ဖုန်းဆိုင် တစ်ဆိုင် လုံး အဖေါက်ခံရခြင်း – သတင်းထူး
အဖေါက်ခံ ရသော ဆိုင် အတွက့်ကျွှန်တော် တို့ Mobile House ဝမ်းနည်းမိပါတယ် ။ကျွှန်တော် တို့ ဖုန်း ဆိုင် ဖွင့် တဲ့ သူ အချင်းချင်း စာနာ သော အားဖြင့် ဒီ က ရှိ တဲ့ သူတွေကို လဲ အကူညီတောင်း ခံချင်ပါတယ် ။ ဒီကြားထဲ လာရောင်းသော ဖုန်း များ ၊Accessories များ လဲ မဝယ်မိစေ ရန် သတိပေး လိုက် ပါတယ် ခင်ဗျာ ။
အကူညီတောင်းခံခြင်း
မန်းလေးမြို့ ၊ မဟာအောင်မြေ မြို့ နယ် ၊ ၇၈လမ်း ၊ ၄၁ – ၄၂လမ်း ကြားရှိ CDMA Mobile ဟန်းဆက်အရောင်းဆိုင်မှ Handset (၈၈) လုံး နှင့် အခြားဆက်စပ် Accessories များ (၁၇-၁၁-၂၀၁၁ ) ရက်နေ့ တွင့် ပျောက်ဆုံး သွားပါသည်။ဖောက်ထွင်းခိုးယူ သွားသော သူအား အမြန်ဖမ်းဆီးနိုင် ရေး အတွက် လူကြီးမင်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ကြစေရန် အကူညီတောင်းခံပါသည် ။
အောက်ပါဖုန်းများ လူကြီး မင်းများ ထံလာရောက် ရောင်းချပါက အမှတ် (၉) ရဲစခန်း ။ဖုန်း – ဝ၂-၃၆၉၉၅ နှင့် CDMA Mobile ဖုန်းအရောင်းဆိုင် ဖုန်း ဝ၉-၉၁၀၁၄၅၁၄
(၁) Nokia အမျိုးအစား Model 6303i (1)လုံး
X2-O1 (2)
c2-01 (2)
5130 (2)
7230 (1)
5230 (1)
X3-02 (1)
2730 (2)
c101 1
1616 1
5800 1
5233 1
c5 1
c7 1
5235 2
c3-01 2
6700 2
c6 1
X5C 3
X.18 2
(၂)Sony Ericsson အမျိုးစား Model W.150i 1
U 5i 1
T.715 1
W8 1
K.550i c+G 1
(၃) Land Rover 2
(4) Huawei model 6200 2
5730 3
5710 3
c8800 2
c8650 2
c8600 2
c8500s 3
c8500 2
c2823 2
Cyron 2
v.land 1
(5) HTC Hero (2)
(6)ZTE Model N 160 5
WP.560 2
F.950 2
(7) HTO model c8000 2
(8) LG model WP 32 2
(9) Wellcom Model 3132 1
1003 1
1002 1
(10) TWZ အမျိုးအစား Model W.007 2
(11) Anyc0ll model C.108 3
(12 ) BBR model i.531 1
(13) BRK model i.520 2
(14) Mobile Accessories
-Motoroal V3 Charger (ori) (90)
-nokia Charger (ori ) (50 )
-sony Ericsson Charger (ori ) (50 )
-ဘူးပါ )china charger (အစုံ ) (50 )
-V3 ဘူးပါ အဝါရောင် Charger (Charger ) (30)
-Bluetooth အစုံ (၂၀)
-Fm Radio စက် ဂစ်တာပုံ စံ ၁
-micro sd 4GB 20
-micro sd 2 GB 30
-battery ကဒ် ပါအစုံ ၈၀
-ဖုန်းအိတ် ၄၀
– car charger 20
-miti charger 50
-multi solar charger 10
-ဖုန်းခုံအစုံ ၂၀
အမှတ်(၉) ရဲစခန်း ဖုန်း ဝ၂-၃၆၉၉၅ သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် ။
13 comments
ပေါက်ဖော်
November 19, 2011 at 5:32 pm
ဖုန်းတခိုးတွေရေလည်ပေါလာပါလား
တန်ဘိုးမနည်းဘူးနော့်..များကြီးပဲ….
၁ဂယ်ဆို ညစောင့်လေးဘာလေး ထားသင့်တယ်..ဗျ……ဖုန်းဆိုင်ရှင်တွေရှိရင်…တတိထားကြဦး.
တခိုးတွေ..တခိုးတွေ….ခေတ်မီတခိုးတွေ.
နာမဟုတ်ဘူးနော်..
အဲအလုပ်တွေ.စွန် ့လွှတ်ထားတာကြာဘီ..
😆
မှော်ဆရာ
November 19, 2011 at 5:49 pm
ကဲဆရာပေါက် ကျွန်တော်တို့ ဘယ်လိုဆက်လုပ်ကြမှာတုန်း လက်ထဲမှာလဲ ဖုန်း ၈၈ လုံးနဲ့
ဆရာပြောတော့ ပိုင်ပါတယ်ဆို .. အခု ဘယ်သူကမှလဲ မဝယ် ..၊ ရောင်းရင်လဲ အဖမ်းခံရဦးမယ် ..။
ကျွန်တော့ဖက်ကတော့ တာဝန်ကျေတယ်နော်ဆရာ …. လုံခြုံရေးကင်မရာတွေ ဖျက်ပေးပါဆိုလို့ ဖျက်ပေးတာ ပိရိတယ်နော် … ကျွန်တော်တို့ကို တော့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူးဆရာရဲ့ ..
အော် သတိရပြီ … ဟိုကောင် အင်ကြီး ရှိသားပဲ ..။ ဒီကောင်ကိုင်နေတဲ့ ကင်မလာတောင် ကိုစည်သူ နီပွန်တိုင်းပြည်က ဘတ်လာတာကို အောက်က နှိုက်ထားတာ ပြောတယ်..။ ကျွန်တော်တို့ဖုန်းတွေလဲ ဒီကောင်ဝယ်ဦးမှာပဲ ဆရာ … . ပြီးရင်တော့ usa က အပြန်ဝယ်လာတာလို့ ရွာထဲမှာ လျှောက်ကြွားဦးမှာ မြင်ယောင်သေးတယ် …။
windtalker
November 19, 2011 at 6:41 pm
ဒါဟာ အခုတစ်လော
ရွာထဲမှာ ခေတ်သစ်ငတက်ပြားအဖွဲ ့ထူထောင်ရေး လုပ်နေတဲ့
ဂိုဏ်းအင်ဇာဂီ ရဲ ့လက်ချက်တော့ မဖြစ်ပါစေနဲ ့….
ဘလက်ပရင့် သတင်းအရ ဆိုရင် ၊ အခိုးခံရတာ တစ်ဆိုင်လုံးပါသွားပုံရတယ် ။
water-melon
November 19, 2011 at 7:45 pm
ကဲ အားလုံး စခန်းခဏလိုက်ခဲ့ပါ။ စစ်ဆေးစရာလေးရှိလို့ 😀
အတွင်းလူပါမယ်ထင်တယ်နော်။
aye.kk
November 19, 2011 at 8:36 pm
ဆားပုလင်းနှင်းမောင်နဲ ့သူခိုးငတက်ပြားတို ့အခုဆိုခေါင်းချင်းဆိုင်ပြီး
တစ်ခုခုတိုင်ပင်နေလောက်ပြီ ထင်တာဘဲ ငတက်ပြားကဆင်းရဲပြီး စားစရာမရှိတဲ့သူဆို
ဝေငှကျွေးတယ်လို ့သိရတယ် ရှိတဲ့သူဆီကယူပြီး မရှိတဲ့သူကိုပြန်ပေးတယ်တဲ့လေ..။
ကိုရင်စည်သူ
November 19, 2011 at 9:08 pm
ဒီအမှုကို အလွတ်စုံထောက် အိုင်အိုဒင်း ကိုရင့်ဆီမှာ အပ်လိုက်ပါလားကွယ်..
အမှုလိုက်ခကတော့ စရန်ဖြစ် သိန်း ၁၀ဝ ပေးရပါ့မယ်..
တရားခံ မိရင် အပြတ် ဖုန်းတန်ဖိုးအားလုံးရဲ့ တစ်ဝက်ကို ပေး ချေပေးရပါ့မယ်.. 😀 😀 😀
lwinmg
November 19, 2011 at 11:04 pm
အင်း. ဖုံးဆိုင်ပိုင်ရှင် စိတ်အေးအေးသာနေပေတော့ ။
ယူထားတဲ့သူတွေ အဖွဲ့လိုက် မိပြီ ။ပြေးမလွတ်တော့ဘူး၊
သက်သေ နဲ့တကွ မိထားပြီ ။ ( အပေါ်ကအဖွဲ့)
unclegyi1974
November 19, 2011 at 11:35 pm
ဒီနေ့ပဲကိုရင်ပေါက်ကစီရ ၁လုံးလာရောင်းလို့ဝယ်လိုက်သေးတယ်
သူပြောတာသူငယ်ချင်းငွေလိုလို့လျော့ရောင်းတယ်ပြောတာပဲ
အခုတော့တမျိုးဖြစ်နေပါလား
kai
November 20, 2011 at 4:56 am
Apple iPhone 4S 16GB – UNLOCKED – ဘယ်ဈေးလောက်ပေါက်သလည်း သိချင်လို့ပါ..။
အသိတယောက်က.. ဝယ်ခိုင်းနေလို့..
တခြားအသိကပြောတော့.. ရန်ကုန်က ပိုပေါတယ်တဲ့..။ အဲဒါ ဟုတ်သလားလို့..။
=
ဆောရီးနော..။
ခိုးခံရတဲ့ သတင်းကြားထဲ ဈေးမေးနေလို့..။
မန္တလေးက.. ရွာသားတွေလည်း.. သံသယဝင်စရာ အစုလိုက်အပြုံလိုက် အရောင်းအဝယ်သတင်းကြားရင်.. ပိုင်ရှင်ဟောင်းနဲ့ ဆက်သွယ်လိုက်စေလိုတာပါပဲ..။
ပိုင်ရှင်ဟောင်းကလည်း.. သတင်းပေးသူကို ဆုချီးမြှင့်မယ်ဆိုတာမျိုး.. ကြေငြာသင့်တယ်..။
ယူအက်စ်ကတော့.. အဲဒီလို လုပ်လေ့ရှိတယ်..။ 🙂
sealion
November 20, 2011 at 11:57 am
အပေါ်က သူငယ်ချင်း စင်ကာပူ ဒါမှ မဟုတ် ဩစတေးလျ က Apple စတိုးကဝယ်တာ ပိုတန်ပြီး permanent unlocked ဖြစ်မယ်နဲ ့တူတယ် သူငယ်ချင်းတယောက် ရန်ကုန်ပြန်တုန်း က iPhone 4 ဝယ်ဖို ့ ရန်ကုန်ဈေးက ၁သိန်းလျော့လျော ့ဈေးပို ကြီးတယ်ပြောပါတယ် ပြီးတော ့ jailbreak လုပ်ထားလို ့ IOS software update လုပ်လို ့မရပါဘူး တရုတ်လုပ် အတုတွေလည်းများပါတယ် Android OS တင်ထားတာပါ ဈေးယျဉ်ကြည့်လို ့ ရအောင် ဩစတေးလျ က ဈေး ထည့်ပေးပါတယ် 4s 16GB (white or black)=Au$799, 4s 32GB (white or black)=Au$899
Don Juan Ronald
November 20, 2011 at 1:36 pm
ကိုအမည်းရောင်မင်းသားလေးရေ~~(အိမ်ရှေ့လားအိမ်နောက်လား?) 😀
သူတပါးရဲ့အနာဆို၊ကို့ရဲ့သင်ခန်းစာပေါ့နော်။
ကျနော်တို့ကုန်စုံရောင်းတုံးကဆိုရင်၊ကိုလ့်ပစ္စည်ဆိုအကုန်လျှို့ဝှက်အမှတ်အသားလေးလုပ်ထားတာ၊ခိုးလို့ဖမ်းမိရင်ငြင်းမရအောင်။
ဆဲလ်ဖုံးဆိုတော့ဝန်မှမကြီးပါဘူး၊အာမခံသေတ္တာထဲကိုနေ့တိုင်သိမ်းခင်းဖို့သင့်တယ်၊ပစ္စည်းနာမှာဆိုးရိမ်ရင်လက်အိတ်စွပ်ထား၊
ဘာမှမပင်ပန်းပါဘူး။ဒီလောက်တန်ဖိုးရှိတဲ့ပစ္စည်းရောင်မှတော့သတိဝိရိယပိုရှိသင့်တာပေါ့၊ Alarm လေးကောမလုပ်ထားဘူးလား?
ကျနော်တို့တရုတ်ဆိုရိုးရှိတယ် “ သူခိုးဆိုတာပျင်းတဲ့လူကိုခိုးတာတဲ့”
လောလောဆယ်တော့၊ပုလိပ်များအင်တိုက်အားတိုက်နဲ့ရှာပေးဖို့အားဆေးအရင်ကျွေးထားရမှာပေါ့နော်၊
ငွေဆိုတာရှာရင်ခက်တယ်၊ပျောက်ရင်တခဏဘဲ၊စိတ်မကောင်းစရာကြီး။
cobra
November 20, 2011 at 2:57 pm
အော်….
ခိုးတဲ့သူတွေကရွာထဲမှာလာလှုပ်ရှားနေတာကို….
pasi
November 23, 2011 at 10:13 pm
ဘာမှ comment မပေးတော့ဘူး