Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းကလေးတိုင်း လုံခြုံစွာလှနိုင်ကြပါစေ

Moe ZNovember 15, 20111min83335

ဒီတစ်ခါလည်း အလုပ်ကိစ္စနဲ့ မန္တလေးရောက်ရပြန်ပါပြီ၊ ၂၀၁၁ ထဲမှာ ၄ ခေါက်မြောက်။ ဘော့စ်ကမန္တလေးကရုံးကို ပြောင်းချင်လားလို့တောင်မေးနေပြီ။ ဘော့စ် ၂ယောက်ကို ဟော်တယ်ပို့ပေးပြီး မိုးစက်ကတော့ ဦးလေးတော်ရဲ့အိမ်ကိုပြေးပါသည် (လူကြီးတွေအနားနေရင် အသက်ရှုကြပ်တတ်တယ်)။ အလုပ်ကိစ္စနည်းနည်းရှင်းတာနဲ့ မန္တလေးကသူငယ်ချင်းတွေနဲ့ လျှောက်သွားတာပေါ့။ မန္တလေးရောက်တိုင်း ဆိုင်ကယ်စီးသင်ထားလို့ လမ်းရှင်းရင် ကိုယ်တိုင်မောင်းတတ်နေပြီ။ အခုလည်းမန္တလေးတောင်ကပြန်လာတော့မနက် ရနာရီပဲရှိသေးတော့ ကျုံးဘေးလမ်းကလူရှင်းနေပါတယ်။ ရုံးပိတ်ရက်မို့လို့လည်းဖြစ်မယ်ထင်တယ်။ ဒါနဲ့သူငယ်ချင်းကိုအနောက်မှာထိုင်ခိုင်းပြီး ဆိုင်ကယ်ကို မိုးစက်ကိုယ်တိုင်မောင်းလာပါတယ်။ မန္တလေးသူတွေဒေါက်ဖိနပ်အချွန်တွေနဲ့ ဆိုင်ကယ်စီးကြတာအားကျပြီး ဖိနပ်ကိုလည်းမလဲခဲ့ပါဘူး ၃လက်မ ပွိုင့်ဒေါက်နဲ့။

ဆီဒိုးနားဟော်တယ်ထောင့်ကမီးပွိုင့်ရောက်တော့ မန္တလေးစကားနဲ့ပြောရင် အနောက်ဘက်ကိုဆင်းလိုက်တယ်ပေါ့ (မန္တလေးမှာလမ်းမေးရင် အရပ်မျက်နှာနဲ့ညွှန်းကြလို့ အစပိုင်းကတော်တော် ဒုက္ခရောက်တယ် နေမထွက်တဲ့နေ့ဆို ပိုဆိုးတယ်)။ ၂၆လမ်းအတိုင်းသွားရင်း မိုးစက်တို့ရဲ့ရှေ့ခပ်လှမ်းလှမ်းမှာ စက်ဘီးနဲ့ကောင်မလေး ၂ယောက်ဒုက္ခရောက်နေကြတယ်။ ဖြစ်ပုံက အနောက်ကထိုင်လိုက်တဲ့ကောင်မလေးက စကပ်အရှည်ဖားဖားကြီးဝတ်ထားတယ် ချမ်းချမ်းစကပ်ဆိုလား၊ အဲဒီစကပ်က လည်နေတဲ့စက်ဘီးနောက်ဘီးထဲဝင်ပြီး လျှောကျတာ အဝေးကကြည့်ရင်တောင်တော်တော်အခြေအနေဆိုးတယ်။ စကပ်က သားရေကြိုးခါးပတ်ဆိုတော့ ဝတ်ရချွတ်ရလွယ်တယ်လေ။ မိုးစက်တို့မြင်လိုက်တော့ လျှောကျတာပေါင်တစ်ဝက်လောက်ရောက်နေပြီ။ နှစ်ယောက်လုံးကြိုးစားပြီးဆွဲထုတ်နေကြပေမယ့် စက်ဘီးခွေထဲမှာတော်တော်ဝင်နေပုံရတယ်။ ဖြတ်သွားဖြတ်လာတွေကလည်း ကြည့်သွားကြတယ် ပြုံးပြီးတော့။ ကောင်မလေးကတော့ တော်တော်ရှက်ရှာမှာ။ မိုးစက်လည်းကူညီမယ်ဆိုပြီး (အနည်းဆုံးတော့ သူ့ကိုကာပေးနိုင်မယ်ပေါ့) လီဗာကိုလျှော့ပြီး အနားရောက်တော့ ဆိုင်ကယ်ကိုဘရိတ်နင်းတာ ဖိနပ်ဒေါက်ကချော်ပြီး ခြေနင်းမှာချိတ်မိသွားတယ်။ ဆိုင်ကယ်စီးတာမကျွမ်းတော့ လက်ကိုင်လည်းနည်းနည်းယိုင်သွားတာပေ့ါ၊ အဲဒီမှာယောင်ပြီးလီဗာကိုစွတ်တင်မိတာ သူတို့နားရောက်မှ ဆိုင်ကယ်ကအရှိန်နဲ့ ဆောင့်ထွက်သွားပါလေရော။ လမ်းရှင်းလို့တော်သေးတယ် ဘယ်သူ့မှမတိုက်မိဘူး။ သတိဝင်ပြီးပြန်ထိန်းလိုက်တော့ ၇၈ လမ်းမီးပွိုင့်ရောက်နေပြီ။ ပြန်လှည့်ဖို့လည်းအဆင်မပြေတော့ မကူညီနိုင်ခဲ့ဘူး။

မိန်းကလေးတိုင်းလှကြပါတယ်၊ တစ်ယောက်တစ်မျိုးစီပေါ့။ အခုခေတ်မှာ လူတိုင်းနီးပါးဖက်ရှင်ကို စိတ်ဝင်စားလာကြပါတယ်။ ကိုရီးယားဖက်ရှင်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ လူငယ်ထုကြားထဲ ထိုးဖောက်နေရာယူထားပါတယ်။ အားလုံးဖက်ရှင်ကျကျလှနေကြတာတော့ ကောင်းပါတယ် ဒါပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေအောင်ဝတ်သင့်ပါတယ်။ စက်ဘီး၊ ဆိုင်ကယ်ကို အဓိကအသုံးပြုတဲ့မြို့တွေမှာ အဲဒီလိုလေတိုက်တိုင်းလွင့်နေတဲ့ဂါဝန်၊ စကပ်ကားကားကြီးတွေ မဝတ်သင့်ပါဘူး။ တကယ်လို့သာ စက်ဘီးမဟုတ်ပဲ ဆိုင်ကယ်ဆိုရင် အဲဒီကောင်မလေးဒီ့ထက်ပိုဆိုးမယ်လို့ထင်ပါတယ်။ ရန်ကုန်မှာလည်း လိုင်းကားစီးရင် မီနီစကပ်တိုကျပ်ကျပ်တွေနဲ့ မိန်းကလေးတွေ ကားပေါ်အတက်အဆင်းကို အတော်လေးဂရုစိုက်ပြီး တက်ဆင်းရတာတွေ့မိတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာနေကြတယ်လို့ပဲ မြင်မိပါတယ်။ ကိုယ်တိုင်လည်း နောက်ကို pencil heel နဲ့ ဆိုင်ကယ်မစီးရဲတော့ဘူး  🙁

35 comments

  • small cat

    November 15, 2011 at 9:54 am

    မိုးဇက်တစ်ယောက်
    ကြောင်လေးတို့ငယ်ငယ်ကပြောသလို
    သူများအကျိုးဆောင် ကိုယ့်ပုဆိုပြောင်အဖြစ်ကိုရောက်တော့မလို့ ကံကောင်းတယ်။

  • ကြောင်ကြီး

    November 15, 2011 at 9:55 am

    ကြောင်ကြီးရဲ့ မိုးစက်လေး ပြောတာမှန်၏။ မိန်းခလေးများ ထမီ၊ စကပ် ဘောင်းဘီ အပွ အရှည် အထူ၊ မတိုမရှည် မထူမပါး စကောစကများ လုံးဝမဝတ်ကြပါနဲ့။
    ပေါင်လယ်စကပ်၊ ဘောင်းဘီ အကျပ် အတို အပါး တွေဝတ်တာလည်း မကောင်းဘူး၊ ဒါပေမဲ့ အဲဒါတွေမှ မဝတ်ရင် ဘာဝတ်ဖို့ရှိတော့မလဲနော်။ အတွင်းခံနဲ့ နေလို့လည်းမဖြစ်တော့။ (ဖြစ်လာပါစေ :mrgreen )

    • Moe Z

      November 15, 2011 at 11:15 am

      ဦးကြောင်က ခေတ်နောက်ပြန်ဆွဲချင်လို့လား
      ကျောက်ခေတ်ထိလေ 😀

  • inz@ghi

    November 15, 2011 at 9:58 am

    တီတီကရဲ …တားတားတို့ ဗဟုသုတဖစ်အောင်
    ဘာရို့ ဒါ့ပုံရိုက်မလာတာရဲရို့

  • ပေါက်ဖော်

    November 15, 2011 at 10:07 am

    မိမိုးဇက်
    ငယ်ငယ်က ဘားခိုပါဆို…မခိုဘူး..ခုတော့ အရပ်ပုပြီး..ဒေါက် စီနေရပြီမလား.. 😆

    တော်တော်နောက်တဲ့..မိုးဇက်..
    ဆိုင်ကယ်က အနားရောက်မှ.ဝူးခနဲ ထွက်သွားတယ်ဆိုတော့
    သူများကျွတ်နေပါဒယ်ဆို..သွားနောက်သလိုဖြစ်နေတယ်….လူဇိုး..

    အင်းလေ..
    ဇက်ကလေး..မကျွတ်ရင် ပြီးတာပါပဲ..ဇက်ကလေးကျွတ်ရင်..ကြည့်ရဲဝူး..ကြည့်ရဲဝူး..

    😆

    • Moe Z

      November 15, 2011 at 12:47 pm

      စိတ်မပူနဲ့ အဲဒီလိုကိစ္စမျိုးလုံးဝမရှိဘူး 🙂

    • ကိုရင်စည်သူ

      November 15, 2011 at 2:08 pm

      ဇက်လေး..
      မန်းဒလေးမှာ လုံလုံခြုံခြုံဝတ်နော်..
      ဘောင်းဘီအရှည်.. အကုန်လုံးရှည်ရှည်တွေချည်းပဲ
      ဝတ်နော်.. စိုးမိတယ်.. စိုးရိမ်မိဒယ်.. 😳 😳
      ပေါက်ပေဂီ့နဲ့ ကြောင်အုပ်စုတို့က
      လွယ်တာမဟုတ်ဘူး… ခုတောင်
      ကိုယ်သင်ပေးထားတဲ့ အကြားအမြင်ပညာတွေနဲ့..
      ပေါက်ဖော်တစ်ယောက် ဇက်ကလေးကို..
      အာရုံယူနေတယ်ဆိုလားပဲ… တိနေဒယ်.. တိနေဒယ်.. :mrgreen: :mrgreen: :mrgreen:
      (ခင်လို့ လိုက်နောက်နေတာ စိတ်မဆိုးနဲ့နော့..)

      • inz@ghi

        November 15, 2011 at 2:12 pm

        ဘယ့်နှယ့် ဂီ ကပါလာတာတုန်း
        တူ မန့်သ်လေး တားက အရှေ့ကျွန်း
        ချားဇီပဲဟာ …

  • Shwe Ei

    November 15, 2011 at 12:34 pm

    ကျမတော့ နယ်မှာကျောင်းတက်တုန်းက ထမီ ခြေဖျားရိုက်နဲ့ ကောင်မလေးတွေ ဆိုက်ကယ် ၃ယောက်ထပ်စီးကြတာ ဘီးကြားထမီညပ်ပီး ကွင်းလုံးကျွတ်တဲ့ အဆင့်ရောက်သွားတာကြုံဘူးတယ်။ ဘေးနားက အမျိုးသားတွေက ဝတ်ထားတဲ့ ပုဆိုးတွေ အကျင်္ ီတွေ ချွတ်အုပ်ပေးလိုက်မှ အဆင်ပြေသွားတယ်။

    • inz@ghi

      November 15, 2011 at 12:40 pm

      အဟိ. ….အဲ့ရာ ဘယ်နားကကျောင်းလဲဟင် ….
      တားတား ပုဆုံးလေးပိုက်ပီး တွားစောင့်ပေးချင်ရို့ပါ…
      စေဒနာဒွေ….စေဒနာဒွေ…

      • Shwe Ei

        November 15, 2011 at 2:50 pm

        ကဇာတယောက် တကယ်ဖြစ်နေတုန်းသာရှိနေရင် ထိန်းလို့တောင်ရပမလား။ စေနာဒွေ လွန်ပီး ရှိသမျှအကုန်ချွတ်ပေးနေမှအခက်။

    • Moe Z

      November 15, 2011 at 12:52 pm

      ရိုက်ချက်ပြင်းတဲ့ရွာသားတွေနဲ့ မတွေ့တာကံကောင်းတယ်
      အထူးသဖြင့် ဟို အင်ဂျီးဆိုလား
      အရှေ့ကျွန်းကလေ 😀

      • inz@ghi

        November 15, 2011 at 12:54 pm

        အင်ကြီး ရိုက်ထားတယ် .. ..ဆန်းဒေးတုန်းက ….
        မော်ဒလယ် ရီလိစ့် ရရင်ပြမယ် …ခစ်ခစ်….

        ၁ယောက်ထဲတောင်ဟုတ်ဝူး ..အပြွတ်လိုက် ရိုက်လာတာ …တိရား…
        (အရသာရှိထှာ )

        • ကိုရင်စည်သူ

          November 15, 2011 at 2:12 pm

          အင်ကြီးရေ.. အပြွတ်လိုက် ရိုက်ထားတာဆို
          မြန်မြန်တင်ဗျို့.. ဒီက အပြွတ်လိုက်ဆို
          သိပ်ကြိုက်တာ..
          အသီးအနှံစားတာတောင် အပြွတ်လိုက်ပါတဲ့
          စပျစ်သီး၊ ပိန်းနဲ့သီး၊ ငှက်ပျောသီးမှ
          ကိုရင်က ဘုဉ်းပေးတာကွဲ့… ငွဲငွဲ… 😀 😀 😀 😀

  • ဆူး

    November 15, 2011 at 1:18 pm

    တော်သေးတယ် ဆိုင်ကယ်မမှောက်လို့.. စကတ်ညှပ်တာ တို့ ဘာတို့ အခုမှပဲ ကြားဖူးတယ်။ ဆိုင်ကယ် မစီးဖူးတော့ ဒါတွေလည်း မသိဘူး။

    • Moe Z

      November 15, 2011 at 1:30 pm

      ဖြစ်တတ်တယ် မမဆူးရဲ့
      ငယ်ငယ်ကနယ်မှာပဲ ဒူးခေါင်းလောက်ဆံပင်အရှည်ကြီးနဲ့
      မမကြီးတစ်ယောက် ဆိုင်ကယ်နော်ကဘီးထဲကို
      ဆံပင်ဝင်သွားတာ တစ်ခါတည်းရုပ်ပါပျက်သွားတယ်
      ပလပ်စတစ်ဆာဂျရီလုပ်ရင်တောင် နဂိုရုပ်ပြန်ရပါ့မလားမသိဘူး

  • water-melon

    November 15, 2011 at 1:20 pm

    လှချင်လုို့ပါဆို။ တော်သေးတယ် ပေါင်ရင်းထိမို့။ နို့မိုဆို ဂလု။

  • အီးတီ

    November 15, 2011 at 1:53 pm

    မမိုးဇက်ဘာမှမဖြစ်လို ့တော်သေးတာပေါ့။ ကျွန်တော်လည်းတစ်ခါဖြစ်ဖူးတယ်..ဟိုပင်ကရေပူစမ်းကိုသွားတုန်း
    က။ အဲဒီတုန်းက ဆိုင်ကယ်စီးတတ်ခါစရှိသေးတယ်။ ရေပူစမ်းသွားတဲ့လမ်းမှာ ချောင်းလေးတွေဖြတ်သွားရ
    တယ်။ ရေနက်၊ မနက် ရှေ့ကလူက ဆင်းပြီးစမ်းရတယ်။ ရေက ၂ပေ လောက်ပဲနက်တော့ သူငယ်ချင်းတွေက
    ရှေ့ကနေ ဆိုင်ကယ်တွေကို တဗျင်းဗျင်းနဲ ့ဖြတ်သွားတာ ကျွန်တော်လည်းအားကျပြီး သူတို ့လိုအသံပေးမယ်
    ဆိုပြီး လီဗာကိုဟန်ပါပါနဲ ့ကောက်လှည့်လိုက်တာ ဖြစ်ချင်တော့ ဂီယာဖြုတ်မထားမိဘူး။ အဲဒါနဲ ့ဆိုင်ကယ်
    ရောလူပါ ချောင်းထဲကို ဗွမ်းကနဲပဲ။ 😀 တော်သေးတယ် ဆိုင်ကယ်က ကျွန်တော့်ပေါ်ပိမနေလို ့။ ကျွန်တော်
    လည်း လူးလဲထပြီး ဘာလုပ်တယ်မှတ်လည်း ဆိုင်ကယ်ကိုမထူပဲ စီးထားတဲ့ schollလေး ရေထဲမျောသွားလို ့
    လိုက်ဆယ်ရတာအမော 😀 ဆိုင်ကယ်ကတော့ ရေတွေဝင်သွားလို ့ ၁နာရီလောက်ပြင်လိုက်ရတယ်။ သူငယ်
    ချင်းတွေက ဆဲတာမိုးကိုမွှန်နေတာပဲ။ ဆိုင်ကယ်အရင်မဆယ်ပဲ ဖိနပ်လိုက်ဆယ်လို ့တဲ့။ 🙂

    • Moe Z

      November 15, 2011 at 1:58 pm

      ဒါဆိုမှန်းကြည့်မယ်
      ဆိုင်ကယ်က ကိုဂြိုဟ်သားရဲ့ကိုယ်ပိုင်မဟုတ်လောက်ဘူး 🙂

      • အီးတီ

        November 15, 2011 at 2:27 pm

        ဟိုပင်က သူငယ်ချင်းတွေဆိုင်ကယ်ပါ။ ဆိုင်ကယ်ကမျောမသွားဘူးလေ အမရဲ ့။
        ဖိနပ်ကသာမျောသွားတာ 🙂 ဆိုင်ကယ်ကို အဲဒီတစ်ခါပဲ ကောင်းကောင်းစီးဖူးတယ်။
        အဲဒီနောက်ပိုင်း တစ်ခါမှ မစီးဖြစ်သေးဘူး။ လောလောဆယ်တော့ စက်ဘီးပဲ စီးတယ် 🙂

  • inz@ghi

    November 15, 2011 at 1:57 pm

    ကြည့်ကြက်လုပ်ပါဆြာတို့ ….
    လုံလွန်းတော့လည်း စိတ်ကျေနပ်စရာ မကောင်း
    မလုံပြန်တော့လည်း ရင်တုန်ရ ….
    မီကိုပဲကောင်းတယ် ….
    အဲ့လေ
    မလုံ့တလုံလေးပဲကောင်းတယ်..:D

  • windtalker

    November 15, 2011 at 8:56 pm

    မိုးလေး ရယ်
    ဖိုရမ်ထဲက ပါးပိတ်ရိုက်မက်ဆေ့ (အဲလေ) ပရိုက်ဗိတ် မက်ဆေ့ လေး ဖတ်ကြည့်ပါဦးကွယ်
    မန်းတလေးက စုံထောက်ကြီးဦးလန်ဘား ခဗျာ အမြဲမက်ဆေ့ မျှော်နေရတာ မောနေရှာဘီတဲ့

  • Shanma TUmdy

    November 15, 2011 at 9:22 pm

    ဟုတ်ပါ့..သူ့နေရာလေးနဲ့သူတော့ဝတ်သင့်တာပေါ့..သွားမယ့်ခရီးကြည့်ဦးမှပေါ့. ကိုယ်သွားတာက စက်ဘီးနဲ့ ..ဝတ်တာက .. ဂါဝန်ဖားဖားကြီးဆိုတော့လည်း..

  • chitpyae

    November 16, 2011 at 7:47 am

    အင်း စကဒ် တွေ ဂါဝန်တွေလည်း ညပ်တတ်သလို ဆံပင်လည်း ညပ်တတ်တယ်။
    ချစ် မေမေ ရဲ့ အဒေါ် တုန်းက ဆံပင် အရှည်ကြီး စက်ဘီး ထဲညပ်သွားတာ တခါတည်း တိုတိုလေးကို ညပ်ပစ်လိုက်ရတယ် … ဘယ်လောက်နာမလဲ နော် .. 🙁

  • etone

    November 16, 2011 at 9:12 am

    မိုးဇက်ရေ ခေတ်လူငယ်တွေ အတူယူလွဲနေကြတယ်နော် … အထူးသဖြင့် ဖက်ရှင်နဲ့ပတ်သတ်လို့ မီဒီယာတွေကနေ ယိုစီးလာတဲ့ အတုခိုးမှုတွေကြောင့် မပေါ်တပေါ်ဝတ်တာတွေ ၊ တိုကပ်နေအောင်ဝတ်တာတွေ ၊ ဖိုယို့ဖားရားတွေ လိုက်ဝတ်လာကြတယ် … အထူးသဖြင့် လူငယ်တန်း အရွယ်တွေမှာ အဖြစ်များပါတယ် … ။ ဒါမှလည်း ဒီဇိုင်းမိုက်တယ် ၊ဖက်ရှင်ကျတယ် ၊ ခေတ်ဆန်တယ်လို့ ထင်ကြတယ် … ဒါက မှန်သင့်သလောက်မမှန်ပါဘူး ။ ခေတ်ဆန်တိုင်း ဖက်ရှင်ကျတာတော့ မဟုတ်ဘူးလို့ ကျွန်မလက်ခံထားလို့ပါပဲ … ။ ခေတ်မဆန် ၊ မပေါ်တပေါ်တွေ မဝတ်လည်း ဖက်ရှင်ကျကျ စတိုင်ကျဖို့ ဖြစ်နိုင်ပါတယ် ။ အခုနောက်ပိုင်း မြန်မာ့ ချည်ထည် ၊ပိုးထည်လေးတွေကို တမြတ်တနိုးဝတ်ဆင်လာကြတာတွေ့ရတယ် …မြင်ရတာ သပ်သပ်ရပ်ရပ်နဲ့စတိုင်ကျတာပဲ … ။
    ဟိုးတလောက ဒီဇိုင်နာတွေပေါင်းလုပ်တဲ့ မြန်မာဝတ်စုံဖက်ရှင်လိုမျိုးတွေ များများလုပ်ပေးသင့်တာ … ဒါမှလုံလုံခြုံခြုံ စတိုင်ကျကျ လှပနိုင်ကြမှာပေါ့လေ … ။
    ကိုယ့်အယူဆနဲ့ကိုယ်ပါ …. တိုတာမှ ကြိုက်တယ် ၊ ဟိုက်တာမှ မိုက်တယ် ၊ ပွပွချောင်ချောင်မှ လန်းတယ် ဝတ်ချင်တာဝတ်မယ်ဆိုသူတွေကိုတော့ …… ကိုယ့်သဘောနဲ့ကိုယ် ၊ ဘာမှ မဝတ်လည်း don’t care ပါပဲလို့ ပြောဖို့ ရှိတော့တယ် ။ 🙂

  • Moe Z

    November 16, 2011 at 9:34 am

    မမetone ရေ
    မိုးစက်လည်းဖက်ရှင်ကိုစိတ်ဝင်စားပါတယ်
    လူတိုင်းကိုလည်း သပ်သပ်ရပ်ရပ် လှလှပပလေးမြင်ရရင် စိတ်ချမ်းသာတယ်
    အဝတ်အစားကို သူ့နေရာနဲ့သူဝတ်တတ်ဖို့တော့လိုတာပေါ့
    မိုးစက်ကတော့ အလုပ်နဲ့ပတ်သက်တဲ့ပွဲတိုင်းမှာ မြန်မာဝတ်စုံပဲဝတ်တယ်
    နိုင်ငံခြားသူတွေတောင် မြန်မာဝတ်စုံကိုသဘောကျကြလို့ သိင်္ဂီရွှေဝါကိုလိုက်ပို့ရသေးတယ်
    မမetone ပြောတဲ့ပွဲက Fashion Euphoria လား
    အဲဒါဆိုရင်တော့ မိုးစက်အမြင်မှာ သိပ်သဘောမကျဘူး
    ချိတ်ထမိန်လေးတွေကတော့ အရမ်းလှတယ် ဒါပေမယ့် အင်္ကျီတွေက ယိုးဒယားပုံတွေဖြစ်နေတယ်
    ရင်ပြတ်တွေများတယ် 🙁

    • ကိုရင်စည်သူ

      November 16, 2011 at 10:02 am

      Z ကလေးက ဘာဝတ်ဝတ်လှပီးသား.. သိပီးသား.. သိပီးသား
      ဇက်ကလေး မြန်မာ ဝတ်စုံနဲ့သာ Fashion Euphoria ပွဲ
      တက်လိုက်ရင်… အဲ့က မော်ဒယ်တွေ ထမင်းငတ်ကုန်လိမ့်မယ်…
      မတွားနဲ့.. မသွားနဲ့…. စိုးတယ်… စိုးမိတယ်… စိုးရိမ်မိတယ်… 😳 😳 😳

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 16, 2011 at 9:38 am

    အရာရာ ထိမ်းသိမ်းရမှာ
    များတို့ ယောက်ျားလေးဒွေပါနော်

    • Moe Z

      November 16, 2011 at 10:08 am

      ဪ ဟုတ်ကဲ့ မာမီပုကိုမေ့သွားတယ်
      ထိန်းပါထိန်းပါ
      ဒါနဲ့ avatar ပုံကိုမြင်ရတာ စိတ်လေတယ် 🙂

  • ba gyi

    November 16, 2011 at 10:09 am

    Moe Z ရေ။သည်လို Post ကလေးတွေကို မပြတ်အောင်တင်စေချင်တယ်၊ဘကြီးကြုံတွေ့တာလေး –
    ၊တော်တော်ကြာပါပြီ၊ထမိန်စကပ်ဆိုလား၊မီနီစကပ်ဆိုလား မခေါ်တတ်ဘူး၊ခါးကြပ်ကလေးခြေသလုံးပေါ်ပြီး
    ရှုးသွားတဲ့စကပ်လေ၊ အဲ အ ဲဒါဝတ်ထားတဲ့ကောင် မမလေးတစ် ယာက်၊မြေနီကုန်းမှတ်တိုင်မှာ။ ကားတွေကအလုအယက်မောင်တဲ့ ရုံးဆင်းညနေချိန်ပေါ့ ဘစ်ကားပေါ်က ကမန်းကတန်း ဆင်းပြီးလမ်း ဖြတ်အကူး၊နောက်ကား၊ရှေ့ဘက်ကားတွေကလည်းမောင်းအလာ ၊ အဲဒါ သူစိတ် လောနေ တော့၊စကပ်က တုပ်ပြီး၊ကားလမ်းမပေါ်လဲပါလေရော၊ကားတွေလည်းဘရိတ်အုပ်ရှုပ်ယှက်ခတ်ကုန်တာ၊ လူ တွေတော့ဝိုင်း အုံကြည့်နေကြလေရဲ့၊နောက်ပိုင်း သေသလား၊ရှင်သလားမသိပါ။အန္တရာယ်ဖြစ်အောင် မလှချင်ကြဘို့သတိ
    ပေးတာကောင်းပါတယ်။နောက်ဒေါက်ဖိနပ်ချွန်ချွန်တွေနဲ့ကားလမ်းဖြတ်ကူးရတာတွေ အသဲယားစရာပါပဲ။

  • Pearl May

    November 16, 2011 at 10:16 am

    မြန်မာ မင်းသမီးတွေကိုလည်းကြည့်ပါဦး။ အသက်အရွယ်မရွေး နေရာမရွေး ရင်လျား အင်္ကျီတွေနဲ့ချည်းပဲ။ ရင်ညွန့်ကြီးတွေ ထုတ်ထားပြီးတော့လေ။

  • Moe Z

    November 16, 2011 at 11:00 am

    ဘကြီးရေ မိုးစက်လည်းကိုယ်တိုင်တိုက်ဆိုင်သွားလို့တင်လိုက်တာပါ
    အားပေးတာကျေးဇူးတင်ပါကြောင်း

    မပုလဲမေရေ
    မင်းသမီးတွေ အကြောင်းကတော့မပြောချင်ပါဘူး
    သူတို့ရဲ့အနုပညာကဟောလိဝုဒ်ကိုမီမမီတော့မသိ
    ဖော်ချွတ်ပညာကတော့ အမှီကိုလိုက်နိုင်ကြပါ၏။

  • pooch

    April 21, 2012 at 1:02 am

    မိုးစက်ရေ ဒေါက်နဲ့တော့ အမအခုထိ ဆိုင်ကယ်စီးနေတုန်းပဲ ။ ကျောင်းတက်တုန်းကလည်း စီးတာပဲ ။ ဟုတ်ပါတယ် အလွန်အန္တရယ် များပါတယ် ဒေါက်နဲ့ စီးတာ။ ဒါပေမဲ့ ညီမရေ အကျင့်ရှိသွားတော့လည်း ဒေါက်တင်ရတဲ့ အထာကို ကျသွားရင် သိပ်မခက်တော့ပါဘူး။အလိုက်သင့်လေးပါပဲ။ 😀

    ညီမမြင်သလို မြင်ကွင်းခပ်ဆင်ဆင်လေး အမတို့ ကျောင်းတက်တုန်းက မိန်းနားမှာ ဖြစ်သွားဖူးတယ်။ ကျောင်းသူကျောင်းသားတွေ အုန်းအုန်းကျွတ်ကျွတ်နဲ့ပါပဲ။ သိပ်ကျပ်တဲ့ ဖိစကပ်ထမိန်ပုံစံ ဝတ်လာတာမှာ ဖြစ်ချင်တော့ ဆိုင်ကယ်ပေါ်က အဆင်းမှာ ဘေးနှစ်ဖက်က ချုပ်ရိုးတွေ အကုန်ပွင့်ထွက်သွားတာပါ။ ကောင်မလေးလည်း ဘာလုပ်ရမှန်းမသိ ထိုင်ငိုတာပေါ့။ဘေးက ကျောင်းသားကောင်လေးတွေ က ပုဆိုးချွတ်ပေးလိုက်လို့ ပြသာနာ ပြေလည်သွားပါတယ်။

    • Moe Z

      April 22, 2012 at 9:29 am

      အင်း .. ကြာရင်တော့ကျင့်သားရသွားတာ ဟုတ်မှာပါ
      ဒါကြောင့် မန္တလေးသူတွေ ဒေါက်အချွန်တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင်စီးနိုင်ကြတာပဲ
      တစ်ခါတစ်ရံမှ စီးတဲ့သူတွေအတွက်တော့ မလွယ်ဘူး
      အဲဒီကောင်မလေးအဖြစ်ကလည်းသနားစရာနော်
      ပုဆိုးချွတ်ပေးနိုင်မယ့် ကျောင်းသားတစ်ယောက်ရှိလို့ တော်သေးရဲ့ 😀

    • ဗိုက်ကလေး

      April 22, 2012 at 11:40 am

      ဒေါ်သေးတာပေါ့ ဒေါ်ပုရာ
      ချွတ်ပြီး ကူညီတဲ့လူရှိလို ့ပေါ့..နို ့မို ့ဆို လွယ်ဘူးနော်.. 🙄
      ခါးတောင်းကျိုက်စီး ပြီးနေတဲ့ဟာဂျီးကိုနော်..ခက်ပါရဲ့

Leave a Reply