“ကုသိုလ်တော်နဲ့စန္ဒာမုနိအဝေးမြင်ကွင်း”
“ကုသိုလ်တော်နဲ့စန္ဒာမုနိအဝေးမြင်ကွင်း”
ကျောက်တော်ကြီးဘုရားကနေထွက် မန်းလေးဘိုးဘိုးကြီးနန်းရှေ့ကလမ်းကနေ မြောက်ဘက်ကိုသွားရင်
ကုသိုလ်တော်ဘုရားဝင်းတဲကိုဝင်တဲ့လမ်းလေးကိုတွေ့နိုင်ပါတယ်။

အနောက်ဘက်ကနေဝင်တဲ့လမ်းလေးရဲ့တဘက်တချက်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်း။
စန္ဒကူးတောလို့ အမည်ပေးထားပါတယ်။
သမီးရီးစားအတွဲတွေအဆင်ပြေပြေထိုင်လို့ရအောင် အုတ်ထိုင်ခုံလေးတွေတောင်လုပ်ပေးထားပါတယ်။
အတွင်းကိုဝင်လိုက်တာနဲ့ ကုသိုလ်တော်ဘုရား ရွှေရောင်ဝင်းဝင်းကိုဖူးမြင်နေရပါပြီ။

ဥပုဒ်နေ့ဖြစ်နေတာကြောင့် ကုသိုလ်တော်ဘုရားရဲ့အတွင်းထဲမှာ ဥပုဒ်စောင့်ဘို့သွားနေသူကိုလဲတွေ့ရပါတယ်။



ကုသိုလ်တော်ဘုရားတံတိုင်းအတွင်းမှာတော့ ကျောက်စာချပ်တွေကို ထိန်းသိမ်းထားတဲ့ဂူလေးတွေကို
လှမ်းမြင်နေရပါတယ်။


အနောက်ဘက်ကိုလှမ်းကြည့်တော့ ခြုံနွယ်ပင်တွေကြားကမြင်ရတဲ့စန္ဒာမုနိဘုရား။

ဆက်သွားတော့ စန္ဒာမုဏိဘုရား အဝင်ဆိုင်းဘုတ်။

ဘုရားအဝင်ကမှာတော့ ဘုရားသမိုင်းကျောက်စာတိုင်။



ကြီးမားတဲ့ကုက္ကိုပင်ရိပ်အောက်မှာတော့ကျောက်စာတွေသိမ်းထားတဲ့ ဂူဘုရားလေးတွေ။
အဝင်က လှမ်းကြည့်တော့ ပြုပြင်နေတဲ့စေတီ။

ဒီဘုရားထဲမှာ ရှေးဘုရင်မင်းတုန်းမင်းလက်ထက်က ကနောင်မင်းသားအလုပ်ကြံရခံရတဲ့နေရာလေးနဲ့အုတ်ဂူရှိပါတယ်။
ဘုရားမြောက်ဘက်ခြမ်းကိုကြည့်ရင်တော့ မန်းလေးတောင်။


ဒီဂူဘုရားလေးတွေက အတွဲတွေချိန်းလေ့ရှိတော့ ချောင်းသူတွေလဲအပြည့်၊
အဲဒီကနေထွက်လာလို့ အရှေ့ဘက်ထိပ်လမ်းကွေ့လေးကလှမ်းကြည့်တော့
လှပတဲ့ဒီမြင်ကွင်းကို……………………….

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(7-12-2011)
4 comments
ပေါက်ဖော်
December 7, 2011 at 11:19 am
အာပါး..အာပါး..အားပါးပါး..
စေတီဖြူလေးတွေ တန်းစီနေတာပဲ
😯
blackchaw
December 7, 2011 at 12:20 pm
လှတယ်ဗျာ။ စေတီဖြူဖြူလေးတွေ။
ဘယ်လိုအချိန်လုပြီး သွားရိုက်လိုက်တာလဲ ဗျို့။
htoosan
December 7, 2011 at 12:29 pm
ကိုပေါက်ရေ.
ကုသိုလ်တော် နဲ့ ကောင်းမှု့တော် ဆိုတာ ဘုရားတစ်ဆူထဲလား ..
ဟိုနေ့က ရွှေမင်းသား ပုံတွေမှာ ကောင်းမှု့တော် ရေးထားလို့ ကျွန်တော်လည် နေပါတယ်။ အဲ့ဒီ ပိုစ်မှာထဲက မေးမလို့ အင်တာနက် ပြတ်သွားတာနဲ့ မမေးဖြစ်လိုက်ဘူး .. အခု ကိုပေါက် ပုံတက်လာတာနဲ့ အတော်ဘဲ ဖြစ်သွားတယ် ။
ကုသိုလ်တော် ကတော့ World biggest book အဖြစ် မှတ်တမ်းဝင် ထားတာမို့ အလွဲမသုံးမိဖို့ လိုလို့ပါ။
ကိုပေါက်(မန္တလေး)
December 7, 2011 at 6:14 pm
ကုသိုလ်တော်က အမှန်ပါ ရွှေမင်းသားက ပြင်ပေးပြီးပြီလို့ သတင်းပေးလာပါတယ်။