တစ်ကျပ်မလျော့တဲ့ စနပ်ရှော့ခ်
ကျွန်တော်တို့ ရွာထဲမှာ ဓါတ်ပုံ ဆရာကြီးတွေ တော်တော်များရှိကြတယ်။ အားလုံးကတော့
ပရိုတွေချည်းပါပဲ။ တော်တော်ကြီးကို လေ့လာလိုက်စားပြီး ဝါသနာပါလို့ ရိုက်နေကြတဲ့
လူတွေပေါ့။ ကျွန်တော်သိသလောက်ကတော့ အဘဖော (FR)၊ ကိုစိန်သော့၊ ပရော်ကျစ်ကိုပေါက်၊ အန်ကယ်ချော၊ ကိုအင်ကြီး (အရှေ့ကျွန်း)၊ နောင်တော် အီးတီ၊ ကိုပေ တော်တော်များများ ရိုက်ကွက်ဆန်းဆန်း တွေနဲ့ လက်စွမ်းပြတတ်ကြပါတယ်။ ဒါတောင် သူတို့က ကျွန်တော် သိသလောက် ပါ။ တခြားရွက်ပုန်းသီး ဓါတ်ပုံ ဆရာလေးတွေလည်း ရှိအုန်းမှာပါ။ ကျွန်တော်လည်း ဓါတ်ပုံရိုက် ဝါသနာပါပါတယ်။ ဒါပေမဲ့ ဝါသနာပါတာတွေများတော့ အားလုံးနဲ့ချိန်ပြီး အဲ့ဘက်ကို. သိပ်မလေ့လာမလိုက်စားမိပါဘူး။ ..။ ဒါပေမဲ့ ကြုံရင် ကြုံသလိုတော့ ကျွန်တော့် တရုတ်ကလာတဲ့ 2 MP သာရှိတဲ့ ဟာဝိုင်အီဖုန်းစုတ်လေးနဲ့ ဟိုရိုက်ဒီရိုက်နဲ့ တစ်ကျပ်တပြားမှမကုန်တဲ့ စနပ်ရှော့ခ်လေးတွေ ရိုက်တတ်ပါတယ်။ ပုံတွေကလည်း အလွန်ဝါးပါတယ်။ ရိုက်ကွက်တွေကလည်း ဘီဂင်နာအဆင့်တောင် မရှိပါခင်ဗျာ။ ကျွန်တော် ရိုက်ခဲ့
တကျပ်မလျော့တဲ့ စနပ်ရှော့ ကပေါက်တိ ကပေါက်ချာ ဓါတ်ပုံလေးတွေကို မဟားပဲနဲ့ ကြည့်ပေးကြပါ။ ..။
လေစားစွာဖြင့်
ကိုရင်စည်သူ







16 comments
koyinmaung
November 19, 2011 at 3:33 pm
အို….ကောင်းပါတယ်
ကိုရင်စည်သူရေ
လွတ်လပ်ရေးကျောက်တိုင်လဲပါလာတယ်
အင်းယားကန်ဘောင်လဲပါလာတယ်
အတွဲလေးတွေတော့ရိုက်မလာဘူးလား….
အားပေးသွားပါတယ်….
ပေါက်ဖော်
November 19, 2011 at 3:50 pm
Cannon ဆယ်လုံးဝယ်ပေးထားတာ..
ဘာလို ့.ကဇာဂီ့ကို အကုန်ပေးလိုက်ရတာလဲ…ကစည်သူ
😯
MaMa
November 19, 2011 at 4:39 pm
သဘောင်္သီးတွေရဲ့ လက်ရာတွေပေ့ါနော်။
(အဘဖောရဲ့ ညွန်ကြားချက်ကြောင့်) ခြေရာတွေတော့ ဖျောက်ထားပုံရတယ်။ 😀
ဆူး
November 19, 2011 at 4:57 pm
အဘဖော လေဒီဖော က ရှင်မျက်စိညောင်းတာ ဒါကြောင့် ဆိုပြီး ဆူ ထားလို့ ခဏ ပုန်းနေတာတဲ့ သတင်းကြားတယ်။
ဆူး
November 19, 2011 at 4:55 pm
ကိုရင်က ရွာထဲမှာ မိုးဇိလေး ကို လု နေကြလို့ ပြိုင်ဘက်တွေကို တူမလေး ထုတ်ကြွားတာလား.. ခစ် ခစ် ခစ်..
Diamond Key
November 19, 2011 at 5:06 pm
ကိုရင်ကြီး။ နော်တို့ကိုပြောပြီး တစ်ကျပ်မလျော့တဲ့ စနပ်ရှော့ခ် လက်စွမ်းကဖြင့် ထက်လိုက်တာ။ ဝရံတာခွကျော်တက်ထားတဲ့ (ဒါမဟုတ် ခါးကြိုးချည် ထားသလားမသိ၊) စနပ်ရှော့ခ်က မိုက်သဗျ။ 😆

သတိတော့ ထားနော်၊ ကိုအင်ကြီး (အရှေ့ကျွန်း) အပြေ၊ အပြတွေ အားကျမိတာနဲ့ မတော် စင်္ကာပူက ခလေးမလို ကိုရင်ကို ဘယ်သူမှ မပင့်ဖိတ်ပဲ ဈေးပေါ် ဆွမ်းစားကြွသွားမိနေမယ်။
inz@ghi
November 19, 2011 at 5:12 pm
သည်လိုရမလား ကိုရင်စီ …
မိုးဇိလေးကို ညင်းညင်း ….
ဂီဂီ့ ကို စာနာနားလည်းလိုက်စမ်းဘာ ……
ကိုရင်စည် ကို အမှု မထားတဲ့
ကိုရင်ဂီ…
ပေါက်ဖော်
November 19, 2011 at 5:30 pm
ဇိကိုထိရင် မီးပွင့်သွားမယ်.
ဇိကိုထိရင် မီးပွင့်တွားမယ်..
ပုံ၊
အချစ် ၁ ရဲကောင်း..ငဖော်ရီး..
ကိုရင်စည်သူ
November 19, 2011 at 5:37 pm
ညှင်း..ညှင်း.. နားလည်ဘာဒယ်..
ဇာဇာရယ်… 😀 😀 😀
စည့်မှာ မိုးစိလေး 😉
သိစေချင်တာက လွဲပြီး.. ကျန်ဒါ စာနာပါဒယ်..
တူမလေးတောင် ဖြူဖြူစင်စင်နဲ့ ချစ်ဖို့ကောင်းရင်
ဦးလေးဖြစ်တဲ့ ကိုရင်က ဘယ်လိုချစ်ဖို့ကောင်းလဲ
သိစေရုံပါ… 😳 😳 😳
မိုးစိလေး သိဖို့.. သိစေဖို့…
ဂီ့ကို မထောက်တဲ့…
ကိုရင်စည်
ကိုရင်စည်သူ
November 19, 2011 at 5:38 pm
ညှင်း..ညှင်း.. နားလည်ဘာဒယ်..
ဇာဇာရယ်… 😀 😀 😀
စည့်မှာ မိုးစိလေး 😉
သိစေချင်တာက လွဲပြီး.. ကျန်ဒါ စာနာပါဒယ်..
တူမလေးတောင် ဖြူဖြူစင်စင်နဲ့ ချစ်ဖို့ကောင်းရင်
ဦးလေးဖြစ်တဲ့ ကိုရင်က ဘယ်လိုချစ်ဖို့ကောင်းလဲ
သိစေရုံပါ… 😳 😳 😳
မိုးစိလေး သိဖို့.. သိစေဖို့… 😳 😳
ဂီ့ကို မထောက်တဲ့…
ကိုရင်စည်
windtalker
November 19, 2011 at 6:25 pm
ရိုးသားကြိုးစား မြန်မာ့သင်္ဘောသီးများ ဆိုတဲ့ပုံကို ကြည့်ပြီးတော့
အဏ္ဏဝါစိုးမိုး ရဲ ့သူသင်္ဘောလိုက်ခဲ့တဲ့ အကြောင်းတွေ ရေးထားတဲ့ ဘုတ်အုတ်အထူကြီးကို
ပြေးသတိရမိတယ်
ဘာမှတော့ မဆိုင်ဘူးပေါ့နော် ။
ကိုယ့်လူလဲ တစ်နေ ့အဏ္ဏဝါစိုးမိုး ထက် သာမှာပါ လို ့မြင်မိတယ် ဗျို ့
blackchaw
November 19, 2011 at 6:35 pm
သင်္ဘောသီး ရဲ့ ရိုက်ချက်တွေထဲမှာ လှည်းတန်းဈေးလေးပုံကတော့ မိုက်တယ်ဗျ။
ကိုပေါက်(မန္တလေး)
November 19, 2011 at 6:46 pm
သနားစရာကွာ မင်းတို့ကလေနဲ့လုနေတုန်းကြောင်ကြီးက မပြေးမလို့တဲ့.။
ပေါက်ဖော်
November 19, 2011 at 8:03 pm
ဘာ..ဟာ..ဟာ..
ဘလို..ဟို………ဟို…
သေချာနားထောင်လျင်…Echo သံပါ ကြားရပါလိမ့်မည်
အီးတီ
November 19, 2011 at 7:00 pm
ကိုရင်စည်သူ လွတ်လပ်ရေးကျောက်တိုင်ကို ဓာတ်ပုံရိုက်တုန်းက ဘတ်စ်ကား ချိုင့်ဆောင့်သွားတယ်ထင်တယ် ကျောက်တိုင်ကြီး ညာဘက်စောင်းနေတယ်။ ဒါမှမဟုတ် အပြင်မှာတကယ် စောင်းနေတာလားဟင်။
Thanlwinoo
November 22, 2011 at 7:08 pm
လှည်းတန်းဈေးပုံလေး ကြိုက်ပါတယ်.. ကိုရင်စည်သူရေ..။