Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန ္တလေးမစိုးရိမ်ကံတက်ကုန်း ကျောင်းတိုက်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ

DaveNovember 25, 20111min2904

မန ္တလေးမြို့ မစိုးရိမ်ကံတက်ကုန်း ကျောင်းတိုက်တွင် ယနေ့ နိုဝင်ဘာ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအစီအစဉ်ကို နယ်မြေလုံခြုံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီသော အခမ်းအနားနှင့် ယှဉ်တွဲကျင်းပသည်။

မန ္တလေးမြို့ရှိ သီးခြားလူမှုကူညီရေး အဖွဲ့အစည်းများက ကလေးချစ်သူများကွန်ရက်ဟူသော အမည်ဖြင့် ပေါင်းစည်းကာ နယ်မြေလုံခြုံမှုမရှိဘဲ ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားနေသဖြင့် လူမှုဒုုက္ခခံစားနေရသော ကလေးသူငယ်များအတွက် ဆုတောင်းကာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အရေးဆိုကြသည်။ အထူးသဖြင့် ကချင်ပြည်နယ်မှ ပြည်တွင်းစစ်ဘေးကြောင့် ကလေးအခွင့်အရေး၊လူမှုအခွင့်အရေးမရဘဲ ရှင်သန်နေထိုင်ကြရသော ကလေးသူငယ်များအတွက် ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းသော အစီအစဉ်ကိုလည်း ထိုအခမ်းအနားတွင် ထည့်သွင်းကျင်းပသည်။

ဗုဒ္ဒဘာသာ၊အစ္စလာမ်ဘာသာထုံးစံအရ ကလေးများအတွက် ပရိသတ်များက ဝိုင်းဝန်းဆုတောင်း ပေးကြသည်။ထူးခြားသောအစီအစဉ်များအဖြစ် ကဗျာဆရာကြီး ကိုလေးအင်းဝဂုဏ်ရည်က ငြိမ်းချမ်းရေးအတွက် အရေးဆိုခြင်း၊ မန ္တလေးတိုင်း NLD က သဝဏ်လွှာဖတ်ကြားခြင်း၊ မန ္တလေးဂီတမိတ်အဖွဲ့က ငြိမ်းချမ်းရေးတေးသီချင်းနှစ်ပုဒ်သီဆို ဖျော်ဖြေခြင်းများလည်း ပါဝင်သည်။

ဆရာကိုလေးအင်းဝဂုဏ်ရည်က သူ့စကားအဆုံးတွင် “ညီလေးမင်းအောင်လှိုင် ပြည်တွင်းစစ်ကို အမြန်ရပ်ပါ” ဟု တောင်းဆိုခဲ့သည်။

လူမှုထောက်ပံ့ရေးအဖွဲ့အစည်းများ၊ပုဂ္ဂလိက အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းပြီးသမျှ အလှူငွေ စုစုပေါင်း ၁၂သိန်းကျော် နှင့် ကလေးများအတွက် စာရေးကိရိယာ၊ကစားစရာအရုပ်၊စာသောက်ဖွယ်ရာနှင့် အဝတ်အထည်များကို ကလေးချစ်သူများကွန်ရက်က ကချင်ပြည်နယ်သို့ မကြာမီ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမည်ဖြစ်ပြီး အဆိုပါကွန်ရက်တွင် ပေါင်းစည်းပါဝင်သည့် အာရှအလင်းရောင်ဖောင်ဒေးရှင်း၊ ပီတိမိုးကောင်းကင်ပရဟိတ၊ လောကသာရပညာရေးပရဟိတ၊ အမရသုခ ကုသိုလ်ဖြစ်ဆေးပေးခန်း၊ Free Children Community, လွတ်လပ်သော သူငယ်ချင်းများအင်အားစု၊ သဒ္ဒါပညာရေး မိသားစု၊ မေတ္တာ Campaign, နှလုံးလှဖောင်ဒေးရှင်း၊ မီနီမာစတာအဆင့်မြင့်မူကြို၊ ချန်ပီယံမူကြို၊ မေတ္တာရင်ခွင် မူကြို၊ရဲရင့်နှလုံးသားလှုမှုဖွံ့ဖြိုးရေး အဖွဲ့များနှင့် ဆက်သွယ်နိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။

အလားတူ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို မန ္တလေးမြို့ ၈၂လမ်း ၂၅နှင့် ၂၆လမ်းကြားရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်းတွင်လည်း မကြာမီကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အင်္ဂလိပ်လို သတင်းကိုလည်း ဒီ Link မှာ ဖတ်ရှုအားပေးတော်မူကြပါဦးဗျာ။
http://www.digitaljournal.com/blog/14073

4 comments

  • windtalker

    November 25, 2011 at 8:13 pm

    ကို ဒါဗီး ခင်ဗျား ၊ ကံတက်ကုန်းမှာ ရွှေဆံနွယ် ဆရာတော် ရဲ ့ဆေးခန်းလဲ ရှိတယ် လို ့သတင်းကြားတယ် ဗျ ။ ဟုတ်သလား ဗျ ။

    • thit min

      November 26, 2011 at 11:56 am

      ဒေ့ဗ်ဆိုတာ ဒေဝ ပါဘဲ။ မြန်မာလိုတော့ “နတ်” ပေါ့။
      ကိုဒါဗီးတော့ လုပ်နဲ့လေ။
      (^^)ခင်လို့ စ တာနော်……ကိုပေရေ့။

  • cobra

    November 26, 2011 at 12:20 am

    ဒီလိုမျိုးတွေလုပ်တယ်ဆိုတာကြားရတော့ဝမ်းသာလိုက်တာဗျာ….

  • small cat

    November 27, 2011 at 6:12 am

    ဒီအလှူမျိုးကတကယ်အကျိုးရှိတဲ့အလှူမျိုးပါ။

Leave a Reply