မြန်မာနိုင်လို့ ငိုတဲ့ည။ [ သွန်းနေစိုး ]
ဒီညနေ လက်ဘက်ရည်ဆိုင်က ပြန်ထွက်လာတဲ့အခါ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ကို မထင်တော့။
ဘောလုံးပွဲကြည့်ပြီး ပြန်လာတာပါ။ သူငယ်ချင်းတွေနဲ့ စုကြည့်ချင်လို့ လက်ဘက်ရည်ဆိုင် သွားကြည့်ကြတယ်။
သူငယ်ချင်း အိမ်နားကနေဆိုတော့ ကိုယ့်အိမ်ကို တက္ကစီငှားပြန်လာရပါတယ်။ တက္ကစီကို လုံးဝ ဈေးမဆစ်မိ။ သူပြောတဲ့ဈေးအတိုင်း
တက်စီးလိုက်တယ်။ ခုနေအချိန်များ ကျနော့်အလုပ်ရှင်က အလုပ်ဖြုတ်လိုက်ပြီဆိုတောင် ခဏတော့ ရယ်နေမိမလား မပြောတတ်ပါ။
ဘာလို့လဲ? မြန်မာနိုင်ပြီလေ?
တတိယနေရာလုပွဲမှာ ဗီယက်နမ်ကို လေးဂိုး တဂိုးနဲ့ အပြတ်တီးလိုက်တာ။
ကျနော်က ဘောပညာရှင်မဟုတ်ပါဘူး။ ဒီတော့ ကစားကွက်တွေက ဘာညာ၊ ဘယ်သူတွေက ဘယ်လို မပြောသာဘူးပေါ့ဗျာ။
ဒါပေမဲ့ သေချာတာက ကျနော် ပျော်တယ်။ ပျော်တာမှ အရမ်းကို ပျော်တာဗျ၊ သိလား။
ကျနော်တင် မကဘူး ကျနော်တို့ အားလုံးရဲ့ မျက်နှာတွေမှာ ပွင့်ဖူးနေတာက ဂုဏ်ယူ မာန်ဝင့်နေတဲ့ အပြုံးတွေ။
အပြုံးတွေချင်း တစ်ယောက်နဲ့တစ်ယောက်ဖလှယ်ကြ။
ငါတို့လေထုကြားမှာ သင်းပျံ့မွှေးမြနေတဲ့ သတင်းစကားတစ်ခုက မြန်မာနိုင်ပြီလို့ပါပဲ။
ဟုတ်ပါတယ်။ တတိယနေရာကလေးပါပဲ။ ကြေးလောက်လေးပဲ ရတာပါ။ ပြီးတော့ ကမ္ဘာ့ဖလားလဲ မဟုတ်ဘူး။ အရှေ့တောင်အာရှ ဖလားလေးပဲ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပျော်တယ်။ အရမ်းကို ပျော်တယ်။
ကျနော်တို့ကဗျာ။ အရင်က ရွှေထီးဆောင်းခဲ့တာကြီး တမ်းတတယ် မဟုတ်ပါဘူး။
အရင်ကဆို အာရှမှာ လက်မထောင်ပြီး နေခဲ့တာပါ။
စင်္ကာပူတည်တော့ ကျနော်တို့ဆီက မြို့ကွက်ကို ပုံစံခိုးချခဲ့သတဲ့? ကျနော်တို့ဆီက နာမည်တွေ သူတို့မှာ ပေးသတဲ့?
မန္တလေးလမ်းတောင်ရှိတယ်ဆိုလား။ ဒါပေမဲ့ ခုတော့ ကျနော်တို့က သူတို့ဆီမှာ ကျွန်ခံနေရတာ။
ကျနော့်ညီမလေး၊ ငယ်ငယ်လှလှကလေးဗျာ။ စင်္ကာပူမှာ အလုပ်သွားလုပ်ရရှာတယ်။ သူ့ယောက်ျား ကျနော့်ယောက်ဖကြီး
အင်မတန်သဘောကောင်းတဲ့အကောင်ကြီး။ ဗီယက်နမ်မှာ။မြန်မာနိုင်တယ် ကြားကြားချင်း ကျနော် ယောက်ဖကြီးဆီ ဖုန်းဆက်လိုက်တယ်။
`ဟေ့ကောင်၊ မြန်မာနိုင်ပြီကွ´
ဆိုတော့ သူက ဘာပြန်ပြောတယ် မှတ်သလဲ။
`မင်းစကား ပြင်ပြောလိုက်စမ်းပါ´ တဲ့၊ ` မြန်မာနိုင်တာတင် မဟုတ်ဘူး၊ ငါတို့ နိုင်တာ။ ငါတို့တွေ သူတို့ကို နိုင်လိုက်တာ။ ငါ့အလုပ်ရှင် ဗီယက်နမ်ကြီးကို
မျက်နှာတည့်တည့်ကြည့်ပြီး ပြောဖြစ်ခဲ့တယ်၊ မင်းတို့ကို ငါတို့ နိုင်ပြီကွလို့´
ဟုတ်ကဲ့ ကျနော်တို့ အနည်းဆုံးတော့ အရှေ့တောင်အာရှ ဆယ်နိုင်ငံမှာ တတိယနေရာရှိပါပြီ။ ဘောလုံးမှာဆိုရင်ပေါ့။
ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရလို့ ကြေကွဲရတဲ့စိတ်ဟာ နိုင်ငံခြားထွက်တဲ့အခါ သိပ်သိသာပါတယ်။
ဘယ့်နှယ့် `ရွှေ´ ဆိုတာနဲ့ နှိမ်ချင်လိုက်ကြတာ။
ငါတို့မှာ မိုးပျံလမ်းကြီးတွေမရှိပါဘူး။ မိုးပျံနေတဲ့ တိုက်ကြီးတွေလည်း မရှိဘူး။
ဒါပေမဲ့ ကန်သင်းရိုးတွေကြား ရိုးပြတ်တောကြားမှာပဲ မိုးပျံနေတဲ့ စိတ်ဓာတ်တွေရှိတယ်။
အေး အခု၊ ဒီလို ရွှံ့ထဲမှာ နွားနဲ့ဖက်ရုန်းနေရတဲ့ အကောင်တွေက မင်းတို့ကို တီးလိုက်ပြီ။
ငါတို့ဟာ အာဆီယံမှာ ဘာအဆင့်မှ မရှိဘူးလို့ပြောချင်သေးသလား။
နို့မို့ဆို ပထမတောင်ရမှာ။ ဟိုနေ့က ငါတို့ချော်သွားလို့။ ဒီခြေနဲ့များ မလေးကို တီးခဲ့ရင်ဗျာ။
ငါတို့ မြန်မာတွေမှာ ဘာမှမရှိပါဘူး။
ငါတို့သမိုင်းကလဲ ဗိုလ်ချုပ်ကို ဦးဏှောက်မရှိတဲ့ကောင်တွေ လုပ်ကြံပြီးကတည်းက အကျည်းတန်ခဲ့ရတာပါ။
ဒါပေမဲ့ ငါတို့မှာ တစ်ခုတော့ ဘယ်သူမှ လိုက်မမီနိုင်တာရှိတယ်။ အဲဒါ စိတ်ဓာတ်ပဲ။
ငါတို့လောက် ဒုက္ခတွေ အခက်အခဲတွေကြားမှာ ငါတို့လိုပြုံးနေနိုင်တဲ့သူကမ္ဘာမှာ ဘယ်နေရာ တွေ့ဘူးသလဲ။
ငါတို့စားတဲ့ ထမင်းတစ်နပ်ဟာ မင်းတို့ရဲ့ ဆယ်ပုံတစ်ပုံလောက်တန်ဖိုးရှိချင်မှ ရှိမယ်။ ဒါပေမဲ့ ငါတို့မြိန်တယ်။
မင်းငတ်လာရင် ငါတို့ထဲက ဖဲ့ကျွေးလိုက်ဦးမယ်။
ငါတို့လို ကိုလိုနီက နယ်ချဲ့။ ဖက်ဆစ်က နှိပ်စက်။
ခုနောက်ဆုံး မြစ်ဆုံတောင်ပါမလိုဖြစ်တဲ့ဘဝမှာ နေခဲ့ရသူတွေ။
ငါတို့လို ပြည်တွင်းစစ်မီးလျှံကြားမှာ နေခဲ့ရတဲ့သူတွေ။
ငါတို့လို ကွဲလိုက်ပြဲလိုက်။ စော်လိုက် နှက်လိုက်ကြားမှာ နေရသူတွေ။
ဒါပေမဲ့ ပြုံးပြီးနေနိုင်တာ ဘယ်နေရာရှိသလဲ။
ငါတို့ရဲ့ လောကကို မင်းတို့လာကြည့်။
တောလမ်းမှာ ဝတ်စရာမရှိလို့ အကျီင်္တောင်မပါတဲ့သူတွေ မင်းတွေ့ကောင်းတွေ့မယ်။
ဒါပေမဲ့ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်။
သေချာတယ် သူပြုံးနေမှာပဲ။
တောစပ်မှာ နေစရာမရှိလို့ ဓနိမလုံ့တလုံ့လေးမိုး ထရံကျိုးတိုးကျဲတဲလေးကာထားတဲ့အိမ်ကို မင်းတွေ့ကောင်းတွေ့မယ်။
ဒါပေမဲ့ အဲဒီအိမ်နား သွားကြည့်လိုက်။
တေးတကျော်ကျော် မင်းကြားရလိမ့်မယ်။
အဲဒါ မြန်မာပဲ။
ငါတို့ဟာ အကြိမ်ကြိမ် အလှဲချခံခဲ့ရတဲ့သူ။ ဒါပေမဲ့ အကြိမ်ကြိမ် ထူထနိုင်ခဲ့သူတွေဖြစ်တယ်။
အခု အဲဒီလိုကောင်တွေက မင်းတို့ကို တီးလိုက်ပြီ။
အဲဒါ မြန်မာ။ အဲဒါ ငါတို့။ ဒါကြောင့် … ဒီ့အတွက် ငါတို့ဝမ်းသာတယ်။
ငါတို့ ဒီလိုနေ့ရက်တွေကို စောင့်ခဲ့ရတာ နှစ်ပေါင်းကြာပြီ။
ငါ မြန်မာကွလို့ အံကြီးကြိတ်ပြီး လူကြားအောင် မအော်နိုင်ခဲ့တာ နှစ်ပေါင်းကြာပြီ။
ကျနော် မြန်မာပါခင်ဗျာ။ မျက်နှာငယ်လေးနဲ့ ငါတို့ ညီအစ်ကို မောင်နှမတွေ၊ သူငယ်ချင်းတွေ ဖြတ်သန်းခဲ့ရတာ ကြာပြီ။
ဒီ့အတွက်ကျခဲ့ရတဲ့ ငါတို့မျက်ရည်တွေ ရင်ဘတ်တွေထဲက ဖွင့်ထုတ်လိုက်ရရင် ဧရာဝတီဟာ ရေတံခွန်ဖြစ်လောက်ရဲ့။
ဒါပေမဲ့ ငါတို့အားလုံး ရင်ထဲမှာ တိတ်တိတ်ပိတ်လှောင်ထားရတဲ့ အတွင်းသံတစ်ခုရှိတယ်။
အဲဒါ အားလုံးမှာတူညီတယ်။
ငါ မြန်မာကွ။ ငါတို့ဟာ မြန်မာကွ။
အခြေအနေအကြောင်းအရပ်ရပ်ကြောင့်။ ကံကြမ္မာဆိုးကြောင့်
ငါတို့ ဝပ်ခဲ့ရတဲ့ ဦးခေါင်းတွေကို အခု ခဏတော့ မော့လှန်ပြီး
လောကကြီးကို ရဲရဲကြည့်မယ်။
ဘောလုံးကွင်းထဲမှာ ရင်ကော့ခေါင်းမော့နေတဲ့သူတွေဟာ မြန်မာဖြစ်တယ်။ ငါတို့ဖြစ်တယ်။
ဒါဟာ Warning ဖြစ်တယ်။ စိန်ခေါ်သံဖြစ်တယ်။ ကနဦး တပ်လှန့်သံဖြစ်တယ်။
လက်ခမောင်းခေါက်သံဖြစ်တယ်။
`ကျား´လို့ မာန်ဟိန်းဝံ့ကြွားသံဖြစ်တယ်။
နောက်ကို နေရာအစုံမှာ ဒီ့ထက် ဒီ့ထက် ပိုတိုးလာဦးမယ်။
သေချာတာက …
ဟေ့ …။
အားလုံး … သတိထားကြ
မြန်မာလာပြီ။
ငါတို့လာပြီ။
တစ်ချိန်က အာရှရဲ့ သူရဲကောင်း။
အခု ပြန်လာပြီ။
[ ဒီစာမှာပါသမျှ စကားလုံး အားလုံးက ရည်ရွယ်တာ တစ်ခုတည်းပဲ။
ငါတို့နိုင်တယ်။ အဲ့ဒါကြောင့် ငါတို့ပျော်တယ်။
ဒီတော့ … ဘာလို့ ရေးသလဲ မေးလာခဲ့ရင် တစ်ခွန်းထဲပြောမယ်။
ငါတို့နိုင်လို့၊ ငါတို့ပျော်လို့၊ ငါတို့ ရေးတယ်။]
သွန်းနေစိုး Thorn Nay Soe
ပြန်ရှဲခွင့်ပေးပါ
ဆြာသွန်းနေစိုး ခင်ဗျား..
ကျေးဇူးတင်ပါသည်ဗျ…
25 comments
inz@ghi
November 21, 2011 at 11:38 pm
copy/ paste မို့
ဖိုလမ်ထဲသွားရေးသင့်တာ သိပါတယ်…..
ဘယ်လိုမှ စိတ်မထိန်းနိုင်လောက်အောင် ခံစားရတဲ့ ပိုစ့်ပါဗျာ ….
ရေးခွင့်ပြုပေးပါ…
သို့သော် rule က rule ပဲဆိုပီး ပြောရင်တော့
သဂျီးရေ …၆ချိုးမပြေဝူး ဆိုပီး ရွာထဲက ကန်ထုတ်လည်း ကံထုတ်ခံရဲပီ ..
သည်ပိုစ့်ကိုတော့ သည်မှာ တင်ခွင့်ပြုဗျာ ….
ရွာထဲက ရွာသူားတွေရော ….မန့်ကျပါဦးဗျာ..
ကျနော့် အဆီအငေါ် မတည့်တာတွေကို ဆဲကြပါဦးဗျာ ….
ပေါ်တင်ဆဲပါ ဝေဖန်ပါ… ပြစ်ပြစ်နှစ်နှစ်ပြောပါ …
ကျနော်မှားရင် လက်ခံမှာပါ (တနည်း)
မှန်တဲ့ဘက်က ဝိုင်းထောက် ဝိုင်းပြောပေးမယ့် သူတွေချည်းပါ …
(ရွာ့ ပညာရှိတွေကို ယုံကြည်ပါတယ်ဗျား…)
အမည်မသိ အနီကဒ်ပိုင်ရှင်တော့ မလုပ်ပါနဲ့ …အနီကဒ်ပြရတာ လွယ်ပါတယ်
ဝေဖန် ဆွေးနွေး ကြဖို့သာခက်တာပါ…
သဂျီးတို့ ဆြာသစ်တို့လည်း ပြောခဲ့ ထောက်ပြခဲ့ကြတာ ဖတ်မိကြမှာပါ..
မတူတာတွေထား တူတာတွေက စကြရအောင် ..
တူတာတွေစရင်း ..မတူတာတွေအကြောင်း အစွဲကင်းကင်းနဲ့ ဝေဖန်ထောက်ရှုရအောင်….
ကျနော်တို့ လူစဉ်မီချင်တယ်ဟုတ် … ထိုမှတဖန် အနည်းလေးတော့သာချင်တယ်ဟုတ်
ဖြစ်နိုင်ရင် ခေါင်းတလုံးမြင့်ချင်တယ်ဟုတ် …
လူမသိသူမသိ အနီကဒ်ပြနေတာထက်စာရင်…
စာဝင်မရေး ဖြစ်ရင်တောင် ဆဲစာလေးဖြစ်ဖြစ် ချီးမြှင့်ပေးပါလို့
သည်နေရာကနေ တောင်းဆို အပ်ပါတယ်ခင်ဗျား…
P.S လက်တလော Latest news အနေနဲ့ကျနော်တို့ညီငယ်တွေကို စေဒနာရှင်
လုပ်ငန်းရှင်ကြီးများက(သည်ချိန်မှာ ခေတ်ပျက်သူဌေးဆိုတဲ့ ဝေါဟာရ ခနထားလိုက်ဦး
အဲ့ကိစ္စ သပ်သပ်ပြောမယ်.
ဒေါ်လာ ၁သိန်းခွဲ စုပေါင်း ချီးမြှင့်ကြကြောင်းပါ)
thit min
November 22, 2011 at 12:04 am
အခုရေးတဲ့ ကော်မန့်ကို ပို့စစ်မှာထဲ့ရေးရင် တရားဝင်သွားတာပေါ့ ညီရ။
ခရက်ဒစ်လဲပေးပြီးသားဘဲဟာ။ရီကွတ်လဲပါတယ်။
ကိုယ့်အာဘော် ထဲ့ တယ်ဆို အိုကေတယ်လေ။
thit min
November 22, 2011 at 12:10 am
သစ်မင်းကဘောလုံးပွဲမကြည့်ဘူး။
ကန်ချင်လာလို့။
ကိုယ်တိုင်ကန်ရမှအားရတာ။
ထားပါတော့။ခုအကြောင်းပြောချင်လို့။
တချိန်က မြန်မာပြည်က ဂိုးသမား အောင်ကျော်ကျော် ဆိုတာရှိတယ်။
မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့ခေတ်ကပေါ့။
အဲဒီ ဗီယက်နမ်က ကောင် က ဂိုးသွင်းဘို့ သယ်အလာ
ဂိုးနားအရောက်မှာ အောင်ကျော်ကျော်က ထွက်ဖမ်းတာမိတယ်။
အဲဒီ ဗီယက်နမ်ကောင် ကအောင်ကျော်ကျော် ဗိုက် ကို အဖြုထည် ကြီး ကန်တယ်။
ပြီးတော့ သူဟာသူလှဲချတယ်။
ဗိုက်ကိုအလွတ်ကြီး အကန်ခံရတဲ့ အောင်ကျော်ကျော် ရုတ်တရက် ပေါက်ကွဲသွားပုံရပါတယ်။
အဲဒီ ဗီယက်နမ် ကောင် ကို အသားလွတ်ကြီး ပြေးကန်တော့ ပြေးလာတဲ့ ဒိုင်ရှေ့မှာ ရှင်းရှင်းကြီးပေါ့။
အောင်ကျော်ကျော် အနီနဲ့ထွက် ၁ဝ ယောက် ၁၁ ရောက်ကန် မြန်မာရှုံးခဲ့ရတယ်။
စိတ်ကောင်း မရှိတဲ့ ဗီယက်နမ်လို့ စိတ်ထဲစွဲသွားတယ်။
နိုင်ငံခြား ရောက်တော့ အင်တာနေရှင်နယ်ကျောင်းလိုဟာမျိုးဆိုတော့ အဲဒီ ဗီယက်နမ်တွေ တွေ့တယ်။
ကျောင်းနေဘက် ဗီ ကောင် တကောင် အလုပ်ရတယ်။တိုရှီဘာမှာ။
ငါအလုပ်ရပြီတဲ့ ဒို့ဒီညဒင်နာစားရအောင် မင်းလာခဲ့ပါလားတဲ့ တယောက်ကို ၅၀၀ဝ ကျမယ်တဲ့။
ပြောပုံက။ စားချင်လို့မဟုတ်ဘူး။ မြန်မာလူမျိုးဆိုတာ ငါးသလောက်တွေ။ ပေါင်းတတ်ရင်
အရိုးပါဝါးစားသွားလို့ရတာ။ ပိုက်ဆံ ကအရေးမကြီးဘူး။ မခင်တတ်တဲ့ နှလုံးသား။
အရင်ထဲက အောင်ကျော်ကျော်ဖြစ်ခဲ့တာ တင်းနေခဲ့တာ အဲဒီ နောက်ပိုင်း ဒီမှာ မလွဲမရှောင်သာပေါင်းရတဲ့
ကောင်တွေလဲ အတူတူဘဲ။စိတ်ဓာတ်ညံ့တယ်။
ခု ဒီလိုကြားရတော့ ကျေနပ်တယ်။ သစ်မင်း လူ မှန် ရင်ဘယ်သူ့ကိုမဆိုခင်လို့ရတယ်။
အဲဒီ ဗီကောင်တွေတော့ ခင်လို့ကိုမရခဲ့တာ။
အောင်ကျော်ကျော် အကန်ခံရတာ ငါတို့နိုင်ငံကိုကန်တာဘဲလို့ စွဲသွားပြီး ခုထိမကျေဘူး။
နိုင် စမ်း။ အမြဲနိုင်စမ်း။ ဒို့နိုင်ငံကိုကန်ထားတဲ့ အယုတ်တမာတွေ။
ဆဲချင်လာတယ်။
ညီဇာဂီ ဟိုနေ့ကရှုံးလို့ ဆဲတယ်။
ကိုယ်ကနိုင်လို့ဆဲချင်တာ။
kai
November 22, 2011 at 12:13 am
အင်း..
သူ့စာဖတ်ပြီး..ကြားထဲက ကြက်သီးထောင်ထတယ်..။
ဟုတ်ပါတယ်..။
မြန်မာပြန်လာပါပြီ…
အာရှရဲ့ အကောင်းဆုံးတွေ ပြန်သိမ်းပိုက်မယ်…။
“သခင်မျိုးဟေ့ ဒို့ဗမာ…။”
inz@ghi
November 22, 2011 at 12:38 am
ဘယ်ကြားထဲက ကြက်သီးထရသလဲ သဂျီး …
သဂျီးက ဗမာ ဟုတ်ဝူးလား…..
သဂျီးနော် …
ဂီဂီ လောင်းကစားသမားမဟုတ်ဝူး …..
ဘောကိစ္စနဲ့ ပတ်သတ်ပီး ….အကြည်ညို မပျက်ချင်ဝူး …
ပျော်လို့ …အိပ်မရတဲ့ညမှာ ..
သဂျီး ကြည့်မရပေမယ့် စာထိုင်ရေးနေဖြစ်တဲ့
ဂီဂီ….
inz@ghi
November 22, 2011 at 12:27 am
ဦးဦးဖျားဖျား မန့်သွားပေးတာကျေးဇူးပါဗျား. …
ဗလချိုက်တွေကိုတော့နိုင်ချင်ပါတယ်..
စိတ်ဓါတ် အဆင့်ရှိတဲ့အသင်းတွေ လူတွေ ကွာပါတယ်ဗျာ..
(မိချောင်းမင်း ရေခင်းမပြလိုပါဗျာ..)
ကျနော်တို့ ဂျပန်နဲ့ကန် ၁ဝဂိုး ၁ဂိုးနဲ့ ရှုံးဦး..
၁ဂိုးအတွက် ဂျပန်ပရိတ်သတ်က လက်ခုတ်ချီးမြှင့်ပါတယ်..
(ဒါမျိုး ကျနော်တို့ဆီလည်း ကျင့်ရဦးမယ်..)
အရှေ့တောင် အာရှမယ်တော့ … သတ်ကြဖြတ်ကြတာဟာ
တတိယ ကမာ္ဘစစ်ကို ဘောလုံးကွင်းတွင်းမှာဘဲ တိုက်တော့မယ်
ဆိုတဲ့အဆိုအမိန့်ဟာဗြာဒိတ် ဖြစ်ရောပဲကိုး..
ကိုအောင်ကျော်ကျော် ကိစ္စ တသက်စွဲထင်ဖူးပါတယ်
ကျနော်တို့ချာတိတ်ဘဝ….ခုထက်ပိုတဲ့ မျက်ကန်းမျိုးချစ်စိတ်နဲ့
အားပေးခဲ့တာကိုး…
ဗလချိုက် ရှေ့တန်းက ဥပဒေပကျူးလွန်ပါတယ်
ရဲရဲရေးရရင် ဘယ်ယောက်ျားမှ ခွင့်မလွှတ်နိုင်မယ့်ချက်ကောင်းကိုပါ…
ကိုအောင်ကျော်ကျော် သူ့ကို တချက်ကန်ပီးပစ်လဲသွားပါတယ်.
(ဒါတွေက အစ်ကိုလည်း သိပီးသားဖြစ်မှာပါ…)
ကျနော်ကတော့ ခုနေပြန်တွေးရင် မာကတ်တာ ပီပီ ယုတ်မာတယ်ဆြာရေ့
ဒေါသအလျောက်တုန့်ပြန်တာ ကစားပွဲတခုအတွင်းမှာ ဖြစ်နေတာကြောင့် …
ကျနော်သာ ကိုအောင်ကျော်ကျော်နေရာမှာဆို …သည်ဗထက်ချိုက်ကို
အသေ လုပ်ရင်လုပ် မလုပ်ရင် …စနိုက်ပါ မှန်တဲ့ အကယ်ဒမီရှော့နဲ့
အနှီ သတောင်းစား အနီကဒ်ထိအောင် ..(မထိတောင် လူညစ်ကစားသမား
အနေနဲ့ တသက်လုံး ကစားသွားလို့ မရ အောင် လုပ်ပစ်ချင်တာပဲ…)
သည်တော့ နိဂုံးချုပ်ဆိုရင် ..၁၀-၁၁ ကစားရတယ်
မဖြစ်လို့ အသည်းအသန်ဖျက်နေရတဲ့ ်နောက်တန်းက ကိုအေးနိုင် ၂ဝါ၁နီထိတယ်…
ကစားကွက်အရ ခြေစွမ်းကောင်းပေမယ့် ခံစစ်ချိန်းရမယ့်အနေအထားမှာ
ဘယ်တောင်ပံလူ ကိုမောင်မောင်ဦးထွက်ပေးပီး ခံစစ်ကို ပိုးရတယ်…
အတိတ်ဆိုးတွေပါ …နောက်ပိုင်း ၁ဂိုးထက်ပိုမသွင်းဖို့ ညှိကန်ရင်း အနှီ အသင်းက
ကောင်တွေ ခေါက်ဆွဲကိစ္စ ညိလို့ အရေးယူတောင်ခံရတယ်
အော်ဗမာများ အထင်သေးကြလိုက်တာ..
သည်နှစ်လည်း ၂ဂိုးပဲသွင်းမယ် ဘာညာနဲ့ လေကျယ်နေခဲ့တာ ..
သည်ကနေ့တော့ သမိုင်းဝင်တဲ့နေ့ပဲဆြာ ..
သူငယ်ချင်းတယောက် ရဲ့ status message ကိုယူသုံးရရင်
ယူချင်ယူ မယူချင်နေ ဒါ အတိုးရော အရင်းရော ပေါင်းဆပ်လိုက်တာ တဲ့ …..
အားရထှာ….
pS. U23အတွက် ၁သိန်းခွဲသောအလှူရှင်စာရင်း က ခုမှပဲစသေးတာပါ …
ခေတ်ပျက်သူဌေးတေဂွတို့ဒေါ့ထှာ(ထွီ)ခင်ချွေတို့ ထွန်းနိမ့်နိုင်တို့ မပါသေးပါလား
…သေကြပလား …အေရိုးရီးတွေ…..
သည်လိုလူမျိုးတွေတော့ဖြင့် …
နိုင်လည်း ဆဲတဲ့
ဂီဂီ…
inz@ghi
November 22, 2011 at 12:39 am
ဆြာ သွန်းနေစိုးရဲ့ FB ပါခင်ဗျား
https://www.facebook.com/thornnaysoe
htoosan
November 22, 2011 at 9:10 am
ဂီဂီ ဟိုတစ်နေ့ က မီးဒုတ်တွေ့ ရှို့ ့ လို ရှို ့ ဆဲလိုဆဲ နဲ့ ..
ဒီနေ့ကျတော့ ပြောင်းပြန် ဖြစ်သွားပြန်ရော …
ဪ းး နောက်ဆုံးတော့ ..မြန်မာ ဟာ မြန်မာ ပါ ဘဲ … ရှုံး ရင် ဝိုင်းဆဲ လိုက်ကြ .. နိင်ရင် တက်မထောင်လိုက်ကြ ..
ဒါမှ မဟုတ် .. မားကတ်တင်း သမားမို့လို့လား ဟင် .. 😀 😀
inz@ghi
November 22, 2011 at 9:16 am
ဟိုး …ဆြာသမား ဟိုးထား …
ကျနော် ဘောသမားတွေ ဆဲတာ မဟုတ်ဝူးလေ…
အဲ့နေ့ကတည်းက ….. ဘပုနဲ့ ကျနော်ပဲ အနှီ ငတိတွေဘက်ကပဲရပ်ခဲ့တာလေ
http://myanmargazette.net/80571/creative-writing
ဒီထဲမှာ တောက်လျောက် မန့်ခဲ့တာလေ. …
ဆဲတာ က ဟိုလူရီးကို ဆဲတာလေ….
ခု နိုင်လည်း ဆဲတုန်းပဲ ..ဟီး ….
အကြောင်းပြချက်က ဆုမချလို့
ဒါနဲ့ …..U-23 ရေ ….သဂျီးက ပွိုင့် ၁ဝသိန်း ဆုချမယ်တဲ့ဟ ..
ပေါက်ဖော်
November 22, 2011 at 9:26 am
ဖလားသာ ရလိုက်လို ့ကတော့ကွာ..
ငိုပြီး တက်ပါ တက်ပလိုက်မယ် ကြာလို ့.. 🙁
အင်းလေ
ရွှေနဲ ့လွဲပေမဲ့လဲ. ကြေးရတာလဲ မဆိုးပါဘူး…
နောက်နှစ်အတွက်..အကောင်းဆုံး ပြင်ဆင်ထားကြဖို ့တော့ လိုတယ်နော့.
htoosan
November 22, 2011 at 9:34 am
ဆောရီး ဆောရီး .. ကျွှန်တော် လည်းဖတ်တာတွေ များပြီး ရောသွားတာ ..
ဟုတ်ပ .. ဟို လူဝ ကတော့ …..
ကျွန်တော့် ပွုင့်တွေလည်း ဆုချမယ် .. တစ်သိန်းက ပြည့်ဖို့ရာ လမ်းမမြင်တဲ့ အတူတူ တော့.. 😀
Patriot
November 22, 2011 at 9:41 am
“ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရလို့ ကြေကွဲရတဲ့စိတ်ဟာ နိုင်ငံခြားထွက်တဲ့အခါ သိပ်သိသာပါတယ်” True သွန်းနေစိုး ။ Excellent writing ! Anyway, I feel very proud behalf of my country when I reading this post ! Appreciation with my favorite song _ http://www.youtube.com/watch?v=7ENPXz_mzWE
တညင်သား
November 22, 2011 at 10:13 am
ကောင်းလိုက်တဲ့အရေးအသား စိတ်ဓါတ်ပါ တက်ကြွလာတယ်… ရွှေမရတော့လဲ ကြေးနဲ့ပဲ ကျေနပ်ကြတာပေါ့…………
မြန်မာ့ အားကစားက စီးပွါးရေး ဦးမော့လာမှ ပိုတိုးတက်လာမယ် ထင်မိတယ်……
ခုနေအချိန်များ ဖလားရလို့ကတော့ တော်တော် ကြည့်ကောင်းမယ့်ပွဲပါပဲ…..
ကျေးဇူးတင်ပါတယ်နော်….
blackchaw
November 22, 2011 at 10:40 am
ရှုံးလို့ ဆဲတာ မဟုတ်ပါ။
မကန်ချင်သလို ကန်ချင်သလိုနဲ့
ကြည့်နေတဲ့ ပရိသတ်ကိုစော်ကား
ဘောလုံးများရထားရင်
မိဘက အမွေပေးတယ်ထင်ပြီး
ဘယ်သူ့ကိုမှ ပေးရကောင်းမှန်းမသိ
စကေးလည်းမရှိပါပဲ
ပြိုင်ဘက်တွေကြားထဲတိုးဝင်
မဖြစ်နိုင်ဘူးဆိုတာသိလျက်
ဂိုးပေါက်ဘက်ကို ရမ်းကန်တတ်တဲ့
ဘောလုံးသမားတွေကို ဆဲတာပါ ဆရာတို့။
မြန်မာဆိုရင် နိုင်မှ ကြိုက်တဲ့ ဘလက်။
yaungchikha
November 22, 2011 at 10:42 am
ကျမလည်း မြန်မာပြိုင်တဲ့ ဘော်လုံးပွဲတိုင်း မကြည့်ဖြစ်ပေမယ့် facebook ကနေတက်လာတဲ့ သတင်းကို စောင့်ကြည့်ဖြစ်တယ်၊ soccermyanmar ကနေပြီးဖတ်ဖြစ်တယ်၊ မြန်မာနိုင်တဲ့အတွက် အရမ်းပျော်ပါတယ်။ ကြေတံဆိပ်ဖြစ်ပေမယ့် ထိုက်တန်စွာရခဲ့တဲ့တာပါ။ အဲ့ဒီအတွက် ဂုဏ်ယူပါတယ်။
inz@ghi
November 22, 2011 at 10:48 am
ကော်နက်ရှင်ကြောင့်ထင်တယ် ကောမန့်က၂ထု ဖစ်တွားလို့ ၁ထု အမှိုက်တောင်းထဲ ထည့်လိုက်တယ်နော
(သဂျီးလေသံဖြင့်)
ပုံ အင်ဂျီး
amatmin
November 22, 2011 at 12:00 pm
ရှုံးတုန်းက ဆဲ ထားပေမဲ့ နို်င်လာပြန်တော့လဲ ဂုဏ်ယူရတာပဲ..
အရင်တုန်းက အကြွေးမဆပ်နိုင်ခဲ့တဲ့ နောင်တော်ကြီးတွေ ဘယ်လောက်တောင်ဝမ်းသာလိုက်မလဲ…
လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်ဗျာ..
ဆုကြေးတော့ သယံဇာတ တွေ ခွတုတ်ထားတဲ့ ဟိုလူကြီးတွေပေးလိမ့်မယ်..
hmee
November 22, 2011 at 1:47 pm
ကိုသစ်မင်း ပြောတာနဲ့ သတိရသွားပြီ။ အောင်ကျော်ကျော် အထုတ်ခံရတုန်းက ဒေါသတွေ ထွက်လိုက်တာ။ ကျောင်းရောက်တော့လည်း မပြီးနိုင်မစီးနိုင် စာမသင်နိုင်ဘူး။ သူငယ်ချင်းတယောက်ကဆို အောင်ကျော်ကျော်ရယ် အထုတ်ခံရမဲ့ အတူတူ ေ-ာက်ခွက်ကိုသာ ကန်လိုက်တာ မဟုတ်ဘူးတဲ့။ (၁၀)ယောက်တည်းနဲ့ ကန်ရတာကို သနားမဆုံးဘူး။ ဘောလုံးပွဲကိုတော့ ဝါသနာမပါပါဘူး ကိုယ့် ဗမာပါရင်သာ မျိုးချစ်စိတ်နဲ့ ကြည့်ဖြစ်အောင်ကြည့်တယ်။ ကြည့်တိုင်းလည်း နိုင်စေချင်တာ။ အခုနိုင်ပြီဆိုတော့ ကြေးပဲဖြစ်ဖြစ် ဝမ်းသာသား။
inz@ghi
November 22, 2011 at 1:51 pm
၁ဝယောက်မှုတ်ဝူး ၉ယောက် ကျောနံပါတ်၄ အေးနိုင် ၂ဝါတနီ ထပ်ထိသေးပါတယ်ဆိုမှပဲကို
🙁
kyawtheinmyint 23
November 22, 2011 at 3:52 pm
ကိုဘလက် ပြောသလိုပဲ ဘောလုံးကိုယ့်ဆီမှာရထားလို့ရှိရင်လဲ အပေးအယူလုပ်မကစားပဲ ကိုယ်နာမည်ရရေး ကိုယ်တိုင်သွင်းယူမယ်ဆိုတဲ့ စိတ်ဓါတ်ကိုလဲ ပြုပြင်သင့်ပါတယ်
MaMa
November 22, 2011 at 5:02 pm
အများကပေးတာက ၅မည်ရ အင်ဇာဂီ။
ကိုယ့်ဖာသာပေးထားတဲ့ ဘွဲ့တွေက အင်ဖန်နတီ။
ရေမြေခြားမှ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ မျိုးချစ်စိတ်ဓာတ်ဆိုတာ ပိုထင်ရှားပေါ်လွင်လာတယ်။
နီးတကျက်ကျက် ဝေးတသက်သက် ဆိုသလိုပေ့ါ။
ကဲ- မျိုးချစ်စိတ်အပြည့်နဲ့ အင်ဖန်နတီကိုပဲ မြန်မာ့ဘောလုံးအသင်းအစား အားပေးလိုက်ပါတယ်။ 😀
inz@ghi
November 22, 2011 at 7:15 pm
တိန်…
ဆြာသွန်းနေစိုး က ရန်ကုန်ကစာရေးဆြာပါ
တားတား ဟုတ်ပါဝူး
ကိုရင်စည်သူ
November 22, 2011 at 6:12 pm
ဒါမှ တို့ရွှေဗမာကွ…
ဟားဟား…….. ရွှေက မစစ်လို့..
ကြေးတံဆိပ်ယူပြီး ပြန်လာတာ…
ဗီယက်နမ်ကို သိပ်ပြီး ပြန်လာတာတော့ ခိုက်တယ်..
မလေးနဲ့တုန်းက သူ့ပထွေးတွေကို ကြက်ဥတိုက်နေတယ်..
နောက်တစ်ခေါက် မလေးနဲ့ ကန်ရင်နိုင်အောင်ကန်…
မအေရိုး မလေးနည်းပြ မျက်မှန်နဲ့ ပွဲစင်မှာ ထိုင်နေတဲ့
ဆရာကြီးလိုလိုသဘာကြီးလိုလိုကောင်ရဲ့ တောက်ခွကို
ဘောနဲ့တည်ကန်ကွာ….
ကျေနပ်တယ်.. တို့ဗမာ ကြေးရတာကျေနပ်တယ်..
မအေရိုး မလေးတွေ ရွှေရတာမကျေနပ်ဘူး..
ကဂီ့ဂီ့ရဲ့……………….
windtalker
November 22, 2011 at 9:16 pm
တို ့ဗမာ ပြောင်ပြီ ။
တို ့ဗမာ ပြောင်ပြီ
ဟီဟိ..
သူတို ့လေးတွေ ပြန်လာရင် ၊ အင်တိုက်အားတိုက် ကစားခဲ့သမျှ တွေ ပင်ပန်းခဲ့ရတာတွေ အတွက်
အဘဖော ရဲ ့ ပို ့စ်ထဲ ကလို ဆီလူးပေးမယ့် မဒီကညာ လေးတွေ စောင့်ကြိုနေတာမို ့
တို ့ဗမာ ပြောင်ပြီ
အခုလောက်ဆို တော်တော်ပြောင်နေလောက်ဘီ
ဆီဆတ်…ဆီဆတ်
Sonny
November 22, 2011 at 11:05 pm
ကိုအင်ဇာဂီ…မြန်မာအသင်း နိုင်နိုင် ရှုံးရှုံး အားပေးလျှက်ပါ
မကြည့်ဖြစ်လည်းနိုင်ပါစေ ဆိုတဲ့စိတ်အမြဲရှိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ မြန်မာအသင်းရော မြန်မာပရိတ်သတ်ရော
ရှုံးတတ်ဖို့ နိုင်တတ်ဖို့ လေ့ကျင့်ရဦးမယ်ထင်ပါတယ်။
မြန်မာကွ…ဒီမိုကရေစီ စစ်စစ်မှန်မှန်ရင် မင်းတို့ ဗီ။စင်ကာပူ။တွေ တွေ့မယ်။ဟား..ဟား
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….