Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဓါတ်ပုံပညာ မှတ်စုများ (၆)

Diamond KeyDecember 8, 20115min46211

ဓါတ်ပုံပညာ မှတ်စုများ (၆)

                              ဒီနေ့ ဆက်မှာလေးက ဓါတ်ပုံမှာ ပုံကောင်းလေးတစ်ပုံ ရဖို့အတွက် အရေးကြီးတဲ့ Exposure အကြောင်း၊ ရှေ့မှာ ပြောခဲ့တဲ့ Aperture (အလင်းဝင်ပေါက်)ရယ်၊ Shutter Speed (အလင်းတံခါး အမြန်နုန်း) ရယ်နဲ့ ISO တွေရဲ့ ဆက်သွယ်ချက် (အတွဲလေးတွေ) ပါ။

ပြင်ဦးလွင် ကန်တော်ကြီးမှာ

ရိုက်မယ့် ပုံရဲ့ အလင်းအား အနဲအများ ပေါ်မူတည်ပြီး ထားသင့်တဲ့ ISO ၊ ပုံရဲ့ Depth of field ၊ ပုံထဲက Subject ရဲ့ လှုတ်ရှားမှုကို ပြတ်သားအောင်၊ ပေါ်လွင်အောင် ရိုက်ရမယ့် Shutter Speed တွေကို ဆုံးဖြတ်ကာ တွဲစပ်ရပါတယ်။ ဓါတ်ပုံလေး တစ်ပုံကို မှန်ကန်စွာ အလင်းပေးနိုင်ဖို့ (Correct Exposure = CE) ရာ ဓါတ်ပုံရိုက်သူက ဒီသုံးချက် (Aperture + Shutter Speed + ISO) ကို စဉ်းစားတွက်ချက် ရပါတယ်။

တောင်တမန်တံတားမှာ

ခုခေတ် Digital ကင်မရာတိုင်းမှာတော့ အလင်းတိုင်းမီတာ (Exposure Meter) built in ပါတာမို့ ကိုယ်ရိုက်လိုတဲ့ ဓါတ်ပုံအတွက် မြင်ကွင်းထဲက အလင်းပမာဏကို တိုင်းတာပြီး သင့်လျှော်တဲ့ Exposure ဖေါ်ပြချက်  အတိုင်းရိုက်ပါက  အလွယ်တကူ မှန်ကန်တဲ့ Exposure ကို ရနိုင်ပါတယ်။ (ပညာရှင်တွေဆို ပိုတိကျအောင် External Exposure Meter ကို ဝယ်ကိုင်ကြပါတယ်။ ဒီအပိုင်းကို နောက်မှဆက်ပြောပါ့မယ်။) အဲဒီ Exposure အတွဲလေး (Aperture + Shutter Speed + ISO) ပေါ်မှာ မူတည်ပြီး ကိုယ်လိုချင်သလို ဓါတ်ပုံရလဒ်လေးတွေပေါ်အောင် ဒီအတွဲလေးတွေကို Correct Exposure မပျက်စေပဲ (EV တန်ဖိုးမပြောင်းပဲ)(EV = Exposure Value) လိုသလို ပြောင်းယူနိုင်ပါတယ်။

အောက်ကပုံလေးကို ကြည့်ပါ။ ဒီပုံလေးကို ISO 800 ၊ Aperture f8 ၊ Shutter Speed 1/500 sec နဲ့ရိုက်ထားတာ ဖြစ်ပါတယ်။

ISO 800 ၊ Aperture f8 ၊ Shutter Speed 1/500 sec

ISO ဘယ်လောက် ထားမလဲဆိုရင် မြူတွေဆိုင်းနေတဲ့ မနက်ခင်းပိုင်းဖြစ်တာကြောင့် အလင်းအားနဲနေတာမို့ ISO ကို မြှင့်ပေးဖို့လိုပါတယ်။ ISO သိပ်များသွားရင်လည်း digital noise တွေထွက်လာမှာမို့ 800 ပဲထားလိုက်ပါတယ်။ Aperture ကိုတော့ ရှုခင်းပုံမို့လို့ ဖြစ်နိုင်ရင် Depth of Field ကောင်းအောင် ကျဉ်းနိုင်သမျှ ကျဉ်းလိုပေမဲ့ တအားကျဉ်းရင် အလင်းဝင်နဲလာတာမို့ DOF လည်း သင့်တင့် အဆင်ပြေအောင် အပါချာ f 8 ထားရိုက်တာပါ ( Shutter Speed ကိုလည်း မြန်ချင်လို့) ။ Shutter Speed ကိုတော့ ကွန်ပစ်တာလေးမိအောင် မြန်ပေးရမှာမို့ Aperture နဲ့အလင်းအနဲအများ ညှိပြီး 1/500 Sec ထားရိုက်လိုက်ပါတယ်။

အခု ဆက်ပြောမှာက မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) ဆိုတဲ့ အလင်းအား တစ်ခုအောက်ကပဲ (ဓါတ်ပုံမှာ EV မပြောင်းပဲ) Aperture ၊ Shutter Speed ၊ ISO တွေရဲ့ အချိန်းအပြောင်း (ရှေ့မှတ်စုတွေမှာ ပြောခဲ့သလို ကိုယ်လိုချင်တဲ့ ဓါတ်ပုံရလဒ်လေးတွေ ရအောင်) လုပ်တာလေးတွေကိုပါ။

အပါချာ ၊ Shutter Speed ၊ ISO တို့မှာ one stop စီရဲ့ အပြောင်းအလဲ အလင်းအား ( one stop  တစ်ထစ် လို့ သုံးပေမယ့် အလင်းအား ကွာခြားမှုက နှစ်ဆလို့ဆိုပါတယ်) ဟာ Exposure Value တူညီစွာ အလျှော့အတင်းလုပ်ပြီး သုံးနိုင်ပါတယ်။ ဥပမာ ပြောရရင် အပါချာ မှာ one stop ပိုပေးကာ shutter speed (သို့မဟုတ်) ISO မှာ one stop အလင်းပြန်လည် လျှော့ပေးပါက ဓါတ်ပုံမှာ အလင်းပမာဏ (EV) မပြောင်းလဲပါဘူး။

အောက်က ပုံလေးနှစ်ပုံက မှန်ကန်တဲ့ အလင်းပေးမှု (Correct Exposure = CE) တစ်ခုအတွင်းက အပါချာ၊ ရှပ်တာ နှစ်မျိုးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေပါ။ ISO ကတော့ 800 ပါ။ Exposure မှာ Aperture ၊ Shutter Speed ၊ ISO သုံးခုထဲက တစ်ခုကို ပုံသေထားပြီး ကျန်နှစ်ခုကို အလင်းအတိုးအလျှော့ လုပ်လို့ရပါတယ်။  ပုံနှစ်ပုံမှာ အလင်းအား EV မပြောင်းတာ တွေ့ရပါမယ်။

Aperture f 22 Shutter Speed 1/60


Aperture f 16 Shutter Speed 1/125

ISO 800 ၊ Aperture  f 22 ၊ Shutter Speed 1/60 sec နဲ့ရိုက်ရင် ရတဲ့ ပုံလေးတစ်ပုံကို ကိုယ်က Shutter ကို One Stop ပိုမြန်စေဖို့ 1/125 sec နဲ့ ရိုက်လိုတယ်ဆိုရင် Shutter  one stop ပိုမြန်သွားမှာမို့ (one stop က အလင်းအားနှစ်ဆ ကွာပါတယ်။ one stop လို့သာလွယ်အောင်သုံးပါမယ်) shutter ကြောင့်လျှော့နည်းသွားမယ့် အလင်းအား one stop ကို အပါချာ one stop ဖွင့်ပေးပြီး ပြန်တင်ပေးပါတယ်။ ဒါကြောင့် အပါချာကို f22 ကနေ f16 အဖြစ် one stop ပြန်ဖွင့်ပေးပါတယ်။

ISO ပြောင်းရိုက်တဲ့ ပုံလေးနှစ်ပုံပြပါအုံးမယ်။

ISO 400 ၊ f 11 ၊ Shutter Speed 1/125 sec
ISO 100 ၊ f 5.6 ၊ Shutter Speed 1/125 sec

ပထမပုံလေးကို Exposure ISO 400 ၊ f 11 ၊ Shutter Speed 1/125 sec နဲ့ ရိုက်ပါတယ်။ နောက်ပုံမှာ ISO ကို 100 ပြောင်းပါမယ်။ ဒီအတွက် အလင်းအား 2 stops လျှော့သွားပါမယ်။ (ISO 400 မှ ISO 200  တွင် one stop၊ ISO 200 မှ ISO 100 တွင် one stop ၊ ပေါင်း 2 stops)။ ဒါကြောင့် အပါချာမှာ f 11 ကနေ f 5.6 သို့ 2 stops ပြန်ဖွင့်ပေးပါတယ်။ ပုံနှစ်ပုံမှာ အလင်းအား EV မပြောင်းတာ တွေ့ရပါမယ်။

ဒီတစ်ခါ ပုံလေးတစ်ပုံကိုပဲ EV မပြောင်းပဲ Exposure ၄ တွဲပြောင်းကာ ရိုက်ထားတာလေးကို ပြပါမယ်။

တောင်သမန် အကြော်ဆိုင် ကထိုင်စရာနေရာလေး ( တစ်မျိုးလေးပုံ )

ဒီအကြောင်းလေးနားလည်ရင် ပုံလေးတွေကို လိုသလို CE / EV မပြောင်းပဲ ရိုက်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ရိုက်မဲ့ ပုံလေးကို Exposure Meter ကပြနေတာလေး ကြည့်လိုက်တော့ –

ISO 400 , f 22, Shutter Speed 1/60 sec ဆိုပါစို့။

ကိုယ်က မိန်းကလေး အလှပုံလေး၊ ပန်းပွင့်ပုံလေးမို့ နောက်က မြင်ကွင်းကို ဝါးလိုက်ချင်တယ်ဆိုရင် Aperture ကို အကျယ်ဖွင့်ပေးပါမယ်။ ( f4 ဖွင့်မယ်ဆိုပါစို့)။ ဒါဆိုရင် လက်ရှိ f 22 ကနေ f4 ပြောင်းမှာမို့ အလင်းအား 5 stops ပိုများလာပါမယ်။ ဒီအတွက် ပိုလာတဲ့ အလင်း 5 Stops ကို  Correct Exposure ပြန်ရောက်အောင် Shutter Speed နဲ့ ISO ကနေ လျှော့ပါမယ်။ ISO ကို 100 ပြောင်းရင် 2 stops လျှော့ပါမယ်။ ကျန် 3 stops အတွက် Shutter Speed ကို 1/60 ကနေ 1/500 sec ကိုပြောင်းပါမယ်။ ဒါဆိုရင် –

ISO 100 , f 4, Shutter Speed 1/500 sec ဆိုတဲ့ Exposure အတွဲလေးရပါမယ်။ ပုံမှာ EV မပြောင်းလဲပဲ  မိန်းကလေး (သို့) ပန်းပွင့်လေးပဲ ပြတ်သားကာ နောက်ရှုခင်းတွေ ဝါးလာမယ်၊ လက်လှုတ်တာ (hand Shade)၊ ပန်းပွင့်လေး လှုတ်နေတာလေး အတွက် ပုံမှာအဆင်ပြေပါမယ်။ အားကစားပုံလေးတွေလို လှုတ်ရှားမှု ပုံလေးတွေ ရိုက်ရင်လဲ Shuter Speed မြန်ပေးဖို့ ဒီသဘောတရား အတိုင်းပဲ ဖြစ်ပါတယ်။

လေထဲမှာ ခုန်ပျံဝဲ

အထက်မှာ ပြောခဲ့တဲ့ သဘောတရားလေးတွေကို နားလည်ရင် Exposure က Aperture ၊ Shutter Speed  နဲ့ ISO တွေကို ဓါတ်ပုံထဲမှာ ကိုယ်လိုချင်သလို Background ဝါးနေတဲ့ ပုံလေးတွေ၊ လှုတ်ရှားမှု ပြတ်သားနေတဲ့ ပုံလေးတွေ၊ အစရှိတဲ့ ဓါတ်ပုံ effect လေးတွေရအောင် Correct Exposure နဲ့ရိုက်နိုင်မှာ ဖြစ်ပါတယ်။

နားနားနေနေ

(ဆက်ပါအုံးမယ်)။

စိန်သော့

11 comments

  • ပေါက်ဖော်

    December 8, 2011 at 11:06 am

    ကစိန်တော့..
    အောက်က ဘဲနှစ်ကောင်က စစ်မှုထမ်းဟောင်းတွေလားဂျ
    ခြေတစ်ချောင်းစီ ပျောက်နေလို ့… 😯
    အားပေးလျက်…

    • Diamond Key

      December 8, 2011 at 11:15 am

      ဒီနှစ်ကောင် ပုံစံတူလေး ဖြစ်နေလို့ လက်ဆော့လာတာ ကပေါက်ရဲ့။
      မြစ်ကြီးနားပြန်တော့ မဟုတ်လောက်ဘူးထင်တယ်။ :mrgreen:

  • blackchaw

    December 8, 2011 at 11:29 am

    ထုံးစံအတိုင်း ဝင်ရောက်အားပေးသွားပါတယ်ဗျာ။
    ကင်မရာကောင်းကောင်းတစ်လုံး ဝယ်နိုင်တဲ့ တစ်နေ့တော့
    တွေ့ကြမယ် ကိုစိန်သော့ရေ။ ဟားဟား။

  • windtalker

    December 8, 2011 at 12:33 pm

    ပြီးခဲ့တဲ့ စင်ကာပူ ဓါတ်ပုံပြပွဲ မှာ ကိုစိန်သော့ကော သွားတင်ခဲ့သေးလားဗျ

  • Diamond Key

    December 8, 2011 at 12:56 pm

    ဒီလောက်မလုပ်နိုင်သေးပါဘူး ကိုပေရာ 😛

  • koaung

    December 8, 2011 at 2:07 pm

    လန်းတယ်ဗျိုး ပုံတွေက ဂွဒ်ရှယ်ပဲ

  • MaMa

    December 8, 2011 at 7:42 pm

    ကိုစိန်သော့ရေ- စဉ်ဆက်မပြတ် သင်တန်းတက်သွားကြောင်းပါ။

  • E.T

    December 8, 2011 at 8:17 pm

    ကိုစိန်သော့၊ ကိုမှော်ဆြာ၊ ကိုဂီ့တို ့ ရှင်းပြလို ့ ကင်မရာအကြောင်း တော်တော်နားလည်လာပါပြီ။ ခက်တာက လက်တဲ့စမ်းဖို ့ ကင်မရာမရှိဘူး။ ဘယ်ကင်မရာစပြီးကိုင်ရမလည်းဟင်။ ညွန်းပါဦး။ လက်တဲ့စမ်းဖို ့နော် ဆြာသော့ ဈေးကြီးတာတွေမပြောနဲ ့ 😀

  • amatmin

    December 8, 2011 at 9:00 pm

    ဆရာသော့ရေ..
    အမြဲမပြတ်စောင့်ဖတ်.မှတ်သားနေပါတယ်..
    ဒါနဲ့ အိမ်သုံး ဒစ်ဂျစ်တယ် ကင်မရာတွေ မှာရောအခုပြောတဲ့ ဖန်ရှင် တွေပါလားဗျ…
    မစမ်းကြည့်ဖူးသေးလို့ ဗျာ..

    • Diamond Key

      December 9, 2011 at 9:19 am

      ဒီသဘောတရားနဲ့ ဖန်ရှင်တွေကတော့ ကင်မရာတိုင်းမှာ ပါပါတယ်။ အိမ်သုံး ဒစ်ဂျစ်တယ် ကင်မရာတွေ မှာဆိုရင် Camera Setting ထဲမှာ scene selection modes (အရုပ်လေးတွေနဲ့ ပြထားတတ်ပါတယ်)တို့၊ တစ်ချို့ ကင်မရာတွေမှာ P (program), S (Shutter Priority)(တစ်ချို့ ကင်မရာတွေမှာဆို Tv) ,A (Aperture Priority)(တစ်ချို့ ကင်မရာတွေမှာဆို Av) , M (Manual) modes တို့ပါပါတယ်။ ဒါတွေက ဒီသဘောတရားတွေပါ။ နောက်ပိုင်းမှာ ဆက်ရေးသွားပါအုံးမယ်။ ဘယ်ကင်မရာ သုံးနေပါလဲ။

Leave a Reply