Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Line Buzy!!

politicalviewMay 26, 20101min1820

“ဒစ်ဂျစ်တယ် အိတ်ချိန်းဆိုတာ  သူ့ရဲ့ စနစ်အကုန်လုံးကို ကွန်ပျူတာထဲ ထည့်ပြီး ကိုယ်က ခိုင်းရုံပဲ။ အရင်တုန်းကလို အိတ်ချိန်းခုံမှာ ထိုင်ပြီး လူက လုပ်ပေးစရာ မလိုတော့ဘူး။  မီးပျက်တာကြာရင် ပြဿနာရှိတော့ သူ့ကို ၂၄ နာရီ မီးပေးဖို့ လိုတယ် ” ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။

ရန်ကုန်မြို့တွင် တနေ့လျှင်  ကြိုးဖုန်း လိုင်း ၄၀ဝ မှ ၇၀ဝ ခန့် အထိ လိုင်းကျပ်ခြင်း၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေသည်။
ဒီဂျစ်တယ် အိတ်ချိန်းခုံများသည် လူတရပ်ခန့် မြင့်ပြီး အိတ်ချိန်းတခုံရှိ ဆားကစ်တကတ်တွင် ဖုန်းလိုင်း ၈ လိုင်းခန့်ရှိကြောင်း သိရသည်။
ဖုန်းလိုင်း ၈ လိုင်း ပါ ဝင်သည့် ဆားကစ်ကတ်ပေါင်းများစွာ တပ်ဆင်ထားသည့်  အောက်ခံခုံအား အပူချိန်မြင့်၍ လောင်ကျွမ်းမှုမဖြစ်စေရန် လေအေးပေးစက် အဆက်မပြတ်ပေးရန် လျှပ်စစ်မီးလိုအပ်မှု ရှိကြောင်း သိရသည်။

ယင်းအင်ဂျင်နီယာက “မီးမလာလို့ စက်ခန်းထဲမှာ အဲယားကွန်းမရဘဲ အပူချိန်မြင့်လာပြီဆို စက်က လုံးဝ ရပ်သွားတယ်။ ဒီလို အော်တို ပြတ်သွားတော့ ဖုန်းလိုင်းတွေပါ ရပ်ကုန်ရော” ဟု ပြောပြသည်။
မီးပျက်မှုများချိန်တွင် ဆက်သွယ်မှုစနစ် ပြတ်တောက်မှု မရှိစေရန် အင်ဗာတာ၊ မီးစက်များနှင့် အစား ထိုးလည်ပတ်နိုင်ရန် စီစဉ်ထားရကြောင်းလည်း သိရသည်။
“တလိုင်းတည်းနဲ့ အဆင်မပြေမှာစိုးလို့  ကြိုးဖုန်းကိုပဲ ဖုန်းလိုင်းတခု၊ ဖက်စ်လိုင်းတခု တပ်ထားတာ၊ နှစ်ခုလုံး သုံးလို့ မရဘူး။  ဖုန်းနဲ့ဆက်သွယ်ပြီး လုပ်နေရတာဆိုတော့  အလုပ်ပါ ထိခိုက်တယ် ” ဟု ပြည်ပနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်သူ တဦးက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု များသော ပွင့်လင်းရာသီများတွင် ဖုန်းလိုင်း ပြတ်တောက်မှု ပိုမိုဆိုးရွာကြောင်း သိရသည်။
“မဂ္ဂဇင်းတိုက်ဆိုတာ ဆက်သွယ်နေရတဲ့ လူတွေက အများကြီး၊ ဒီတော့ ဖုန်းလိုင်းက ၃၊ ၄ လိုင်း အနည်းဆုံး တပ်ထားတယ်။ အဲဒါကို တနေ့ တလိုင်းနှုန်း ပြတ်တာ၊ အခုနောက်ပိုင်း ပိုဆိုးလာတယ်။ ဖုန်းဆက်ပြီး ကွန်ပလိန်းတက်ရင်လည်း တော်တော်ကြာမှ လာပြင်တယ်၊ ပြီးရင် ခဏပဲ၊ ပြန်ပျက်ပြန်ရော” ဟု ရန်ကုန် အခြေစိုက် မဂ္ဂဇင်းတိုက်တခုမှ အယ်ဒီတာက ပြောသည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် အလိုအလျောက် ဒီဂျစ်တယ် အိတ်ချိန်း စနစ် တပ်ဆင်ထားပြီး လိုင်းဖုန်းများ အားလုံးသည် ယင်းစနစ်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက “ဖုန်းက တလကို ရက် ၂ဝ လောက်က ပျက်နေတာများတယ်။ တခါတလေ ဖုန်းရှိပြီး အလကားဖြစ်နေတယ်။ ပြင်တဲ့လူတွေ ခေါ်ရလွန်းလို့ တခါတလေ ပစ်ထားလိုက်တယ်။ အနည်းဆုံးတခါ လာပြင်ပေးရင် ၂၀၀ဝ ကနေ ၃၀၀ဝ ကျပ်အထိ ပေးရတယ်” ဟု ပြောသည်။

“အိမ်တွေကို ပေးထားတာ ၂၂ဝ ဗို့၊ ဖုန်းတွေကျတော့ ၂၄ဝ ဗို့အား ပေးရတယ်။  ဖုန်းတွေ အားလုံးကို မီး ၂၄ နာရီ ပေးထား ရတယ်။  မီးပျက်များတာ မီးစက်တော့ မောင်းတာပဲ၊ ဒါပေမယ့် မီးအား မကောင်းတော့ လိုင်းကျတာတွေ ရှိတယ်။ အဲဒါကို SMB ( Server Message Block ) ကျတယ်လို့ ခေါ်တယ်” ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိတဦးက ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် တယ်လီဖုန်းလိုင်း ၄ သိန်းနီးပါးရှိကြောင်း၊ ရန်ကုန်မြို့ တမြို့တည်းတွင် ၁သိန်း ရ သောင်းရှိပြီး လူ ၂၅ ဦးတွင် ဖုန်းတလုံးနှုန်း အသုံးပြုနေကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
လူဦးရေ သန်း ၅ဝ ကျော်ရှိသော မြန်မာနိုင်ငံတွင် တခါသုံး ဖုန်းကတ်လိုင်းများ မပါဘဲ မိုဘိုင်းဖုန်း၊ အော်တို တယ်လီဖုန်း အပါအဝင် ဖုန်းလိုင်းပေါင်း ရ သိန်းခွဲနီးပါး ရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။