ဆင်စွယ်ဓားရိုးလေးပါ။ နောက်မှမြင်ရပုံ

- ရုပ်ပွားတော်အောက်ခြေမှပုံများ ( လိပ်၊ဖိနပ်၊ငါး၊ကြာပန်း) ပုံဟု ပြောသည်။ဆင်စွယ်ဓားရိုးလေးပါ။ နောက်မှမြင်ရပုံအမွှေးတော်လေးတွေ ထွက်ရှိနေပါတယ်။ ထွက်နေတာ ( ၆ ) နှစ်ကျော်လောက်ရှိပါပြီ။အခုထက်တိုင် ရှိနေပါသေးတယ်။ ရင်ဘတ်- တော်မှာ ဝ လုံး ပုံလေးပါရှိပါသေးတယ်။ဆင်စွယ်ဓားရိုးပါ။ ဘီလူးလေးပေါ်မှာ ဘီလူးကြီး စီးထားပါတယ်။ဒီပုံလေးမှာက အမွှေးတော်တွေကို ပိုလို့မြင်ရပါတယ်။ သေချာကြည့်ပေးကြပါ။ဒါကတော့ စံလင်း ( ၅ ) ကျပ်တန်ပါ။ ( ၁ဝ )တန်က ပုံ မပေါ်လာဘူးဖြစ်နေလို့ပါ။ရင်ဘတ်တော်မှာ ဝ လုံးပုံလေးပါ ပါတယ်။ ပခုံးတော်နှစ်ဖက်မှာလည်း ဝ လုံးတွေပါ ပါတယ်။
Post Views: 272
10 comments
Gipsy
November 27, 2011 at 1:08 am
ပုံက တစ်ပုံ ထဲ ဖြစ်နေတော့ အားမရလှဘူးဗျာ..၊
ကြိုးစားပြီး တင်ကြည့်ပါဦး…။
manawphyulay
November 27, 2011 at 4:35 pm
ခေါင်းစဉ်မှာက ဓာတ်ပုံများဆိုလို့ အတော်များများလားလို့ တစ်ပုံထဲပဲနော်။ ကွန်နက်ရှင်ကြောင့်လား…
water-melon
November 27, 2011 at 7:21 pm
ဒါက ဘယ်မှာလဲ။ မြန်မာပြည်မှာလား။ မသိလို့ မဟုတ်ဘူးနော်။
ရှေးဟောင်းပစ္စည်းတွေက ခိုးပြီးရောင်းစားကြတာများလို့မေးတာဗျိ့။
koyinmaung
November 27, 2011 at 9:06 pm
မနက်ကကြည့်တော့တစ်ပုံထဲ
ညကျမှဆင်စွယ်နဲ့လုပ်ထားတဲ့ဓါးရိုးပုံတွေတော့တယ်…
သော်ကြီး
November 27, 2011 at 10:02 pm
်ပုံတွေတင်ထားတာတော့ အများကြီးပါ။ ပထမ ( ၂၂ )ပုံ၊ အခုဒီခေါင်းစဉ်နဲ့က ( ၁၂ ) ပုံ။ကွန်နက်ရှင် ကြောင့်ရော။ မလုပ်တတ်တာရောကြောင့်ပါ။ ဒီပုံလေးတွေကို ပြည့်စုံအောင် နောက်တစ်ကြိမ် ကြိုးစားကြည့်ပါမယ်။ မြန်မာပြည်ထဲမှာပါ။ နယ်စွန်နယ်ဖျားကပါ။ ရွာရဲ့ အစွန်ကပေါ့။ မန်းထဲရောက်တာ ( ၃) ပတ်လောက်ထဲရှိသေးတယ်။ Access ကတ်နှင့်တင်ရတာကြောင့် ပါ။ အခုလို ဝင်ရောက်ဆွေးနွေးအကြံပေး တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ပထမတင်တော့ ခေါင်းစဉ်တောင်ပါမသွားဘူး။ အားလုံးကို ကျေးဇူးတင်ပါ တယ်။
etone
November 28, 2011 at 3:37 pm
ပုံပဲပါတယ်နော် ..စာလေးဘာလေး လုပ်ပါဦး ။
ဘယ်မှာတွေ့တာ … ဘယ်သူက .. အခုဘယ်သူက သိမ်းဆည်းထားပါတယ် .. စသဖြင့်ပေါ့ … ။
သော်ကြီး
November 28, 2011 at 4:12 pm
အိတုန်ရေ အကုန်လုံး ကျွန်တော်တို့အိမ်မှာ သိမ်းထားပါတယ်။ ဘိုးဘွားအမွေအနှစ်တွေပါ။ တွေ့ရှိပုံကတော့ ဟိုးတုန်းက အဘိုးတွေကို မမှီလိုက်လို့ မေးလို့ မရတော့ပါ။
etone
November 28, 2011 at 4:39 pm
အဲတော့ … အိမ်မှာရှိနေတာလား … ။ ဒီရက်ပိုင်းအတွင်း ဘုရားတွေ တူးဖော်တွေ့ရှိတယ်ဆိုတဲ့ သတင်းကြားနေလို့ … အဲ့ဒီလိုများတွေ့တာလားလို့ပါ … ။ ဘိုးဘွားအမွှေနှစ်ရှေးဟောင်းလက်ရာတွေကို သေချာတော့ သိမ်းရမယ် … ။ နောက်ပုံလေးတွေရှိလျှင်လည်း တင်ပေးပါဦး ကိုသော်ကြီးရေ … ။
ကျွန်မတို့ အိမ်မှာလည်း အနော်ရထာလက်ထက်က ပုဂံဘုရား တစ်ဆူရှိတယ် … ။(အဆင့်ဆင့်ထိန်းသိမ်းလာတဲ့ ရှေးဘုရားပေါ့ ) … အမြင့်နှစ်ပေလောက်ပဲရှိပြီး ရွှေသင်္ကန်းကပ်ထားတယ် ။ထိုင်လျှက် တင်ပုလ္လင်ခွေရုပ်တုပါ ။ အိမ်ကကြောင် ဘုရားစင်ပေါ်တက်လို့ … အစ်ကိုက ခြောက်လှန့်ပြီးမောင်းတာမှ ပိုဆိုးသွားပြီး … ကြောင်က တွန်းကာ တိုက်ကာ ဘုရားစင်ပေါ် ပတ်ပြေးတော့ … ဘုရားဆင်းတုပြုတ်ကျပြီး … ထိပ်ဖူးလေး 2cm လောက်ပဲ့သွားလို့ … စူပါဂလူးနဲ့ ကပ်ပြီး ပြန်ပူစော်ထားရတယ် ။
ကြောင်ကြီး
November 29, 2011 at 12:19 pm
အီးဒုံးအကိုကလည်း သူများကုသိုလ်လုပ်နေတာကိုကွယ်………. 🙄
etone
November 29, 2011 at 2:37 pm
အော .. ကုသိုလ်ယူနေတာလား … အဲ့လို လိမ္မာမှန်းမသိလို့ပါ … ။
သူကလည်း ရှူးရှူးပန်းမှာစိုးလို့ လိုက်မောင်းတာတဲ့ 😀