Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြေပုံလေးပဲ့မသွားအောင် ကိုယ်တိုင်မရေးလို့မဖြစ်တော့သောသမိုင်းစာမျက်နှာသစ်

စိန်ကြက်ဆင်December 17, 20111min3307

ကိုယ့်သမိုင်းကိုယ်ရေးတယ်တဲ့ ကြားလည်းကြားဖူးတယ် ပြောလည်းပြောဘူးတယ်။ဒါပေမဲ့ ရှေးစကားလား ခေတ်သုံးစကားလားဆိုတာ အတိအကျ မသိတာအမှန်ပါ။အဓိကကျတာကတော့ အခုကိုယ့်သမိုင်းကိုရေးရတော့မယ် ဒီနေ့မနက် အစ်ကိုလို ဆရာလို ခင်တဲ့တစ်ယောက်က ဖုန်းဆက်လာတယ် ပထမတော့ နေကောင်းလား၊အဆင်ပြေလားပေါ့ ဟိုမေးဒီပြော လုပ်နေကြရင်းမှ ဟီလာရီကလင်တန် မြန်မာပြည်လာတဲ့ အကြောင်းသိပြီးပြီလားတဲ့ မဆီမဆိုင်ကြီး ထပြောတော့ နည်းနည်းတော့ကြောင်သွားရတယ်

ရဲ။    ။ဪဒါများဗျာ ခင်ဗျားပြောမှလား လူတိုင်းလိုသိနေတဲ့ ကိစ္စလေဗျာ

မင်း။    ။အေးအဲဒါ တကယ့်ကို အရေးကြီးတယ်၊ ဒါနဲ့မင်း World of Warcraft ကဆော့သေးလား။

ဩော သူကတစ်ခါတစ်လေလည်း အတည်ပေါက် လုပ်တတ်တယ်ဗျ အင်း Sunday တရက်တော့ ဘော်ဒါတွေနဲ့ ချိန်းပြီး Battle ဝင်ဖြစ်တယ်။ ဘာဖြစ်လို့လည်း။

မင်း၊    ။အေးမင်းရော မင်းကောင်တွေပါ အဲဒီဝင်ချစရာ မလိုတော့ဘူး အပြင်ဘက်မှာ Battle ချရတော့မယ်ကွ။

ရဲ။    ။ဟာဟေ့လူ ဘာတွေလဲဗျ ဘာမှမဆိုင်ဘူး။နောက်အဲဒါတွေ ကြောက်တယ်။

မင်း။    ။ဒီလိုကွအခု လင်းယုန်ကြီးက အရင်ကလို မဟုတ်တော့ဘူး မျက်နှာစာအသစ်တခု ဖွင့်လိုက်ပြီ သူတို့အချင်းချင်း အလှမ်းဝေးနေလို့ တို့ဆီမှာ ကြားကွင်းလေး လာဖွင့်တာတဲ့ကွ တို့မှာကလည်း အနီးကပ်ရန်သူတွေက အတော်ဆိုးလာပီ ပြီးခဲ့တဲ့ ၁၃နှစ်လောက်ကရယ် နောက် ၆နှစ်လောက်ကတစ်ခါရယ် ကြိတ်ရှင်းလိုက်တာ ပြီးသွားတယ် အခုတကြိမ်က မရတော့ဘူးကွတို့မဟာမိတ် ရုရှားကလည်း ၃ကြိမ်မြောက်ကို မရှင်းပေးနိူင်တော့ဘူး သူ့ခမျာလည်း အခက်တွေ့စရာရှိနေတဲ့အချိန် US ကလည်းဒီတစ်ရာသီ အနားရတုန်း ခြေစမ်းပွဲလေးထွက်လုပ်တာဟ ကျုပ်တို့လည်းမညံ့ပါဘူး အားလုံးအဆင်ပြေအောင် နေတတ်ပါတယ်။မင်းကဒါဘဲမြင်တာကိုး နိူင်ငံခြားရေးဝန်ကြီး ရောက်မဲ့ရက်မှာ ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးစာချုပ်သွားချုပ်နေတယ်လေ ဟာအဲဒါတော့သိပ်မမိုက်ဘူးဗျ အဲဒါပြောတာကွ တိုက်ဆိုင်တာလည်းမဟုတ်သလို ဒို့ဘက်ကလည်း အစီအစဉ်မရှိဘူး ကလေးကွက် ဆိုပေမဲ့ သိသိသာသာခံလိုက်ရတယ် နောက်တစ်ချက်က လက်ရင်းကြီးကလည်း ဘယ်လိုမှခွာထုတ်မရ နောက်လက်သစ်ကလည်း လာကတည်းက နိမိတ်မကောင်းဘူး။

ရဲ။    ။ဟာဒါတော့ ဆုံးဖြတ်လို့မရပါဘူးဗျာ အချိန်လိုပါသေးတယ်။

မင်း။    ။မင်းကသာပြောနေ ဆုပ်လည်းဆူး စားလည်းရူးက ဖြစ်နေတာကြာလှပေါ့။

ရဲ။    ။ဟာဘာမှလည်း မကြားပါလားဗျ။

မင်း။    ။ဘယ်ကြားမတုန်းကွ ဟိုသူနဲ့တလှည့် ဒီသူနဲ့တလှည့်ပေါင်းပြီး ကြိတ်ရှင်းနေတာ အခုအားလုံးက လက်ရှောင်ကုန်ပြီ။

ရဲ။    ။ဒါဆို လင်းယုန်ကြီးကရော။

မင်း။    ။သူကရှင်းတယ်လေ မင်းကိုခြံတံခါးလေးဘဲ အရင်ဖွင့်ပေးမှာ မင်းလက်ရင်းဆီမှာက အပေါင်ဆုံးတွေက အများကြီး စိတ်ချမပူနဲ့ သူကမင်းအပေါင်ဆုံးတွေကို အမိုက်ခံပြီးလိုက်မယူဘူး၊ သူလုပ်ပေးရင် နည်းနည်းပါးပါးတော့ လှည့်ပေးမှာပါ။လူပြိန်းတွေးနဲ့ ပြောမယ်ကွာ သူတို့မှာ ငါတို့ဆီက ဘာမှစိတ်ဝင်စားစရာ သိပ်မရှိဘူး အမေရိကန်က ထမင်းလည်းမစားဘူး၊ ကျောက်စိမ်းလည်းမဝတ်ဘူး၊ သစ်လည်းမလိုဘူး၊ ကျားရိုးနဲ့လည်းအရက်စိမ်မသောက်ဘူး၊ ခရုလည်းမစုပ်ဘူး၊ မျှော့လည်းမစားဘူး၊ မိန်းမလိုအပ်ချက်လည်းမရှိဘူး၊ အဲ နောက်ပြီး တောက်တဲ့လည်း မဝယ်ဘူးတဲ့ကွာ။

ရဲ။    ။ဟာ တောက်တဲ့ကတော့ ဟော့တယ်နော် ကျွန်တော်တောင် မှော်ဘီကသူငယ်ချင်းကို လှမ်းပြောထားသေးတယ် ရရင်ငါလည်း ပွဲစားလုပ်မယ်လို့

မင်း။    ။အေ ရမယ်အားကြီး မင်းတောက်တဲ့က ဗိုက်ထဲမှာ အနီရောင်ဘေလုံးနဲ့ ကင်ဆာရှိလို့လား။

ရဲ။    ။အမ် တောက်တဲ့က သားအိမ်ကင်ဆာရှိတဲ့လား ကင်ဆာမှာအနီရောင်မရှိပါဘူး။ဪ…………အမ် တကယ်ကြီးလား(သတင်းက မခိုင်လုံသေးပါ )။

မင်း။    ။အေး သူတို့တွေ နည်းနည်းစိတ်ဝင်စားလှ အညာဘက်က အင်းကြင်းကျောက်တွေ ပြန်တူးပြီး ကန်ထရိုက်နဲ့ သဘာဝဥယျာဉ်ကြီး ဆောက်ရင်တောင် အခုသူခိူးဈေးနဲ့ရောင်းတာထက် ပိုတောင်ဝင်ငွေများဦးမယ်။

ရဲ။    ။ကဲပါ အဲဒါနဲ့ လမ်းကြောင်းတွေလွဲကုန်ပြီ ဆက်ပါဦးဗျ။

မင်း။    ။အခုချိန်မှာက ဟိုသီချင်းလိုဘဲ”နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိ………… အားနည်းချက်တွေရှိလို့ ရှောင်ဖို့ကြိုးစားခဲ့သူမှာ သင်းတို့ရဲ့ခြေလှမ်းကို တားလို့မရပါ ”

ရဲ။    ။ဟား ခင်ဗျားပြောမှ ကျုပ်တို့တွေ အခုဘဲ လမ်းဆုံးရောက်နေသလိုဘဲ။

မင်း။    ။အကြောင်းအရာတိုင်းမှာ ဟာကွက် ဖြေကွက်ဆိုတာတော့ ရှိရတယ်လေ။ ကျွံဝင်နေတဲ့ဆူးတွေထဲမှာ ဒီတစ်ချောင်းက အဓိကအကျဆုံး၊အခက်အခဲဆုံးဘဲ။ အရေးကြီးတာ တစ်ခုကျန်ခဲ့တယ် ဒါကိုနှုတ်ဖို့ကလည်း အသင်းအဖွဲ့စည်း တစ်ခုတင်မရဘူး အားလုံးစုပေါင်း သွားရကြမှာ။

ရဲ။    ။ဒါဆိုအစောကြီးကတည်းက ဘာလို့မလုပ်ခဲ့တာလဲ။

မင်း။    ။ဟ ပြောပြီးသားလေ သူတို့မှာက ဆူးတွေကအများကြီး ဘာဟာကို အရင်နှတ်ရမလဲ မသိဘူး ဒီကြားထဲ တစ်ယောက်တလှည့်စီ လက်တည့်စမ်းနေကြတော့ ခက်ကုန်တာပေါ့။နောက်ပြီးတော့ တို့ဂုရုတွေက ဗိုလ်ချုပ်လုပ်သလို လိုက်လုပ်ကြသေးသဗျ။ ဗိုလ်ချုပ်က လွတ်လပ်ရေးလိုချင်လို့ ဂျပန်သွားတာ အလကားမဟုတ်ဘူး စစ်ပညာထက် အင်္ဂလိပ်ကိုတိုက်ချင်လို့ သွားပြီးညှိုနှိုင်းတာ အခုခေတ်က တိုင်းပြည်တဝက်စာလောက် လိုချင်ရင်တောင် နောက်ဖေးပေါက်ကဝင်သွား အားလုံးရတယ်။

ရဲ။    ။ဟေ့ဟေ့ မပါကြေးနော်။အေးဗျာ လွန်ခဲ့တဲ့နှစ်၂ဝလောက်ကတည်းက ဒီကိစ္စအတွက် တနေ့မှာအကျပ်အတည်း ဖြစ်လာမယ်ဆိုတာ သိရဲ့သားနဲ့ မဖြစ်သင့်ဘူးဗျ။

မင်း။    ။တို့တွေ မနှစ်ကခရီးထွက်တော့ ငါ့မိတ်ဆွေက ကားဒီးလက်စ် ခြောက်ပေါက်ကားကြီး တရက်စာငှားပြီး လိုက်ပို့တယ်လေ အဲဒီတုန်းက မင်းပြောခဲ့တာမှတ်မိလား “ငါတို့တောင် ဒီလိုအရသာခံစားတတ်ရင်…………………….” အေးဒီလိုဘဲလေကွာ။ဒါပေမဲ့ အကြောင်းရင်းကရှိတယ် လင်းယုန်ကြီးကလည်း အရင်တုန်းက  ဒီပုံစံမဟုတ်သေးဘူး။နောက်တချက်က ဘယ်ဘဝက ရေစက်လည်းမသိဘူး အလိုလိုနေရင်း သိပ်ကြည့်မရဘူးဖြစ်နေတာ။နောက် ပြီးခဲ့တဲ့အနှစ်၂ဝ ကျော်က တို့တွေက သူတို့တန်ဖိုးထားတဲ့ ခေါင်းစဉ်ကို ဗရုတ်သုက္ခ လုပ်ပြစ်ထားတာလည်း ပါတယ်ကွ။ အေး အထင်တော့မသေးနဲ့ တို့တွေက သူတို့ထက် လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ဒီခရိုက်ဆစ်တွေ ကြိုဖြစ်ထားတာ အခုမှသူများတွေက လိုက်ဖြစ်တာကွ။ ထားပါ လွန်ခဲ့တဲ့ တစ်နှစ်လောက်က  အီရတ်နိူင်ငံ အကြောင်းကို မိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးဖြစ်သေးတယ် အဲဒီမှာသူက စကားတခွန်းပြောခဲ့ဖူးတယ် ” အီရတ်ကိုစစ်တိုက်တယ်ဗျာ မတရားတာတွေ မမှန်တာတွေ ခဏထား အချိန်တန်ရင် သူ့နိူင်ငံကိုသူပြန်ရမယ်တဲ့ ကျုပ်တို့မှာ ဒီအကြောင်းမျိုးရှိလာခဲ့ရင် အချိန်တန်လို့ပြန်ရရင်တောင် ကျုပ်တို့မြေပုံ အရှေ့ဘက်တခြမ်းလုံးက ပဲ့နေမှာတဲ့”  အဲဒီတုန်းက သူ့ကိုအတွေးခေါင်တယ်လို့ ထင်ခဲ့တာ အခုအဲဒီအခြေအနေက လက်တကမ်းမှာ ရှိနေတယ်။

ရဲ။    ။ခင်ဗျားပြောမှ ခဏခဏကြားနေရတဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ ပင်လုံညီလာခံလိုပြန်လုပ်ပြီး တိုင်းရင်းသားတွေစည်းလုံးညီညွတ်မှုပြန်လည် ဖေါ်ဆောင်မယ်တို့ ဆိုတာကိုနည်းနည်း သဘောက်ပေါက်သလိုဘဲ။အဲဒါဆိုရင်တော့ အရင်ဆုံး သွားရမဲ့အဓိက ရည်းမှန်းချက်နဲ့ ဦးတည်ချက်ကို ပြောပါအုံး။

မင်း။    ။မင်းတို့ငါတို့ ကြားဖူးနေကြ ဒို့တာဝန်အရေးသုံးပါးတို့ ဦးတည်ချက်ရပ်( ၄ )ရပ်တို့ထဲမှာ ပါနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရေး ဆိုတဲ့စာတန်းက တို့တွေမျက်စိယဉ် နားယဉ်သာဖြစ်နေတာ အမှိုက်မပစ်ရဆိုတဲ့ စာလောက်တောင် အလေးမထားကြဘူး။ ဘာကြောင့်လဲလို့မေးရင်”တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရေး” ဆိုတာ ပုံနှိပ်စက်ရိုက် ဆိုင်းဘုတ်တင်နိူင်တဲ့ စကားလုံးမျိုးမဟုတ်ဘူး Policy Statement , Formatting statements အဖြစ်သုံးတော့ ဘာဖြစ်တုန်းကွာလို့ဆိုခဲ့ရင် သမိုင်းရှိခဲ့တဲ့ သမိုင်းဝင်ခဲ့တဲ့ စကားလုံးတွေက နတ်ကြီးတယ်လို့ ပြောရမှာဘဲ။ဩော စကားကပြောနေရင်းနဲ့ နည်းနည်းယိုင်သွားပြီ။

ရဲ။    ။အေးဗျာ ကျွန်တော်နည်းနည်း ဖြတ်မေးမယ် ခုနကစကားစုတွေက အစိုးရရဲ့အသုံးချမှုနေရာ လွဲခဲ့တယ်ပေါ့ ဟုတ်ပြီ ဒါနဲ့ဆိုနှစ်ကြိမ်ရှိပြီ ပထမတုန်းက Policy Statements အဖြစ် ဝါဒဖြန့်မှုမှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့တယ်။ဒုတိယအကြိမ်မှာက ဒီစကားလုံးကို အသုံးချပြီး အဆင့်တစ်ခုကို ဖြတ်ခဲ့ပြီ အခုလည်း မအောင်မြင်သေးဘူး အိုကေ ဒါဆိုနတ်ကြီးတယ်ဆိုတာကို နည်းနည်းလက်ခံပြီ။ ဘာကြောင့်လဲ ဘာအတွက်ဒီလိုဖြစ်ရတာလဲ မေးလို့ရလား။

မင်း။    ။ဟုတ်ပြီ…………….မင်းလည်း မိရိုးဖလာယုံကြည်မှုတို့ လက်ဆင့်ကမ်းအမွေအနှစ်တို့ ကြားဖူးတယ်ဟုတ်………လက်ခံလား? ။မယုံကြည်ရင်နေ လက်ခံရလိမ့်မယ်။(သူ*) ဒီလောက်အကြာကြီး ဒုက္ခ၊သုုက္ခတွေကြားမှာ သည်းညီးခံပြီး ဘာအတွက် စောင့်နေတယ်ထင်လဲ။

ရဲ။    ။ကျွန်တော် စကားတခုဖြတ်ပြောရရင် အခုခေတ် နိူင်ငံရေးလုပ်တယ်ဆိုတာကိုပေါ့  နည်းနည်းလေး လမ်းကြောင်း လွဲနေသလားလို့။

မင်း။    ။မဟုတ်သေးဘူး အဲဒီစကားကို ကန့်ကွက်လို့ရတယ်။နိူင်ငံရေးသမားလုပ်တာ လွယ်တယ် မလွယ်ဘူး ဆုံဖြတ်ရခက်တယ်။ကိုယ်လက်ခံယုံကြည်ထားတဲ့ ဝါဒကို မင်းဘယ်သူနဲ့မှ အတိုက်အခံမလုပ်နဲ့ ကိုယ်တိုင်ဘဲပြန်လုပ် သေထိမပြီးဘူး။ဥပမာ ပြောရရင် တစ်ယောက်တည်း ပိုကာကစားသလိုဘဲ။။နိူင်ငံရေးသမားလုပ်တာနဲ့ နိူင်ငံရေးလုပ်တာ ခေါင်းစဉ်ကတူမယောင်နဲ့ ၁ဒီဂရီလောက်ကွာတယ် အချိန်ကြာလာတဲ့အမျှ ကျယ်ပြန့်မှုနဲ့ ထိရောက်မှု မတူတော့ဘူး ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သည် နိူင်ငံရေးသမားမဟုတ်ဘူး အမျိုးသားရေးလှုပ်ရှားသူ ပြီးတော့ ခုနစကားလေးကို ပြန်ကောက်ရရင် သမိုင်းဝင်စာကြောင်းလေးရဲ့ အမှန်တကယ် အနှစ်သာရကို အတည်ပြုပေးရမယ့် အမွေဆက်ခံသူလည်း ဖြစ်နေတယ် သူရှေ့မှာ လျှောက်ခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်ရေးဆိုတာက နိူင်ငံရေးခါင်းစဉ်တစ်ခုရဲ့ Procedure အောက်ကနေပြိီးတော့ correctly approach လုပ်တာဆိုလည်း ဟုတ်တယ်။ဗို်လ်ချုပ်ရဲ့ မြန်မာပြည်လွတ်လပ်ရေး အတွက် အဓိကသော့ချက်ကို နောက်လူတွေက ဈေးဈေးပေါပေါနဲ့ အသုံးချလိုက်တာက အချိန်တွေပုပ်ကုန်တယ်။ဘာ့ကြောင့် သူ့ကိုနိူင်ငံတကာက လူတွေကဘာလို့ တန်ဖိုးထားလဲ။ ဘယ်သူ ဘယ်ဝါရဲ့ မျိုးဆက်ဆိုတာထက် အဓိကအဖြေက ရှင်းရှင်းလေးဘဲလေ။

ရဲ။    ။အဲဒါကတော့ အမှန်ဘဲ လူတစ်ယောက်နဲ့ တစ်ယာက်ကြားမှာ စံနမူထား အတုယူလို့ဘဲရမယ် သူ့အတိုင်းလိုက်လုပ်ဖို့တော့ မလွယ်ဘူး။အခုအခြေအနေမှာ ကျွန်တော်ကတော့ နည်းနည်းကြောက်နေသေးတယ်။
မင်း။    ။ကြောက်နေလို့လည်း အပိုဘဲလေ အခုကစပြီး ကိုယ်တတ်နိူင်တဲ့ဘက်ကနေ ကိုယ့်သမိုင်းကို ကိုယ်တိုင်ဝင်ရေးကြတာပေါ့။နောက်မို့ သူများဝင်ရေးသွားရင် အချိန်ကြာကြီးလည်းပြန်စောင့်ရမယ်  မြေပုံလေးလည်းပဲ့သွားလိမ့်မယ် ကိုယ့်လူရေ………………………….။

မှတ်ချက်။    ။ဖတ်မှတ်သိခဲ့သမျှပေါ်တွင် ကိုယ်ပိုင်ထင်မြင်ချက်ဖြင့် ရေးထားသောကြောင့် အရေးသား၊အကြောင်းအရာများတွင် အမှားများပါရှိပါက ခွင့်လွှတ်ကြပါ။ဝေဖန်ပေးကြပါ။

7 comments

  • kai

    December 17, 2011 at 3:51 am

    မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ လို့… ဒီရွာအဝင်မှာ ဆိုင်းဘုတ်ထောင်ထားခဲ့တယ်..။
    ကိုရဲစည်ရဲ့.. ပထမဆုံးပို့စ်က.. အရေးရော..အမြင်ရော.. လှပါပေတယ်..။

    ဆိုတော့..
    တောင်မြန်မာ၊ မြောက်မြန်မာခွဲမယ်ဆို.. ဘယ်နေရာလောက်က ဖြတ်မယ် ထင်သလည်း…။ 😆

  • Khin Latt

    December 17, 2011 at 4:30 am

    —– နိူင်ငံရေးသမားလုပ်တာနဲ့ နိူင်ငံရေးလုပ်တာ ခေါင်းစဉ်ကတူမယောင်နဲ့ ၁ဒီဂရီလောက်ကွာတယ် အချိန်ကြာလာတဲ့အမျှ ကျယ်ပြန့်မှုနဲ့ ထိရောက်မှု မတူတော့ဘူး ——

    ကျွန်မ အဲဒီစကားကို အလွန်စိတ်ဝင်စားပါတယ်။ ကြုံလို့ အသေးစိတ် ထပ်ရှင်းပေးနိုင်ရင် ကျွန်မလို လူပြိန်းတွေ အတွက် ဗဟုသုတ တိုးပါမယ်။ အချိန်ရခဲ့ရင်ပေါ့။

  • koyinmaung

    December 17, 2011 at 6:00 am

    (။ဖတ်မှတ်သိခဲ့သမျှပေါ်တွင် ကိုယ်ပိုင်ထင်မြင်ချက်ဖြင့် ရေးထားသောကြောင့် အရေးသား၊အကြောင်းအရာများတွင် အမှားများပါရှိပါက ခွင့်လွှတ်ကြပါ။ဝေဖန်ပေးကြပါ။) ဆိုလို့
    ဟီလာရီကလင်တန် မြန်မာပြည်ကိုလာမှမောင်ရဲစည်ရဲ့စိုးရိမ်စိတ်ကပို့စ်တခုဖြစ်အောင်စိုးရိမ်သွားရတယ်ပေါ့
    အာဏာရှင်စစ်အစိုးရကိုပြုတ်မကျအောင်ထောက်ကူပေးပြီးတို့ပြည်သူတွေကိုလူလို့မထင်အရေးမစိုက်တဲ့
    တရုတ်နိုင်ငံရဲ့အကြောင်းလေးတော့ထည့်ဝေဖန်အုံးမှပေါ့…..မင်းနားမလည်ယင်တော့မသိဘူး
    လက်ရှိနိုင်ငံခေါင်းတောင်တွေတောင် သူအားကိုးတကြီးထားခဲ့တဲ့တရုတ်ကို သူကိုယ်တို်င်ပြန်ကြောက်ရမှန်း
    သိနေတာကိုဘဲ တို့ကကျေးဇူးတင်နေတာကွ…..
    ….အလုပ်သွားလိုက်အုံးမယ်ဟေ့…..

    • ရဲစည်

      December 22, 2011 at 12:11 am

      တရုတ်အကြောင်း စာလုံးစီနေပါတယ် ပြင်းပြင်းလေးလေး ဝေဖန်ပေးပါ့မယ်။ကိုယ်ပေါင်ကိုယ်လှန်ထောင်းတဲ့ အခန်းတွေတော့များလိမ့်ဗျာ။

      • char too lan

        December 22, 2011 at 10:58 am

        လုပ်ဗျာ…. စောင့်ဖတ်မယ် …

  • char too lan

    December 17, 2011 at 3:56 pm

    (အီရတ်ကိုစစ်တိုက်တယ်ဗျာ မတရားတာတွေ မမှန်တာတွေ ခဏထား အချိန်တန်ရင် သူ့နိူင်ငံကိုသူပြန်ရမယ်တဲ့ ကျုပ်တို့မှာ ဒီအကြောင်းမျိုးရှိလာခဲ့ရင် အချိန်တန်လို့ပြန်ရရင်တောင် ကျုပ်တို့မြေပုံ အရှေ့ဘက်တခြမ်းလုံးက ပဲ့နေမှာတဲ့” အဲဒီတုန်းက သူ့ကိုအတွေးခေါင်တယ်လို့ ထင်ခဲ့တာ အခုအဲဒီအခြေအနေက လက်တကမ်းမှာ ရှိနေတယ်။ )

    ထိတ်လန့်စရာတော့ ကောင်းတယ် အဲ့လောက်ဆိုးလားဗျာ……………………. 🙁

  • ကြောင်ကြီး

    December 22, 2011 at 12:12 pm

    ဝမ်းသာပါတယ်ဗျာ….အခုလို တဝက်ဖော်တဝက်ဖုံး စာသားလေးတွေနဲ့ ဖတ်သူကိုပါ စဉ်းစားဖို့ အလုပ်ပေးသွားတာ။ အကြံတခုပေးမယ်ဗျာ၊ (ကျနော့်မှာလည်း သိပ်မကျန်ဒေါ့ဘူး) နောက်တခါဒီလို ဖတ်သူမူးနောက်အောင်ရေးမယ်ဆိုရင် အကြောင်းအရာ တခုခြင်းလောက်ကို ခပ်တိုတိုရေးတာကောင်းမယ်။ သိပ်များသွားရင် စဉ်းစားရတာ ပင်ပန်းတယ်။ အခုတော့ ဝင်ပြောချင်ပေမဲ့ စာကသိပ်အကွေ့အကောက်များပြီး ရှည်လို့ ဥနှောက်က အလုပ်မလုပ်တော့ဘူး။ ရွာမှာ လူပြိန်းလူအများစုဆိုတာ မမေ့ပါနဲ့ဗျာ။ ဥနှောက်စားချင်ရင် နဲနဲချင်းလုပ်ပါ။။။။။။။။။။။။။။။။ 🙁

Leave a Reply