Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အများ နှင့် ဆိုင်သော…(၃)

nigimi77December 1, 20111min94035

အလွန် ဆင်းရဲသော အလွန်ကို မရှိခြင်းတွေ ပေါများသော သူတို ့နိုင်ငံတွင် မရှိသော ” ရှိခြင်း ” သည် ကျွန်တော်တို ့နိုင်ငံတွင်

အပီ အပြင် အခိုင်အမာ ရှိပါသည် ။ မိတ်ဆွေ ……ရန်ကုန်မြို ့ ကမာရွတ်မြို ့နယ် လှည်းတန်းကို ရောက်ဖူးပါသလား ။

ရန်ကုန် အင်းစိန်လမ်းမှ သွားသော လှည်းတန်းကားဂိတ်ရှိသလို ၊ ရန်ကုန်ပြည်လမ်းမှ သွားသော လှည်းတန်းကားဂိတ်ဆိုပြီး နှစ်ခုရှိသည် ။

ရန်ကုန်အင်းစိန် ကားဂိတ်ဖက်တွင် ကားအစင်းရေ လွန်စွာများပြားစွာ ရှိသော်လည်း စီးနင်းလိုက်ပါလိုသူ အရေ အတွက်နှင့် ယှဉ်လျင်

မလောက်ငှ သလို ၊ ကားဂိတ် ဧရိယာ မှာလည်း ကျဉ်းမြောင်းလှသည် ။ ထို ့ကြောင့် မီးပိုွင့် တာထွက် ပလက်ဖောင်းထိပ်မှ စတင်ပြီး

ကားဂိတ် အဆုံး အမှိုက်ပုံ အနားအထိ ထူထပ်များပြားလှသော ခရီးသည်များကို တွေ ့ရပေမည် ။

……………………………………………………………………….

ရန်ကုန်ပြည်လမ်း ကားဂိတ်ကို ကြည့်ကြပါစို ့ ။

ရန်ကုန် အင်းစိန်လမ်းခရီးသို ့သွားသော ခရီးသည် အရေအတွက်၏ ၆ ပုံ ၁ ပုံ မျှသာရှိသော ခရီးသွား (အမျိုးသမီး အများစု)

ယောကျာင်္း ၊ မိန်းမ များသည် တက္ကသိုလ်ရိပ်သာလမ်းမှ ပြည်လမ်းသို ့ ချိုးသော ပလက်ဖောင်း ထိပ်မှ အစပြုပြီး ရန်ကုန်တက္ကသိုလ်

နောက်ဖေးပေါက် ကားဂိတ် အနီး မရောက်ခင် ပေ ၂ဝ လောက် အကွာအဝေးအထိသာ လျှောက်လာပြီး ကားတားစီးကြလေသည် ။

၎င်းတို ့ ဘေး ပေ ၂ဝ အကွာမှ ကားဂိတ် အဆောင်များကား လွန်စွာ အထီးကျန်လှသည် ။ လူမပြောနှင့် ခွေး ပင် မရှိချေ ။

နိုင်ငံကြီးသား ပီသသူ တစ်ယောက် ၂ ယောက်လောက်ကသာ ဘတ်စ်ကားစီးချင်ရင် ကားဂိတ်မှာ စောင့်ရမည့် ထုံး နှလုံးမူပြီး

စောင့်ဆိုင်း စီးနင်းသော်လည်း မည်သည့် ကားမှ မရပ်ပေးသည့် အပြင် (Plug လွတ်နေတာလား) ဆိုသော အကြည့်မျိုးဖြင့်

ကြည့်သွားကြသည် ။ ဒါဆိုရင် ကျွန်တော် ပြောကြည့်ပါမည် ။ ကားဂိတ် ၂ ခု ရှိသော်လည်း တဖက်လမ်းမှ ခရီးသွားသူများ

နှင့် စာလျင် အရေအတွက် အလွန်နည်းသော ခရီးသွားများ အားလုံး ဆန် ့ဝင်သော ကားဂိတ်သို ့ရောက်အောင် သွားပြီး စီးနင်းခြင်း

မပြုမှုသည် ဘာကြောင့်လည်း ဆိုတာကို စာဖတ်သူမှ ယုတိ္တတန်သော ဆင်ခြေတို ့ဖြင့် ဆွေးနွေးကြည့်ပါ ။

မိတ်ဆွေသည် မည်သည့် ခရီးသည် အမျိုးအစား ဖြစ်ပါသလဲ ။

……………………………………………………………………..

အကျင့်ပျက် ပြည်သူများ အကျင့်ပျက် စနစ်များဖြင့် အသားကျနေပြီ ။ ကားစီးနင်းကြသည် ။

အကျင့်ပျက် ကားသမားများကလည်း ရပ်တန် ့တင်ဆောင် ကြသည် ။ မုန် ့လုံး စက္ကူ ကပ်နေသည် ။

ဂျာအေး သူ ့အမေရိုက်နေသည် ။

……………………………………………………………………..

အားလုံးသော ပါးစပ်များက အော်ကြ သည် ။ ဘတ်စ်ကားလိုင်း ဘာဘာညာညာ ။

တကယ်တမ်း အစီးရေ တသိန်းလောက် ထပ်ဖြည့်ပေးနိုင်လျင်တောင် လက်ရှိပုံစံ အတိုင်း လုပ်နေဦးမှာ မလွဲ ။

သက်ဆိုင်ရာကို အားကိုးဖို ့ကြံစည်နေပါသလား ။ ပြသာနာတွေကို ဖြေရှင်းပေးနိုင်မယ်လို ့ထင်ပါသလား ။

သက်ဆိုင်ရာ ဆိုတာ ကျွန်တော်တို ့ ပြည်သူ ပြည်သားတွေ ကိုယ်တိုင် ပါပဲ ။

အကျင့်ပျက် ဘတ်စ်ကားတွေက အကျင့်ပျက် ပြည်သူတွေ တားစီးလို ့ ရပ်ပေးရတယ်လို ့ ထိုးချတယ် ။

အကျင့်ပျက် ပြည်သူတွေကလည်း အကျင့်ပျက် ဘတ်စ်ကားတွေက ဟောဟိုနားမှာပဲ ရပ်ပေးလို ့ သွားစီးရပါတယ် ဆိုပြီး

ရှန်တိန် လုပ်တယ် ။ သူတို ့သူတို ့တွေ ကြောင့် ယဉ်ကြော ပိတ်ဆို ့မှုနဲ ့ မတော်တဆမှုတွေ ဖြစ်လာတယ် ။

တကယ်တမ်း သတ္တုချကြည့်ရင် ကျွန်တော်တို ့ ပြည်သူပြည်သားတွေ ဆက်လက်ပြီး အကျင့်ပျက်နေလျင်

နိုင်ငံ အနာဂါတ် ကောင်းလာစရာ အကြောင်း မရှိနိုင်ပါ ။

THE END .

35 comments

  • blackchaw

    November 30, 2011 at 3:25 pm

    သက်ဆိုင်ရာ ဆိုတာ ကျွန်တော်တို ့ ပြည်သူ ပြည်သားတွေ ကိုယ်တိုင် ပါပဲ ။

    ဟုတပါတယ်ဗျို့။
    အသာလုပ်ပါ တပ်မ ၇ရ ရယ်။
    ခုနကပဲ ကိုရင် မောင်ပေ တို့ ဆီမှာ ဆို။ အခု ပို့စ်တင်နေပြီ။

  • lone

    November 30, 2011 at 3:28 pm

    အဲဒါစီးတဲ့လူတွေနဲ့မဆိုင်ပါဘူး။..bus တွေနဲ့သာဆိုင်ပါတယ်။ သူတို့သာ အချိန်မှန်ထွက် အချိန်မှန်ရပ် အချိန်မှန်မောင်း ။ မရပ်သင့်တာမရပ် ။ရပ်သင့်တာရပ်ရင် …ဒီလိုတွေဖြစ်လာစရာမလိုပါဘူး…လူတွေကိုအပြစ်ပြောလို့မရပါဘူး…။ bus တွေသာ မှတ်တိုင်ရောက်မှ တစ်စီးနဲ့တစ်စီး စနစ်တကျ ရပ်ပြီး ..ထွက်တယ်ဆိုရင် … လူတွေလည်း.. မှတ်တိုင်မှာ သာ စနစ်တကျ စောင့်စီးကြမှာဖြစ်ပါတယ်.။ သူတို့ကိုယ်တိုင်က စည်းမရှိတွေ့ကရာတင်နေတော့ လူတွေလည်း အလွယ်ပဲ လိုက်စီးမိကြတာ။ bus ပြသာနာ ကတော့ လုပ်ကိုလုပ်သင့်နေပါပြီ။ အချိန်မှန်ရပ် . အချိန်မှန်ထွက်
    စနစ်တကျမောင်းဖို့ လိုကိုလိုအပ်နေပါပြီ။…..

  • nigimi77

    November 30, 2011 at 3:32 pm

    @ Lone .

    အကျင့်ပျက် ပြည်သူတွေကလည်း အကျင့်ပျက် ဘတ်စ်ကားတွေက ဟောဟိုနားမှာပဲ ရပ်ပေးလို ့ သွားစီးရပါတယ် ဆိုပြီး ရှန်တိန် လုပ်တယ် ။ 🙂 🙂 🙂

    • Paulo Gilberto

      November 30, 2011 at 3:39 pm

      အဟမ်း…
      တပ်မ၇ရကြီး …
      အပြောကောင်းတဲ့လူကြီး
      အရေးကောင်းတဲ့လူကြီး
      တစ်တစ်ခွခွဆော်တတ်တဲ့လူကြီး…

      ရှင်ကြီးလည်း စည်းကမ်းရှိပါဦး…
      (ခင်လို့လက်တို့တယ်မှတ်ပါ)
      အကြွေးဆပ်သလို ၃ပုဒ် တပြိုင်ထဲ တင်သွားလို့…

      🙂

  • nigimi77

    November 30, 2011 at 3:49 pm

    သိပ် တော်တဲ့ Gilberto .

    အများနှင့် ဆိုင်သော (၁) မှာ ဘာကြောင့် တနေ ့ထဲ ၃ ပုဒ် တင်ရတယ် ဆိုတာလေးကို

    ဆင်ခြေ ဆင်လက် ကွန်မန် ့ ပေးထားပါတယ် ။

    • E.T

      December 1, 2011 at 7:16 am

      တပ်မ ၇ရ ရဲ ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါတယ် 🙂 ကို ၇ရ လို ၃ပုဒ်တင်တဲ့သူများလာရင် တခြား ပိုစ့်တင်တဲ့သူ (အချိန်မရပဲ ကြိုးစားပြီးရေးတဲ့သူ) တွေရဲ ့ပိုစ့်က 2 page, 3 page ကိုမြန်မြန်ရောက်သွားမှာပါ။ ပိုစ့်တင်တဲ့ မည်သူမဆို သူတို ့ရဲ ့ပိုစ့်ကို front page မှာရှိချင်မှာပါ။

      ကို ၇ရ တင်တဲ့ပိုစ့်နဲ ့ ဥပမာပေးရရင် .. သူများတွေက စည်းကမ်းနဲ ့မှတ်တိုင်မှာ စောင့်နေတဲ့သူနဲ ့တူပြီး ကို ၇ရက မှတ်တိုင်ကျော်တင်တဲ့ ဘတ်စ်ကားကြီးနဲ ့တူပါတယ်။ အဲဒါကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက မိသွားလို ့ အနီ ပြလိုက်ပါတယ် 😛 စိတ်ဆိုးပါနဲ ဗျာ။ ၁ ခါပဲပြတာနော်။ နောက်တစ်နီက ဘယ်သူပြသွားလည်း မသိဘူး။

      • nigimi77

        December 1, 2011 at 10:45 am

        @ E.T

        စိတ်ဆိုးစရာ မရှိပါဘူး ။ ကျွန်တော်ကိုယ်တိုင်က ပြည်သူထဲက ပြည်သူပဲနော ။

        ကျွန်တော် တကောင်ကတော့ လုံးဝကို ပြီးပြည့်စုံတဲ့ အကျင့်ကောင်းမှုတွေ ရှိနေတယ်

        လို ့မဆိုလိုပါဘူး ။ ကျွန်တော့်ရဲ ့ အကျင့်ပျက် စိတ်ဓါတ်ကလည်း ခုနကပြောသလို

        ပြည်သူထဲက ပြည်သူပဲမို ့လို ့……။ 😛

        ကျွန်တော်က ကျွန်တော် မြင်တာကို ထောက်ပြတယ် ။ တခြားလူတွေက ကျွန်တော်

        မမြင်တာကို ထောက်ပြတယ် ။ ဒီလို အပြန်အလှည် ဝေဖန် သုံးသပ်ရင်း ကောင်းတာတွေ

        ယူ မကောင်းတာတွေ ဖယ်ပြီး ကျွန်တော်တို ့ရဲ ့ နောက်မျိုးဆက်သစ်တွေကို နိုင်ငံသားစိတ်

        ဓါတ်နဲ ့ ပြည်သူ ့နိတိတွေကို သွပ်သွင်းဖို ့ ဝိုင်းဝန်း ကြိုးစားကြတာ…ဟုတ်လား ။

        • E.T

          December 1, 2011 at 4:48 pm

          ဟုတ်ကဲ့ပါဗျာ။ ဝေဖန်မှုရှိမှ တိုးတက်မှာပါ။ ကျွန်တော်လည်း ပြည်သူထဲက ပြည်သူပါပဲ 🙂

    • ကိုရင်စည်သူ

      December 1, 2011 at 10:06 am

      တပ်မကြီးကို အနီဗုံးလာထုသွားတယ်… ဘူလဲကွ..
      ခိုးကြောင်ခိုးဝှက်နဲ့… 👿 👿

      • E.T

        December 1, 2011 at 10:22 am

        ကရင်စီ အနော်က ပေါ်တင်ထုတာနော် 😛

        • ပေါက်ဖော်

          December 1, 2011 at 10:37 am

          ပေါ်တင်ကြီးထုတာဆိုတော့…ရှက်ချရာဂျီး..
          🙄

  • amatmin

    November 30, 2011 at 4:11 pm

    ကိုတပ်မကြီး က မြင်နိုင်ရင်လို့ ပြောထားတယ်. မြင်အောင်လည်းရေးပြထားတယ်
    ကျွန်တော်တော့ မြင်သွားပြီမို့လို့ ပြင်လို့ရတာတွေကို ကိုယ့်ဘာသာ စပြင်တော့မယ်ဗျာ..
    ပြီးတော့ ပို့စ် ၃ခု တခါထဲ တင်ပေးတော့ တထိုင်ထဲ ဖတ်ပြီး အဆင်ပြေစေလို့ စာဖတ်သူအနေနဲ့ ကျေးဇူးပါဗျာ..
    ဖတ်တဲ့သူတွေ အဆင်ပြေအောင် စေတနာနဲ့ စည်းကမ်းလေးဖောက်လိုက်တာထင်တယ်.ဒူးသာဒူး (နောက်တာဗျ နော်)
    တတ်နိုင်ရင် ဂျာနယ်ဆောင်းပါးတွေ လို လူများများ ဖတ်ဖြစ်ရင် အရမ်းကောင်းမယ်ဗျာ..
    ကျွန်တော်တော့ ဇ ဆရာတွေရဲ့ တပည့် ၊ ကြယ်ငါးကောက်သူတွေ ရဲ့ နောက်လိုက် အနေနဲ့ ယူသင့်တဲ့ အတုအကုန်ယူတယ်ဗျာ… 🙂

  • လင်းဝေကျော်

    November 30, 2011 at 5:01 pm

    အဲဒီကိစ္စကို ၉ရ ၉၈ လောက်တုန်းက လှည်းတန်း အင်းစိန်လမ်းမကြီးဘက်မှာ ယာဉ်ထိန်းရဲတွေ ချပြီး စည်းကမ်း ထိမ်းဘူးတယ်။ ပြဿနာ နောက်တစ်ခုက ညနေဆို ကားစီးတဲ့လူကလည်း များ။ ဘတ်စကားတွေကလည်း များတော့ မှတ်တိုင်မှာပဲ ရပ်လို့မရပါဘူး နေရာမလောက်ပါဘူး အကြောင်းပြကြမယ်ထင်တယ်။ နောက်တော့လည်း ဘာမှ စည်းကမ်းမကြပ်မတ်တော့ပဲ ဖြစ်သလို ပြန်လုပ်နေကြတာ အခုပိုတောင် ဆိုးလာကြတယ်။
    ပြည်လမ်းဘက်ကလည်း မှတ်တိုင်မှာ သွားရပ်နေရင် မိန်းကလေးဆိုလို့ကတော့ လိုက်မလား အခေါ်ခံရမယ်။
    ဟိုးကတည်းက အမရဆောင် အပေါက် ဒီဘက်မှာပဲ ကားရပ်ခဲ့တာ။ အဓိက ကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် ကိစ္စပါပဲ။ လူအများစု တကမာ္ဘလုံးက သာမန်လူတွေအတွက်တော့ ချပေးတဲ့ လမ်းကြောင်းလျှောက်လိုက်တာပဲ၊ အဆင်ပြေသလို။ အဆင်မပြေဘူး အတီးခံရမယ် ဆိုရင် မလုပ်ရဲကြပါဘူး။

  • kai

    December 1, 2011 at 6:28 am

    စည်းကမ်းထဲဝင်အောင်.. ဒီပို့စ်တင်တဲ့နေ့.. ဒီဇင်ဘာ ၁ရက်ပြင်လိုက်ပါတယ်..။
    ဆိုတော့… တရက် ၂ပုဒ် .. စည်းကမ်းနဲ့ညီသွားတာပေါ့…။
    =
    တင်ထားတဲ့….ပို့စ်ကို ဝေဖန်ရေးမယ်နော…။
    ဘယ်လိုဖြစ်ကြတာလည်း ဆိုတော့…
    လူက. သူများအခွင့်အရေးလုယူပြီး …ရှေ့ကနေ..နေရာရသွားရင်.. ရှက်တတ်ရကောင်းမှန်းမသိတာပဲ..။
    ဒီအလုပ်ဟာ..အကုသိုလ်အလုပ်ဆိုတာ မသိတဲ့နောက် နောက်ထပ်ကျူးလွန်ဖို့ ဝန်မလေးပါဘူး..။
    ဆိုတော့ ထပ်ခါလုပ်ပါတယ်..။
    သူက… ကုသိုလ်ကံကောင်းသူ..။စွမ်းနိုင်သူ.. တခြားသူတွေနဲ့ မတူသူလို့ ထင်နေမှာကိုး..

    ဒါကို တိုင်းပြည်ရဲ့.. အစိုးရဝန်ထမ်း နေရာတွေ..ဌာနနေရာတွေမှာ.. မဆလခေတ်တခုလုံးလည်း ရိုက်သွင်း ပြသခဲ့တာပါ..။
    အစိုးရဝန်ထမ်းတွေ.. ဝါ..သဘာနဲ့..တန်းစီစံနစ်နဲ့ ရာထူးတက်တာမှမဟုတ်ခဲ့တာပဲ..။
    မိုးကျရွှေကိုယ် တပ်မတော်သားဆိုသူတွေက.. တန်းစီစံနစ်နဲ့မသွားပဲ.. ဖြတ်အုပ်… ဖြတ်တက်ခဲ့တာကိုး..
    ဖုန်း..ဒိုင်းဆို… အသက်၄ဝလောက်နဲ့.. အရပ်ဖက်ဌာနညွှန်ချုပ်တက်လုပ်.. ဗိုလ်ကြီးအဆင့်လောက်နဲ့.. အရပ်ဖက်ရာထူး.. ညွှန်မှုးလောက်.. ပိုင်ရာဆိုင်ရာနဲ့ကပ်ပြီး.. ဖြတ်ဝင်လိုဝင်.. တတ်သလားဆိုတော့.. တတ်လည်းမတတ်…။
    စစ်သားက စစ်တိုက်တာကျွမ်းကျင်မှာပေါ့.. ။ အရပ်ဖက်အုပ်ချုပ်မှုနဲ့.. ဝင်ရောက်ကြီးကြပ်အုပ်ချုပ်…

    ဒီလိုနဲ့.. အုပ်ချုပ်မှုယန္ဒယားကြီးတခုလုံးပျက်စီးသွားခဲ့တာပါ..။
    ဒါကို.. အောက်ခြေလူတန်းစား..လူထုအဆင့်ဆင့်က… မသိစိတ်တွေက..ကူးယူအားကျစိတ်တွေနဲ့.. ဆင့်ပွားအသုံးချနေကြတယ်လို့..မြင်မိတယ်..။

    လူလူချင်း အဆင့်အတန်းမခွဲ.. အားလုံးတန်းတူညီမျှမှုရှိတယ်.. အစိမ်းရောင်ယူနီဖောင်းလိုက်တာနဲ့.. သာမန်လူထက်.. သာသူဖြစ်သွားတယ်ဆိုတာ… မဟုတ်ဘူး..လက်မခံရဘူး…လို့… ထပ်ခါ.. သင်ကြားပေးရမယ်ထင်ပါတယ်..။
    ကလေးငယ်တွေကျောင်းမှာ.. လောကနီတိ အနေနဲ့..လူလူချင်းတန်းတူညီမျှချင်းကို သင်ကြားသင့်တယ်..။

  • ကိုရင်စည်သူ

    December 1, 2011 at 10:03 am

    အော်… တပ်မကြီးကတော့ ရန်ကုန်ပြည်လမ်းကို
    လက်နက်ကြီးနဲ့ ထုထားပြန်ပါလား… ကောင်းလှောင့်တေး..
    ဆက်ချဗျာ… အကျင့်ပျက်ပြည်သူတွေကို အကျင့်ပျက်အစိုးရက
    အုပ်ချုပ်နေတာတော့ မဆန်းတော့ပါဘူးဗျာ…
    စစ်အစိုးရအုပ်ချုပ်ရေးမှာ ရုပ်ပိုင်းဆိုင်ရာ မတိုးတက်ခြင်းတွေထက်
    စိတ်ဓါတ်တွေပျက်စီးသွားတာတော့ ဝမ်းနည်းစွာတွေ့ရတယ်ဗျာ..
    တော်ပီ. အိပ်တော့မယ်… သိပ်ပြေသေးတာမဟုတ်ဘူး… 😀 😀 😀 😀

  • NK

    December 1, 2011 at 10:34 am

    မြန်မာလူမျိုးကိုက စည်းကမ်းမရှိတာ..ဖျောက်လို့လဲရမှာမဟုတ်ပါဘူး…ဗီဇကိုက ဖြစ်နေတော့…

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 1, 2011 at 11:26 am

    ( ၎င်းတို ့ ဘေး ပေ ၂ဝ အကွာမှ ကားဂိတ် အဆောင်များကား လွန်စွာ အထီးကျန်လှသည် ။ လူမပြောနှင့် ခွေး ပင် မရှိချေ ။
    နိုင်ငံကြီးသား ပီသသူ တစ်ယောက် ၂ ယောက်လောက်ကသာ ဘတ်စ်ကားစီးချင်ရင် ကားဂိတ်မှာ စောင့်ရမည့် ထုံး နှလုံးမူပြီး
    စောင့်ဆိုင်း စီးနင်းသော်လည်း မည်သည့် ကားမှ မရပ်ပေးသည့် အပြင် (Plug လွတ်နေတာလား) ဆိုသော အကြည့်မျိုးဖြင့်
    ကြည့်သွားကြသည် )

  • မှော်ဆရာ

    December 1, 2011 at 11:42 am

    ဒီတစ်ခါမီးတုတ်က ဘယ်သူ့ကို ရှို့ရမလဲဟင် ..

  • etone

    December 1, 2011 at 11:59 am

    ဟိုကဏန်းကြီး ဆဲဗမ်း ဆဲဗမ်း ………မင်္ဂလာရှိလိုက်ပါပေ့ … ဆဲတဲ့စကားတခွန်းမှမပါပဲ ရေးသွားတဲ့ပို့စ်မို့ …. ။ 🙂

    အပြုသဘောဝေဖန်စရာတွေကတော့ များလွန်းလို့ … မပြောတော့ပါဘူး .. တစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်တာဝန်ကိုယ်ကျေပြီး လိုက်နာကျင့်သုံးလျှင် နောက်ပိုင်း (အချိန်တိုင်းတာတစ်ခု) နေရာမှန်ပြန်ရောက်သွားပါလိမ့်မယ် … ။
    ဒါပေမယ့် ဘီလူးကြီးပြောသလိုဆို … လူမှန်နေရာမှန်ရောက်ဖို့ … ကားဂိတ်လုပ်ပေးတဲ့ လူတွေရဲ့ ဦးနှောက်လည်း မှန်ဖို့လိုသေးတယ် … ကိုယ်တိုင်က လိုင်းကား တစ်ခါမှ မစီးပဲ ကားဂိတ်ကို ဟိုနားရွှေ့ဒီနားရွှေ့ဆိုလျှင် … သူတို့ ချမှတ်တဲ့ စည်းကမ်း … ကိုယ်ချင်းစာစိတ်တော့ပါလာမှာမဟုတ်ဘူး ။

  • Shwe Tike Soe

    December 1, 2011 at 2:04 pm

    ကျွန်တော်လဲ စည်းကမ်းမရှိတဲ့ ဘက်စ်ကားစီးသူထဲမှာပါပါတယ်ဗျာ…
    လိုရာရောက်ဖို. စည်းကမ်းလိုက်နာပြီး မှတ်တိုင်မှာသွားစီးရင် အိပ်စောင့်ရမှာမို.လို.ပါ… 🙁
    ယာဉ်စည်းကမ်း ထိန်းသိမ်းသူများကလဲ မှတ်တိုင် မရောက် လေကြိုက်လေဆိုတော့… အော် ဘတ်စ်ကား သမားတွေကလဲ ပိုက်ဆံပေးရင် စည်းကမ်းဖောက်လို.ရနေတော့ ဖောက်ကြပြီပေါ့ဗျာ….
    စည်းကမ်းမရှိသော နေရာတွင် စည်းကမ်းဖောက်သောသူမှ မွေးဖွားလာသော ကျွန်တော်သည် စည်းကမ်းမရှိစွာ ဖြင့် ဘတ်စ်ကား စီးနေရပါတော့သည်.. ကိုယ့်ကိုကိုယ့်သနားစွာဖြင့် ဟိဟိ 🙂 😀 😐

  • သုံးလေး

    December 1, 2011 at 3:29 pm

    အများမိုးခါးရေ သောက်နေတာ လိုက်မသောက်ရင် ဆိုတော့ လက်တွေ့ ဘဝမှာတော့ လောလောဆယ် မိုးခါးရေသောက်နေရပါသည်။
    တနေ့ ဆိုတာများရှိခဲ့လျင် နိုင်ငံကြီးသားပီသရန် ဝန်မလေးပါ။

  • windtalker

    December 1, 2011 at 8:59 pm

    77့စာကို ဖတ်အပြီး တွေးမိတာလေးက
    “ ဖားအော်ရင် မိုးရွာတယ် ” လို ့အရပ်စကားပြောကြတယ်
    ဆောင်းတွင်းမှာ အော်ရင်တော့
    အဲ့ဖား အကင်ခံရပြီ မှတ်ပေါ့ ၊ အဲ့လိုလားဗျ

    • KING

      December 1, 2011 at 9:23 pm

      ကိုပေရဲ့
      ရန်ကုန်ကိစ္စ (၂)က ဘယ်တော့လဲ
      သတင်းပြန်လည်ပို့ပါ …
      ပြီးတော့ ဖားကင် တဲ့ ကိစ္စ အဲ … အဲဒါလေးကိုတော့ သဘောကျသား …. 😀
      77 ကြီးရဲ့ ပို့စ်ကိုလည်းကြိုက်တယ် …
      ကျွန်တော်ကိုယ်တိုင်လည်း သတိထားပြီး စည်းကမ်းရှိအောင် နေကြည့်တယ် ..
      တစ်ခါတစ်လေတော့လည်း ကိုယ်က လူအများအလယ်မှာ တစ်ယောက်ထဲ ကွက်ပြီးနေရသလိုဖြစ်နေတယ် … (ဥပမာ … ကားပေါ်မှာ မှုန့်ကိုဖောက်စားတယ် ပြီးတော့ အမှိုက်ကို ကိုယ်လွယ်ထားတဲ့အိတ်ထဲ ထည့်။ ကားပေါ်က အမှိုက်ပုံးက မသေချာဘူးလေ ရှိတယ်ဆိုရင်တောင် လူတိုးဖို့က မလွယ်ဘူးကိုး .. အဲဒီအခါမှ လူတွေရဲ့ အကြည့်ကတစ်မျိုးပဲ … ကိုယ်ပဲ မှားနေလို့လားမသိဘူးဗျာ .. တစ်ခါတစ်လေ ကသိကအောက် ဖြစ်တယ်ဗျ ) .

  • inz@ghi

    December 1, 2011 at 10:21 pm

    မန့်ပြီဗျား …

    ဘောက်မဲ့ကြောင့် အကောင်းပြောထားတာတွေ .. စာရေးသူအချင်းချင်း ကြည်ဆယ်ထားတာတွေကို
    အနီကတ် ပက်ပက်စက်စက် ပြနေကြတာပါလိမ့်….
    မှားရင် ပြောပါ .. ထောက်ပြပါ ..ဝေဖန်ပါ … ဆွေးနွေးပါ..
    ကျနော်တို့ အမြင်တွေ ဖလှယ်မှာပေါ့ …. ကျနော်တို့ အဖြေညှိယူကြမှာပေါ့…
    ခုဟာက ရွာ အနေအထား ကို ကျနော် ပြောရရင် …ဒါအားလုံးရဲ့ ရွာ ..အားလုံးရဲ့ သဘောထား …
    အားလုံးရဲ့ …..common right, common norms, common shared value…
    ထန်းရည်ကြိုက်တဲ့လူ … သီလစောင့်ချင်တဲ့လူ ..မယ်ဒလင်ဒေါင်ဒင်ချင်တဲ့လူ …
    စာဥ သီချင်း သီကြွေးချင်တဲ့လူ …. ကိုယ်ကြိုက်ရာ ကိုယ် သုံးဆောင်ခွင့်ရှိတယ်မဟုတ်လား..
    (ဒါကလည်း သဂျီး ပုံဖော်ထားတဲ့ ရွာ့ ရှုခင်းလို့ ထင်မြင်မိလို့ …ချရေးတာပါ…)

    ုခုဟာက သည်ကိစ္စက သည် ၂-၃ ရက်မှ သည်ရောဂါထတာနော …. သဂျီး …
    ဟိုပို့စ် ကြည့်လည်း သည်လူ သည်လူ သည်ပိုစ့်ကြည့်လည်း သည်လူ သည်လူ …
    ကြည့်လိုက်တော့ အများ အတွက် ရွာအတွက် …တလောက .. ဟိုကိစ္စ
    ပြောခဲ့ ထောက်ပြခဲ့တဲ့လူတွေချည်း ဖြစ်နေတာတော့ …အင် း…

    လစ်ဘရယ် ဒီမိုခရက်ဖ် ကြီး သဂျိုင်ခီးရေ ….
    လုပ်စရာလေး တခု လုပ်ပြီးရင် ဟိုဘက် ပို့စ်မှာ ထပ်မန့်ပါ့မယ်….
    သဂျီးပေးထားတဲ့ anonymous နဲ့ အနီ ကဒ် ပြခွင့် ဟာ …
    အချို့အချို့သော …လူတွေကြောင့် ထိုက်တန်သလား မထိုက်တန်သလား..ဆိုတာ…
    ပြန်ဆန်းစစ်ကြည့်ပေးပါဗျ. ….

    မေတ္တာသုတ် ရွတ်နေတယ် ဆိုပေမယ့် ရွတ်နေတုန်း … တောက်လျောက် ငါနဲ့ ကိုင်တုတ်
    ခံထိမယ်ဆိုရင်ဖြင့် …ဆက်မရွတ် တော့တာသော်လည်းကောင်း … အနှီ မိုက်မဲသူများ နှင့်
    လွတ်ရာ ကျွတ်ရာ ကို သွားရွတ်ခြင်းဖြင့်သော်လည်းကောင်းပေါ့ ……….

    ဖြေပေးပါဗျ…
    (ဒါမျိုး လွှတ်ထားပေးပြီးတော့ တော့ ရွာဆူအောင် လူစည်အောင် သဂျီးလုပ်မယ် ဟု မယုံကြည်ပါဗျား….)

    • kai

      December 2, 2011 at 12:26 am

      ကဲ..အနီကဒ်ဆြာတို့ရေ..
      ဒီမိုကရေစီမှာ.. လွတ်လပ်စွာရေးသားပြောဆိုနိုင်ခြင်းဆိုတာ.. လွတ်လပ်စွာတဖက်သားကို တိုက်ခိုက်နိုင်ခြင်း…မဟုတ်ပါဘူးနော…။

      … ကိုယ်ရဲ့အချိန်နဲ့အလုပ်/သူတပါးရဲ့ အချိန်နဲ့အလုပ်ကို တန်ဖိုးထားကြစေချင်တယ်..။

      အနီကဒ်တခုကို အချိန်ကုန်ခံပြီး လူမသိသူမသိ.. လွယ်လွယ် ပေးပစ်ရလောက်အောင် ကိုယ်ကတန်ဖိုးကျနေပြီလားလည်း… ပြန်သုံးသပ်စေချင်တယ်..။

      • lone

        December 2, 2011 at 8:10 am

        ထောက်ခံပါတယ် သူကြီး lone နဲ့မမ etone တို့ပြောတာ အမှားလည်း အဲ့ဒီ့လောက်ပါတာ မဟုတ်ဘူး…ကိုယ့်ဘက်က မြင်တာကို ဆွေးနွေးပြောပြတာကို အနီကတ်တွေ ပေးထားတာ ရဲရဲတောက်တို့ဗမာဖြစ်နေပြီ သူကြီးရယ်…

        • မိုက်ကယ်ဂျော်နီအောင်ပု

          December 2, 2011 at 8:41 am

          အဘိဓမ္မာနဲ့လည်း နည်းနည်းညှိကြပါဦး အရပ်ဂတို့
          သူ့ဘာသာ နီခြင်နီ စိမ်းခြင်စိမ်း
          ကိုယ့်အပူဘာရှိလို့လဲ
          ပြဿနာဘဲ
          သဂျီးဂအစ အနီတွေအစိမ်းတွေပေါ်မှာ ခံစားနေတယ်ဆိုတော့
          စိမ်းရင်ဘောဒွေကျပြီးစမြုံ့ပြန်နေဒယ်
          နီရင် အီးဒွေတင်းပီး ဒေါဒွေခွီးနေဒယ် အိုက်ဒလိုလား
          နီကြဟယ် နီကြဟယ်
          သေခြင်းဆိုး ကာလနာ မွေဗွေးကိုက် အနီအစိမ်းကြိုက်တဲ့လူတွေ
          ရအုန်းမယ် ဒီမိုကရေစီ
          အနိစ္စ
          ဒုက္ခ
          အနတ္တ

    • nigimi77

      December 2, 2011 at 7:54 pm

      ဘာလို ့ နီပြီး ဘာလို ့ စိမ်းကြတာလဲ နားမလည်ဘူး ။

      အမှန်အတိုင်းပြောရရင် ပိုွင့် လည်း စိတ်မဝင်စားဘူး ။

      လက်သီးပုန်း အနီ အစိမ်းကိစ္စလည်း စိတ်မဝင်စားဘူး ။

      ဝိုင်းဝန်းရေးသား ဝေဖန် ဆွေးနွေးကြတဲ့ လူတွေရဲ ့ အဖိုးတန် ကွန်မန် ့တွေကိုပဲ စိတ်ဝင်စား

      တယ် ။ သူတို ့တွေကိုပဲ ကျေးဇူးတင်တယ် ။

      ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ ့တော့ နီချင် နီမယ် စိမ်းချင် စိမ်းမယ် ဆိုရင်တော့

      ဒီစာတွေ ဒီကွန်မန် ့တွေကို ဖတ်ဖို ့ထိုက်တန်တဲ့ လူတွေ ဟုတ်မဟုတ်ဆိုတာ သံသယရှိတယ်။

      • windtalker

        December 2, 2011 at 8:13 pm

        ကောင်းလိုက်တဲ့ အယူအဆ ဗျ
        တပ်မ77 ကွ
        အားပေးတယ်ဟေ့

  • hmee

    December 2, 2011 at 10:01 pm

    ဘယ့်နှယ့် ဘယ်နှယ့် ရဲရဲကို တောက်နေတာပါပဲ။ အငြိုးနဲ့ လုပ်နေသလိုပဲ။

  • nigimi77

    December 16, 2011 at 10:32 am

    ရန်ကုန်က ရွာသားတွေ ။

    ပြည်လမ်း ကားမှတ်တိုင် ကိစ္စ အခြေအနေ ဘယ်လိုလဲဆိုတာ ပြောပြပါဦး ။

    ကျုပ်က အစွန်အဖျားကို ရောက်နေလို ့။

    • inz@ghi

      December 16, 2011 at 10:36 am

      ရန်ကုန်တိုင်းဒေသကြီး ကားဆြာများအသင်း ဥက္ကဌ…
      ယဉ်ကျေးလိမ္မာသော စပါယ်ယာများအဖွဲ့ နာယက …
      တိကျမှန်ကန်သော ဘဲဥများ အသင်း အထွေထွေ အလုပ်အမှူဆောင်
      ၃ဦး ကော်မတီက
      ခင်ဗျားကို သတ်မလို့ လိုက်ရှာနေတယ်ဆိုပဲ …ခစ်ခစ်..

      ခင်တဲ့
      Inz@ghi

  • Shwe Ei

    December 16, 2011 at 2:20 pm

    ကားမှတ်တိုင်မှာ ကားရပ်စီးမိလို့ အူကြောင်ကြောင်နိုင်လှချည်လားဆိုပြီး အပြောခံရတဲ့အထဲမှာ ကျမလဲပါ ပါတယ်။ လှည်းတန်းမှ မဟုတ်ပါဘူး ရွှေဂုံတိုင် လမ်းဆုံမှာလည်း ထိုနည်းလည်းကောင်း ၊ တာမွေ၊ သမိုင်း၊ ၈မိုင်….(တော်သေးဘီ) တွေမှာလည်း သိပ်မထူးပါဘူး။ မှတ်တိုင်မှာမစောင့်ဘဲ ကားတားစီးတာ ရန်ကုန်စတိုင်ဖြစ်နေဘီလားလို့တောင် သံသယရှိမိပါတယ်။

  • Khin Latt

    January 21, 2012 at 4:43 am

    သက်ဆိုင်ရာဌာန မှ
    (၁) ကားစီးသူ နဲ့ ကားစီးရေ မျှအောင် အရင် စနစ်တကျစီစဉ်ပေး
    (၂) ကားမှတ်တိုင် ကို အများမြင်သာ သိသာ အောင် သင့်တော်သည့်နေရာမှာ စနစ်တကျ သတ်မှတ် ပေး
    (၃) ကားကို စနစ်တကျ ရပ်၍ လူအတင်အချ လုပ်ရန် ကားမောင်းသူ ကို စည်းကမ်းအကြောင်း အကျိုးအပြစ်များ အသေအချာ ဗဟုသုတပေး
    ဒီနောက်မှာတော့
    ကားကို သတ်မှတ်နေရာမှာ စနစ်တကျ ရပ်ဖို့က ကားစတီရာတိုင် ကိုင်သူ ဒလိုင်ဘာ တာဝန်ပေါ့။
    ကားစီးသူ တွေ ကတော့ ရပ်တဲ့ နေရာ ကိုလာစီးကြမှာပါဘဲ။ ကားခ ပေးဖို့ ကသူတို့တာဝန် ပေါ့။
    အကြွေအမ်းရမှာက စပယ်ရာတာဝန်ပေါ့။
    အဲဒါတွေ ပုံမှန် စနစ်တကျ လည်ပါတ်နေလား ကြည့်ပြီး လိုအပ်တာ ပံ့ပိုး ကူညီ ရမှာ သက်ဆိုင်ရာဌာန ရဲ့ တာဝန်ပေါ့။ ဒီတော့ ကာ တာဝန် အရှိဆုံးကတော့ ……… 🙂

    ခင်တဲ့
    အရီး

Leave a Reply