ချစ်သူသိစေ
ရဲဝင့်ချင်သည်
အသဲနှင့်လူ
သူကြည်ဖြူအောင်
မစွမ်းဆောင်ရဲ
အလွမ်းမှောင်ထဲ
တစ်ကိုယ်တည်းလွမ်း
အုံ့ပုံးပန်းကို
နွမ်းသွားမှာလဲ
မမြင်ရဲပါ……
ခွဲပြချင်သည်
အသဲနှလုံးဆူး
သူမြင်ဖူးအောင်
မစွမ်းဆောင်တက်
ဟန်ဆောင်ဇာတ်၌
တစ်ရှိုက်တည်းငို
မျက်ရည်ညိုညစ်
ထိုအချစ်ကို
ပြစ်သွားမှာလဲ
မကြုံရဲပါ……
ယုံရဲချင်သည်
မနက်ဖြန်ထဲ
ကိုပျော်ရဲအောင်
သူပဲကူညီ နိုင်လိမ့်မည်။………..
2 comments
windtalker
December 7, 2011 at 9:49 pm
ခင်မင်စွာဖြင့် ကဗျာတိုလေး မန် ့ပါရစေ
“ ကိုကျော်ရဲအောင်
နှပ်ချီးကိုညှစ်
လူအလစ်တွင်
ပုဆိုးသုတ်ကာ
ခပ်တည်တည်နှင့်
ပေတတ်သည် ။ ”
kotun winlatt
December 7, 2011 at 9:56 pm
တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်းကြည့်ခွင့်တစ်ခါ
မြင်ခွင့်တစ်လှည့် မင်းမရှိလည်းစွဲမြဲစွာ..
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ…
တွေ့လို့နေချစ်သူသိစေ..။
ကိုတိုးကြီးသီချင်းလေးညာဉ်းရင်း
ကဗျာလေးကိုလာအားပေးသွားတယ်ဗျာ…။