Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ

black chawNovember 20, 20111min79724

ထုံးစံအတိုင်း ဘလက် တစ်ယောက် ကတုံးခေါင်းသန်းရှာတယ်ပဲမှတ်ပါဗျာ။ ထုံးစံအတိုင်းပါပဲ စာအုပ်တစ်အုပ်ဖတ်ပြီး

ရလာတဲ့ အတွေးဆိုတာ ဝန်ခံပါတယ်။ အခုတလော ဓါတ်ကျနေပါတဲ့ ကျင့်ဝတ် အကြောင်းပဲဖြစ်ပါတယ်။ သိတ်ခေါင်းစားလောက်တာမျိုးတော့

မဟုတ်ပါဘူးဗျာ။ ဝိုင်းဆွေးနွေးချင်တာ လေးပါ။

ထူးချွန်ထက်မြက်သူူ  ဖြစ်အောင် သင်ကြားပေးလို့ ရပါတယ်။ ဟုတ်တယ်နော် ။ ကျွန်တော် လက်ခံပါတယ်။

ခင်ဗျားတို့လည်း လက်ခံမယ်ထင်မိတယ်။

ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးလို့ ရပါသလား။

ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ လေ့ကျင့်သင်ကြားပေးလို့ ရနိုင်ပါသလား။

စာအုပ်ထဲမှာ ပါတာကတော့ ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ ဦးနှောက်ထဲ တတ်သင့်တတ်ထိုက်တာတွေ ရိုက်သွင်းပေးလို့ လွယ်ပါတယ်တဲ့။

ကျင့်ဝတ်စောင့်ထိန်းဘို့ကျတော့ နှလုံးသားထဲရိုက်သွင်းရတာမျိုး ဖြစ်လို့ မလွယ်ပါဘူးတဲ့။

ခင်ဗျားတို့ရော ဘယ်လိုမြင်ကြလဲ။ ဘလက်က သိချင်နေမိပါတယ်ဗျာ။

24 comments

  • blackchaw

    November 20, 2011 at 9:59 am

    ကျွန်တော့် အမြင်ကို အရင် ရေးလိုက်ပါတယ်ဗျာ။
    ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ ကို
    ကျွန်တော်က ခေါင်းဆောင်ရယ်လို့ သတ်မှတ်ချင်ပါတယ်။
    ကျင့်ဝတ်စောင့်ထိန်းတယ်ဆိုတာ နှလုံးသားအလှအပေါ်မှာ အခြေခံပါတယ်။
    ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူတွေကို ကျွန်တော်က
    ဆရာမောင်သာချို စာပေဟောပြောပွဲတွေမှာ ဟောနေသလို
    ပညာပြည့်ဝ နှလုံးလှတဲ့ သူတွေလို့ သတ်မှတ်ချင်ပါတယ်ဗျာ။

    • အီးတီ

      November 20, 2011 at 10:36 am

      ဦးဘလက် စားတယ်နော်။ ဦးဘလက်ရဲ ့ဟိုဘက်ပိုစ့်ကို ဖတ်လို ့ပြီးတုန်းရှိသေးတယ်။ 🙂 ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင်လေ့ကျင့်ပေးဖို ့ဆိုတာ မလွယ်ဘူးလို ့ ထင်ပါတယ်။ ကမာ္ဘပေါ်မှာရှိတဲ့ လူတွေအားလုံးသေသွားပြီး အသက်ရှင်တဲ့သူ တစ်ယောက်ထဲ ကျန်ခဲ့မယ် ဆိုရင်တော့ ဖြစ်နိုင်တယ်လို ့ ထင်ပါတယ်။ :mrgreen: ဒါတောင် ကျန်ခဲ့တဲ့သူက ကျင့်ဝတ်စောင့်ထိန်းသူ မဟုတ်ပါဘူး။ ကျင့်ဝတ်စောင့်ထိန်း စရာမလိုတော့လို ့ပါ။ 😀

  • ပေါက်ဖော်

    November 20, 2011 at 10:31 am

    အဲဒီ…သင်တန်းရှိရင် တက်ပါရစေ..လားခင်ဗျာ

    • windtalker

      November 20, 2011 at 12:51 pm

      ရန်ကုန်ရောက်မှ သေချာသင်ပေးမယ်နော်
      ဆရာ့ကို ဘာနဲ ့ပူဇော်ရမလဲ ဆိုတာ သေချာစဉ်းစားပြင်ဆင်ထားဘာ
      ဟွင်းဟွင်းဟွင်း

      • windtalker

        November 20, 2011 at 1:00 pm

        ကိုဘလက်ရေ ပေါက်ဖော် ကို ပြောတာပါနော်
        နာမည်ထဲ့ရေးဖို ့ကျန်သွားခဲ့လို ့

        • ပေါက်ဖော်

          November 20, 2011 at 3:14 pm

          လူကြီးကိုလျှောက်မနောက်နဲ ့..
          လူကြီးက ခွင့်လွှတ်ပေမဲ့….ငရဲမင်းက ခွင့်မလွှတ်ဘူး.
          ကြားသလား ကပေ

          😆

  • parlayar46

    November 20, 2011 at 10:48 am

    ပြောတော့ “သိတ်ခေါင်းစားလောက်တာမျိုးတော့မဟုတ်ပါဘူးဗျာ။” တဲ့..

    ကိုဘလက်ရေ- အဲဒါတော်တော်ခေါင်းစားပြီး အချေအတင်တွေတောင်ဖြစ်နိုင်တဲ့ အကြောင်းအရာဗျ။ အခုတော့ ခပ်တိုတိုမန်းနှင့်ဦးမယ်။ အရှိန်ရလာရင်တော့ တကြော့ပြန်ပြီး မီးလောင်ရာလေပင့်ရသေးတာပေါ့။

    “ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးလို့ ရပါသလား။”

    လေ့ကျင့်သင်ကြားဆိုတာကတော့ ဘောင်ကျဉ်းသေးတယ်။ ကျင့်ဝတ်စောင့်ထိန်းသူဖြစ်အောင် ပုံသွင်း ပြုပြင်လို့တော့ (ကိုယ့်ကိုယ်ကိုရော သူများကိုပါ) ဖြစ်နိုင်ပါတယ်။ ပုံသွင်းတယ်ဆိုတော့ ပုံစံခွက်တော့လိုတာပေါ့နော်။ တနည်းအားဖြင့်ပြောရရင် ကြိုတင်ရည်ရွယ်ထားတဲ့ မိုဒယ်ပုံစံတခုတော့ လိုတာပေါ့။ “စံ” ပေါ့နော်။

    များသောအားဖြင့်တော့ လူကို ငယ်စဉ်ကတည်းက တွေ့ထိဖြတ်သန်းခဲ့ရတဲ့ လူမှု့ဝန်းကျင်ကပဲ ပုံသွင်းလိုက်တာများပါတယ်။ “မာ” မသွားသေးရင်တော့ ကြီးပြင်းလာပြီးတဲ့ နောက်မှာလဲ အခြားပုံစံခွက်နဲ့ အလိုက်အထိုက် ပုံသွင်းလို့ရတာတွေရှိပါတယ်။ ဥပမာ – အနောက်နိုင်ငံများရောက်မြန်မာများ။

    တချို့ဖြစ်ရပ်တွေမှာတော့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ဖေါက်ထွက်ပြီး ကျင့်ဝတ်ဆိုင်ရာ စံအသစ် မူအသစ်တွေကို လိုက်နာဆုပ်ကိုင်တတ်သူတွေလဲ တွေ့ရပါတယ်။ စိတ်ဓါတ်မကောင်းသူတွေကြားမှ စိတ်ဓါတ်ကောင်းသူတွေ ထွက်ပေါ်လာတာ- ကိုယ်ကျင့်တရားမကောင်းသူတွေကြားမှ ကိုယ်ကျင့်တရားကောင်းသူတချို့ ထွက်ပေါ်လာတာတွေလဲ အများကြီးပါပဲ။ အဲဒါကို ပါရမီတို့ အထုံတို့ ပဌာန်းဆက်တို့ ပြောချင်တဲ့သူတွေလဲ ပြောကြပေါ့။

    အပေါ်က ကတိအတိုင်း အတိုချုပ်ရရင်- စိတ် ၊ သဘောထား၊ ခံယူချက်၊ အကြားအမြင်ဗဟုသုတ တွေဆိုတာ အခြေအနေအရ ပြောင်းနိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီဟာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကျင့်ဝတ်စောင့်ထိန်းလိုက်နာခြင်း ဆိုတာလဲ ပြောင်းလဲနိုင်တယ်လို့ပဲ ယူဆမိပါတယ်။

  • Thanlwinoo

    November 20, 2011 at 11:02 am

    ကိုဘလက်..
    ငယ်စဉ်အခါက ပြည်သူ့နီတိသင်ခဲ့ဖူးရင်၊ လိုက်နာခဲ့ရင် ကြီးလာတဲ့အခါ ကျင့်ဝတ်စောင့်ထိန်းသူဖြစ်ဖို့ မခဲယဉ်းဘူးထင်ပါတယ်..။
    ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေ ပြည်သူ့နီတိတွေ သင်ယူနိုင်ဖို့၊ အားကစားတွေကို အားကစားစိတ်ဓါတ်နဲ့ သန့်ရှင်းစွာယှဉ်ပြိုင်တတ်ဖို့ ဆောင်ရွက်ပေးရန် လိုအပ်နေပါတယ်..။

  • ကြောင်ကြီး

    November 20, 2011 at 12:06 pm

    ရကောင်းပေမဲ့ အတော့်ကို ကြာမယ်၊ အားလုံးနဲ့ဆိုင်မယ်။ ဒီတော့ မဖြစ်နိုင်ဘူးလို့ ပြောရင်လည်း ရတယ်။ လူနဲ့မူ အပြန်အလှန် အကျိုးကျေးဇူး ပြုတာမို့ လူမျိုးအများစုအတွက် ကြက်ဥ – ကြက်မ အစရှာသလို ဖြစ်နေအုံးမှာပဲ။ လူမျိုးလို့ ပြောရတာ စနစ်သည် အကျင့်စရိုက်ကို ဖန်တီးပေးတယ်။ ဘာသာ၊ ယဉ်ကျေးမှု အမျိုးစုံဖြစ်ပေါ်ပြောင်းလဲနေတဲ့ ၂၁ရာစုကမာ္ဘကြီးမှာ ကျင့်ဝတ်စောင့်ထိန်းခြင်း စကားလုံးကို အဓိပ္ပါယ်ဖွင့်ဖို့ခက်တယ်။ ဒီတော့ ဘာသာရေး မနွယ်တဲ့ သာမန်နေမှုထိုင်မှု ထုံးတမ်းစရိုက် ကိုပဲ လူ့ကျင့်ဝတ်လို့ ဘောင်သတ်မှတ်မှ လိုင်းချော်မထွက် ဆွေးနွေးလို့ဖြစ်မယ်။ ဘာသာရေး အဆုံးအမများပါလာရင် ငါမှန်၊သူမှား ရှုပ်ကုန်လို့ သူများကို မထိခိုက်စေသော နေထိုင်စားသောက်မှု ထုံးတမ်းစဉ်လာလို့ ရိုးရိုးလေး ပြောမယ်ဗျာ။ (ဒီအယူအဆကို သဂျီးတို့ အဓမ္မပစ္စုပ္ပန်ဝါဒီအုပ်စုက ဖြန့်ဖြူးလှုံ့ဆော်နေကြတယ်။ စကားချပ်)
    တရုတ်ပြည်မက ကြေးမုံလေးတို့အမျိုး တရုတ်ကြီးနဲ့ ဦးကြောင်ကြီးကို တဖက်သတ်ကြိုက်နေတဲ့ ယူအက်စ်က တရုတ်မလေး နှစ်ဦးယှဉ်လိုက်ရင် ဘယ်သူ ကျင့်ဝတ်စည်းကမ်း ပိုလိုက်နာမယ် ထင်သလဲ။ လူမျိုးခြင်းအတူတူ စနစ်ရှိတဲ့ တိုင်းပြည်မှာနေသူက ကျင့်ဝတ်စည်းကမ်း လိုက်နာရကောင်းမှန်း ပိုသိမှာပေါ့။ စနစ်ပျက်နေတဲ့ တိုင်းပြည်ကလူအတွက် မရှိ – မသိ – မရှိ မုန့်လုံးစက္ကူကပ်နေမှာပဲ။ ပြောင်းပြန်လုပ်ပြီး သူတို့နှစ်ယောက်ကို နေရာခြင်းလဲထားလိုက်ပါလား။ မီးများမီးနိုင် ရေများရေနိုင် ဖြစ်သွားမှာပေါ့။ 😀
    ခေတ်ယဉ်ကျေးမှု သတ်မှတ်ချက် ကျင့်ဝတ်စည်းကမ်းမှာ ခိုးဆိုးလုယက် လိမ်ညာသတ်ဖြတ်နေတာကို မဆိုလိုဘူး၊ အဲဒါတွေက ရာဇဝတ်မှုတွေ။ အများနဲ့ဆိုင်တဲ့နေရာတွေမှာ တန်းစီစနစ် ကျင့်သုံးတာစလို့ ကတိတည်တာ၊ အချိန်လေးစားတာ၊ အသိအမှတ်ပြုတာ စတာတွေသည် နိုင်ငံတနိုင်ငံမှာ ရာစုနှစ်နဲ့ချီ ကျင့်သုံးလာတဲ့အခါ အဲဒီမှာနေထိုင်သူများ စရိုက်အဖြစ် အမြစ်တွယ်လာတယ်။ သူတို့ဆီ ရွှေ့ပြောင်းလာသူများကိုလည်း လိုက်ရောညီထွေဖြစ်စေဖို့ ပညာပေးလိုက်နာခိုင်းတယ်။ ဒီတော့ လူသစ်များမှာလည်း အကျင့်ဗီဇကောင်းများ ရသွားတယ်။ ပြောတော့လွယ်တယ်၊ တကယ်တမ်းလုပ်တော့ ငွေလိုတယ်၊ အသိညဏ်လိုတယ်၊ ပတ်ဝန်းကျင်ကောင်းရမယ်။
    ပြန်ချုပ်ရင် မဖြစ်နိုင်ဘူး မဟုတ် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဖြစ်မလားဆိုတော့လည်း ဖြစ်ချင်မှဖြစ်မယ်ဗျို့။ အဖြေရှိပေမဲ့ လူတိုင်းအတွက် မဟုတ်ဘူး။ အဖြေအတိုင်းလိုက်လုပ်နိုင်သူ အများစုရှိတဲ့ တိုင်းပြည်မှာနေရင် လူမျိုးဘာသာမရွေး ကျင့်ဝတ်စည်းကမ်းရှိမယ်၊ အကျိုးကျေးဇူး ခံစားရမယ်။ သိပေမဲ့ မလိုက်နာနိုင်သူများတဲ့ တိုင်းပြည်ကတော့ ဘာကြီးဖြစ်နေနေ စည်းကမ်းမဲ့လို့ ဆင်းရဲမယ်ဗျို့။ ( ယေဘူယျပြောတာပါ၊ အာရပ်တွေလို ရေနံထွက်နေရင်တော့ ခြွင်းချက်ပေ့ါနော်။ မွဲသွားတဲ့ တနေ့ကြတော့လည်း ဘင်လာဒင်လမ်းစဉ် လိုက်ကြတာပေါ့။ 😆 )
    မြန်မာပြည်ရော မဖြစ်နိုင်ဘူးလား။ မြင်ယောင်ကြည့်ရအောင်ဗျာ။ သဂျီးပြောသလို တရုတ်နဲ့အိန္ဒိယ အကြားနေပြီး လုပ်တတ်ကိုင်တတ်လို့ ရောင်းပန်းဝယ်လမ်းပွင့်မယ်၊ သဘာဝဓာတ်ငွေ့တွေကလည်း အလျှံအပယ်ထွက်မယ်၊ အနောက်ကမာ္ဘနဲ့လည်း ဆက်ဆံရေးကောင်းပြီ ဆိုကြပါစို့။ ငွေကြေးပြည့်စုံ၊ အသိအတတ်ပညာ ပြည့်စုံလာလို့ ကဏ္ဍပေါင်းစုံမှာ ခေတ်မှီလာပြီထားဗျာ။ လူတွေက အထူးသဖြင့် လူလတ်တန်းစားနဲ့ နိုင်ငံရေးသမားများ (စစ်ဗိုလ်များလည်းပါတယ်) သမိုင်းသင်ခန်းစာ မယူတတ်ရင် တနည်းအားဖြင့် ဆင်ခြင်တုံတရား မပြည့်ဝရင် ပေးကားပေး၏ မရဆိုသလို ဆက်ပြီး ယိုယွင်းပျက်ဆီးနေကြအုံးမှာ အသေအချာပါပဲ။

  • blackchaw

    November 20, 2011 at 2:21 pm

    @ အီးတီ –
    “ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင်လေ့ကျင့်ပေးဖို ့ဆိုတာ မလွယ်ဘူးလို ့ ထင်ပါတယ်။ ”
    ကျွန်တော်နဲ့ အမြင်တူတယ် အီးတီရေ။ ချွင်းချက်တော့ ရှိကောင်းရှိနိုင်ပေမယ့် တော်တော် နည်းလိမ့်မယ်
    ထင်ပါတယ်။ ကျေးဇူးပါ။
    @ ပေါက်ဖေါ် –
    ကိုပေ့ ဆီမှာ တက်လို့ရတယ် ပေါက်ဖေါ်ရေ။ သင်တန်းကြေးညှိဘို့ပဲ လိုထှာ။
    @ windtalker –
    ကိုပေရေ။ ပေါက်ဖေါ်က သင်တန်းတက်ချင်လို့ပါတဲ့။ သှင်ပှေးလှိုက်ပှါ ဗျှာ။
    @ parlayar 46 –
    ပုံသွင်းပြုပြင်လို့ ရနိုင်ပါတယ် ကိုပါလေရာရေ။ ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုချရမယ့် အချိန်တိုင်းမှာ စိတ်ဓါတ်အမှန်ကတော့ပြန်ပြန်ပေါ်လာ နိုင်တယ်နော်။ သူ့စိတ်အခြေခံကို ပြောင်းလဲလိုက်လို့ မရနိုင်ဘူးထင်လို့ပါ။ စောင့်ထိန်းဘို့ ခက်ခဲတဲ့အနေအထားမှာ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်သံသယ ဖြစ်မိတယ်။ ဥပမာ – မဆလ ခေတ်က အရာရှိတွေကိုကြည့်ပါ။ သင်တန်းတွေမှာ ပို့ချချက်တွေ နားထောင်ကြည့်လိုက်ရင် တစ်ခါတည်းသေသွားလောက်တယ်။ ပြည်သူ့အတွက် ဆိုတာ ကတစ်ပြားမှ မလျော့ဘူးနော်။ အချိန်တန်တော့လည်း …….. အိမ်က မိန်းမအတွက် အိတ်ထဲထည့်တာပဲဗျာ။ ဒါကြောင့် ကျွန်တော်က ချွင်းချက် နည်းနည်းလေးတော့ ရှိမယ်။ ကျင့်ဝတ်စောင့်ထိန်း ဘို့ သင်ကြားပေးလို့ မရဘူးလို့ ဆိုချင်ပါတယ်ဗျာ။
    @ Thanlwinoo –
    “ငယ်စဉ်အခါက ပြည်သူ့နီတိသင်ခဲ့ဖူးရင်၊ လိုက်နာခဲ့ရင် ကြီးလာတဲ့အခါ ကျင့်ဝတ်စောင့်ထိန်းသူဖြစ်ဖို့ မခဲယဉ်းဘူးထင်ပါတယ်..။”
    မသင်ခဲ့ရရင်ရောဗျာ။ ကိုသံလွင်ဦးရေ။ ငယ်ငယ်လေးကတည်းက စံနစ်တကျ ပုံစံသွင်းပြီး ကြီးပျင်းစေခဲ့ တယ်ဆိုရင် ဖြစ်နိုင်တယ်ဗျ။ ဝန်ထမ်းဖြစ်တဲ့ အရွယ်ကျမှတော့ မရနိုင်လောက်ဘူးထင်မိတယ်။
    @ ကြောင်ကြီး။ –
    “ငွေလိုတယ်၊ အသိညဏ်လိုတယ်၊ ပတ်ဝန်းကျင်ကောင်းရမယ်။
    ပြန်ချုပ်ရင် မဖြစ်နိုင်ဘူး မဟုတ် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဖြစ်မလားဆိုတော့လည်း ဖြစ်ချင်မှဖြစ်မယ်ဗျို့။ အဖြေရှိပေမဲ့ လူတိုင်းအတွက် မဟုတ်ဘူး။ အဖြေအတိုင်းလိုက်လုပ်နိုင်သူ အများစုရှိတဲ့ တိုင်းပြည်မှာနေရင် လူမျိုးဘာသာမရွေး ကျင့်ဝတ်စည်းကမ်းရှိမယ်၊ အကျိုးကျေးဇူး ခံစားရမယ်။ သိပေမဲ့ မလိုက်နာနိုင်သူများတဲ့ တိုင်းပြည်ကတော့ ဘာကြီးဖြစ်နေနေ စည်းကမ်းမဲ့လို့ ဆင်းရဲမယ်ဗျို့။ ”

    မည်သို့ပင်ဆိုစေကာမူ မဖြစ်နိုင်ဘူး မဟုတ် ဖြစ်နိုင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ မဟုတ်ဆိုရင်တော့ ကျွန်တော် ထောက်ခံပါတယ်ဗျာ။

  • inz@ghi

    November 20, 2011 at 2:27 pm

    အန်ကယ်ဘလက်နော် …
    တားတားတို့ တိုင်းပြည်ကြီးကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့
    ဟိုလူရီးရဲ့ လူကောင်းလူတော် ဆိုတဲ့စကား ကို ပြန်အသက်သွင်း
    ချင်နေသလားမသိ ……

    တိဝူးဗျာ ..တားကြားဖူးတာကတော့
    နင့်ဟာနင် ၆ကျင့်ကောင်းတာမကောင်းတာက နင့်မိဘအလုပ်
    အလုပ်ဖြစ်တာမဖြစ်တာက ငါ့(မန်နေဂျာ)အလုပ်ဆိုတာပဲ ….

  • cobra

    November 20, 2011 at 3:22 pm

    ခေါင်းတောင်မူးသွားတယ်…………
    အကိုရာ….

  • aye.kk

    November 20, 2011 at 7:05 pm

    ကျင့်ဝတ်စောင့်ထိန်းသူဖြစ်အောင်လေ့ကျင့်ပေးလို ့တော့မရနိုင်ပါဘူး..
    ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို ့မြဲအောင်ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းကသာလျှင်..
    ကျင့်ဝတ်စောင့်ထိန်းသူအလိုလိုကိုဖြစ်သွားရတာပါ..
    ထူချွန်ထက်မြက်သူဖြစ်ဘို ့နဲ ့ကျင့်ဝတ်စောင့်ထိန်းသူဖြစ်ဘို ့ဆိုတာ..
    ညဏ်ရည်မြင့်မားသူ=ညဏ်ရည်ကောင်းမွန်ခြင်း
    နှလုံးရည်မြင့်မားသူ= နှလုံးရည်ကောင်းမွန်ခြင်း..ဟာမျိုးရိုးဗီဇနဲ ့တိုက်ရိုက်ပတ်သက်ဆက်နွယ်
    သက်ဆိုင်လျှက်ရှိနေပါတယ်..အဲဒီနှစ်မျိုးပေါင်းစပ်မှသာဖြစ်နိုင်တာပါလို ့ပြောပြပါရစေ..။
    p.s
    ကြုုံလို ့ပြောပြချင်တာလေးရှိပါသည်..
    ငယ်ငယ်ကနေအခုထိတိုင်ဘဝအရွယ်ထိ
    မဖော်ပြနိုင်လောက်အောင်လေးစားရလွန်းသည့်
    ပုဂ္ဂိုလ်တစ်ဦးတည်းသာရှိခဲ့ပါသည်..
    ထိုပုဂ္ဂိုလ်ကားအသက်သေဆုံးချိန်သည်အထိ
    ငါးပါးသီလအားစင်ကြယ်စွာစောင့်ထိန်းသွားပါသည်
    ၂၀၁ဝခုနှစ်ဩဂုတ်လအတွင်းကွယ်လွန်ခဲ့ပါသည်
    သီလအကျိုးဖြင့်အသက်(၉၅)နှစ်ထိနေထိုင်သွားခဲ့ပါသည်
    ထိုသူ၏အကျင့်သီလစင်ကြယ်မှုဘုန်းတန်ခိုးကြောင့်သာမိဘထက်ပို၍
    လေးစားမိရခြင်းဖြစ်ပါသည် ညဏ်ရည်မြင့်မားသဖြင့်
    (ငါ)ဆိုတာကိုပါယ်သတ်နိုင်ခဲ့သည့်ပုဂ္ဂိုလ်လည်းဖြစ်ပါသည် လောကတွင်အစားထိုး၍ မရနိုင်သောပုဂ္ဂိုလ်အဖြစ် ရင်ထဲတွင်တည်ရှိနေပါသည် အသက်ရှင်သန်ရပ်တည်နေသမျှှ
    ကာလပါတ်လုံး မလွဲမသွေတွေ ့ကြုံရသည့်ကိစ္စမှန်သမျှ တို ့တွင်အားလုံးပြောဆိုဆုံးမသွန်သင်မှုများ
    နှင့်လုံးဝမလွတ်နိုင်ပါ ကိုယ်ကသာမလိုက်နိုင်ဖြစ်ခဲ့ရပါသည်..
    ထိုပုဂ္ဂိုလ်သည်
    ကျမငယ်စဉ်ကပင်
    ဘုရားလူကြီး(ဂေါပကဥက္ကဌ)
    ရပ်ကွက်လူကြီး(ဥက္ကဌ)
    သာသနာအကျိုး..ရပ်ရွာအကျိုးတို ့အားသန် ့ရှင်းစင်ကြယ်စွာဖြင့်
    (သိက္ခာ သမာဓိ သတ္တိ)လက်ကိုင်ထားပြီးအဂတိတစ်ရားလေးပါးကင်းကာ
    သယ်ပိုးဆောင်ရွက်ခဲ့သည့်အပြင်
    သားသ္မီးများကိုပါ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ပေးနိုင်ခဲ့သည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ်နေထိုင်
    ကျင့်ကြံခဲ့လျှက်ကျင့်ဝတ်စောင့်ထိန်းသောထူးချွန်ထက်မြက်သည့်လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပါ
    ကြောင်းပြောပြလိုက်ပါရစေ..။

  • စုန်းထီး

    November 20, 2011 at 10:05 pm

    ပြည်သူ့နီတိ ဆိုတာ ဘာလဲ …
    ဘာတွေသင်ကြားရတာလဲ …
    ဘာတွေအတွက် သင်ကြားပေးနေတာလဲ …
    ဘယ်သူတွေ အတွက် သင်ကြားပေးရမှာလဲ …
    ဘယ်လောက် အကျိုးရှိလို့ သင်ကြားပေးရမှာလဲ …
    ဒီလို ဒီလို အကြောင်းကြောင်းတွေကို ဆရာ/မတွေ သေချာသိမြင်ပြီး ကျောင်းတွေမှာ ဖွံ့ဖြိုးရေးဘာသာရပ် စာသင်ချိန်တွေမှာ
    သေချာ သင်ကြားပေးမယ်ဆိုရင် ကျုပ်တို့ နိုင်ငံကြီးဟာ နောင်လာမယ့် မျိုးဆက်သစ်တွေရဲ့ခေတ်မှာ ………………..
    (ကျုပ်မြင်တွေ့ခွင့်လေးတော့ ရချင်မိတယ်ဗျာ) …………………………………………………………

    • inz@ghi

      November 21, 2011 at 8:51 am

      ဟိတ်လူမှော်ဆြာ …
      ကျုပ်ဇာတ်မပီးခင် နစ်ခ် ပြောင်းဒလယ်ပေါ့
      ဟုတ်လား ….
      ကျေနပ်ဝူး…

      သည်လူရီးကိုပါ တော်လှန်ပစ်တော့မယ်…

      တော်လှန်ရေးစာရေးဆြာ ဂီဂီ

  • MaMa

    November 20, 2011 at 10:10 pm

    အသိဦးလေးကြီးတစ်ယောက်က ပြောဖူးတယ်။ လိမ်တဲ့လူက လိမ်မှာပဲ။ ကောင်းတဲ့လူကလည်း ဘယ်တော့မှ မလိမ်ဘူးတဲ့။

  • ကိုရင်စည်သူ

    November 21, 2011 at 10:22 am

    မြန်မာပြည်မှာတော့ ကျင့်ဝတ်စောင့်ထိန်းမှုက
    စစ်အစိုးရ နှစ်ရှည်ကြာ အုပ်ချုပ်ခဲ့လို့…
    စိတ်ဓါတ်နဲ့ ကျင့်ဝတ်စောင့်ထိန်းမှု
    ပျက်ခဲ့တာ ကြာလှပေါ့…
    အမြီးရ… အမြီးစား ခေါင်းရခေါင်းစားနေတဲ့
    တောက်တုံးမကျတဲ့ အစိုးရဝန်ထမ်းအချို့ကို
    ကြည့်ပါလား.. သင်တန်းရှိရင်တော့
    အစိုးရဝန်ထမ်းကနေ စပေးမယ်ထင်တယ်… 🙄 🙄

  • thit min

    November 21, 2011 at 9:26 pm

    ကျင့်ဝတ် ဆို တာ မူလီနဲ့ တူတယ်ဗျ။
    ကျင့်ဝတ်များလေ မူလီရှည်လေ။
    ကြားဘူးပါတယ်ဗျာအားလုံး ဖန်တရာတေအောင်။
    ဂျပန်မူလီဆိုတာ။
    ဟုတ်တယ်။
    ဂျပန်တွေ များလိုက်တဲ့ကျင့်ဝတ်တွေ။အဲဒီလို။
    ဆိုတော့ကာ
    လူဆိုတာ ကြပ်တာသဘောမကျဘူးမလား။
    အနေကြပ်၊အစားကြပ် မလိုချင်ဘူးလေ။
    အဲဒီတော့ လိုက်နာရခက်တယ်ဗျ။
    လိုက်နာဘို့ လိုရင်တော့ လိုက်နာရတာပေါ့ဗျာ။
    သင်တန်းတို့၊တပ်တို့၊ထောင်တို့ မှာဆို မလွှဲမသွေ လိုက်နာကြရတာပေါ့။
    ပုံမှန်အားဖြင့်တော့ ၁၀ဝ မှာ ၉ဝ က မလုပ်ချင်ကြဘူး။
    ဒါကြောင့် လူတော်ပေါပြီး။ လူကောင်း ရှားတာပေါ့ဗျာ။

  • blackchaw

    November 22, 2011 at 9:12 am

    “ဒါကြောင့် လူတော်ပေါပြီး။ လူကောင်း ရှားတာပေါ့ဗျာ။”

    မိုက်တယ်ဗျာ။ ကျွန်တော်က ကိစ္စတစ်ခုကို စတင်လိုက်ပြီး
    ဦးဆောင်ဆွေးနွေးတာကြတော့ ညံ့တယ် ကိုသစ်ရေ။
    ကိုယ်ပြောချင်တာကို ရောက်အောင် ဘယ်လိုပြောရမလဲဆိုတာ
    တော်တော် လုပ်ယူရဦးမယ်။

    “လူကောင်းလူတော် ဆိုတဲ့စကား ကို ပြန်အသက်သွင်း
    ချင်နေသလားမသိ ……”

    အင်ဇာဂီ မန်းထားတာလေး ဖတ်လိုက်မှ ကိုယ့်ဟာကိုယ် ရေးထားတာ
    လူကောင်းလူတော် ဆိုတဲ့ စကားဘက်ရောက်နေပါလားလို့ သိလိုက်ရတယ်ဗျို့။
    ဆောရီးပါဆရာတို့။
    ကျွန်တော် ဟိုတစ်နေ့ကဖတ်တဲ့ Talent Management ဆိုတဲ့ ခေါင်းစဉ်အောက်က
    စာတွေကို ဖတ်ရင်း ရလာတာလေးကို ရေးလိုက်တာဗျ။
    အချိန်ရရင် ရေးဦးမယ်ဗျာ။ အခုတော့ ဂဇက်တံခါးက ဝင်ချင်တဲ့လူတွေများနေလို့
    တံခါးဘက်လှည့်လိုက်ဦးမယ် ဗျို့။

    ကွန်းမန့်ပေးသူအားလုံး ကျေးဇူးတင်ပါတယ်ဗျို့။

  • etone

    November 22, 2011 at 1:07 pm

    ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးလို့ ရပါသလား။
    ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ လေ့ကျင့်သင်ကြားပေးလို့ ရနိုင်ပါသလား။ ဆိုတဲ့ မေးခွန်းလေးတွေ ဖတ်ပြီး သဘောကျမိတယ် … လေ့ကျင့်သင်ကြားပေးလို့ ရတယ်လို့ ခံယူပါတယ် … ။

    သင်ကြားသူရဲ့ ကိုင်တွယ်နိုင်မှု အရည်ချင်းပေါ်မူတည်ပြီး ကျင့်ဝတ်စောင့်ထိန်းသူတစ်ယောက်အဖြစ်ရော ၊ ထူးချွန်ထက်မြက်သူအဖြစ်ပါ လေ့ကျင့်သင်ကြားပေးလို့ရပါတယ် … ။ သင်ကြားသူမှာ များစွာ အကျိုးသက်ရောက်မှုရှိပါတယ် … သင်ကြားခံရသူရဲ့ အကျင့် စရိုက်နဲ့ ဗီဇကိုပါ သေချာသိထားပြီး .. ဘယ်လိုနည်းမျိုးနဲ့ လိုချင်တဲ့ စ ိတ်ဓါတ်ပိုင်ရှင်ဖြစ်အောင် ပုံသွင်းယူရမလဲဆိုတာကို သေချာ သဘောပေါက်သင့်တာပါ .. … အဓိကကျသူကတော့ သင်ကြားပေးသူ ကိုယ်တိုင်ပါပဲ … ။ 🙂

    • inz@ghi

      November 22, 2011 at 1:21 pm

      အဟမ်း …..
      ဘာမှ မီဟုတ်ပါဝူး…
      ချောင်းဆိုးတာပါ
      😛

      • etone

        November 22, 2011 at 2:54 pm

        ချောင်းဆိုးသလား မပူနဲ့ ရှောက်သီးနဲ့ စိန်သောက် ၊ ဒိဌပျောက်မယ်
        အသက် 😆

        • inz@ghi

          November 22, 2011 at 7:19 pm

          ရက်စက်ထှာ

  • blackchaw

    November 22, 2011 at 1:27 pm

    ဟေ့လူကြီး။ ဒီနားမှာ ချောင်းလာဆိုးတယ်။
    ယဉ်ကျေးမှုမရှိလိုက်ထှာ။ စိတ်ညစ်ထှာ။
    တော်တော်ဆိုးတဲ့ အင်ထှာဂီ။

Leave a Reply