယ်။ ရသရော သုတပါ ထင်ရှားစွာ ဖော်ပြနိုင်တဲ့စာပါ။ တကယ်လို့ လက်ရှိအကြောင်းကို အခန်းဆက်ဖြတ်တော့မယ်ဆိုလည်း နောက်ခေါင်းစဉ်တခု အကြောင်းအရာတခုကို အခုလည်ပဲ တင်ဆက်ပေးပါအုံး။ ကိုယ့်အကြောင်း၊ သူများအကြောင်း၊ ထောင်အကြောင်း၊ နိုင်ငံရေးအကြောင်း.. အစုံပေါ့။ ဘကြီးရေနိုင်မယ်ဆို ဂေဇက်သက်တမ်းတလျောက် မရိုးနိုင်အောင် ရေးနိုင်မှာပါ။။။
ဂုဏ်ယူလေးစားစွာဖြင့်
ကြောင်ကြီး
blackchaw
November 15, 2011 at 12:32 pm
ဘကြီးရေ။
လေးစားပါတယ်ဗျာ။
ဘကြီးတို့ရဲ့ အတွေ့အကြုံတွေကို
ရုပ်ရှင်တောင် ရိုက်သင့်တယ်လို့ ထင်ပါတယ်။ ကိုကြောင်ကြီးပြောသလိုပဲ
အတွေ့အကြုံတွေကို ထပ်ရေးဘို့ တောင်းဆိုပါတယ်ဗျာ။
ဆူး
November 15, 2011 at 12:51 pm
ဖတ်ရတာ စိတ်မကောင်းဖြစ်လိုက်တာ.. ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဆက်လက်စောင့်ဖတ်နေပါတယ်။
Shwe Ei
November 15, 2011 at 1:04 pm
အကျဉ်းစခန်းဆိုပြီး ဖြစ်သလိုလုပ်ပေးထားပုံကလည်းဆိုးလိုက်တာ။ လူအချင်းချင်းတောင် လူလိုမမြင်ကြတော့သလိုဘဲ။
MaMa
November 15, 2011 at 4:40 pm
နော်ဝေကထောင်နဲ့များ ကွာလိုက်တာနော်။ 😥
နောက်တာပါ စိတ်နည်းနည်းများ ပေ့ါပါးသွားမလားလို့ … :S
windtalker
November 15, 2011 at 9:01 pm
ဘကြီး ရေ
အနော့် အဘ ကလည်း ၊ မော်စကို ထဲမှာ
ယုံကြည်ချက်နဲ ့ပေါ့ဗျာ
သူများတွေ လွတ်လဲ သူ ့ခဗျာ လွတ်ဖို ့ကမ်းမမြင်ရရှာပါဘူး ဗျာ
လက်နက်ကိုင်ဆောင်မှု ဆိုတာ ကျန်သေးတယ်တဲ့
Diamond Key
November 16, 2011 at 10:26 am
ဘကြီးရဲ့ခေါင်းစဉ်ကြည့်ပြီး သူတို့ ဇတ်သိမ်း စောင့်ဖတ်ကြည့်နေပါတယ်။
ကျွန်တော်ကတော့ ဒီလိုလူတွေ ရဲ့နိဂုံးတွေထဲက တစ်ခုတစ်လေတော့ မြင်ဖူးနေတော့ ဒီဝဋ်တွေက ဒီဘဝမှာတင် လည်မယ့်သူတွေပါ။