Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အထက်-အောက်လွှတ်တော် နှစ်ရပ်ရဲ့ အားပြိုင်မှု

maungmoenyoNovember 21, 20111min56415

မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကြီးမှာ ဗိုလ်ခင်အောင်မြင့်ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်နဲ့ ဗိုလ်ရွှေမန်းရဲ့ ပြည်သူ့လွှတ်တော်ကြားမှာ ဥပဒေကြမ်းတွေကိစ္စနဲ့ပါတ်သက်ပြီး အပြန်အလှန်ငြင်းကြခုန်ကြတဲ့ အစာမကြေမှုကိစ္စပေါ်ပေါက်လာတာကို သွားတွေ့ရပါတယ်။ စိတ်ဝင်စားစရာကိစ္စမို့ တင်ပြရတာပါ။

ဖြစ်ပုံကဒီလိုပါ။ ပြီးခဲ့တဲ့အောက်တိုဘာ(၂၈)ရက်က လွှတ်တော်(၂)ရပ်ပေါင်းပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ၊ လွှတ်တော် တရပ်ရပ်ကတင်သွင်းလာသောဥပဒေကြမ်းတခုခုနဲ့ပါတ်သက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးကိုပေးပို့ပြီးအဆုံအဖြတ်ခံယူဘို့ (အသံနဲ့မဲခွဲတယ်လို့ဆိုပါတယ်) သဘောတူခဲ့ပါတယ်။ အဲ့ဒီကိစ္စဆုံးဖြတ်ပြီးမှ၊ ပြည်သူ့လွှတ်တော်ကနေအဲ့ဒီဆုံးဖြတ်ချက်ကိုကန်ုကွက်ကြောင်းအဆိုတင်ပါတယ်။ အဲ့ဒီပြည်သူ့လွှတ်တော်တရပ်လုံကတင်တာပါ။ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်ဟာ (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့) လွှတ်တော်(၂)ရပ်အပေါ်မှာရှိတာပါ။ အထက်ကအတည်ပြုပြီးကာမှ အောက်ခြေလွှတ်တော်တရပ်ကကန့်ကွက်တယ်ဆိုတော့၊ ဗိုလ်ခင်အောင်မြင့်သိက္ခာကျတာပေါ့။ စွေ့စွေ့ခုံသွားပုံရပါတယ်။ အမျိုးသားလွှတ်တော်အမတ်မင်းများကလည်း ပြည်သူ့လွှတ်တော်အမတ်မင်းများကိုအစာမကြေဖြစ်သွားတယ်လို့ကြားရပါတယ်။ မခေါ်နိုင်မပြောနိုင်တွေတောင်ဖြစ်သွားပုံရပါတယ်။ ဟဲဟဲ- ဒိမိုကရေစီရဲ့အရသာကို အမတ်မင်းတို့ ရေရေလည်လည်ခံစားနေရပါတယ်။ ဒါဟာဒီမိုကရေစီရဲ့ အနံ့အသက်ဘဲရှိပါတယ်။ ခံနိုင်ရေဘယ်လောက်ရှီကြလဲအမတ်မင်းတို့…။

လေ့လာကြည့်ရသလောက် နှစ်ဘက်လုံကမှားလဲမှားတယ်၊ မှန်လဲမှန်ပါတယ်။

မှားရတာက လွှတ်တော်ဆိုတာဥပဒေပြုဘို့ ပြည်သူကတိုက်ရိုက်ရွေးထားတဲ့အမတ်တွေနဲ့ဖွဲ့ထားပြီးသားပါ။ သူနားမလည်ရင်အထောက်အကူပြုဘို့၊ ဥပဒေပညာရှင်တွေ လွှတ်တော်ရုံးတွေမှာခန့်ထားပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့တာဝန်က ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တွေကိုအဓိပ္ပါယ်ဖွင့်ဆိုဘို့၊ အငြင်းအခုံဖြစ်ရင်အဆုံးအဖြတ်ပေးဘို့ပါဘဲ။ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာပါဝင်စရာအကြောင်းမရှိပါဘူး။ အဲ့ဒီအတွက် ပြည်ထောင်စုလွှတ်တော်ကြီးတခုလုံးက အဲ့ဒီကိုတင်ပြဘို့သဘောတူတာကမှားနေပါတယ်။ ပြည်သူ့လွှတ်တော်အနေနဲ့ကအဲ့ဒီရပ်တည်ချက်မှာမှန်ကန်ပါတယ်။ ဒါပေမဲ့မှားတာက ပြည်ထောင်စုလွှတ်တော်မှာသဘောတူလား မေးခဲ့စဉ်က ဘာဖြစ်လို့သဘောတူရသလဲ။ နောက်မှာ ဘာလို့ကန့်ကွက်ရသလဲ။ တခါ အမျိုးသားလွှတ်တော်က ပြန်လည်ချေပတဲ့အချက်က၊ ဒီလိုသာ ပြည်ထောင်စုလွှတ်တော်ကြီးက သဘောတူပြီးကာမှ၊ မဟုတ်ပါဘူးလို့ဆိုတာက လွှတ်တော်(၂)ရပ်လုံးရဲ့သိက္ခာကျဆင်းရုံမက၊ သမိုင်းမှာ မှားယွင်းတဲ့အဆုံအဖြတ်လို့တွင်သွားမယ်။ လွှတ်တော်(၂)ရပ်ပေါင်းရဲ့အကြီးအကဲဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် နာယကလဲဂုဏ်သိက္ခာကျတယ်ပေါ့။

ပြီးခဲ့တဲ့သောကြာနေ့ကတော့ ဒီအစာမကြေတဲ့ကိစ္စနဲ့ပါတ်သက်ပြီး၊ နောက်ဆုံးပိတ်အဆုံးအဖြတ်ထွက်လာပါတယ်။ အဲ့ဒိဆုံးဖြတ်ချက်အမှတ်(၁၃)ဟာ “လွှတ်တော်ကိုလေးစားအလေးထားသောအားဖြင့်ရယူခဲ့သောသဘောတူညီချက်သက်သက်ဖြစ်သဖြင့်” ဆိုတဲ့စကားရပ်ကိုသုံးပြီး ယင်းဆုံးဖြတ်ချက်ကိုပယ်ချက်လိုက်တယ်ဆိုတဲ့ သဘောတူညီချက်ကိုချမှတ်ကြေငြာခဲ့ပါတယ်။

(၁၉၆၂) နောက်ပိုင်းမှာ တက်လာတဲ့လမ်းစဉ်ပါတီခေတ်မှာ ဒီလိုအပြန်အလှန်ဆွေးနွေးငြင်းခုံမှုမရှိခဲ့ပါဘူး။ ဒါဟာ အရွေးကောက်ခံလွှတ်တော်ရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တရပ်လိုဆိုရပါမယ်။

ဒီလိုအပြန်အလှန်ဆွေးနွေးမှု၊ လွတ်လပ်စွာကွဲလဲမှုတွေဟာ ဒီမိုကရေစီစနစ်ရဲ့အခြေခံအကျဆုံးဖြစ်စဉ်တွေပါဘဲ။ ဒါဟာ လက်ရှိအစိုးရကြားထဲမှာ အာဏာလွန်ဆွဲမှုကထွက်လာတဲ့ ပြရုပ်တခုလဲဖြစ်နိုင်ပါတယ်။ အဲ့ဒီအဖြစ်ထဲမရောက်ဖို့ကတော့အမတ်မင်းများရဲ့ တင်္ခနုပတ္တိညဏ်တွေပေါ်မှာအများကြီးမူတည်ပါတယ်။ သူတို့အချင်းချင်းအားပြိုင်ကြလို့လား၊ ဒါမှမဟုတ် တကယ်ဘဲဖြစ်ရပ်ပေါ်မူတည်တဲ့ ကွဲလဲမှုတွေလား ဆိုတာကို ချက်ချင်းရိပ်မိကြဘို့လိုပါတယ်။ မြန်မာနိုင်ငံကြီးဒီမိုကရေစီလမ်းပေါ်ရောက်နေပြီလို့တော့ပြောလို့မရသေးပါဘူး။ စောလွန်းအားကြီးပါတယ်။ နောင်ဒိလိုတွေးနွေးညှိနှိုင်းမှု၊ အတိုက်အခံပြုမှု တွေ၊ bipartisanship ဘယ်လောက်အထိရှိမလဲဆိုတာကိုတော့စိတ်ဝင်စားစွာဆက်စောင့်ကြည့်ရပါလိမ့်အုံးမယ်။ အမတ်မင်းတွေကရောဘယ်လောက်အတိုင်းအတာအထီ ကွဲလဲမှုတွေရှိနိုင်မလဲ၊ ဘယ်လောက်အတိုင်းအတာအထိ အသိညဏ်ပညာကြွယ်ဝကြမလဲ၊ ဘယ်လောက်အမျှော်အမြင်ရှိကြမလဲ၊ လူထုမျက်နှာကိုဘယ်လောက်အထိကြည့်ကြမလဲ၊ အဆုံးပြောရရင် လူထုကိုဘယ်အတိုင်းအတာအထိ ကိုယ်စားပြုမလဲဆိုတာကိုလေ့လာကြရပါလိမ့်မယ်။

15 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2011 at 9:59 am

    ( လာမယ် ကြာမယ် ဆိုလား )
    ကလေးတွေးဘဲတွေးလိုက်ပါတယ် စာမတတ်လို့ပါ
    လက်ရှိ NLD ရဲ့ ဖွဲ့စည်းပုံနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု့က တော်တော်အရေးကြီးပါ၏
    အချိန်ကာလကြာမြင့်စွာ ရပ်တည်ခဲ့သော အာဏာရှင်နှင့် အရင်းရှင်စနစ်ကို
    နေ့ချင်းညချင်း ပျောက်အောင်လုပ်၍ ရမည်မထင်
    ဆိုတော့ကာ
    NLD ၏ ဖွဲ့စည်းပုံနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု့ပေါ်တွင် မူတည်၍ တဖြည်းဖြည်း 😀 ( လာမယ်ကြာမယ် )
    ပြောင်းလဲလာမည် ( NLD ၏ ဖွဲ့စည်းပုံနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု့ပေါ်တွင် အထူးမူတည် )
    ဒါလေးများ ပြောနေလိုက်ကြတာ အံ့ရော အံ့ရော
    အောက်ပါ သံသယဖြစ်စရာ အကြောင်းများကို ဖြေဆိုပါ
    ၁။ နိုင်ငံရေးအကျဉ်းသားများကို အဘယ့်ကြောင့် မလွှတ်သနည်း ( 5 မှတ် )
    ၂။ နိုင်ငံတော်ပိုင် အဆောက်အဦး မြေနေရာတို့ကို အဘယ့်ကြောင့် ပုဂ္ဂလိက လုပ်ပြစ်သနည်း ( 5 မှတ် )
    ၂။( က ) မည်သူတို့ ရရှိ ရယူကြသနည်း ( 3 မှတ် ) ( နှစ်ခုပေါင်းမှန်လျှင် ( 10 မှတ် )
    ၃။ မော်တော်ယဉ်တင်သွင်းမှု့နှင့် နိုင်ငံရေး ရာထူးဆက်စပ်မှု့ကို အကျဉ်းခြုံးဖေါ်ပြပါ ( 10 မှတ် )
    ၃။ ( က ) အကျယ် ဖေါ်ပြပါ ( 50 မှတ် )
    ( နှစ်ခုပေါင်းမှန်လျှင် 100 မှတ်နှင့် ဆယ်ဘီးကားခြောက်စင်း ထိုင်းနယ်စပ်မှ တင်သွင်းခွင့်ပြုမည် )
    ၄။ ဖုံးလိုင်းများကို အဘယ့်ကြောင့်ထိန်းချုပ်ထားသနည်း အကျဉ်း ( 20 မှတ် )
    ၄။( က ) အကျယ် ( 80 မှတ် ) နှစ်ခုပေါင်း မှန်လျှင် 120 မှတ် နှင့် အင်တာနက် 16 နှစ် free
    ၅။ NLD အနေနှင့် ရွေးကောက်ပွဲဝင်လျှင် ပြည်သူများမှ အင်တိုက်အားတိုက် မဲထည့်ကြမည် ဖြစ်သည့်အတွက်
    ရွေးကောက်ပွဲတွင် NLD အနေဖြင့် အပြတ်အသတ်နိုင်လိမ့်မည်ဟု ဆိုနိုင်ပြီး ထိုအကြောင်းကို
    ထိပ်ပြောင်အစိုးရသည် သိနှင့်ထားပြီး ဆိုနိုင်ပြန်ပါပြီး ထိပ်ပြောင်အစိုးရမှ လာမည့်ရွေးကောက်ပွဲအပြီးတွင်
    NLD ကို နေရာပေးမည်ဟု ဆိုနိုင်ပါသလား ( 60 မှတ် ) ( ၁ မှ ၄ ထိ မေးခွန်းများနှင့် ညှိုပါ )
    ၅။(က ) မည်သို့ ကလိန်ကကျစ်ကျလိမ့်မလဲဟု သုံးသပ်ပြပါ ( 10000000000000000000000 မှတ် )
    ဤ မေးခွန်းများကို ဖြေဆိုနိုင်လျှင် ရမှတ်များအပြင် ကင်းခ ပေါ်တာခ ကင်းလွတ်ခွင့်များကိုပါ
    ရရှိမည်ဖြစ်ပြီး
    ငပိနှစ်ဆယ်သား
    ငံပြာရည် သုံးပုလင်း နှင့်
    တရုပ် သွားကြားထိုးတံ အချောင်း ရှစ်ထောင်တိတိကို အပိုဆု အနေနှင့် ချီးမြှင့်မည် ဖစ်ပါဂျောင်း
    ပုံ……
    ………မိုက်ကယ်ဂျော်နီအောင်ပု
    ………………………………….
    မှတ်ချက်။ ။ ဤနေရာတွင် ဗုံးထောင်ထားသည်

    • maungmoenyo

      November 22, 2011 at 10:36 am

      ၁။……..နိုင်ငံရေးသမားအကျဉ်းကျများမရှိဘူးလေ… ဘွာတေ…မိမိယုံကြည်ချက်ဖြင့်အကျဉ်းကျသူများ…. အဲ့..သူတို့ကိုမလွှတ်ချင်လို့မလွှတ်တာပါ… မလွှတ်တာကောင်းတာပေါ့.. .ဈေးဆဆစ်လို့ရတယ်လေ.. အကုန်လွှတ်လိုက်ရင်ဆွေးနွေးပြွတွေ.. ဘယ်ဆက်ရှိတော့မလဲ။
      ၂။…………… .နိုင်ငံတော့်အဆောက်အဦ၊ပိုင်ဆိုင်မှုတွေကို…government bond လို့ဘယ်တုံးကမှမသတ်မှတ်ခဲ့လို့ပေါ်. ..ကြည့် ့်နေပါ. . WB/IMF အစီအစဉ်ကြောင့် တခုတည်းသော ဒေါ်လာနှုန်းသတ်မျတ်ပြီးရင်.. အဲ့ဒီကိစ္စရှင်းသွားပါလိမ့်။ ခုနေကတော့ စိတ်ကူးယဉ်တဲ့ယဉ်ကြတုံးဘဲလေ။ ဘယ်သူတွေရသလဲအရှင်းကြီးပါဘဲ.. .မျက်မှေးတွေလေ….
      ၃ နဲ့ ၄။…………… ဟိုဘက်ခေတ်တုံးက ကုန်သွယ်ရေးမူဝါဒညွှန်ကြားရေးကောင်စီ.. ဆိုတော့ ခုခေတ်မှာ တခုခုတော့ထွင်ရမယ်လေ.. စားကျက်ရှိရင် ဠဒဆိုတာ မွေးထားရတယ်။ ခြေငြိမ် လက်ငြိမ်အောင်ပေါ့။…. အစိုးရ၊စစ်တပ်၊မဆလ၊ကြံ့ဖွံ့၊ ပြောချင်တာပြောကြ… .ေ နာက်ဆုံးအတိုက်အခံပြောမလား… အာဏာရလို့ကတော့…. .ဒိစားကွက်ကိုဘဲမျက်စောင်းထိုးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့.. .စားကွက် ကိုး။ (၈၈) အရေးခင်းကာလပျဉ်းမနားမှာ တာဝန်ကျစဉ်က တမြို့လုံးက သပိတ်ကော်မီလက်ထဲကျသွားပြီး (မြို့တိုင်းနယ်တိုင်း လိုလိုပါဘဲ) မြို့အုပ်ချုပ်ရေးကို အဲ့ဒီသပိတ်ကော်မီတီကကိုင်တွယ်တော့ ပထမဆုံးလုပ်တဲ့အစည်းအဝေးမှာ ထိပ်ဆုံးဆွေးနွေးကြတဲ့ခေါင်းစဉ်တွေကိုကြည့်ပါ -(၁) ဓါတ်ဆီဒီဇယ်တွေကို ဘယ်လိုခွတြမ်းချမလဲ။ (၂) ကုန်သွယ်ရေးဂိုထောင်ထဲကဖေါက်ယူခံရလို့လက်ကျန် ကျန်တဲ့ ကုန်ပစ္စည်းတွေ ဘယ်လိုကိုင်တွယ်မလဲ၊(၃) ပျဉ်းမနား၊လယ်ဝေး၊ တပ်ကုန်းတို့မှာရှိတဲ့ ဝန်ထမ်းတွေကိုပေးဘို့လစာ တွေ ကိုဘယ်တိုကင်စနစ်နဲ့ဖြန့်မလဲ၊ (၄) ဆန်တွေမြို့ကိုဘယ်လိုခွဲတမ်းချမလဲ.. ဒါလောက်ဆိုရင် ကျွန်ပ်တို့၏ အဘိဓမ္မာ မြန်မာများရဲ့ mindset ကိုမြင်လောက်ပြီပေါ့နော်… အဲ့ဒီအမြင်ထဲကမထွက်ပါဘူး။ ရန်ဖြစ်လိုက်ကြတာ၊ တုတ်ဆွဲဓဒါးဆွဲ နဲ့..သပိတ်ကော်မတီဝင်လူကြီးမင်းများလေ….. ကဲ ဒါတွေက…မြို့နယ်အဆင်၊ ရွာညတွေအဆင်၊ ပြည်နယ်နဲ့ တိုင်းတွေကော၊ ကြည့်မလား။ ဗဟိုအဆင့်ကော…… .ဒီအတွေးအမြင်ဘဲရှိပါတယ်။ ဒါကိုနိုင်ငံအရေးအရာစီမံခန့်ခွဲတယ်လို့.. သတ်မျတ်ထားတယ်လေ…
      ဆိုတောါ ဖုံးတင်မဟုတ်ပါဘူး… အကုန်မောင်ပိုင်သိမ်းချင်တယ်… ဆိုကရေးတီးလား…အားစားပွဲတော်လား…. စွယ်တော်ပင့်ရင်ရော…. သစ်ပင်စိုက်တာပါမကျန်….. ဘုးရားရွှေချတာကအစ… .ကြည့်ရတာ. .တနိုင်ငံလုံးစည်ပင်ဝပြောလို့ေ ပြာစရာမရှိအောင်ခြောက်ပစ်ကင်းနေလို့… အစိုးရကမရှိရှိတာရှာ လုပ်နေရပုံပါဘဲ……
      ၅။……………. ထိပ်ပြောင်အနေနဲ့ အာဏာအတူယှဉ်တွဲအုပ်ချုပ်ရေး အစီအစဉ်တော့ရှိမယ်မထင်ဘူးဗျ…။ တခုတော့ရှိတယ်… အတိုင်ပင်ခံကောင်စီလိုလို…… ကိုယ်ကိစ္စသူကတိုက်ရိုက်မပါနိုင်၊ သူ့ကိစ္စလည်းကိုယ်ကမလွှမ်းမိုးလို့မချုတ်ချယ်လို့.. ဘာမှမဖြစ်လောက်တဲ့ ရာထူးမျိုးပေးထားမယ်ထင်ပါရဲံ… ဘာဖြစ်လို့လဲဆိုတော့.. .ဒေါ်စုပညာသင်ကြားကြီးပြင်းခဲ့ရတဲ့ ပါတ်ဝန်းကျင်လုပ်ကိုင်ပုံတွေ နဲ့ လက်ရှိအစိုးရ ကျငသ့်သုံးပုံစနစ်တွေက ပြဒ့းတလမ်း၊ သံတလမ်းဖြစ်နေလို့ပါ…။ ဒါပေမဲ့ကောင်းတာက အစိုးရက မဟုတ်တာသိပ်လုပ်လို့မရတော့ပါဘူး။ ပေါ်တင်ကြီးလုပ်ရမဲ့ကိစ္စတွေရှဲသွားလောက်ပါတယ်။
      သတင်းစာတွေက အဓိပ္ပါယ်ရှိသော ကိစ္စတွေများလာပါလိမ့်မယ်….။ အဲ့ဒါကလိန်ကကျစ်လို့ေ ပြာရတာတော့ခက်တယ်… ဘာဖြစ်လိုလဲဆိုတော့..ဒေါ်စုက လဲအဲ့ဒီလို. .ပေါက်တတ်ကရတွေ လုပ်ရတဲ့အသိုင်းအဝိုင်းထဲမှာ.. ဝင်ပါဘို့လက်ရှောင်ပါလိမ့်မယ်..နိုဘယ်ဆုရှင်နော်… သမိုင်းမှာအမဲစက်အဖြစ်ခံလို့မရတော့ဘူး…..

      ကဲ..ဘယ်မလဲ..ဒေါ်လာတွေ.. .(ပွိုင် = U.S. dollars) ပုံ – IMF/World Bank/Asia/Bank

      • မိုက်ကယ်ဂျော်နီအောင်ပု

        November 22, 2011 at 8:47 pm

        စာရင်းချုပ်လိုက်တော့ ရှင်းရှင်းလေးဘဲ
        မရှင်းဘူး 😀 😀 😀
        ( ကြုံလို့ပြောတာပါနော မတူသောအတွေးနဲ့ပါ ( သဂျီးလေသံဖြင့် ) )
        အဋ္ဌာပေးပါဒယ် ချဲထိုးဘူးသူတွေမှ ပေါက်မယ်ထင်ဒယ်
        NLD တစ်ခုခု ဖြစ်ရင် ဘာလုပ်ကြမလဲ?????????
        ဥပမာ။ ။ ဒေါ်စု ဝင်သွားတယ် ဘယ်သူဘာလုပ်သလဲ ?????
        ( မိမိအမြင်ကို ပို့စ်တစ်ခု ရေးဘို့ ကြိုးစားနေပါတယ် မတတ်နိုင်သေးလို့ပါ
        ထပ်လောင်းP ီး ပြောBာ Dယ် ေNာ မိမိဟာနိုင်ငံရေးသမားမဟုတ်သလို
        လမ်းကြုံရင်တော့ကြုံသလို လုပ်မှာပါ )

  • Ko Ko Aung

    November 21, 2011 at 1:18 pm

    တကယ်တော့ ဒေသအခြေပြု အမျိုးသားလွှတ်တော်နဲ့ လူဦးရေ အခြပြု ပြည်သူ့လွှတ်တော် နှစ်ရပ်ပဲ ဥပဒေရေးအရ တာဝန် လုပ်ပိုင်ခွင့်တွေ ခွဲဝေရမှာမဟုတ်ပဲ
    လွှတ်တော်အမတ်အသီးသီးအနေနဲ့လဲ ကိုယ်နဲ့ဆိုင်တဲ့အပိုင်းတွေက်ို ခွဲခြားပြီး အဆိုတင်တာ မေးမြန်းတာ ပြုလုပ်ရမှာဖြစ်ပါတယ်။
    အခုတော့ ဘယ်သူက ဘာလုပ်ရမှန်းမသိပဲ အမတ်ဆိုလို့သာ ယောင်နနနဲ့ လွှတ်တော်ထဲရောက်လာကြ၊ ဘယ်ကောင် ပြဌာန်းလိုက်မှန်းမသိတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သံယောင်လိုက်ကြ၊ တိုင်းရေးပြည်ရေးဆိုတိုင်း အကုန်လုပ်ရမယ်မှတ်ပြီး (ဥပမာ- ပြည်သူ့လွှတ်တော်မှာလဲ လမ်းဖေါက်ပေးမလားမေး၊ အမျိုးသားလွှတ်တော်မှာလဲ လမ်းဖေါက်ပေးမလားမေးတာမျိုး) အလုပ်လုပ်ပြရင်း အလုပ်ရှုပ်နေကြပါတယ်။ တကယ့်ပြုပြင်ရမယ့် ကိစ္စတွေအတွက် လေသံဟဖို့နေနေသာသာ ယားလို့တောင် မကုတ်အားကြဘူး။ ဒီအထဲ မီဒီယာတွေကလဲ အရူးဘုံမြှောက်နေကြသေး။

    ဒါကိုက အရင်ချုပ်ချုပ်ကြီးရဲ့ ကလိန်စေ့ငြမ်းဆင်အကွက်တွေထဲက တခုလို့ မြင်ပါတယ်။

    ဒါကို အခြားနိုင်ငံရေးသမားများနည်းတူ ဒေါ်စုလဲ မြင်မယ်လို့ ယုံကြည်ပါတယ်။ သူလွှတ်တော်ထဲရောက်သွားရင် အဲဒါအရင်ပြင်ရပါလိမ့်မယ်။ လွှတ်တော်ကို တကယ့်အလုပ်လုပ်တဲ့နေရာဖြစ်အောင် ပြောင်းရပါလိမ့်မယ်။ ဒါမှလဲ NLD က လွှတ်တော်ထဲမှာ တကယ်အလုပ်လုပ်လို့ရမှာပါ။

    • maungmoenyo

      November 22, 2011 at 10:51 am

      ပါလီမန်ဒီမိုကရေစီခေတ်တုံးက လူမျိုးစုလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်၊ လမ်းစဉ်ပါတီခေတ်ရောက်တော့ နိုင်ငံတော်ကောင်စီ နဲ့ ပြည်သူ့လွှတ်တော်။ အခုခေတ်မှာတော့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်၊ အမေရိကားမှာတော့ ဆီးနိတ် နဲ့ ကွန်ဂရက်..အားလုံးတသဘောထဲပါဘဲ။ သဘောကတော့ မဲ့ဆန္ဒရှင်တွေရဲ့ဆန္ဒ ယိုပေါက်မရှိ ရလောအောင် လူမျိုးစုအခြေခံ နဲ့ရော လူဦးရေအခြေခံနဲ့ပါ ညှပ်ပူးညှပ်ပိတ် ရယူထားတာပါဘဲ။ အင်မတန်ကောင်းတဲ့ လူထုကိုယ်စားပြုနည်းပါ။
      လက်ရှိအခြေမှာတော့ပွင့်ပွင့်လင်းလင်းပြောရရင် –
      (၁) လွှတ်တော်ထဲပါလာကြသူတွေဟာဟာ လူထုကိုတကယ်ကိုယ်စားပြုတယ်လို့ဆိုရဘို့အတော်ခက်ပါတယ်။
      (၂) လုပ်ရည်ကိုင်ရည် ပညာအရည်အသွေးတိမ်ကောတဲ့ အမတ်တွေဖြစ်နေလို့ပါဘဲ။
      (၃) လက်ညှိုးထောင်၊ ခေါင်းငြိမ့် အဆင့်များ၊ အမိန့်နာခံရာမှာစံနမူနာပြုရသူများတွေသာပါလာပါတယ်။ self-initiative ဆိုတာကိုဝယတလုံးနားမလည်ကြသူတွေသာဖြစ်ပါတယ်။
      (၄) ခုချိန် ဗဟိုအစိုးရ နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးများရဲ့အစိုးရများရဲ့လုပ်ပိုင်ခွင့်တွေ၊ ဒိမံခန့်ခွဲမှု အဝန်းအသိုက်သက်ရောက်မှာများဘယ်လိုရှိမယ်ဆိုတာအဓိပ္ပါယ်မပေါက်ကြသေးပါဘူး။ ရှင်းရှင်းပြောရရင် လုပ်ရင်းနဲ့ အတွေ့အကြုံတွေရှာနေကြရတုံးပါ။ တခြားနိုင်ငံတွေကိုသွားလေ့လာရအောင်ကလဲ မေးရမှာရှက်စရာကြီး။

  • Ko Ko Aung

    November 21, 2011 at 1:28 pm

    ကို မိုက်ကယ်ဂျော်နီအောင်ပု မေးခွန်းတွေက နက်နဲလွန်းတော့ အောင်မှတ်ရအောင်ဖြေဘို့တော့ မလွယ်ပါဘူး။
    သူငယ်တန်းကျောင်းသား ရည်းစားစာရေးတယ်လို့ သဘောထားပြီး ညှာညှာတာတာ ဖတ်ပေးကြပါ။:D

    ၁။ နိုင်ငံရေးအကျဉ်းသားများကို အဘယ့်ကြောင့် မလွှတ်သနည်း

    အဖြေ = အဘယ်ကြောင့်လွှတ်ရမည်နည်း။ ဖမ်းကတည်းက ဖမ်းချင်လို့ဖမ်းထားတာ ။ အခုတော့ ကြာကြာထားလေ ဈေးပိုပေးလေနဲ့ လှောင်ကုန်တမျိုးတောင် ဖြစ်နေပြီထင်တယ်။ စိတ်ချကြပါခင်ဗျာ – ကြိုက်ဈေးရတဲ့နေ့ သို့မဟုတ် မနေနိုင်အောင် ဗိုက်နာတဲ့နေ့မှ လွှတ်မှာပါ။ လောကမှာ စိတ်ကောင်းဝင် အကျွတ်တရားရဘို့ဆိုတာ ဒီလောက်မလွယ်ပါဘူး။

  • kai

    November 22, 2011 at 3:56 pm

    ပညာတော်သင်အဖွဲ့ကို.. ယူအက်စ်နဲ့.. အင်္ဂလန်လွှတ်ပြီး လွှတ်တော်ပညာတွေသင်ကြားစေသင့်တယ်..။
    ယူအက်စ်က.. စီနိတ်တာ(ဟောင်း)တယောက်ကို.. အမြဲတန်းအကြံပေးအဖြစ် ဒေါ်လာပေးပြီး ခန့်ထားသင့်တယ်..။ ပိုဖြစ်နိုင်ရင်တော့.. သမ္မတဟောင်း.. ကာတာ.. ကလင်တန် ..ဘုရှ်.. စသဖြင့်တယောက်ယောက်ကို.. ခေါ်ကြည့်သင့်တယ်..။
    =

    =
    ကိုရင်အောင်ဘုအတွက်အဖြေ..
    ၁) လွှတ်ခံချင်တဲ့သူများက.. သမ္မတဆီ အသနားခံစာတင်လာမလားစောင့်နေတာပါ..။
    မတင်လည်း. .အစိုးရဆီကစာရင်းနဲ့.. NLD စာရင်းညှိပြီး လွှတ်ပေးပါတော့မယ်..။ ဒီတခေါက် ၈၈ မျိုးဆက်တွေပါလာပါမယ်..။

    ၂) စစ်အစိုးရတုံးက..တိုင်းပြည်အတွက်လည်ပတ်ရမဲ့ ငွေကို ဘယ်လိုရှာရမှန်းမသိလို့..ရှိတာလေးတွေ ရောင်းပြီးရှာတာပါ..။ အခုကတော့ အရှိန်နဲ့ ဆက်လိမ့်တာပေါ့..။

    ၂)က) ခရိုနီတွေက ရယူကြပါတယ်..။ ဖြစ်ပုံက.. လမ်းဖေါက်..။တံတားဆောက်။ ရေကာတာဆောက်ဖို့..အစိုးရမှာ ဘက်ဂျက် ငွေမရှိပါဘူး.။ အဲဒီအစား.. နိုင်ငံပိုင်ပစ္စည်းတွေကို အသုံးပြုခွင့်ပေးပြီး..ပါမစ်..စာချုုပ်နဲ့ ငွေကိုလှည့်သွားတာပါ..။

    ၃) အပေါ်က.. ၂နဲ့၂က ကြည့်ပါ။

    ၄) ဖုံးလိုင်းများ မထိန်းချုပ်ထားပါ..။ ပိုင်ရာဆိုင်ရာ ဆွေမျိုတော်များ စားနိုင်သောက်နိုင်အောင်.. ဆိုင်ရာသူများ အားလုံးအတွက်.. စံနစ်စံနှုန်းမရှိ .. လုပ်ပိုင်ခွင့်ပေး.. ဖွင့်ပေးထားပါတယ်..။
    ၄)က) မြန်မာပြည်တွင်သုံးနေသော..သုံးခဲ့သော.. ဖုံးစံနစ်များကို .ခြင်းဖုံးဟုခေါ်သော.. စီဒီအမ်အေ ဖုံးလိုလိုကြီးမှစ၍ ..တခုချင်းစီ .ပြန်လည်ဖေါ်ပြပေးပါ..။

    ၅) ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတကြောင်း ပြရန်.. နိုင်ဂျံဂါးသားများပါ.. ဖိတ်ခေါ်ပြီး လေ့လာစစ်ဆေးမှု ပြုနိုင်ရန် ဖွင့်ပေးလိုက်ပါမည်.။ သို့မှသာ.. ပြီးခဲ့သော၂၀၁ဝ ရွေးကောက်ပွဲလည်း.. လွှတ်လပ်မျှတသလိုလို.. ဖြစ်သွားမည်ဖြစ်ပေသည်..။
    ၅)က) လုံးဝ ကလိမ်ကကျစ်လုပ်မည်မဟုတ်ကြောင်း…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 22, 2011 at 8:53 pm

      ဖြစ်သင့်ဒါဂိုများေ ပြာနေရသေးဒယ်
      သဂျီးမင်းမှ သမ္မဒဂျီးဖြစ်သင့်ပါပြီး
      ကျနော် အရှင့်ကျေးကျွန် မိုက်ကယ်ဂျော်နီအောင်ပု မှ
      ရပ်ကွက်လူဂျီးဖြစ်သင့်ဘာဒယ်ခင်ဗျား

      • ပေါက်ဖော်

        November 22, 2011 at 9:35 pm

        အဲကျရင် တားတားက ကိုးအိမ်မှူး လုပ်မယ်
        😆

        • ကိုရင်စည်သူ

          November 22, 2011 at 11:35 pm

          လုပ်ကြ.. လုပ်ဂျ..
          ကိုရင်က အားလုံးကို ပတ်ပြီး
          ဆွမ်းခံထွက်မယ်… ကောင်းဝူးလား.. 😀 😀 😀
          အထက်အောက်လှန်တာ အရေးမကြီး
          ကိုရင် ဆွမ်းမှန်ဖို့ အရေးကြီး 😀 😀 😀

  • windtalker

    November 22, 2011 at 9:09 pm

    နေပြည်တော် မှာ
    ရှေ ့ကား နောက်ကား
    သေနတ်တွေ နဲ ့ပစ်ကြတာနဲ ့များ
    ဆိုင်နေမလား လို ့

  • kai

    November 23, 2011 at 5:05 am

    ဆရာမိုးညိုဆောင်းပါးကို. အထောက်အကူပြုသတင်းပါ..။
    ကိုးကားနိုင်ရန်သာဖြစ်ပါကြောင်း.. 🙂
    ===

    ဦးခင်အောင်မြင့် စောဒက ကိုယ်တိုင်ပြန်ရုပ်
    မျိုးသန့် | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၅ မိနစ်
    http://www.mizzimaburmese.com/news/inside-burma/8660-2011-11-21-15-26-13.html

    ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေများကြမ်းများကို အခြေခံ ဥပဒေ ခုံရုံးသို့ ပေးပို့စိစစ်ပြီး သမ္မတ လက်မှတ်ထိုးကာ ဥပဒေအဖြစ် ထုတ်ရန် အထက်လွှတ်တော် နာယက ဦးခင်အောင်မြင့်က လိုလားခဲ့သော်လည်း သောကြာနေ့တွင် ပြန်လည် ရုပ်သိမ်းလိုက်သည်။

    ဦးခင်အောင်မြင့်က ပြန်လည် ပယ်ဖျက်ရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားချက်ကို
    နိုင်ငံပိုင် သတင်းစာ မြန်မာ့အလင်းက ကိုးကားဖော်ပြထားရာတွင် “ ပြည်ထောင်စု လွှတ်တော်တွင် ကောင်းမြတ် သည့် အစဉ်အလာ ကျန်ရှိရန်နှင့် အောက်လွှတ်တော်ကို အလေးထား၍” ဟု ပါရှိသည်။

    အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဦးခင်အောင်မြင့်က
    “ ဥပဒေကြမ်းများသည် ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်းရှိ၊ မရှိ သံသယရှိဖွယ် ကိစ္စများ ပါဝင်သည်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့စိစစ်စေမည်”ဟု ဆုံးဖြတ်ခဲ့သည်။
    meetlotdaw2

    ပြည်ထောင်စု လွှတ်တော်မှ အတည် မပြုသေးသမျှ တခြမ်းပဲ့ အဖြေပင် ဖြစ်ကြောင်း၊ တခြမ်းပဲ့ ဆုံးဖြတ်ချက်နှင့် နာယကအပေါ် ပုတ်ခတ် ဝေဖန်မှုများ ရှိခဲ့လျှင် ပြစ်ဒဏ်ပေး၍ရသည်ဟု ဦးခင်အောင်မြင့် ပြော (ဓါတ်ပုံ မဇ္ဈိမ)

    သို့သော် သူ၏ဆုံးဖြတ်ချက်မှာ လွှတ်တော်နှစ်ခုအကြား ငြင်းစရာ ဖြစ်သွားခဲ့သည်။ အောက်လွှတ်တော် လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေများနှင့် ညီညွတ်ခြင်းကြောင့် ပြန်လည်ရုပ်သိမ်းပေးရန် နိုဝင်ဘာလ တရက်နေ့တွင် အဆိုတင်သွင်း ခဲ့သည်။ သူ၏အဆိုကို အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထောက်ခံလိုက်ပြီး “လွှတ်တော်၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေနိုင်သည်” ဟု အပြစ်တင်ခဲ့သည်။

    နိုဝင်ဘာ သုံးရက်နေ့တွင် အထက်လွှတ်တော် ဆွေးနွေးမှုများတွင်လည်း “ပြည်ထောင်စု လွှတ်တော်မှ အတည် မပြုသေးသမျှ တခြမ်းပဲ့ အဖြေပင် ဖြစ်ကြောင်း၊ တခြမ်းပဲ့ ဆုံးဖြတ်ချက်နှင့် နာယကအပေါ် ပုတ်ခတ် ဝေဖန်မှုများ ရှိခဲ့လျှင် ပြစ်ဒဏ်ပေး၍ရသည်”ဟု ဦးခင်အောင်မြင့်က ဆွေးနွေးသွားခဲ့သေးသည်။

    ထို့အပြင် အဆိုပါကိစ္စကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံ တင်ပြလာပါကလည်း “နာယက၏ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ဟန့်တား နောက်ယှက်ရာ ကျသည့်အတွက် ခွင့်မပြုနိုင်”ဟု ပြောကြားခဲ့သေးသည်။

    သို့ဖြင့် ပြည်ထောင်စုလွှတ်တော်ကို လွန်ခဲ့သော သောကြာနေ့က ပြန်လည် စတင်ရာတွင် ဆွေးနွေးစရာ ဖြစ်လာခဲ့
    သော်လည်း ဦးခင်အောင်မြင့်ကိုယ်တိုင် ပြန်လည်ရုပ်သိမ်းသွား၍ ပြီးဆုံးသွားသည်။

  • maungmoenyo

    November 23, 2011 at 9:01 am

    NLD နဲ့ ဒေါ်စုကိုတွဲပြီး အစိုးရက ခုထိမတွေ့သေးတာကို ခုလို အဖြေ(၂)မျိုးရကြောင်းသုံးသပ်မိပါတယ်။
    (၁) NLD ဟုခုထိတရားဝင်မှတ်ပုံမတင်ရသေးလို့ လဲဖြစ်နိုင်တယ် (ဒါမှမဟုတ်)
    (၂) ဒေါ်စု နဲ့ NLD ကိုတမင်ခွဲထားသေးချင်တဲ့ ဆန္ဒ…ဒီကိစ္စကမသေးဘူးနော်…..
    လွှတ်တော်(၂) ရပ်လုံးမှာပါဝင်တဲ့အမတ်တွေရဲ့ စွမ်းဆောင်ချက်တွေ ဒီနေ့အထိ လောက်လောက်လားလားမတွေံရသေးတာ..ဘာကြောင့်လဲ…
    ဒါတွေကိုကြည့်ရင်….လက်ရှိအစိုးရက မလိုလားအပ်တဲ့ ဆန့်ကျင်ဖက် အင်အားစုဆိုတာကိုအရမ်းသတိထားတာထင်ရှားနေပါတယ်….အဲ့ဒီဆန့်ကျင်ဘက် အင်အားစု ဆိုတာကိုလည်းမကြီးထွားအောင် အတတ်နိုင်ဆုံးထိန်းနေပါတယ်…။
    တခြားဝေးဝေးမကြည့်ကြပါနဲ့….။ ပြည်ပရောက် မြန်မာတွေ(အတိုက်အခံကြီးများပင်လျင်တောင်မှ)..အဝေဖန်ခံနိုင်တဲ့ အင်အားမှမရှိတာ… တယောက်ကလုပ်ပြရင် နောက်တယောက်က လက်ညှိုးထိုးဝေဖန်ဘို့ ကအဆင်သင့်ဖြစ်နေကြတာသာကြည်ကြပါ…….
    သူလုပ်ရင် ငါလဲ..ဘာလို့မလုပ်နိုင်ရမှာလဲ…ဆိုပြီးတစင်ထောင်ဘို့..ဝန်မလေးပါဘူး….အမှန်ပြောရရင် လူလောကထဲတင်မကပါဘူး…သံဃာတော်တွေထဲမှာတောင်…တကာတွေကမြှောက်ပေးတဲ့အထိ စည်းရုံးကြတယ်လေ…
    အဖြစ်မှန်တွေမို့…သည်းခံကြလော့…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 23, 2011 at 9:48 am

    ( (၂) ဒေါ်စု နဲ့ NLD ကိုတမင်ခွဲထားသေးချင်တဲ့ ဆန္ဒ…ဒီကိစ္စကမသေးဘူးနော်…..)
    စစ်အုပ်စုတွေမှာ ဗျူဟာတစ်ခုကို ခုချိန်ထိ သုံးစွဲနေဆဲဘဲလို့ထင်မိပါကြောင်း
    အလွန်လည်း သတိထားကြဘို့ လိုအပ်မယ်လည်း ထင်မိပါကြောင်း
    တိုင်းရင်းသားခွဲထွက်ရေးတွေကို
    ငြိမ်းချမ်းရေးဆိုတာနဲ့ အကြောင်းပြပြီး စည်းရုံးလို့ ရတဲ့သူတွေကို
    ရာထူးတွေ စီးပွားရေးအလုပ်အကိုင်တွေနဲ့ ခွဲထုတ်ပြစ်လိုက်တာ တွေ သက်သေရှိပါကြောင်း
    ဥပမာ DKBA မှ ဗိုလ်ချစ်သူ 😀 ( စောဒီးနော နမူနာပေးဘို့က ဒီတစ်ယောက်က သိပ်သိသာနေလို့ပါ )
    အိုက်ဒလို အိုက်ဒလို
    ထိပ်ပြောင်တို့အဖွဲ့တွေရဲ့ အကြံ
    NLD အနေနဲ့ မှတ်ပုံတင်တာကိုတော့ အခြေနေထဲမှာ ကြိုဆိုရမှာပါဘဲ
    ခရိုက်စစ်ဖြစ်သွားဘီလေ
    အရေးကြီးတာကတော့
    (၂) ဒေါ်စု နဲ့ NLD ကိုတမင်ခွဲထားသေးချင်တဲ့ ဆန္ဒ…ဒီကိစ္စကမသေးဘူးနော်…..
    ဆိုတာကို သတိလက်ကိုင်ထားပြီး စိတ်ဓာတ်ကြံ့ခိုင်ကြဘို့ပါ
    ဆိုလိုတာက
    NLD အနေနဲ့ ရွေးကောက်ပွဲဝင်ရင် သေခြာပေါက် နိုင်မယ်လို့ ပြောလို့ရပါတယ်
    အမှန်အကန်ဆိုရင်ပေါ့
    ဒါကို ထိပ်ပြောင်တို့ အဖွဲ့က သိထားပြီးပါပြီ
    စိတ်ကူးလေးယဉ်ပြီးပြောကြည့်ခွင့်ပြုပါ
    ကဒါဖီတို့ ဟူစိန်တို့ ဆိုတဲ့ ဇာတ်လမ်းမျိုးကို ခေါင်းထဲက အပြီးထုတ်ပြစ်ကြဘို့လိုမယ်ထင်ပါတယ်
    ( အထင် ) သာကီမျိုးတွေဘဲနော သဘောထားကြီးကြပါ
    အခြေနေ အတင်းအမာကို ကြည့်ပြီး ပြန်လွှဲပေးမယ်လို့ထင်ပါတယ်
    ဖွဲ့စည်းပုံမှာ ပြည်သူ့တပ်မတော်က ကျောက်ချထားတာကို ချိန်ဆကြည့်တာပါ
    ထပ်ပြီးတိုက်တွန်းပါတယ် ဖြစ်သင့်တာတွေကို ပြောတာထက်
    လောက်စာလုံး လုံးပြီး ငှက်ပြစ်တာက ပိုလက်တွေ့ကျပါကြောင်း 😀

Leave a Reply