ယခင် နဲ့ ယခု (အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်လို့မရခြင်း)













14.Ozzy Osbourne


ဘာတွေကို အတည်ယူ အဟုတ်ထင် ဆုပ်ကိုင်ထားလို ပါသလဲ….မိတ်ဆွေ။
သမုတိ သစ္စာ ပညတ်အထည်ကိုယ်ကြီး (ရုပ်) သည် လည်းကောင်း၊
မိမိ နားလည်နေသော ဝေဒနာတွေ၊ စိတ်တွေ သည်လည်းကောင်း၊
ဖြစ် ပြီး ပျက် ..ပြောင်းလဲ ချုပ် ပျောက်….
အချိန်နဲ ့အမျှ…. ဖောက်ပြန်ပျက်စီးနေမှုသဘာဝ (decaying process) ဖြစ်ခြင်းကြောင့်
အဟုတ်ထင် အတည်ယူ ဆုပ်ကိုင်ထားလို့မရ စိတ်ထဲမှ ငြိတွယ် အဓိကထားနေလို့မရ ။
ဖြစ် ပြီး ပျက် ၊ ပြောင်းလဲ ဖောက်ပြန် ပျက်စီးနေဖြင့် …
အနိစ္စ၊ ဒုက္ခ၊ အနတ္တ သက်သက်သာဖြစ်သဖြင့်
အဟုတ်ထင် …အတည်ယူ…ဆုပ်ကိုင်…ကာ ငြိတွယ်နေလို့မရ။
အဟုတ်ထင် …အတည်ယူ…ဆုပ်ကိုင်…ကာ ငြိတွယ်နေလို့မရခြင်းသည်ပင်လျှင်
သဘာဝ၏ အမှန်တရား သစ္စာတရား ဥပဒေသဖြစ်လေသည်။
မိတ်ဆွေ-
သဘာဝ၏ အမှန်တရား သစ္စာတရား ဥပဒေသကို ဖောက်ဖျာက်လိုက ဖောက်ဖျက်နိုင်ပါသည်။
သို့သော် သဘာဝတရား၏ –
အရေးယူမှုကား (အကာလိကော အချိန်မလင့်)
စိတ်မကျေနပ်မှု – ထိန့်လန့်မှု -ပူလောင်မှု- သောက – ဗျာပါဒတို့ ဖြစ်ပေါ်ရန်….
possibility ၁ ဖြင့် ရာနှိုင်းပြည့် အရေးယူပြီးသား ဖြစ်လေသည်။
8 comments
small cat
November 22, 2011 at 7:42 am
တင့်တယ်ရုပ်ဆင်း
လှပခြင်းကား
အိုမင်းနောက်ဆုံး ရှိရမည်။ ။
ပေါက်ဖော်
November 22, 2011 at 9:51 am
ဘုရား..ဘုရား..
အနတ္တလောကကြီးမှာ ဘာမှ မတည်မြဲပါလား.ဗျာ..
ဖြစ်ချေဘူး..တောထွက်..သင့်ပြီ………………….
ဝတ်မှုံရေ..ငါနဲ ့ အဖော်လိုက်ခဲ့ပါလားဟာ..တစ်ယောက်ထဲ.ကြောက်လို ့
😕
cobra
November 22, 2011 at 1:53 pm
လူရယ်လို့ဖြစ်လာရင် အိုလာမယ်
နာလာမယ် သေရမယ်
ထို့ကြောင့်မအိုခင် မနာ မသေခင်
အချိန်တွေမှာ
ကျွန်တော် cobra
အမုန်းကဲသည်၊အမုန်းဆွဲသည်။
လူ့ဘဝရခဲလှပေစွ…….
ရခဲတဲ့လူ့ဘဝကိုအကောင်းဆုံးအသုံးချသည်
မလုပ်ဖူးတာမှန်သမျှအကုန်လုပ်သည်။
သို့သော်အလွန်အကျွံမလုပ်ပါ။
Sky ko ko
November 23, 2011 at 12:13 pm
ဪ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
မသေခင်၊ မနာခင် မှာ
လူတိုင်းအပေါ်အကောင်းဆုံး စေတနာထားပြီး လုပ်သင့်ပြီဗျာ..
mandalarthu
November 23, 2011 at 12:20 pm
ပုံတွေကို ကြည် ့ပြီး အချိန်နဲ ့အမျှ တဖြည်းဖြည်းနဲ ့ဖောက်ပြန်ပျက်စီးနေတဲ ့ရုပ်ရဲ ့သဘာဝကို
မျက်ဝါးထင်ထင် မြင်ရလို ့ သတိ သံဝေဂ ရမိပါတယ်။
ပြောင်းလဲ ဖောက်ပြန် ပျက်စီးမှာသေချာ နေတဲ့ ရုပ်ကြီးကိုဘဲ
အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို ပြနေပါလားလို ့ နှလုံးသွင်းဖို ့မေ့လျော ့ပြီး
အမြဲ မပျက်စီးဘဲ ဲတည်မြဲနေမယ်လို ့ အောက်မေ ့ပြီး
မိမိရဲ ့ရုပ် ခန္ဓာကြီးကို ငြိတွယ်နေမိတာ အမှန်ရှက်မိပါတယ်။
windtalker
November 23, 2011 at 12:47 pm
ဖြစ်ပျက် တာတွေ များနေခြင်း
ကြောင်ကြီး
November 23, 2011 at 12:48 pm
ကောင်မလေးတွေ ဘာကြောင့် အဖွားကြီး ဖြစ်သွားရတာလဲ။ 🙁
True Answer
November 23, 2011 at 4:00 pm
ကောင်မလေးတွေ အဖွားကြီးဖြစ်သွားရတာကတော့ …
ကောင်လေးတွေ အဖိုးကြီးဖြစ်သွားလို့ပါတဲ့ ကိုကြောင်ကြီးရဲ့ း))