Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သပြေရွက်တစ်ရွက်တည်းမှ ထူးဆန်းစွာ ရေစိမ့်ထွက်ခြင်း

etoneDecember 3, 20111min114427
ဒီနေရာလေးက ရေလေးတွေ သီးနေတာပါ ။

 

ထူးတော့ထူးနေတာပဲ ... ။

 

လာပြန်ပြီ အထူးဆန်းလို့တော့ မပြောနဲ့ဦးနော် … ။ တကယ့်ကို သဘာဝလွန်ဖြစ်ရပ်မို့ ကိုယ့်ရွာသားတွေ ဦးဦးဖျားဖျား သိရအောင် တင်ပေးတာဖြစ်ပါတယ် … ။ အမြဲတမ်း သတင်းဆို ပေါက်ကြားမှာ စိုးလို့ သူ့ဂျာနယ်တိုက်အတွက်ပဲ ဦးစားပေးခဲ့တဲ့ ကျွန်မအစ်ကို ထူးထူးဆန်းဆန်းသဘောကောင်းနေတာကြောင့် ဒီသတင်းလေး သူ့ဆီက ရခဲ့တာပါ … ။

သပြေအိုးထဲက အရွက်တစ်ရွက်ကနေပဲ … ရေစိမ့်ကျနေတာပါ … ။ နေရာကတော့ မင်္ဂလာတောင်ညွှန့် မြို့နယ် ၊ ဗညားဒလလမ်းက The Professional Co.,Ltd  မှာဖြစ်ပြီး … ဘုရားပန်းအိုးထိုးထားတဲ့ အောင်သပြေအိုးရဲ့ သပြေရွက်တရွက်ကနေ ရေတွေစိမ့်ထွက်နေတာပါ .. စတင်ဖြစ်ပွားခဲ့တာကတော့ 2 ရက် ဒီဇင်ဘာ မနက် ဆယ်နာရီ ဆယ့်ငါးမိနစ်ခန့်ကဖြစ်ပြီး စတင်တွေ့ရှိချိန်မှာတော့ ရေများကျဆင်းမှဟာ လေးငါးစက္ကန့်လျှင် ရေတစက်ခန့်ယိုစိမ့်ပြီး ညနေပိုင်းအချိန်တွင်တော့ သုံးလေးမိနစ်မှ ရေတစက်ခန့်သာ ယိုစိမ့်တော့တယ်လို့ သိရပါတယ် ။ သို့သော် ယခုအချိန်ထိ ဆက်လက်ယိုစိမ့်နေပြီး သွားရောက်လေ့လာသူအများပြားရှိခဲ့တယ်လို့လည်း သတင်းရပါတယ် ။

ဓါတ်ပုံတွေကတော့ ကျွန်မအစ်ကို ဓါတ်ပုံထုတ်ပြီးသားကို ဖုန်းကင်မရာနဲ့ ပြန်ရိုက်ရတာကြောင့် နည်းနည်းတော့ဝါးနေပါတယ် … ။ ပြည်တွင်းသတင်းစာတွေ ၊ ဂျာနယ်တွေမှာ မကြာခင် ဖော်ပြခြင်း ခံရမယ်လို ့လည်း ခန့်မှန်း ပါတယ် …

27 comments

  • Diamond Key

    December 3, 2011 at 10:34 am

    လာပြီ…….လာပြီ……………ဒေါ်သက်ရီ (အဲဟုတ်ပေါင်) ဒေါ်အိတုန် 😀 ရဲ့ သတင်းထူးတွေ………………….သတင်းဦးတွေ……… :mrgreen:

  • ဆူး

    December 3, 2011 at 11:05 am

    ပန်းအိုးက ရေပြည့်နေလို့ အောက်ဆုံး အရွက်က ရေစီးကျလာတာ များလား..
    ထားပါတော့.. တကယ့် အထူးအဆန်း အိမ်မှာ ဖြစ်ဖူးတယ်
    အိမ်တွင်းအုန်း ဆိုပြီး အုန်းသီးဆွဲထားတာ ဘယ်နေရာမှာမှ အပေါက် မရှိပဲ အညှာထဲက အုန်းရေတွေ ဆူပြီးတော့ လျှံကျဖူးတယ်။ ရရက်ဆက်တိုက်.. ရရက်ကျော်တော့ အညှာ က ဟာလာတယ်။ နောက်တော့ အုန်းရေ စိမ့်ထွက်တဲ့ အပေါက် မြင်လာရတယ်။
    အဲဒီနောက်ပိုင်း အုန်းသီး အိမ်မှာ မဆွဲတော့ဘူး။ အုန်းသီး ဆွဲတဲ့ ဓလေ့ ကို ဖျက်သိမ်းလိုက်တယ်။

  • chitlay

    December 3, 2011 at 11:12 am

    အံ့ဩစရာတွေက တစ်ခုပြီးတစ်ခု ဆက်တိုက်ပဲ … ။ အချိန်အခါမဟုတ် ပိတောက်တွေပွင့်၊ အခုလဲ ဘုရားပန်းအိုးထိုးထားတဲ့ သပြေအိုးရဲ့ သပြေရွက်တစ်ရွက်က ရေစက်ကျတာတဲ့ … မြန်မာနိုင်ငံအတွက် အတိတ်ကောင်း နမိတ်ကောင်းတွေပဲဖြစ်ပါစေ…။

  • မှော်ဆရာ

    December 3, 2011 at 11:24 am

    အမယ် ဒါတင် မဟုတ်သေးဘူးဗျ ဒီနေ့မနက်လဲ အချိန်အခါ မဟုတ် မိုးရွာသေးတယ် ..။
    အေးချမ်းတဲ့ အတိတ် နမိတ်တွေပဲ ဖြစ်ပါစေ …

  • aye.kk

    December 3, 2011 at 11:24 am

    သဘာဝလွန်ဖြစ်ရပ်တွေကဆန်းကျယ်လှပါတယ်..
    ကောင်းတဲ့နမိတ်တွေထူးခြားကာကြားရတာမို ့ဇဗ္ဗူကျွန်းနမိတ်ထွန်းဆိုသလို..
    ကောင်းတာတွေဖြစ်လာပြီး ၊ ကောင်းကျိုးတွေအမှန်ခံစားရရှိနိုင်မယ်လို ့ယုံကြည်မိပါတယ်..
    နတ်ကဘုရားမကြိုက်တာမို ့မလုပ်တာကိုတော့အားပေးလျှက်ပါ..။

  • koyinmaung

    December 3, 2011 at 11:26 am

    တကယ်ကရေမထွက်ဘဲရွှေထွက်ရင်ပိုကောင်းမယ်ထင်တယ်နော်…..

  • naywoonni

    December 3, 2011 at 11:59 am

    ရွှေထွက်ရင် ကိုရင်မောင့်ကို ဘယ်လာပြောမလဲ….။ မမယ်မ သူ့ဖာသူ ယူထားလိုက်မှာပေ့ဟ……။ ဟူတ်ဝူးလား.. 😛

  • windtalker

    December 3, 2011 at 12:36 pm

    သပြေ ဂျု ့စ် ဆိုပြီး
    ထုတ်ရောင်းလို ့ကတော့
    သဂျီးတို ့ပြောနေတဲ့
    ဘူးဇီးနပ်စ် ဘဲ

  • ကြောင်ကြီး

    December 3, 2011 at 12:55 pm

    သဂျီးလည်း နှစ်သစ်ကူးမှာ ဘုန်းကြီးဝတ်နဲ့ ဝိပဿနာစခန်း ဝင်တော့မယ်တဲ့……။ အဲဒါ ပိုမဆန်းဘူးလား။။။။ :mrgreen:

  • MaMa

    December 3, 2011 at 2:24 pm

    အီတုန်းရေ-
    သတင်းဦး သတင်းထူးကို အခုလိုမျှဝေလို့ ဒီရွာသူားတွေ ခေတ်မှီနေတာ

  • inz@ghi

    December 3, 2011 at 2:42 pm

    အင်း … စူပရာ နေချာရယ်တွေ ပြော နေတာပါလား….
    ပါဆင်နယ် အမြင်ပြောမယ်နော် …

    ၁။ တန်ခိုး ပြဒယ် ဘာညာ အနေနဲ့တော့ ယုံဝူး (ထူးတော့ထူးတာပေါ့လေ နော….)
    ၂။ မှန်ကန်တယ်ထင်ဝူး…(သည်လိုဖြစ်ရတဲ့ အကြောင်းတရား ဘယ်သူသိပါသလဲ …
    ဥပမာ အများနဲ့ ယှဉ်လိုက်ရင် ….သီလမြဲလွန်းလို့ …………..ဘာဝနာ များလွန်းလို့
    …အစရှိသဖြင့်ရယ်ပေါ့ဗျာ…………)

    တန်ခိုးပြတာဆို ….. အင်း……..ပြတဲ့တန်ခိုးရှင်ရယ် မျက်နှာလိုက်လိုက်တာ..
    သည်ထက် blahblahblah တဲ့နေရာတွေ blahblahblah ကြောင်းပါ….

    ၃။ reason why?? တွေ ရှိမယ်ပဲထင်တယ်……

    ထူးဆန်းတယ်ဆိုတာ ကလွဲပြီး
    သတင်း တန်ဖိုးမရှိတဲ့ သတင်းတခု ဟု ယူဆကြောင်း……………

    ထင်ရာဝင်ပြောခွင့်ရတာ ကျေးကျေးပါ……..

  • “ဘီလူးကြီး”ogre

    December 3, 2011 at 5:19 pm

    အံချက်ကွယ်…
    သပြေရွက် ရေထွက်
    အနေမခက်
    ဝေလျှက်
    ရွှေထွက် အဲဟုတ်ပေါင်..“ရွှေဝင်”

  • E.T

    December 3, 2011 at 5:36 pm

    အပင်က ရှင်သန်ဖို ့ရေစုပ်တယ်ဆိုတော့ အင်း???? အကိုင်းက ခုမှချိုးလာတာဆိုတော့ ရေစုပ်တာအရှိန်မသေသေးလို ့ထင်တယ် ဟီးး။ အရွက်ကလေးကလည်း ထိပ်နားမှာပြတ်နေတယ်။ ရေက အကိုင်းကနေ ရိုးတံကိုရောက်ပြီး ပြန်ထွက်လာတာလား မသိဘူး။ ထင်ရာပြောကြည့်တာ :mrgreen:

  • char too lan

    December 3, 2011 at 9:09 pm

    ဝင်တော့ကြည့်သွားတယ် ရမ်းမတုတ်တော့ဘူး
    သဂျီးမင်း ဘာညာသရကာ ဘာလာပြောမလဲ ကြည့်လိုက်အုံးမယ် ဟီးဟီးးး 😀

  • သပြေတစ်ရွက်
    ရေထွက်တော့
    နေခြည်လက်ရင်
    ခွက်အပြည့်နဲ့
    ရွှေတွေလာ ငွေတွေလာ
    အဲလိုတစ်ရက်အကြိမ်တစ်ထောင်အော်ပြီး ဆုတောင်းပါ။
    ထူးပါလိ်မ့်မည်။

  • ကိုပေါက်ပြောသလို မှန်မှာပါ။စမ်းကြည့်စေချင်တယ်ဗျ။
    ဝင်လေ့လာသွားပါတယ် မအိတုံရေ။
    မအိတုံက အထူးအဆန်းတော့ ရတတ်ပါတယ်

  • TTNU

    December 3, 2011 at 11:02 pm

    Etone ရေ…
    ကြည့်ရတာ အဲဒီ အရွက်ကလေးကရေစုပ်ယူအားများထားပြီး
    ပြန်ထွက်တာများလား။
    သပြေဆိုတာလည်း အောင်နိမိတ်ပါပဲ၊
    ရေ ဆိုတာကလည်း အေးချမ်းခြင်း ငွေလျှံခြင်း ဆိုကြတာပဲ၊
    Post တင်သူ အိတုန်လေး အောင်မြင်ပါစေ၊ အေးချမ်းပါစေ၊ ငွေလျှံပါစေ။

  • chityimhtoo

    December 4, 2011 at 10:03 am

    အဲ့ဒီကကျတဲ့ရေနဲ့ ပီယဆေးဖေါ်လို့ရတယ်….ပြေတီဦးတောင်အိန်ဒြာကျော်ဇင်ကို အဲ့ဒီ့ပီယဆေးသုံး
    ပြီးလိုက်ခဲ့တယ်ဆိုဘဲ…… 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 4, 2011 at 10:35 am

    အဟမ်း
    အောက်ပါအကြောင်းကို သဂျီးမင်းအာဘော်ဟု သဘောထားပါ
    ရေသည်မြင့်ရာမှ နိမ့်ရာသို့စီးဆင်း၏
    ရူပဗေဒနည်းအရ ဆိုင်ဖွန်နည်းဖြင့် ရေစုပ်ခြင်းကို မြင်ကြည့်ဂျဘာဂုဏ်
    ပို၍ မြင်သာစေရန် ဌာနဆိုင်ရာကားဒရိုင်ဘာများ
    ၎င်းတို့မောင်းနှင်သည့် မော်တော်ယဉ်ဆီတိုင်ကီအတွင်းမှ ဆီများကို
    ပိုက်ဖြင့် ခိုးစုပ်ထုတ်ပြီးရောင်းသည်ကို မြင်အောင်ကြည့်ပါ 😀
    သပြေရွက်၏ ရေစက်ကျရာ အရွက်ထိပ်ပိုင်းသည် ပန်းအိုးတွင်းရှိရေ၏
    မျက်နှာပြင်ထက် နိမ့်နေသည်ကိုစူးဇမ်းဘာ
    သပြေခက်၏ အကိုင်းတွင်းတွင် အလွန်သေးငယ်သော ဂလိုင်ပေါက်များမှတစ်ဆင့်
    အရွက်၏ အတွင်း ဂလိုက်ပေါက်များအတွင်းမှ
    ရေသည်
    ပန်းအိုးတွင်းမှ အပြင်ဖက်သို့
    ဆိုင်ဖွန်နည်းဖြင့် စီးဆင်ခြင်းဖြစ်လေသတတ်
    ပုံ
    အင်တာနေရှင်နယ် အောက်စဖုတ်ကျောင်းအား ထုံးသုတ်သူ မိုက်ကယ်ဂျော်နီအောင်ပု

    • ပေါက်ဖော်

      December 4, 2011 at 12:43 pm

      ဥုံ
      ♣-နေအထွက်မှာ..ရေထွက်တဲ့.သေပြေခွက်အိုးကို..မှောက်ချလိုက်ပါ…
      သို ့တည်းမဟုတ်
      ♣-အိုးနေရာပြောင်းကြည့်ပါ
      သို ့တည်းမဟုတ်..
      ♣-ရေထပ်မဖြည့်ပါနဲ ့ ..
      ိသို ့တည်းမဟုတ်..
      ၃ မျိုးစလုံးလုပ်ပါ…ထိုအခါ..ထွက်တဲ့ရေများ ပြန်ဝင်သွားပါလိမ့်မည်

      ပုံ၊
      အင်တာနေရှင်နယ်..အပေါ်စဖုတ်ကျောင်းအား ဖုံသုတ်သူ..မိုက်စကယ်ပေါက်စဖော်

    • KING

      December 4, 2011 at 4:23 pm

      အင်တာနေရှင်နယ်..အပေါ်စဖုတ်ကျောင်းအား ဖုံသုတ်သူ..မိုက်စကယ်ပေါက်စဖော် ပြောသကဲ့သို့
      ” သပြေပန်း ထည့်ထားသည့်ခွက် အသစ်ပြောင်းထည့်လျှင် (သို့မဟုတ်) နေရာပြောင်းလျှင် … ??????
      ရေလုံးဝမထည့်လျှင် …. ??????
      ရေအလျှံမထည့်ဘဲထားလျှင် … ????? ”
      ထိုကဲ့သို စမ်းသပ်မှုမျိုးလုပ်ခဲ့လျှင် ရရှိခဲ့သည့် ရလဒ်အား ကြမ်း(ကျမ်းဟုမယူစစေချင်ပါ)ပြုလုပ်နေသူ ကျွန်တော့်အား ဖြေပေးစေချင်ပါသည် …
      ကျေးဇူးတင်ခြင်းများစွာဖြင့်
      အင်တာနေရှင်နယ် … အလယ်စဖုတ်ကျောင်းအား ကြမ်းတိုက်သူ မိုက်ကယ်သောမတ်စ်ကင်းးးးးးးးး

  • manawphyulay

    December 4, 2011 at 1:44 pm

    အဲဒီအရွက်ကို အပြည့်ထုတ်ရင်ကော ရေက ထွက်ကျလာမှာလား။ ရေတွေပြည့်နေရင်လည်း အရွက်ကနေ ရေစိမ့်ထွက်တာပဲလေ။ သပြေရွက်က ထွက်ကျတယ်ဆို လက်က ကိုင်ထားလည်း ထွက်ကျလာရမှာပေါ့နော်။ ကိုင်ပြီးကော မရိုက်ခဲ့ဘူးလား။

  • comegyi

    December 4, 2011 at 10:25 pm

    သပြေခက်က ရေမထွက်ပဲ ရေနံတို့ဓါတ်ငွေ့တို့သာ ထွက်လို့ကတော့ အဲဒီသပြေခက်ရှိတဲ့အိမ်ကတော့ ခြောက်လမ်းသွားကွန်ကရစ်ခင်းဖစ်ပီးသားပဲ …..

  • kai

    December 5, 2011 at 8:47 am

    ဒီသတင်း ဂျာနယ်တွေဖေါ်ပြရင်တော်တော်အံ့ဩမိမှာပဲ..။
    တကယ်လို့.. ပန်းအိုးထဲ..ရေမရှိပဲ.. ရေက.. အလိုအလျှောက်ထွက်လာရင်တော့တမျိုးပေါ့..။
    ဒါကလည်း.. အိမ်တွင်းအလှစိုက်..အပင်တော်တော်များများ ဖြစ်တတ်တယ်သတိထားမိတာပါ..။
    ထူးပေသည့်ဆန်းရာသော်..မဟုတ်.. ထင်ပါကြောင်း..။ 😆

    • etone

      December 10, 2011 at 2:37 pm

      သဂျီးရေ .. ဒီသတင်းလေး ဖတ်လိုက်ရပါတယ် … ။ (အံ့ဩလားဟင် 😆 )
      24/7 ဂျာနယ်ရဲ့ ဒီဇင်ဘာလ 11ရက်နေ့ထုတ် No.7 Vol 2 မှာရေးထားပါတယ် … ။ ရေးသားထားချက်ကတော့ အဓိဌာန်လိုက်လို့ အောင်သလိုလို ဘာလိုလိုပေါ့နော် … ။

      တခြားဘယ်ဂျာနယ်မှာပါသေးလဲတော့ မသိဘူး … 24/7တောင် ဟိုလှန်ဒီလှောနဲ့ လုပ်ရင်းတွေ့တာ … 😀

  • etone

    December 5, 2011 at 11:53 am

    အာ.. သဂျီးကလည်း … ပြသနာပါပဲ … ။ အရွက်တွေ အများကြီးရှိတဲ့ အထဲက အဲ့ဒီအရွက်တရွက်ကပဲရေထွက်နေတာ ..သဘာဝမှ ဟုတ်ရဲ့လားလေ … ။ ဂျာနယ်တွေကလဲ သတင်းယူထားကြတယ် သူတို့ ဘယ်လိုဖော်ပြမလဲ စောင့်ကြည့်ချင်သေးတယ် 😀

  • cobra

    December 5, 2011 at 1:00 pm

    အခုလို တင် ပေးထာကျေးဇူးတင်ပါတယ်ဗျာ…

Leave a Reply