“အစိမ်းစိတ်ကူးကမ္ဘာ”

သူရႆဝါNovember 21, 20111min2025

 

“အစိမ်းစိတ်ကူးကမ္ဘာ”

ညစ်ပတ်စုတ်ပြတ်လာပြီ
အဲဒီတော့ဘာလုပ်မလဲ
သူ့ကျေးဇူးတွေရှိခဲ့တာပဲ
မြေဆီမြေနှစ်ကလေးကအစ ချစ်ကြရမယ်
ကမ္ဘာကြီးကို ငါတို့အလယ်မှာထားလိုက်
အခုကပြန်စမယ် . . .
ပေါလစ်ပြန်တင်မယ် ၊ ပတ်တီးကိုင်မယ်
ငါတို့ တညီတညာထဲ
ဆေးရောင်လှလှခြယ်ရအောင် . . .
အစိမ်းရောင် ။    ။

 

(နိုဝင်ဘာလ ၁၉ တုန်းက  AGMP ကဗျာဆရာများက “သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး” ကို ရည်ရွယ် ပြုလုပ်တဲ့ Green Poetry Workshop မှာ ရွတ်ဆိုဆွေးနွေးဖြစ်တဲ့ ကဗျာဖြစ်ပါတယ်)

 

 

သူရဿဝါ

နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ ခုနှစ်

5 comments

  • windtalker

    November 21, 2011 at 2:09 pm

    နင်ခြယ်တဲ့ အစိမ်းရောင်လမ်း..ဟမ်းးး (မျိုးကြီး သီချင်းမှ)

  • Moe Z

    November 21, 2011 at 2:13 pm

    တစ်ကမာ္ဘလုံးအစိမ်းရောင်ပြန်သုတ်ရင် ကြာနေဦးမယ်
    မျက်မှန်စိမ်းတပ်ပြီးတော့ပဲ ကြည့်လိုက်တော့မယ် ..
    အာပါး.. စိမ်းစိုနေတာပဲ …
    နောက်တာ 🙂

  • inz@ghi

    November 21, 2011 at 2:14 pm

    စိမ်းသောသစ်ရိပ်အောက်တွင်
    စိမ်းသောမြမြက်ခင်းပေါ်
    စိမ်းသော သူ့ဝတ်စုံအဆင်
    စိမ်းကားခြင်း နမိတ်ပုံများ
    သမိုင်းစိမ်း မင်းရေးဖွဲ့သွား….. ..

  • ပေါက်ဖော်

    November 21, 2011 at 4:05 pm

    စိမ်းတလဖူစိမ်း.စိမ်းတလဖူစိမ်းရေ
    စိမ်းတလဖူရတဲ့ဘွမှာ……………………………….

    ကမ္ဘာကြီးကို အစိမ်းရောင်ချယ်ကြစို ့

    😆

  • ပေစုတ်စုတ်

    November 21, 2011 at 4:35 pm

    ပျောက်နေတာကြာပြီဖြစ်တဲ့ ကိုသူရသဝါ ပို ့စ်တွေ အရင်လို ခပ်စိတ်စိတ်တတ်နိုင်ရင်တင်ပေးပါလို ့တောင်း ဆိုချင်ပါတယ်… 🙂

Leave a Reply