Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန ္တလေးက သံဃာတော်တွေ ငြိမ်းချမ်းရေးအတွက် တံခါးပိတ်တောင်းဆို

DaveNovember 15, 20111min52724

နိုဝင်ဘာ ၁၅ရက်နေ့ နံနက်(၅)နာရီလောက်မှစတင်၍ မန္တလေး မဟာမုနိဘုရားပရိဝုဏ်အတွင်းရှိ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးထဲတွင် သံဃာတော်(၅)ပါး ဆောင်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊လွတ်လပ်မှုရရှိရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေးတို့အတွက် တံခါးပိတ်အရေးဆိုကြသည်။ တောင်းဆိုချက်စာတန်းများကို မဟာဗုဒ္ဓဝင်ပြတိုက်အရှေ့ဘက်တွင် ချိတ်ဆွဲထားသည်။ဆရာတော်များက အသံချဲ့စက်ဖြင့် လာရောက်အားပေးသည့် ပရိသတ်များကို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဟောပြောလျက်ရှိသည်။ပရိသတ်များကလည်း သံဃာတော်များအတွက် ရေ၊ဆွမ်းနှင့် အခြားလှူဖွယ်များလည်း ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ မွန်းလွဲ ၂နာရီခွဲနောက်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှ တစ်ဆင့် တိုက်ရိုက်ဆွေးနွေးရန် စီစဉ်ထားသည်။ နံနက်ပိုင်းတွင် လာရောက်အားပေးသော ပရိသတ်များကို သက်ဆိုင်ရာကအနှောက်အယှက်မပေးဘဲ စောင့်ကြည့်လျက်ရှိသည်။၂၀၀ရခုနှစ် ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် မန္တလေးမြို့၌ ပထမဆုံးအကြိမ် အစိုးရအား အရေးဆို ဆန္ဒပြခြင်းဖြစ်ကြောင်းသိရသည်။

24 comments

  • Sonny

    November 15, 2011 at 1:41 pm

    The first time ever heard. Bravo!!! Democracy speaks at last! Hope no one caught!! Thank you for the release of the photo, Sir.

  • Maung Dae`

    November 15, 2011 at 3:37 pm

    အခုချိန်မှာ ဘာမှမဖြစ်တာ အားလုံးအတွက်ပိုကောင်းမယ်ထင်တယ်… အစိုးရအနေနဲ့ တိုင်းပြည်အပေါ်မှာ Positive ဆန်တဲ့ အပြုအမူတွေတွေ့လာနေရသလို ပြည်သူတွေအနေနဲ့လည်း ဒါကိုပဲ စောင့်ကြည့်နေသင့်တယ်လို့ထင်တယ်.. ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့တော့မရဘူး.. အရင်အစိုးရ ဇာတ်ရှုပ်ထားခဲ့သမျှကို ယခုအစိုးရက ဖြေးဖြေးချ္ဒင်း ဖြေရှင်းပေးသွားလိမ့်မယ်လို့ယုံကြည်တယ်…
    နိုင်ငံရေးပညာရှင်တွေအနေနဲ့လည်း အကုန်လုံးစောင့်ကြည့် အနေအထားမှာပဲရှိနေပါတယ်…

    ကျွန်တော်ကတော့ ယခုဆန္ဒပြတဲ့ အဖြစ်အပျက်ကို မထောက်ခံပါဘူး…

    လေးစားလျက်
    မောင်ဒဲ့

  • ပေါက်ဖော်

    November 15, 2011 at 3:52 pm

    နေ ့သစ်မှာ ဖတ်ရတာ အပါး ၂၀ဝ ဆိုလို ့.ဂယ်လားလို ့..
    ဘယ်ဝုတ်မတုန်း..ငါးပါးတဲ့..
    မနေ ့က..အကျဉ်းစား လွှတ်မယ်ဆိုပီး..သတင်းကြားတာ..
    တစ်ဂယ် လွှတ်ပေးသံလဲ မကြားမိပါ ဖလား..
    😯

  • ကိုရင်စည်သူ

    November 15, 2011 at 5:36 pm

    facebook ကနေ သတင်းတွေတက်လာတာတော့
    တွေ့ပါတယ်ဗျာ…
    ဘုန်းကြီးငါးပါးက အမှန်တကယ် ဖြစ်စေချင်လို့ ဆန္ဒပြတာကိုတော့
    လေးစားပါတယ်… (ဘာရည်ရွယ်ချက်
    ဘယ်အတွက်ကြောင့် ပြတယ်ဆိုတာတော့ မသိပါဘူး…
    နိုင်ငံရေးရဲ့ ဖိန့် … ဆလက်ကွက်တွေဖြစ်နိုင်ပါတယ်၊)
    ကျနော် အမြင်တော့ ဒီအချိန်က ဆန္ဒပြဖို့
    အချိန်မသင့်သေးဘူးလို့ မြင်ပါတယ်ဗျာ…
    ယခုလောလောဆယ် အပြောင်းအလဲကာလတစ်ခုမှ
    ခေါင်းအေးအေးနဲ့ လုပ်ဆောင်စေချင်တယ်…
    ဒီလောက်ပါပဲ…

  • blackchaw

    November 15, 2011 at 5:43 pm

    ကျွန်တော်လည်း ကိုရင်စည်သူ ကို ထောက်ခံပါတယ်။
    ဆက်လုပ်ပါ ကိုရင်။

  • မှော်ဆရာ

    November 15, 2011 at 5:56 pm

    ဟုတ်ပါ့ဗျာ …. ခုချိန်မှာ ပါးပါးနပ်နပ် နေရမယ့်အချိန်ဗျ …
    လိုချင်တာကို အနုနည်းလေးနဲ့ ရအောင်ယူရမယ့်အချိန် …

  • windtalker

    November 15, 2011 at 8:32 pm

    စောနက ဖေ့ဘုတ် DVB မှာ ဝင်ကြည့်မိတော့
    “ Chaw Sint Yin လွဲနေတဲ့ အချက်က ဦးဆောင်တဲ့ သံဃာတော်ကပြည်တွင်းက သံဃာတော် မဟုတ်တာပဲ။ ” ဆိုတာကို ဖတ်လိုက်ရပါတယ် ။
    ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို တော့ အမှန်တစ်ကယ် တွေ ့မြင်ရပါတယ်

  • inz@ghi

    November 15, 2011 at 8:44 pm

    မပြောတတ်တော့လို့ မပြောတော့ဝူးနော် …
    မန့်သ်လေးက ဆြာတွေကိုပဲ အပ်တူဒိတ် နယူးစ်လေး
    မစပါဦးလို့ တောင်းဆိုပါရစေ

    • windtalker

      November 15, 2011 at 8:53 pm

      ကျုပ် ယောက်ခမ တို ့အိမ်က မစိုးရိမ် တိုက်ဟောင်းနားမှာ ဗျ
      စောန က မေးကြည့်တော့ ဘာသံမှ မကြားရဘူးတဲ့
      ညပိုင်း မဟောဘူး ထင်ပါတယ်

  • အေမီ

    November 15, 2011 at 9:51 pm

    အေမီ့ အမြင်ပြောချင်တယ်………………..
    သံဃာတော်တွေအနေနဲ့ ခုအချိန်မှာ အဲလိုမလုပ်သင့်ဖူးလို့ထင်ပါတယ်။
    ဒီလို ဆန္ဒပြတာမျိုးက သံဃာနေနဲ့ မသင့်တော်ဖူးလို့ထင်ပါတယ်၊ ခုချိန်မှာ နိုင်ငံရေးလွပ်လပ်ခွင့် အရင်ထက်စာရင် ပိုပြီးရနေကြပြီပဲ။ ဒါမျိုးက မကျေနပ်လို့ လုပ်ချင်တယ်ဆိုရင်လည်း တခြားနိုင်ငံရေးသမား မန္တလေးမှာရှိမှာပါ။ သူတို့လုပ်ကြမှာပေါ့……………..သံဃာအနေနဲ့ အဲလိုလုပ်တာ အေမီ အမြင်မှာ သံဃာနှင့်မတူသလိုခံစားရပါတယ်။

    • ကိုရင်စည်သူ

      November 15, 2011 at 10:16 pm

      အယ်.. အေမီလေးက တော်လိုက်တာ…
      ကိုရင့် အတွေးနဲ့ ခံစားချက်တွေ တစ်ထပ်တည်းကျနေပါလား..
      အရင်ဘဝက ဘာတွေများတော်စပ်ခဲ့ကြလဲမသိဘူးနော်.. 😳 😳 😳
      ကိုရင့်ကို အထင်တော့မသေးနဲ့နော်.. အေမီလေး..
      ကိုရင်လည်း ရဟန်းဘဝက အစာငတ်ခံ သပိတ်မှောက်ဘူးတယ်… သိလား…
      ဟိုလေ..
      ဟို… ဒီလိုလေ…
      ငယ်ငယ်တုန်းက ကိုရင်ဝတ်နဲ့ အိမ်သွားလည်တုန်း
      ညအိပ်တာ ဗိုက်ဆာတာကို မာမီက ညစာမစားခိုင်းလို့ စိတ်တိုတိုနဲ့
      ပါလာတဲ့ သပိတ်ကြီးကို မှောက်ပီး ခေါင်းအုံးအုံးအိပ်ပစ်လိုက်တာ… ဟီးဟီး.. 😀 😀 😀
      အေမီလေး ရုတ်ရုတ် ဖြစ်နေတဲ့နားတွေ မသွားနဲ့နော်… စိုးတယ်.. စိုးမိတယ်.. စိုးရိမ်မိတယ်..

      • အေမီ

        November 15, 2011 at 10:45 pm

        ်ဪ……………ကိုရင်စည်သူလည်း သပိတ်မှောက်အတွေ့အကြုံရှိခဲ့တာကိုး 🙂
        မန္တလေးသပိတ်မှောက် အကြောင်းသေချာသိချင်ရင် ဒီမှာကြည့်လိုက်ပါ၊ ဗွီဒီယိုရိုက်ထားတာပါ ကြည့်လို့ရတယ် http://www.mizzimaburmese.com/news/inside-burma/8631-2011-11-15-05-02-14.html

        • ကိုရင်စည်သူ

          November 16, 2011 at 9:16 am

          အင်း.. မီလေး ပြမှပဲ ကိုရင် သေချာ သိရတော့တယ်… (ဗီဒီယိုပြောဒါ) 🙂 🙂
          မီလေး.. နေရာထပ်ရွှေ့သွားတယ်ကြားတယ်…
          အဲ့နားတွေ မသွားနဲ့နော်…
          … စိုးတယ်.. စိုးမိတယ်.. စိုးရိမ်မိတယ်.. 😳 😳 😳

        • inz@ghi

          November 16, 2011 at 9:21 am

          သည်ကိုရင် ကုလသမ္မဂ္ဂ မှာ အလုပ်လျောက်ရင် ရနိုင်တယ်
          စိုးရိမ်တယ် ဆိုတာချည်းပဲ

          😀

        • မှော်ဆရာ

          November 17, 2011 at 11:47 am

          ကိုရင်နော် ကိုရင် …
          ဒီလောက်ထောက်ခံနေတာ စိုးရိမ်နေတာ နာတိတယ်နော် ….နာတိတယ် ။ ဒါသဘောတွေ ပါနေတယ် …
          အေမီလေးရေ ကိုရင်နားကပ်ရင်တော့ စိုးရိမ်ရေအမှတ်ပဲနော် …
          တူက ကိုမှော်ကြီးတို့လို ရိုးသားတာမဟုတ်ဘူး …..
          ရိုးသားတဲ့ လူအနားမှာပဲ နေနော် တိလား …. 😎

  • Patriot

    November 16, 2011 at 9:59 am

    My opinion is too early to start such demonstration in this occasion. We need to start only after if there is no improvements or changes in next few months. At that time, public will surely support the demonstration.

  • memeseku

    November 16, 2011 at 10:28 am

    ကိုရင်နော်ကိုရင်.ဒါပဲပြောမယ်……မီကတို့ဟာ….

    • ကိုရင်စည်သူ

      November 16, 2011 at 10:45 am

      မီလေးက မီမီစီးကု တကယ့်ဟာဆို ဆောဒီးဗျို့..
      ကိုရင်က ရွာသူားတွေ မပျင်းလေရအောင်..
      လက်ညောင်းခံပြီး မေတ္တာဖြင့် လူရွှင်တော် လိုက်လုပ်ပေးနေတာကိုတော့
      ဘာမှသဘောမထားပဲနဲ့…
      နားလည်ပေးစေချင်ပါတယ်… 😀 😀 😀
      ဟွန့်… တို့မှာလည်း တို့ဟာ ရှိပါတယ်တော်… ဟဲဟဲ… 😀 😀 😀
      စကားချပ်။ ။ အားလုံးကို ညီအစ်ကို မောင်နှမတွေလို သဘောထားပြီး
      လိုက်စနောက်နေတာပါ… တကယ်မဟုတ်ပါဘူး..
      တကယ်ထင်ရင်တော့ တကယ်ပေါ့နော်… 😳 😳 😳

    • အေမီ

      November 16, 2011 at 2:06 pm

      ဟောတော့်……………..ဘယ်သူ့ကိုပြောနေတာပါလိမ့်လို့၊ လက်စသတ်တော့………
      ဪ….လေသနတ်ဆိုတာ ဒါကိုးးးးးးးးးးးးး

      • inz@ghi

        November 16, 2011 at 2:12 pm

        ခုတော့ ခေးတိဘီ မဟုတ်လားခေးရဲ့
        ရွာထဲမှာ နာမည်ကြီးနေတဲ့ သင်္ဘောတော်ကီ ကိုရင်စည် ဆိုတာ …တူပေါ့
        ဂီဂီတို့ကလေ မဟုတ်တာ ဘာမှ ကျောဝူး ရေးဝူး တိရား…
        တရွာလုံး မနေရတာကလွဲလို့ …..:P

        • ကိုရင်စည်သူ

          November 16, 2011 at 2:23 pm

          ဂီဂီ ကိုယုံနဲ့နော်.. ခရေး.. သိလား..
          ဟိုမှာ ဘေးက ဓါတ်ပုံကိုပဲကြည့် ဂလဲကြီးတပ် ပြီး ကြည့်နေတဲ့
          အကြည့်က ဂလဲအုပ်ပြီး မှောင်နေတာတောင် ကြောက်ဖို့တော်တော်ကောင်းလှပီ…
          ဒါတောင် ဖိုတိုရှောခ့်နဲ့ အဲ့အကြည့်တွေကို တော်တော်ပြင်ယူထားရတာဆိုပဲ 🙄 🙄 🙄
          သူ့စိတ်ထရင် တစ်ရွာလုံးနေရတာ မဟုတ်ဘူး.. 😛 😛 😛
          (စာရေးတာပြောတာပါ)

  • xman

    November 17, 2011 at 10:40 am

    ဒါက ဒေါ်အောင်ဆန်းစုကြည် အခုလုပ်နေတာကို ဘယ်လိုမှ အထောက်အကူမဖြစ်ပါဘူး။
    ဖြစ်စရာရှိတာက စစ်အုပ်စုကို လှန့်သလိုဖြစ်ပြီး ခက်ခက်ခဲခဲလုပ်နေရတဲ့ အပြန်အလှန်ယုံကြည်မှု့လေး ပျက်သွားနိုင်တာ။
    မင်းသမီးကနေတုန်း ကိုယ့်ကိုလူလှည့်ကြည့်အောင် ဗျောက်မဖေါက်သင့်ဘူး။

    ပြီးတော့ ရဟန်းတွေ လူ့ကိစ္စမလုပ်ဘို့ ဘုရားရှင်က ဝိနည်းစည်းကမ်းနဲ့ သတ်မှတ်တားမြစ်ထားတယ်။

    ဘုရားထက်ကြီးတယ်လို့ ကိုယ့်ကိုယ်ကို ထင်သူတွေကတော့
    ဘုရားစကားကိုုပယ်ပြီး ဘုရားကိုကျော်ပြီး
    ကြိုက်သလိုသာ ပြောကြ လုပ်ကြပေါ့။

    • အေမီ

      November 17, 2011 at 12:51 pm

      မှန်တယ်……… Xman ရဲ့သဘောထားကို အေမီ ထောက်ခံတယ်။ 🙂 🙂 🙂

  • Reign

    November 17, 2011 at 12:11 pm

    In principle, I am against monks participate in politics. But I did support saffron revolution when it happened.This demonstration, though demands are valid, I think is poorly timed, and we should not expect that demands can be met overnight. Though I respect and recognize the courage of those participated monks, in my opinion if we can have a direct dialogue between the leaderships of opposition(s) and the government in a friendly manner and while we are trying to build confidence , we should control ourselves not to indulge with such actions ourselves.

Leave a Reply