“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ”
“ကောင်းကင်ပြာပြာ နေသာသာ အင်းရေစိမ်းစိမ်း ”
ဟိုအရင် ရှေးကတည်းက မန်းလေးမြို့နဲ့ တောင်မြို့ကြားမှာအင်းကြီးတစ်အင်းရှိခဲ့ပါတယ်။
တမ္ပဝတီအရပ်ကနေ အနောက်ဘက်ကိုဆင်းလိုက်ရင် ကျောက်လမ်းကြမ်းကြမ်း
ခပ်ကျဉ်းကျဥ်းလေးထဲကနေဝင်လိုက်ရင် အိမ်ဘုတ်စုလေးတွေတွေ့မယ်။
ကန်စွန်းခင်းတွေတွေ့မယ်။
ပန်းပင်တွေအသီးအနှံတွေစိုက်ထားတဲ့အခင်းတွေကိုတွေ့မယ်။
ခြုံနွယ်တွေနဲ့ရှုပ်ထွေးနေတဲ့ ကန်ရေပြင်ကြီးကိုတွေ့မယ်။
အသွားအလာခက်တော့ ကြားသာကြားဘူးပြီးမရောက်ဘူးသူများပါတယ်။
ဓါတ်ပုံဆရာတွေသာ အရောက်များပါတယ်။
အဲဒီအင်းကတော့ တက်သိမ်းအင်းပါဘဲ။
အများနုတ်ကျုးိနေတဲ့အခေါ်က တော့ တက်သေးအင်းပါ။
ဒီအင်းအလည်လောက်မှာ လှိုင်ထိပ်ခေါင်တင်ရဲ့ အမေ မမြလေးကောင်းမူ့
ရေလည်ဘုရားတစ်ဆူရှိပါတယ်။
ကျနော်တို့တောင် တစ်ခါနှစ်ခါဘဲရောက်ဘူးတဲ့နေရာလေးပါ။
အင်းအကျယ်ကတော့ တမ္ပဝတီအရပ်ကနေ ကပ်ကျော်ဘုရားနားအထိ
တောင်မြောက်ရေပြင်ကျယ်ကြီးပါ။
1997 ကန်တော်ကြီးအိမ်ယာစီမံကိန်းနဲ့အတူ ဒီတက်သေးအင်းကို
ကန်တော်ကြီးလို့နာမယ်ပြောင်း။
လမ်းတွေကောင်းအောင်လုပ်။
မလွတ်တဲ့အိမ်တွေဖယ်။
အရင်ကျုံးထဲမှာထားတဲ့ ပြည်ကြီးမွန် ကရဝိက်ဖောင်ကို မမြလေးဘုရားနားကိုရွှေ့။
စားသောက်ဆိုင်တွေဖွင့်ပြီးစည်ကားအောင်လုပ်။
အခုတော့ သာယာတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်နေပါပြီ။
ဒီကန်မှာ ကျနော်မနက်တိုင်းလမ်းလျောက်ပါတယ်။
ဒီပုံလေးတွေက တော့ ရှားရှားပါးပါးနေ့လည်ပိုင်းမှာ ကျနော်လက်ဆော့ထားတဲ့ပုံလေးတွေပါ။
အချို့လဲတင်ပြီးသား အချို့ကတော့ အသစ်။
နောက်ရက်မှာ နံနက်ခင်းအလှတွေစုပြီးတင်ပါအုံးမယ်။
သာယာတယ်လို့ ယူဆလို့ မျက်စေ့အေးအောင်တင်ပေးလိုက်ပါတယ်။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(8-12-2011)
12 comments
MaMa
December 8, 2011 at 4:51 pm
ရှု့ခင်းလေးတွေက သာယာတယ်။
ကဗျာဆရာပေးတဲ့ နာမည်ကလည်း လိုက်မှလိုက်။ 🙂
“ဘီလူးကြီး”ogre
December 8, 2011 at 6:04 pm
သာယာလိုက်တဲ့ရှုခင်းလေးတွေ
အေးအေးချမ်းချမ်းသွားကြည့်ရမှာဗျ….
ဒါထက် …သမုဒ္ဒရာမှာစံမြန်တဲ့ ရှင်ဥပ္ပဂုတ် ကဘယ်လိုလုပ်အင်းထဲရောက်နေသတုန်းဗျ
ကိုပေါက်(မန္တလေး)
December 8, 2011 at 6:13 pm
ရင်ငွေ့လှုံ ပုံတူပွားထားတာလေဗျာ။
koaung
December 8, 2011 at 6:43 pm
တိမ်လွှာတွေက ပန်းချီဆွဲထားသလိုပဲဗျာ
E.T
December 8, 2011 at 9:34 pm
အင်းရေ စိမ်းစိမ်းကို ကြိုက်ပါတယ်။ လေတော်တော် တိုက်တယ်ထင်တယ်နော် လှိုင်းလေးတွေထနေလို ့။ ပြောရင်းနဲ ့ လှိုင်း ကိုတောင်လွမ်းလာပြီ 😛
ကိုပေါက်(မန္တလေး)
December 8, 2011 at 10:10 pm
လှိုင်းဆိုတာမန်းလေး က တေးသံသွင်းရဲ့နာမည်လေ လမ်း80မှာရှိတယ်
TTNU
December 9, 2011 at 1:09 am
ကိုပေါက်ရေ..
Typo ကြည့်လုပ်ဦး ကိုယ့်လူ။
“ရွာထဲက နန်းမတော်မယ်ပု” ရိုက်တာ ဘာဖြစ်သွားတာလဲကွာ။(ပုံ ..၅)
ပုံ (၁၁) ကစပြီး တိမ်တွေ ချည်း သပ်သပ်တင်၊ “တိမ်စွန်လေလျင် ဖူးရောက်ချင်သည်” လို့
ခေါင်းစဉ်ပေး။ မိုက်ပြီ။
amatmin
December 9, 2011 at 9:08 am
လေးပေါက်ရဲ့ ရေပြင်ကျယ်ကျယ် ပုံတွေချည်းမြင်ရတော့ ကိုယ့်ဒေသဘိုကလေး ကိုတောင်လွမ်းလာသလိုပဲ..
ကမ်းစပ်ရဲ့အဝေးမြင်ကွင်းပုံတွေ ဆိုမြစ်ပြင်ကျယ် အလား..
ဒါနဲ့ တောင်မြို့ဆိုတာ အမရပူရ ကိုပြောတာလား ဗျ…
ကိုပေါက်(မန္တလေး)
December 9, 2011 at 11:48 am
5 ကန်တော်ကြီး နွေတစ်နေ့ကမြင်ကွင်း(ရွထဲ့က နန်းမတော်မယ်ပု နှစ်သက်တယ်ဆိုတဲ့ပုံလေးပါ)
ဆရာမရေစာလုံးပေါင်းမှားသွားတာပါ။
ရွာထဲက နန်းမတော်မယ်ပုံ နှစ်သက်တယ်လို့ ညွှန်းတာပါ။
အောင်လ လို့ဘဲသတ်မှတ်လိုက်ပါနော်။
မှားတာရှိရင်တောင်းပန်ပါတယ်
ကိုပေါက်(မန္တလေး)
December 9, 2011 at 6:48 pm
ဟုတ်တယ်ဗျ
ကျနော်တို့မန်းလေးသားတွေက အမရပူရကို တောင်မြို့
ပြင်ဦးလွင်ကို မေမြို့လို့ဘဲခေါ်တယ်။
မန်းလေးမြို့ရဲ့ တောင်ဘက်မှာရှိလို့ ရှေးကမင်းနေပြည်ဖြစ်ခဲ့လု့ိတောင်ဘက်က မြို့လို့ခေါ်တာပါ။
ကိုပေါက်(မန္တလေး)
January 17, 2013 at 3:47 pm
အခုပြန်ကြည့်မှာ ပုံတွေထပ်နေတာတွေ့တယ်
မပြင်တော့ပါဘူးကြာခဲပြီဟာကြီးကို
Mon Kit
January 17, 2013 at 4:03 pm
လေးပေါက်…. ပုံ (၁၉) ကို အရမ်းသဘောကျတယ်…..
ရေပြင် လှိုင်း ရယ်၊ ရေထဲက ပုံတွေရယ်၊ တိမ်တွေရယ် အရမ်းကို အပ်စပ်လှပနေတော့တယ်……