အများ နှင့် ဆိုင်သော…. (၁)
ငယ်စဉ်က အကျင့်ကို ပြန်လည် စဉ်းစားမိလျင် အတော် စိတ်ပျက်စရာကောင်းလွန်းသည် ။
ငယ်စဉ်က ဆိုသည်မှာ မိဘ အများစုက သတ်မှတ်သည့် ၂ဝ ကျော် အသက်အရွယ်ဖြစ်သည်။
ညီအကို ၅ ယောက်ရှိသော မိသားစုတွင် အမေက အိမ်အကူ မထားရဲပါ ။ ယခင်က ရှိခဲ့သော်လည်း ကျွန်တော်တို ့
အရွယ်ရောက်ချိန်မှ စပြီး အိမ်မှုကိစ္စ အားလုံးနီးပါးကို အမေက လုပ်ခဲ့သည် ။
…………………………
ကျွန်တော် ထမင်းစားပြီးလျင် ပန်းကန်ဆေးရမှာ အလွန်ပျင်းသည် ။ ထမင်းစားလျင်လည်း ဘယ်တော့မှ ကုန်အောင် မစား ။
လက်တစ်ဆုပ်စာလောက်ကို နတ်တင်ရန် ချန်ထားတတ်သည် ။ အိမ်မှာပဲ ဖြစ်ဖြစ် ဆိုင်မှာပဲ ဖြစ်ဖြစ် ဘာသောက်သောက်
လက်တစ်ဆစ်စာလောက် ချန်ထားတတ်သည် ။ ထို ့သို ့ချန်ထားခဲ့ပြီးတိုင်းလည်း မိမိကိုယ်ကို အဆင့်အတန်းရှိလေခြင်းဟု
ဂုဏ်ယူစွာ နေရာမှ ထခဲ့ဖူးသည် ။
…………………………
အိမ်တွင် အပေါ့သွားသော အခါ ဖင်ထိုင် အဖုံးကို မလှန်ပဲ တဗြန်းဗြန်း နှင့် ဝါထိန်နေအောင် ပေါက်ပြီး မိမိနှင့် မဆိုင်သလို
ကိစ္စပြီး တတ်သော မိသားစုဝင် တစ်ယောက်ရှိသည် ။ အိမ်တွင် ညီအကိုများ သက်ဆိုင်ရာ တာဝန်ယူထားကြသည် ။
လူဆိုသည်မှာ မိမိ ထိမှ နာတတ်သော သဘောအတိုင်း တအိမ်လုံးရှိ အိမ်သာများ သန် ့ရှင်းရေးတာဝန်ကို ယူထားသော
ကျွန်တော့်မှာ စွေ ့စွေ ့ခုန်တော့သည် ။ သို ့သော် အဆိုပါ တစ်ယောက်သည် ကျွန်တော်ကဲသို ့ အကျင့်မျိုး မရှိ ။
ဘေစင်တွင် ရှိသမျှ ဆေးကြော စရာများ အားလုံးကို မိမိသဘောနှင့် ဆေးကြောတတ်သည် ။
ထမင်းစားလျှင် တစ်စိ မကျန်စားတတ်သည် ။ သူ ့အား ကျွန်တော် အမြဲပြောသော စကားမှာ ” အတော် ငတ်ကြီးကြ
တဲ့ အကောင် ” ဟု ။ သူနှင့် အပြင်တွင် စားသောက်ရမည်ကို အလွန်ရှက်သည် ။ မည်သည့်အရာကိုမှ အကြွင်းအကျန်
မရှိအောင် စားသောက်တတ်သည် ။ ကျွန်တော် ရှက်သည် ဆိုသည်ကို သူက အမြဲ အံ့ဩခဲ့သည် ။
သူကတော့ ” ဒါတွေဟာ အလကားနေရင်း သူ ့အလိုလိုဖြစ်လာတာ မဟုတ်ဘူး ။ လူတွေက ပင်ပင်ပန်းပန်းလုပ်ထားတာ
ဒါကြောင့် အမှိုက် မဖြစ်စေရ ” ဟု ဆိုကာ ပြုံးကာနေလေသည် ။
နောက်တစ်ယောက်ကတော့ ” ရေ ” ဟေ့ဆိုလျင် အလွန်ပင် ဘုန်းဘောလအော ။ သူရေချိုးတိုင်း ရေစဉ်ရှိ တိုင်ကီတွင်
မိကျောင်းပေါ်သည် ။ ရေဆိုသည်မှာ သူ ့အတွက် ” ဆီရေချိုး ၊ ဆေးရိုး မီးလှုံ ၊ စပါးရွှေဝါ တောင်လိုပုံ ” ပင်ဖြစ်သည် ။
နောက် တစ်ယောက်တော့ ရေကပ်စီး ။ ကိုယ်ပိုင်ခွက် ဝယ်ထားပြီး စစချိုးလျင် ဘယ်နှခွက် ။ ဂျီးချွတ်ပြီးလျင် ဘယ်နှခွက် ။
ရေဖြုံးတီးတတ်သူများအား ” တစ်ကိုယ်ကောင်း သမားတွေ ” ဟု အမြဲ ပြောလေ့ရှိသည် ။ ရံဖန်ရံခါ မိသားစု စုံညီ ထမင်းဝိုင်း
တွင် မကျေနပ်ချက်များအား ညီအကိုချင်း တွန်းကြ တိုက်ကြသည် ။ အမေနှင့် အဖေက မည့်သည့် ဝေဖန်ချက်မှ မပေးခဲ့ပါ ။
အလွန် ဆူညံလွန်းအားကြီးသော အခါမှသာ တခါပြောခဲ့သော်လည်း တသက်လုံး မှတ်မိသည် ။
” နင်တို ့အားလုံး ဘဲစားဘဲခြေ ပဲ ” တဲ့……။
……………………………………….
အချိန်တန်သော် အကိုကြီးရှိရာ တိုင်းတပါးသို ့ထွက်ခဲ့သည် ။
ဆယ်လူလာ ဖုန်းကြီးများ မြန်မာနိုင်ငံတွင် စတင် အသုံးပြုနေချိန် ထိုနိုင်ငံသို ့ရောက်သောအခါ အလွန်တရာ သေးငယ် ပေါ့ပါးသော
မိုဘိုင်းလ် ဖုန်းကလေး ကျွန်တော့် လက်ထဲ ရောက်လာချိန် ခါးထိုးအိတ် အား ခက်ခက်ခဲခဲ ရှာဖွေ ဝယ်ယူပြီး ခါးတွင်ချိတ်ကာ
ဂုဏ်ယူခဲ့ဖူးသည် ။ ထိုနိုင်ငံမှ လူများ ကျွန်တော့်အား မသိမသာ ရော သိသိသာသာရော ကြည့်ကြသည် ။
သူတို ့၏ အကြည့်များကို မဝေခွဲ တတ်ခင် အချိန်ကာလများတွင် ကျွန်တော် အလွန်ကျေနပ်ခဲ့ဖူးသည် ။
…………………………………………………
ဘတ်စ်ကား စီးစဉ် မြေအောက် ရထားစီးစဉ် အချိန်တွင် ကျွန်တော် ဖုန်း အလွန်ကလိ သည် ။
ရုပ်ရှင်ရုံတွင်လည်း Ring Tone အား အကျယ်ဆုံးထားပြီး ဖုန်းပြောခဲ့သည် ။
စားသောက်ဆိုင်တွင် ဆေးလိပ်သောက်သော အခါ ပြာခြွေခွက် ရှိပါလျက်နှင့် နဂို အကျင့်အတိုင်း ကြမ်းပြင်ပေါ်သို ့
ခြွေချခဲ့သလို ဖင်စီခံကိုလည်း ဦးတည်ရာမဲ့ တောက်ထုတ် တတ်သည် ။ မိမိ စားကြွင်းစားကျန် အမှိုက်သရိုက် တစ်ရှုး
ပီကေ အစရှိသည်တို ့အားလည်း Taxi ပေါ် ၊ ဘတ်စ်ကားပေါ် ၊ ရထားပေါ် ခပ်တည်တည်နှင့် ထားခဲ့ သလို အမှိုက်ပုံးများ
ကြက်ဆူတော ပမာ ပေါများသော နိုင်ငံတွင် တွေ ့ကရာ နေရာတွင် လက်ယဉ် နေသော လူသတ်သမား ကဲ့သို ့အမှိုက်များ
အား ပစ်ချထားခဲ့ဖူးသည် ။
…………………………………………………
မျက်လုံးများ……….အဆိုပါ မျက်လုံးများ အကြည့်များ ကျွန်တော့အား စတင်တိုက်ခိုက်လာကြပြီ ။
အမူအရာ များနှင့် ထပ်မံ တိုက်ခိုက်လာကြပြီ ။ တိုက်ရိုက် (သွယ်ဝိုက်စောင်းမြောင်းခြင်းမဟုတ်) ပြောဆိုပြီး တတိယ မြောက်
တိုက်ခိုက်ကြလေသည် ။
သူတို ့သည် ယေဘူယျ အားဖြင့် မိမိနှင့် မသက်ဆိုင်သော ကိစ္စများ အား ဝင်ရောက် စွက်ဖက်ခြင်း မပြုကြသော်လည်း အများနှင့် ဆိုင်သော
နေရာများ ကိစ္စများတွင် ယဉ်ကျေးစွာ တိုက်ရိုက် ပြောဆိုရဲ ကြသည် ။
၁ ။ မိတ်ဆွေ..ကျေးဇူးပြုပြီး ဖုန်းကို မကလိပါနဲ ့ ။ ကျွန်တော် အရမ်း စိတ် အနှောက်အယှက် ဖြစ်နေရပါတယ် ။ တခြားလူတွေလဲ ဒီလိုပါပဲ ။
(မီးရထားစီး ခရီးသည်)
၂ ။ ဒီမှာ တဆိတ်လောက် နည်းနည်း အသံတိုးပြီး ဖုန်းပြောပေးပါလား ။ ဒီနေရာဟာ အများသူငါနဲ ့သက်ဆိုင်တဲ့ နေရာပါ ။ (အမျိုးသမီး)
၃ ။ ဧည့်သည် ခင်များ….ကျွန်တော် လူကြီးမင်း ဆေးလိပ်ပြာခြွေရန် နှင့် လွင့်ပစ်ဖို ့ရာ ဆေးလိပ်ပြာခွက် အဆင်သင့် ထားပေးထားပါတယ် ။
လိုအပ်လို ့ ထပ်ယူဦးမယ် ဆိုရင် နောက်တစ်ခု ထပ်ပေးပါမယ် ။ ကျေးဇူးပြုပြီး ပြာခွက်ထဲမှာပဲ လွင့်ပစ်ပေးစေချင်ပါတယ် ။ ( ဆိုင်ဝန်ထမ်း)
၄ ။ ကောင်ကလေးရယ် …မင်းနှယ် မကုန်ပဲနဲ ့များ ပိုက်ဆံ အကုန်ခံ ပိုမှာစားပြီး ချန်ထားရတယ်လို ့ ။ ဒီ ထမင်း တစ်စိတိုင်းဟာ အဒေါ်တို ့နိုင်ငံ
ဆင်းရဲချိန်ကတည်းက အရမ်း တန်ဖိုးထားလာရတာ ။ ဒီလို ထမင်းဖြစ် လာဖို ့ကို လူတွေ ဘယ်လောက် ပင်ပန်းကြတယ် ဆိုတာ သိရဲ ့လား ။
နောက်ဆို ထမင်းစားရင် ကုန်သလောက်ပဲ မှာပြီး စားနော် ။ (ထမင်းဆိုင်ရှင် အဒေါ်ကြီး)
၅ ။ အကို … ဟိုဖက်ဘေးမှာ အမှိုက်ပုံး ရှိပါတယ် ။ ခန္တာကိုယ် ရွေ ့လျားဖို ့ အခက်အခဲရှိရင် ကျွန်တော် သွားပစ်ပေးပါမယ် ။
ဒီမှာတော့ မပစ်ပါနဲ ့ ။ (အထက်တန်းကျောင်းသား)
၆ ။ ညီလေးက အရှေ ့တောင် အာရှက လာတာထင်တယ် ။ ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ ။ ဒီ နိုင်ငံမှာ အမှိုက် သန် ့ရှင်းရေး လုပ်တဲ့
ဝန်ထမ်းတွေရဲ ့လစာငွေကို အကိုတို ့ပြည်သူတွေကနေရတဲ့ အခွန်ငွေတွေနဲ ့ ပေးရတာ ။ ဖြစ်နိုင်ရင် ဒီကို ရောက်တုန်း စည်းကမ်းရှိရှိလေး
အမှိုက်ပစ် စေချင်တယ် ။ (အစိုးရ ဝန်ထမ်း)
17 comments
Ko Ko Aung
November 30, 2011 at 2:50 pm
ကျွန်တော်တို့ဆီမှာလဲ-
“အများနှင့် ဆိုင်သောနေရာများ ကိစ္စများတွင် ယဉ်ကျေးစွာ တိုက်ရိုက် ပြောဆိုရဲ ကြ” တဲ့ လူမှု့ဝန်းကျင်လေးတွေ ဖန်တီးထူထောင်နိုင်ရင် သိပ်ကောင်းမှာပဲ။
နိုင်ငံတခုကို ပြုပြင်တယ်ဆိုတာ နိုင်ငံသားတွေကိုပြင်ရမှာ..။
နိုင်ငံသားတွေဆိုတာက အကျဉ်းချုပ်ရင် ကိုယ်ရယ်+ကိုယ့်ဘေးကလူရယ် မဟုတ်လား။
inz@ghi
November 30, 2011 at 2:57 pm
” အမှိုက်ပုံးများကြက်ဆူတော ပမာ ပေါများသော နိုင်ငံတွင် တွေ ့ကရာ နေရာတွင် လက်ယဉ် နေသော လူသတ်သမား ကဲ့သို ့အမှိုက်များအား ပစ်ချထားခဲ့ဖူးသည် ”
ကောင်းလိုက်တဲ့အရေးအသား
ဆြာ့ဆီကပညာယူရပါဦးမည်…
ဂီဂီ
koaung
November 30, 2011 at 3:04 pm
အဓိကကျသော ဖြစ်ပျက်နေသော ပြုပြင်သင့်သော သူများအားပညာပေးဆောင်းပါးဖြစ်ပါ၏
Moe Z
November 30, 2011 at 3:28 pm
မကောင်းတာတွေဖယ်ပြီး ကောင်းတာတွေရွေးမှတ်သွားပါသည်။
လိုက်လုပ်တာမလုပ်တာကတစ်ပိုင်းပေါ့ 😛
Paulo Gilberto
November 30, 2011 at 3:41 pm
လိုက်လုပ်သင့်တာလေးတွေ လိုက်လုပ်လိုက်ပါကွယ်..
😛
Moe Z
November 30, 2011 at 3:50 pm
ပုံပြောင်းနာမည်ပြောင်းပြီး နှစ်ပေါက်တစ်ပေါက်မရိုက်နဲ့နော်
ဟိုအကောင်လေးချီသွားရင်တောင်မှတ်မိတယ် 😛
Paulo Gilberto
November 30, 2011 at 5:17 pm
ဝမ်းတူးရိုက်တာ ဟုတ်ပါဝူးကွယ်…သည်နာမည်က နောက်တင်မယ့် ပို့စ်နဲ့သက်ဆိုင်လို့ပါ
ဂဏန်းရယ်. ….
ဟိုအကောင်လေးတော့ အချီမခံပါရစေနဲ့ …ဟဲဟဲ ..မှတ်မိမှာပေါ့ကွယ့် …..
ဂီဂီက ပိတ်သတ်ကြီးရဲ့ခေါင်းထဲမှာ ဂီဂီဆိုတဲ့ brand file လေး ကို အကျအနချရေးခဲ့သကိုး(သွပ်သွပ်…)
သည်တော့ avata, nick စတဲ့ communication tools တွေဘယ်လိုချိန်းချိန်း ပိတ်သတ်ကြီးက ဂီဂီ့ကို
brand recognition ဖစ်ကြဒလယ်မဟုတ်လား ….အာဟိ…
တော်သေးဘီ. …..
Diamond Key
November 30, 2011 at 3:36 pm
ပညာပေးဆောင်းပါးကောင်းလေးပါ။
htoosan
November 30, 2011 at 3:38 pm
အများ နှင့် ဆိုင်သော…. (၁)
အများ နှင့် ဆိုင်သော…. (၂)
အများ နှင့် ဆိုင်သော…. (၃)
၁။………………….
၂။…………………..
၃။…………………..
၄။……………………….
၅။………………………
၆။………………………………………………………
၇။ ကို တပ်မ၇၇။ ကော်နက်ရှင်တွေ သိပ်ကောင်းနေတယ် နဲ့တူတယ်နော် . Do and Don’t လေးများ မေ့သွားလားလို့ခင်ဗျ။ (တံခါးစောင့်ကြီး ကိုယ်စား) 😀 😀
nigimi77
November 30, 2011 at 3:45 pm
ကျွန်တော် အခုထိ ထမင်းမစားရသေးပဲ တစ်ထိုင်တည်း တစ်ပုဒ်ပြီး တစ်ပုဒ် ထိုင်ရေးနေတဲ့
စိတ်ထက်သန်မှုကို အသိအမှတ်ပြုနိုင်မယ် ဆိုရင်တော့ တနေ ့ထဲ ဆောင်းပါး ၃ ပုဒ် တင်တာကို
ခွင့်လွတ်နိုင်မယ် ထင်ပါတယ် ။ ပထမ နောက်ဆုံးတွဲကို မနက်ဖြန်မှ တင်မလို ့ပါ ။
အားထုတ်မှု အရာမထင်မှာ စိုးလို ့ တဆက်ထဲ ဖတ်လို ့ရအောင် ၃ ပုဒ်တင်လိုက်ပါတယ် ။
ထောက်ပြတာ ကျေးဇူးတင်ပါတယ်။
naywoonni
November 30, 2011 at 6:00 pm
ဒီမှာများ အဲဒိလိုသွားပြောကြရင် ….သောက်ပေါလို့ အပြောခံရမလား ? မင်းနဲ့ ဘာဆိုင်လဲလိုပဲ ပြန်ပြောလိုက်မလား ? ဒါမှမဟုတ် မင်းက ဘာကောင်မို့ လာအမိန့်ပေးနေတာလဲ ဆိုပြီး ပြန်ရန်အတွေ့ခံရမလား ? တစ်ခုခုပဲ….။ လူတွေရဲ့ အခြေခံ စိတ်ဓါတ်တွေကို ဘယ်သူလာလို့ ပြင်ပေးမလဲ…… နို77 !
blackchaw
November 30, 2011 at 6:08 pm
ဒီလိုပို့စ်မျိုးကိုတော့ သုံးပုဒ်တင်လည်း ကျွန်တော်တို့ ရွာသူရွာသားတွေ
ခွင့်လွှတ်ကြပါလိမ့်မယ်ဗျာ။
တပ်မမှူး ရဲ့စေတနာကို လေးစားကြမှာပါဗျာ။
Shwe Tike Soe
December 1, 2011 at 11:53 am
ဒီပို.စ်လေး အရမ်းကောင်းတယ်.. ဟုတ်ပါတယ် ကျွန်တော်တို.ဆီမှာ မလိုလားအပ်ပဲ ဂိုက်ထုတ် ကြတဲ့ အကျင့်တွေ ကျွန်တော်ကိုယ်တိုင်တောင် ရှိနေတယ်…. ဟိဟိ
သူများနိုင်ငံတွေ ကို အတုခိုးသင့်တာခို.ရမယ်ထင်ပါတယ်….
အရေးအသားလေးကောင်းတော့ ထိထိမိမိမြင်ရတယ်ထင်တယ်.. ကျွန်တော်တို.နိုင်ငံ သူများနိုင်ငံတွေလို စည်းကမ်းရှိဖို. ဘာလုပ်ကြမလဲ… 🙂
အခု ဒီပို.စ်တင်တဲ့ အစ်ကိုကြီးရော စည်းကမ်းရှိသွားပြီးလား????
nigimi77
December 1, 2011 at 12:01 pm
စည်းကမ်းရှိသွားပြီလားဆိုတော့……… အင်း………….
အခုထိတော့ ကျပ် မပြည့်သေးဘူးဗျ ။ မပြည့်တဲ့အိုးလို ဘောင်ဘင် ခတ်တုန်းပဲ ။
အတုမြင် အတတ်သင် ပြုပြင်နိုင်ခဲ့တာတွေကတော့ ရေးတဲ့ စာမှာ ပါတဲ့ အတိုင်းပါပဲ ။
etone
December 1, 2011 at 4:55 pm
လူဆိုတာမျိုးက တယောက်အကျင့်တမျိုးစီလာတာပါ .. ။
အမိဝမ်းချင်းအတူတူထွက်ပြီး တမျိုးစီ … ဗီဇပါလာလျှင်တောင် မိမိဆန္ဒမပါပဲ ပြုပြင်ဖို့ … ခက်တယ် … ။ ကိုယ်တိုင်က ပြုပြင်ချင်စိတ်နဲ့ပြုပြင်မှပဲ ရမယ် … ။
ကဏန်းကြီးရေ ကျွန်မလည်း ဂျစ်တီးဂျစ်ကန်အမျိုးစားထဲကပါပဲ … ကိုယ်လုပ်ချင်လိုလုပ်လိုက်လို့ သူတပါး ပတ်ဝန်းကျင် ဘယ်လိုထိခိုက်သွားလဲ မတွေးဖူးပါဘူး … ကိုယ့်စိတ်ထဲရှိသလို ပြုမူ နေထိုင် ပြောဆို တတ်တယ် .. ။ ဂေဇက်ထဲရောက်တော့မှသာ … စာတွေဖတ်ပြီး … အတွေးပြောင်းသွားခဲ့တာ … ။
မကောင်းတဲ့အကျင့်မှန်သမျှ ပြင်ဖို့ ကြိုးစားနေတယ်ဆိုလျှင်ပဲ … လမ်းမှန်ပေါ်တက်ဖို့ လမ်းစတွေ့နေပြီလို့ သဘောထားပါတယ် … ဟီး .. ကိုယ့်ကိုယ်ကို အားပေးသလို ..ရှင့်ကိုလည်း အားပေးလိုက်ပါတယ် 😀
windtalker
December 3, 2011 at 9:15 pm
ကျုပ်လဲ ထမင်းစားရင် မကုန်တာများတယ်ဗျ
အထူးသဖြင့် ၊ သူများအိမ်မှာ သွားစားခဲတယ် ။
ဘာလို ့လဲ ဆိုတော့ ၊ သူတို ့ကတော့ စေတနာနဲ ့တည်ခင်း ဧည့်ခံကျွေးမွေးကြပေမယ့်
ကိုယ် က ကုန်အောင်မစားတတ်တဲ့ကောင် ဆိုတော့
ကိုယ့်ဟာကိုယ် အားနာပြီး ၊ မစားဖြစ်ဘူးဗျို ့။
ဆိုင်မှာကြတော့ ကိုယ်နိုင်သလောက်လေးပေါ့ ။
Khin Latt
January 20, 2012 at 6:21 pm
နိဂိမိ ရေ – Post အဟောင်း တွေကို ပြန်ရှာဖတ်ကြည့် နေပါတယ်။
အမှန်ပြောပါတယ်။ အရင်က ဒီဂေဇက် ထဲ မှာ မိန်းကလေး တွေ ရေးတာကို ပိုစိတ်ဝင်စား လို့ သူတို့ ရေးတာဘဲ သတိထား ဖတ်ခဲ့တာပါ။
ပုရိသ များကို အားမပေးချင် လို့ မဟုတ်ပေမဲ့ အချိန် နဲ့ဖက်ပြီး တစ်ချိန်လုံး ရန်ဖြစ်နေရလို့ ပါ။
အခု ရွာသူဖြစ်ပြန် တော့လည်း ကိုယ်ဝင် တဲ့ အချိန် မှာ စစတွေ့ချင်းတွေ့တဲ့ Post နဲ့ ဘေးက သူများ မှတ်ချက် ထားတာ တွေကို မဲ ဖတ် ရင်း တစ်ခြား တွေ Post ကို လွတ်သွား ပါတယ်။
ဒါကြောင့် တစ်ခြား စာရေးတဲ့ သူတွေကို လဲ မှတ်ချက်ပေးဖို့ လွတ်သွားရင် တဆက်တည်း တောင်းပန်ပါတယ်။
ဂီဂီ က တော့ အရီး ရှားရှား ပါးပါး ရေးထားတဲ့ Post နှစ်ပုဒ်မှာ ဝင်ပြီး ရှည်ရှည်ဝေးဝေး ခေါင်းနောက်အောင်ကို ဆွေးနွေး ခဲ့လို့ သူ့ကို မှတ်မှတ်သားသား ရှိသွားတာပါ။
ဒါတောင် နာမည် အမှားယူ ခဲ့မိပါသေးတယ်။ @ ကို a လို့ မယူ ဘဲ at လို့ ထင်လို့။ နောက်မှ သိပါတယ်။
သူ့ကိုမှ မဟုတ်ပါဘူး။ ရွာသူ/သား အားလုံးကို တကဲ့ကို မောင်ရင်းနှစ်မ၊ အစ်မ တွေလို ခင်ပါတယ်။
ကဲ ထားလိုက်ပါတော့။ မဟုတ်လား။ 😉
နိဂိမိ ရဲ့ ဒီ Post မှာညီအစ်ကို တွေချည်းဘဲ ကြီးလာသူ ရဲ့ စရိုက်ကို လဲ ပေါ်အောင်ရေးနိုင်ပါပေတယ်။
ဒီလို သူများကို တိုက်ရိုက် ဆရာမလုပ်ဘဲ ကိုယ်နဲ့ ယှဉ် ရေးခဲ့တဲ့ အရေးအသား က လေးစားဖို့ အလွန်ကောင်းပါတယ်။
အမှန်တော့ နိဂိမိ ရဲ့ Post ပါ ထောက်ပြထားတဲ့ အချက်တွေက အရီးတို့ မြန်မာ မှ မဟုတ် လူမျိုးတိုင်း လိုက်နာရမဲ့ အချက်တွေပါ။ အခြေခံ သာမာန် လို့ ထင်ရပေမဲ့ အရမ်းအရေးကြီး တဲ့ အချက်တွေပါဘဲ။ တစ်ခြားနိုင်ငံ ကြီးတွေ ကတော့ ဒီလို လိုက်နာရမှာ အသားကျ နေပြီ ဖြစ်ပေမဲ့ မြန်မာတွေ အတွက် ကတော့ အတော်ကြီးတဲ့ စိမ်ခေါ်မှု ဖြစ်နေမှာပါ။
ဒါပေမဲ့ ဒါတွေဟာ အခု စပြီး လုပ်ရတော့မဲ့ အချိန်ရောက်ပါပြီ။
အစိုးရ က လုပ်မပေးသေး တာတွေကို အော်တာလဲအော်ကြတာပေါ့။
ပြည်သူတွေ ဘက်ကလဲ ဒီလို အသေးလေးတွေကစလို့ ကိုယ့်ဘက်က လဲ တာဝန်ကျေအောင်
ဖတ်ပြီးသူတိုင်း လက်တွေ့လိုက်နာသင့်ပါကြောင်း။
မသိတတ်သော သူများ ကို လဲ တဆင့် အသိပညာ ဖြန့်ဝေ သင့်ပါကြောင်း။
ခင်မင်စွာဖြင့်
အရီး
PS – ဒါကို ရုံးတွင် နေ့လည် ထမင်းစားချိန်မှာ ရေးပါသည်။
ညက နိဂိမိ ရဲ့ Post အဟောင်း တွေကို ရှာ ဖတ်ပြီး ချက်ချင်း မှတ်ချက် ပေး လိုက်ချင်ပေမဲ့ အတော် ညဉ့်နက် နေလို့ပါ။ ကျန်တာတွေ ကို ဆက်ဖတ် သွားမည် ဟု ဂတိပြုပါကြောင်း။ 🙂