Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လောင်းရဲလားဟေ့ မောင်တို့ရေ… bet

ဒီဇင်ဘာ၂ရက်နေ့မှာ အမေရိကန်ဘွားတော်နဲ့ မြန်မာဘွားတော် တို့နှစ်ဦး အင်းလျားလမ်း ပါဝါ၅၄ နေအိမ်ခြံဝင်းအတွင်းမှာ တွေ့ဆုံကြပါလိမ့်မယ်။ သူတို့ဘာပြောမလဲ၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို အကဲဖြတ်၊ ဟောကိန်းထုတ် ခန့်မှန်းနေကြသူ မျက်စိကြီးနားကြီး အကုန်ကြီးသူ အများအပြားရှိပါတယ်။ သူတို့နဲ့ ခြေရာလိုက်တိုင်းဖို့ မဖြစ်နိုင်လို့ အဓမ္မရုပ်ဝါဒီ သဂျီးအလိုအတိုင်း မတူကွဲပြားစွာ ဖောက်ထွက်ခန့်မှန်းဖို့ အကြံရပါတယ်။ ရွာထဲမှာလဲ နိုင်ငံရေးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တင်လိုက်ရင် လက်ရှောင်သူ အတော်များတာကြောင့် ဒီတခါ လွတ်လွတ်ကင်းကင်း တင်ပါမယ်။

စူပါဘွားတော်နှစ်ဦး တွေ့ဆုံကြရင် ဘယ်သူဘာအရောင် ဝတ်မှာလည်း ခန့်မှန်းစေလိုပါတယ်။ အတွေ့အကြုံအရပဲဖြစ်ဖြစ်၊ မိမိကြိုက်နှစ်သက်ရာပဲဖြစ်ဖြစ်၊ မနောဓာတ်အာရုံနဲ့ပဲ ဖြစ်ဖြစ်ပြောနိုင်ပါတယ်။ ရွာထဲမှာ ဦးဖက်တီး၊ ကိုရင်စည်သူတို့လို့ ဝေဒဝိဇ္ဇာ၊ မနောဓာတ်ပေါက်သူ ပါရမီရှင်များစွာကိုလည်း တတပ်တအား ပါဝင်ခန့်မှန်းပေးဖို့ ဖိတ်ခေါ်ပါတယ်။ အဖြေမှန်သူကို အိမ်နားရှိ နိုင်တီးနိုင်းဆန့် အမည်ရှိ စူပါမားကက်ကြီးမှ လိုချင်တဲ့ ပစ္စည်းတခု ပို့ပေးမှာ ဖြစ်ပါတယ်။ ပို့ဆောင်ခကိုတော့ အဖြေမှန်သူက ပေးဆောင်ရပါမယ်။ (ရှစ်ပင်းခ – ၁ဝဒေါ်လာပါ။ Shipping – $5, Handling $5)

ပါရမီရှင် (ဘတ်စ်ကားလိုင်းအမည်မဟုတ်ပါ) ဦးကြောင်ကြီးခန့်မှန်းချက်။။။
ဒေါ်စု – ကြံရည်ဖျော့၊ နံ့သာ အစိမ်းနု
မစ္စကလင်တန် – အစိမ်းရင့်၊ ကျောက်စိမ်းရင့်

အကြားအမြင်ပါရမီရှင် ဦးကြောင်ကြီး 😎

31 comments

  • sealion

    December 1, 2011 at 12:04 pm

    အမေစု —ဗေဒါရောင်. ပင်နီ အကျီရောင်.
    ံHillary —အပြာရောင် . yellowish

  • weiwei

    December 1, 2011 at 12:29 pm

    စဉ်းစားကြည့်မိသေးတယ် .. ဒါပေမယ့် မနောမရဘူး …
    ဘာအရောင်နဲ့ပဲ ပုံဖော်ကြည့်ကြည့် လိုက်ဖက်ပြီး ကျက်သရေရှိနေတယ်လို့ပဲ မြင်မိပါတယ် …

  • chityimhtoo

    December 1, 2011 at 12:33 pm

    No No….အမေစုကအပေါ်ကအဖြူ အောက်ကအညို…ဟီလာရီကလင်တန်က အပေါ်က အကြည် အောက်ကအကြည်ရောင်။ အမေစုနဲ့တွေ့ပြီးရင်ဟက်ပီးဝေါကိုဆက်သွားမယ်
    လို့ကြားသိရပါတယ်……:P

    • ကြောင်ကြီး

      December 1, 2011 at 12:49 pm

      အမေစုကို ယောဂီဝတ်ခိုင်းနေတာတော့ ဟုတ်ပါဘူးနော်။။။ 😀

      • koyinmaung

        December 1, 2011 at 1:10 pm

        ဟီလာရီကလင်တန်ကအပေါ်အကြည်အောက်အကြည်ဆိုတော့
        ဘရာဇီယာတို့ အောက်ခံဘောင်းဘီတို့မြင်နေရမှာပေါ့နော်….

  • water-melon

    December 1, 2011 at 1:00 pm

    ဖရဲ ခန့်မှန်းအရဆို
    အမေစုရော ကလင်တန်ရော အကျီဝတ်ပါမည်။
    အမေစုုက မြန်မာလိုဝတ်မည် ကလင်တန်က အနောက်တိုင်းစတိုုင်ဝတ်မည်။
    အရောင်က အမေစုက အဝါဖျော့
    ကလင်တန်က အဖြူရောင်

  • ba gyi

    December 1, 2011 at 1:01 pm

    ဘာများလဲလို့၊တော်တော် စားတဲ့ ကိုကြောင်ကြီးပဲ
    ကဲ Observation ကောင်းတဲ့သူတွေ ဖြေကြ ဖြေကြ ။
    သေခြာတာတော့ ဒေါ်စု ခေါင်းမှာ ပန်းတော့ ပန်လိပ်မယ် ငှဲ— ငှဲ။

  • KING

    December 1, 2011 at 1:01 pm

    ကိုကြောင်နဲ့တော့ အကြိုက်လာတူနေပြီ
    ကျွန်တော်ထင်တာလည်း အမေစုက အစိမ်းရောင်(အစိမ်းနှင့်နွယ်သောအရောင်မျိုးကိုပါ ဆိုလိုပါသည်) ဝတ်မယ်လို့ထင်တယ် … မစ္စကလင်တန်ကတော့ ကျွန်တော်ထင်တယ် အဖြူ (သို့မဟုတ်)အရောင်လွင်လွင် လေး ဝတ်မယ်ထင်တယ်ဗျ မဟုတ်ရင်လည်း လွဲတယ်လို့ မှတ်လိုက်ပါ … 😛

    • koyinmaung

      December 2, 2011 at 12:22 pm

      ုkING လေးရေ မင်းတယ်တော်ပါလား….

  • cobra

    December 1, 2011 at 1:06 pm

    ဟာ…
    ဦးကြောင်ကြီးတို့ကတော့တတ်လည်းတတ်နိုင်တယ်နော်
    ဘယ်လိုခေါင်းမျိုးနဲ့စဉ်းစားလိုက်လို့အကြံရလာတာလဲ
    ချီးကျူးပါတယ်ဗျာ………
    ကျွန်တော်ခန့်မှန်းရရင်တော့
    အမေစုက ပင်နီနဲ ့အမဲ
    မစ္စကလင်တန်ကအမဲရောင်ဝမ်းဆက်

  • True Answer

    December 1, 2011 at 1:31 pm

    ကိုကြောင်ကြီး ကလည်း-

    ဆီလိုအပေါက်ရှာပြီး ကြံဖန် ကန့်လန့်တိုက်တဲ့
    မီလယံနာ ဖြစ်ဖို့ နဲ့ ငြင်းခုန်ခြင်းအနုပညာဆိုဆိုပြီး ချွန်တွန်းလုပ်ဖို့သာ စိတ်ထဲအဓိကထားနေတဲ့
    အဓမ္မရုပ်ဝါဒီ သဂျီးက METAPHYSICS သမားတွေကို ထပ်ပြီး အပြစ်တင်နေပါဦးမယ်။

    ရွာထဲက အကြားအမြင်ပညာရှင်၊ ဝေဒဝိဇ္ဇာ၊ မနောဓာတ်ပေါက်သူ ပါရမီရှင်များ၊ telepathy ပညာရှင်တွေ ခန့်မှန်းလို့ မှန်ရင်လည်း တိုက်ဆိုင်သွားလို့။
    မှားသွားရင်လည်းကြည့်ပါလား ဒီကောင်တွေ….
    ငါတို့ လူ့ငြိမ်းချမ်းရေး ဆိုပြီး ထထအော်နေတဲ့ သူ တွေမှ ဟုတ်တုတ်တုတ်ဆိုပြီး ပြောဦးမှာဗျ။ း)

  • htoosan

    December 1, 2011 at 1:34 pm

    ဦးကြောင် အချိန်စော တင်ရင် ကွန်မန့် အများစုံ စံချိန် ရမှာ ။ အခုတော့ နဲနဲကပ်သွားပြီ။
    တစ်ရက်ဘဲ အချိန်ရတော့မယ်။
    ဒေါ်စု … အဖြူအောက်ခံ ပန်းရိုက် ဝမ်းဆက်
    မစ္စကလင်တန်.. အပေါ်ဖြူ အောက်မဲ

    တစ်ဝက်မှန်ရင်ကော ပေးမှာလား …. 😀

  • ကြောင်လတ်

    December 1, 2011 at 2:19 pm

    ဒေါ်စု ကဒီထဲမှာမရေးတဲ့အရောင်ဝတ်မယ်လို့ကြားတယ်ဗျ။

  • Shwe Tike Soe

    December 1, 2011 at 2:24 pm

    အမေစု က ပိတောက်ခြောက်ရောင် ဝတ်မယ်ထင်တယ်…
    နိုင်ငံခြားသူကြီးကတော့ Lady Suit အနက်ပဲနဲ.တူတယ်.. ထင်တာနော်

  • kai

    December 1, 2011 at 2:26 pm

    ဒေါ်စုက.. အရောင်ဖျော့… ပန်းရောင်(သို့) ခရမ်းရောင်
    ဒေါ်ကလင်တန်က.. အရောင်တောက်.. အနီ၊(သို့) အဝါ

    စကားအတင်းစပ်…
    အိမ်နားရှိ နိုင်တီးနိုင်းဆန့် အမည်ရှိ စူပါမားကက်ကြီး = 99 Cents Supermarket = 99 Cents တန်သော ပစ္စည်းများသာ ရောင်းသောဆိုင်…။ 😆

    • MaMa

      December 1, 2011 at 2:53 pm

      အမြဲတမ်း ကြောင်ကြီး နှက်သမျှ ခံနေရတဲ့ သဂျီးက
      ဒီတချီမှာ ကြောင်ကြီးကို လက်သီးပုန်းနဲ့ ထိုးလိုက်ပါတယ်။
      😆

    • သုံးလေး

      December 1, 2011 at 3:30 pm

      ဦးကြောင်ကြီး သဘောကောင်းလှချည်လားအောင်းမေ့တာ ဒါကြောင့်ကိုး

  • koaung

    December 1, 2011 at 2:31 pm

    ဒေါ်စု အဝါရောင်
    ဒေါ်ကလင်တန် အစိမ်းရောင် 😉

  • ရွှေ မင်း သား

    December 1, 2011 at 3:18 pm

    ဒေါ်စု—– rainbow ရောင်
    မစ္စကလင်တန်—— rainbow ရောင်

    ကံကောင်းစွာဖြင့် လွဲပါစေ ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 1, 2011 at 3:35 pm

    တွေးရခက်နေတာကတော့ ဒီအဖွားကြီးဘာလာလုပ်တာပါလိ်မ့် ???????

    • kai

      December 1, 2011 at 3:46 pm

      မြန်မာပြည်က မီးနဲ့ကစားကြည့်နေတာလေ…
      ထိုးတက်သွားမလား.. ကြားညပ်မလား..တခုုခုပဲ..။
      ကြည့်ရသလောက်ကတော့.. ဆန်ရှင်တော့.. နောက်နှစ်မှာ.. အပြီးမဖယ်ပေးလောက်ဖူး…။

      ဒန်တန့်တန်….။

  • favourite

    December 1, 2011 at 4:46 pm

    ဒေါ်စုက ပုဇွန်စီရောင်
    ဟီလာရီက ပန်းရောင်အရင့် သို့ အနု
    မယုံရင် ကြည့်လိုက် ဒန် တန် တန်…….

  • nayminn

    December 1, 2011 at 5:21 pm

    အမေစုကတော့ ဖက်ဖူးရောင်ဖျော့ဖျော့
    ဟီလာရီက ပန်းရောင်ရင့်ရင့်

  • alinsett

    December 1, 2011 at 6:24 pm

    အကြားအမြင် ပါရမီရှင် ဦးကြောင်ကို ဒီပို ့စ်နဲ ့တင်…
    လေးစားစွာ ဦးညွတ်လိုက်ပါတယ်ဗျ။

  • pooch

    December 1, 2011 at 8:25 pm

    အမေစုက အပေါ်က ကြည်ပြာရောင် ဖျော့ ထမီက အရင့် ခေါင်းမှာ ပန်းပန်ထားမယ်
    ဟီလာရီ က ကြက်သွေးရောင် ရင့် ဝမ်းဆက်

  • kai

    December 2, 2011 at 4:26 am

    ကမ္ဘာကျော်သူတို့၂ယောက် .. ဖက်ရှင်ညှိဝတ်မယ် မထင်လိုက်မိဘူး…

    • ကြောင်ကြီး

      December 2, 2011 at 11:31 am

      နှစ်မျိုးဝတ်တာ တွေ့တယ်။ အခုပုံမှာ အရောင်နု၊ ဒေါ်စုအိမ်မှာတွေ့တော့ စိမ်းပြာရောင်။ ကြောင်ကြီးခန့်မှန်းတာနဲ့ သိပ်မလွဲဘူးနော်။ မနေ့က အာရုံနှစ်မျိုးရလို့ တဦးစီကို ခွဲပေးလိုက်တာ။ ပွဲနှစ်ခုဖြစ်မှန်းသိရင် ဒေါ်စုကို တယောက်ထဲ ပေးမှာပေါ့။ ဂယ်ပြောတာ မနေ့က ကျောက်စိမ်းရောင်စိုစိုမျိုးနဲ့၊ နံ့သာရောင်အနုလိုမျိုး အာရုံရလို့ ပြောလိုက်တာ။ အဓမ္မဝါဒီ သဂျီးကို ဆုံးမဖို့ အကြားအမြင် ပါရမီရှင် ကြောင်ကြီး လာဘီကွ……သဂျီးကို အရိုးအယွင်း မကျန်အောင် ဝါးစားပစ်မယ်။။။။။။။ မီညောင် ခွီး ဂရား…….။ 👿

  • MaMa

    December 2, 2011 at 9:06 am

    စိတ်ချင်းတိုက်ဆိုင်နေတဲ့ သဘောလို့ ယူဆပါတယ်။ 🙂
    ကမာ္ဘ့ခေါင်းဆောင်နှစ်ဦးရဲ့ တူညီတဲ့ အတွေးအမြင်တွေကနေ
    ကောင်းမွန်တဲ့ ရလာဒ်တွေ ထွက်ပေါ်လာပြီး
    မြန်မာနိုင်ငံတိုးတက်ရေးအတွက် အတိတ်နမိတ်ဖြစ်ပါစေ။
    (သဂျီးရေ-ဆုတောင်းတာ မဟုတ်ပါ။ ဆန္ဒပြုတာ wish ပါ။) 😆
    ကိုရင်စည်သူ ဗေဒင်ကဝိ ပညာရှိရေ- တွက်ချက်ကြည့်ပါဦး။ 🙂

  • myatthwin62

    December 2, 2011 at 12:57 pm

    http://www.globaltimes.cn/NEWS/tabid/99/ID/686770/Clinton-encouraged-by-Myanmar-progress.aspx

    Ko Ko Hlaing, chief political advisor to Myanmar’s president, told the Global Times on Thursday that Myanmar hopes Western sanctions against his country could be gradually lifted following Clinton’s visit.

    However, this does not mean Myanmar’s ties with China will be affected since China-Myanmar friendship has a solid foundation, he said, stressing that developing relations with China remains the country’s top diplomatic priority.

  • ဆူး

    December 2, 2011 at 1:08 pm

    ဘာပဲ ပြောပြော ဒို့ မြန်မာ ဝတ်စုံက ဘယ်လို ကြည့်ကြည့် တည်တည် ငြိမ်ငြိမ် နဲ့ အိနြေရတယ်။ ကျက်သရေ ရှိတယ်လို့ ထင်မိတယ်။

Leave a Reply