“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းတစ်)
မနက်လမ်းလျှောက်ထွက်အချိန်တိုင်းမှာ သာယာတဲ့ရူ့ခင်း အေးမြလတ်ဆတ်တဲ့လေ
တိတ်ဆိတ်ငြိ်မ်သက်တဲ့ အရသာကိုခံစားရမိတိုင်း
မြို့မဆရာငြိမ်းရဲ့ ကျော်ကြားတဲ့ လူချွန်လူကောင်းဆိုတဲ့သီချင်းလေးထဲက
“နံက်ခင်းစိတ်ရွှင် လန်းကြစေအမြဲပင် ဥဩသံတွဲ့ နာပျော်စေချင်”
ဆိုတဲ့စာသားလေးကိုသတိရမိပါတယ်။
ကျနော်နေ့စဉ်မနက်တိုင်းမှာ မန်းလေးကန်တော်ကြီးလို့ ခေါ်တဲ့
တက်သိမ်းအင်း ကန်ပါတ်လမ်းမှာလမ်းလျောက်လေ့ရှိပါတယ်။
2010မှာ ကင်မရာလေး တစ်လုံးလက်ထဲရောက်လာတော့ အရုပ်အသစ်ရတဲ့
ကလေးတစ်ယောက်လို လက်ဆော့မိပါတယ်။
(မောင်ပုပြောခဲ့ဘူးသလိုခြောက်လုံးပြူးမရောက်တာတော်သေးတာပေါ့)
လှပတဲ့မြင်ကွင်းတွေကလဲ လက်မဆော့ဘဲမနေနိုင်အောင်ဆွဲဆောင်ပါတယ်။
နောက်ရိုက်လာတဲ့ပုံလေးတွေကွန်ပြူတာထဲထည့်ကြည့်တဲ့အခါ
အပြင်မှာ မလှဘူးထင်တဲ့ပုံလေးတွေက ဓါတ်ပုံထဲရောက်တော့ ပိုလှ၊
တစ်ချို့အပြင်မှာလှတာတွေကတကယ်ဓါတ်ပုံဘဝရောက်တော့ မလှဆိုတဲ့
သဘာဝကိုပြန်ရောက်တဲ့အခါ သဘာဝကပေးအပ်ထားတဲ့ မျက်ဝန်းအစုံရဲ့
တကယ့်အမြင်နဲ့ထပ်ဆင့်မှတ်တမ်းတင်ပေးတဲ့မှန်ဘီလူးတို့ရဲ့ခြားနားချက်တွေကိုလည်းတွေ့လာရပါတယ်။
1 မသဲမကွဲနံနက်ခင်းလေးမှာ လှေကလေးတစ်စင်း တက်သိမ်းအင်းထဲမှာ
2 နေအထွက် အာရုံတက် မှာမြင်ရတဲ့ ပြည်ကြီးမွန်ဖောင်တော်
3 နေထွက်စရယ်က ပတ္တမြားအသွေး ရေလေးထဲအရိပ်ထင်နေပုံက မပွင့်တပွင့်
4က နိုးထစ နံနက်ခင်း တိမ်အခင်းအကျင်းက ပန်းချီပမာ အဝေးမှာ အထီးကျန်တဲ့ထန်းပင် မြင်သူလွမ်းစရာ
4ခ နံနက်အာရုံတက် မှာ တက်သေးအင်းမြောက်ဘက်ခြမ်းကဖူးမြင်ရတဲ့ မဟာမြတ်မုနိ နဲ့လှပသောတိမ်အခင်းအကျင်း
6 နံနက်ခင်းလေးမှာ နေရောင်က မိုးတိမ်ကြားကထွက်ပေါ်လာခါစ တက်သေးအင်းရေပြင်အဆုံးမှာ မြင်ရတဲ့ မဟာမြတ်မုနိနဲ့ အာနန္ဒာ
7 နည်းးနည်းလေးကြည်လင်တဲ့ နေ့မှာ မြင်ရတဲ့ တိမ်ပန်းချီ
8 နေပူပြင်းမယ်လို့ ထင်ရတဲ့တစ်ရက် နံနက်အာရုဏ်တက်မှာနေထွက်လာပုံကိုက ရဲရဲလက်လက် နေတစ်ဝက်တစ်ပျက်ထွက်တာလေးကို အမိအရ တိမ်တွေကလဲလှမှလှ
9 ကန်တော်ကြီး တောင်ဘက်ခြမ်းကို နံနက်ခင်းလေးမှာ မြင်ရတဲ့ မြင်ကွင်း ပြာလဲ့ရီမှောင်လို့နေလေရဲ့
10 ဒီပုံလေးကတော့ ကျနော် (ဧကစာရီ)ဆိုတဲ့နာမယ်နဲ့တင်ဘူးပါတယ်။ကျနော်နှစ်သက်တဲ့ပုံလေးတစ်ပုံလဲဖြစ်ပါတယ်။ပကတိအမြင်မှာအခုလို မမြင်ရပေမယ့် ကွန်ပြူတာပေါ်တင်လိုက်တဲ့အခါ လှပတဲ့ပုံလေးတစ်ပုံကိုမြင်လိုက်ရပါတယ်။ဒါကြောင့် ထပ်တင်ပေးတာပါ။
11 ကန်တော်ကြီးမှာရေတွေခမ်းနေတဲ့နွေရက်ရဲ့မနက်ခင်းကန်အနောက်မြောက်ခြမ်းက လှမ်းကြည့်တော့ အဝေးမှာ မင်းဝံတောင်တန်း အလယ်မှာ ထန်းပင်လေးတစ်ပင်ထဲ ရှေ့မှာက ရေနည်းနည်းဘဲရှိပြီးခန်းနေတဲ့ကန် မြင်ကွင်းက မပီဝိုးတဝါးမူံရီရီ အလွမ်းဘက်ကဲနေသလိုပါဘဲ။
12 ဒါကလဲရေနည်းနေတဲ့ရက်က မြင်ကွင်း စိန်ပန်းရဲရဲလေးတွေက ပွင့်လို့ကောင်းနေဆဲ့ ကန်ထဲမှာတော့ ရေကနည်း အဝေးမြင်ကွင်းက မသဲမကွဲ
13 နေရောင်ဖျန်းပက်စ မနက်ခင်းလေးမှာ အပျော်စီးဘဲလေးတွေ အဝေးမှာ ဖိုင်ဘာလှေ ဟိုးအဝေးမှာကရိက် ဟိုးနောက်ဆုံးမှာ ဘုရားစေတီ မထင်မှတ်ဘဲ အားလုံးပြည့်စုံသွားတဲ့ပုံကလေးပါ။နေရောင်ပက်ထားတာလေး ကလှပရုံလောက်ကလေး ။
14 စိန်ပန်းနီနီ မြက်ခင်းက စိမ်းစိမ်း ကောင်းကင်က အပြာဘက်သန်းစ နေမင်းက လာခါနီး ရေပြင်ကျယ်အဝေးမှာ အိမ်လေးတွေက ဝိုးတဝါး မြင်ရတာ အေးချမ်းလှပတယ်။
15 ကန်ရေပြင်က အရှေ့က အနောက်ဘက်ကို ကွေးကောက်လို့အသွား ကောင်းကင်က အပြာတဲမှာ ပန်းနုရောင်စွက် အနားသတ်မြက်ခင်းက စိမ်းနုနု ကြည့်မိတဲ့သူတောင် နုပျိုသွားသလိုခံစားရပါတယ်။
16 ကျနော်နှစ်သက်တဲ့ပုံလေးဖြစ်သလို့ ဒီလိုမြင်ကွင်းလေးမျုိုးထပ်မတွေ့သေးပါဘူး။ တက်သိမ်းအင်းအနောက်ဘက်ကနေ အရှေ့ဘက်ကို မြင်ရတဲ့မြင်ကွင်း ။ပုဇွန်ဆီရောင် ကောင်းကင်ရဲ့ အရောင်က ရေပြင်ကို ထိခတ် အထက်ပိုင်းကတိမ်တွေမှာတော့ ငွေရောင်အနားသတ်။မြင်လိုက်စဉ်က ငေးမောလို့ ကြည့်နေမိတာအကြာကြီးပါဘဲ။
17 ဆောင်းအကြွင်းအကျန်လေးတွေရှိနေသေးတဲ့တစ်ရက် ကန်လည်မှာ လှေငယ်လေးရဲ့ အရိပ်ကလေးကရေထဲမှာ ပါတ်ဝန်းကျင်က တိတ်ဆိပ်။အေးငြိမ့်တဲ့ရသကိုပေးစွမ်းခဲ့တဲ့ပုံလေးပါ။
18 နေမင်းက ဟိုးအရှေ့ဘက်ရှမ်းရိုးမနောက်ကနေထွက်လာစလေးအချိန်လေး မရဲတရဲပြူထွက်ခါစလေးပေါ့
19 ဧကစာရီလို့အမည်ပေးထားဘူးတဲ့ ကျောင်းဆောင်လေးကိုအရုဏ်တက်စ ပန်းရောင်အသွေးလေးမှာ ရေထဲအရိပ်ကျနေတာကို လက်ဆော့ ထားတာပါ။
20 နံနက်ခင်း ရှမ်းရိုးမနောက်မှာပုန်းနေတဲ့ နေမင်းက နိုးထစ တိမ်တွေကလဲ နေမင်းကို ကြိုဆို အင်းရေပြင်ပေါ်မှာ နေမင်းကလဲ အလည်လာ ကောင်းကင်ပြာမှာ တိမ်ပန်းချီ ဘယ်ပန်းချီရေးလို့ မမှီဆိုတဲ့သီချင်းလေးကို တောင် ညည်းမိတယ်။
21 ရေနည်းနေတဲ့ကန်တော်ကြီးရဲ့နံနက်ခင်းလေး အပျော်စီးလှေလေးတွေ နားသွားလို့ရအောင်ယာယီတံတားလေးက တစ်စင်း ခင်းထားပါတယ်။
အခုရက်မှာ လက်ဆော့ထားတဲ့များပြားလှတဲ့ပုံတွေကို သိမ်းဆည်းရင်း
တူညီတဲ့နေရာလေးတွေမှာ ရာသီအမျိုးမျုးိမှာ မှတ်တမ်းတင်ခဲ့တာလေး
တွေကို ပြန်လည်စုစည်းပြီးတင်ပြချင်စိတ်ပေါ်လာခဲ့ပါတယ်။
ဒီတစ်ခါတော့ ကင်မရာနဲ့ထိတွေ့စမှာလက်ဆော့ခဲ့တဲ့ပုံလေး
တွေကို စုစည်းပြီးတင်ပြပေးလိုက်ပါတယ်။
ကျနော်ငယ်စဉ်ကရင်းနှီးခဲ့တဲ့မဂ္ဂဇင်းကတော့ မြဝတီမဂ္ဂဇင်းပါဘဲ။
အဲဒီအထဲမှာ လစဉ်ဓါတ်ပုံပြိုင်ပွဲပါ ပါတယ်။
အဖြူအမဲပေါ့။
အဲဒီထဲက ဆုရဓါတ်ပုံလေးတွေကို ကြည့်ရင်းနှစ်သက်ရင်း
ဆရာကြီးများရဲ့ မှတ်ချက်တွေကို ဖတ်ရင်းငါမှာသာကင်မရာရှိရင်
ဆိုတဲ့အတွေးလေးတွေ နဲ့နေခဲ့ဘူးပါတယ်။
အခုအချိန်မှာတော့ ငယ်အိ်ပ်မက်ကို အကောင်အထည်ဖော်ခွင့်ကြုံပါပြီ။
ဒါပေမယ့် ဓါတ်ပုံနဲ့ပါတ်သက်တဲ့ သီဝရီတွေ နည်းလမ်းတွေ
ကင်မရာကို စံနစ်တကျ မတတ်တာတော့ အမှန်ပါဘဲ။
ဒါကြောင့်လဲ ကလေးတစ်ယောက်စိတ်ယားလာလို့ဆော့သလို
ခံစားရတာကြောင့် “ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့”
လို့အမည်ပေးထားမိပါတယ်။
မြင်ရသူ ကြည့်မိသူ တိုင်း ကြည်နူးစေ တဲ့ရသကိုခံစားမိတယ်ဆိုရင်
ဝမ်းသာပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။
(9-12-2011)
Post Views: 463
12 comments
lulinmg
December 10, 2011 at 4:39 pm
ပျော်ဖို့ကောင်းလိုက်တာ
ကိုပေါက်(မန္တလေး)
December 10, 2011 at 5:24 pm
အဲဒီအသံလေးကြားရတာ စိတ်ချမ်းသာတယ်။
pooch
December 10, 2011 at 5:35 pm
နံပါတ် ၂ ရယ် ၈ ရယ် ၁၂ ရယ် အကြိုက်ဆုံးပဲ
လေးပေါက်ရဲ့ မာစတာ ပိစ်တွေ တင်ထားတာပေါ့လေ အကုန်လှတယ်
မြင်ရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်
“ဘီလူးကြီး”ogre
December 10, 2011 at 6:55 pm
ရိုက်ချက်တွေ လှချက်ကွယ်
လွှတ်ကောင်းတော့တာပဲ
ဒါ့ပုံ ပြခန်းလေးဖွင့်ထားသင့်တယ်ဗျ
inz@ghi
December 10, 2011 at 7:04 pm
၈ နဲ့ ၂ဝ
တန်းဝင်တယ် …
စေတနာ ကောင်းတဲ့
လေးပေါက်ရယ်…
ရွင်လမ်းဝမ်းမြောက်ပါစေကွယ.်…
kotun winlatt
December 10, 2011 at 7:07 pm
အဲ့နေရာတွေကို ကျနော် မန်းလေးလာရင် လိုက်ပို့ပေးပါလားးး
ကိုပေါက်ရေ…ဇနပုဒ်သားးးလေးးးမန်းးလေးးးကိုလာချင်သွားတယ်ဗျ
ပုံလေးတွေကိုကြည့်ပီးးလေ…။
ကိုပေါက်(မန္တလေး)
December 10, 2011 at 9:53 pm
လာသာလာခဲ့ပါ ကျားကျားမ မ ပို့ပေးမှာပေါ့ဗျာ။
လာမယ်ဆို အကြောင်းကြားလိုက်……………
layla
December 11, 2011 at 12:28 pm
All photos are really nice. Like # 16 and 21 the most. Appreciate it, Uncle Pauk!.
windtalker
December 11, 2011 at 12:42 pm
ကိုပေါက်ရေ
မန်းတလေး ကျုံးဘေး နံနက်ခင်း ပုံလေးတွေ လဲ
ရိုက်တင်ပေးပါဦး
blackchaw
December 14, 2011 at 12:37 pm
ကိုပေါက်ရေ။ အခုမှ အေးဆေး ကြည့်ဖြစ်တယ်ဗျာ။
ပုံလေးတွေ အတွက် ကျေးဇူးပါဗျာ။
နွယ်ပင်
December 14, 2011 at 12:53 pm
လေးပေါက်ရေ ပုံလေးတွေက အရမ်းကိုလှပြီး
အသက်ဝင်နေတာပဲ ..
ကိုပေါက်(မန္တလေး)
December 14, 2011 at 1:40 pm
ဘာရမလဲငါကွ ……………….ပါ နွယ်ပင်ရေ