မြန်မာပြည်ရဲ ့ Ecosystem ကိုမထိန်းရင် ဗမာတွေသေဖို့သာပြင်တော့။
Ecosystem ဆိုတာက ဗမာလို ဂေဟစနစ်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဂဟေဆော်သလိုမျိုး တခုနဲ့တခုကိုချိတ်ဆက်ပေးတဲ့စနစ်ပဲ။ ဥပမာ- အင်းလေကန် ရေခမ်းတယ်။ ရေခမ်းတော့ အင်းလေးကန်ကို အမှီပြုနေတဲ့ လူ၊ ငါး၊ ငှက် တွေဒုက္ခရောက်ရတယ်။ ဒီသုံးမျိုးစလုံးက အင်းလေးကန်ရဲ ့သဘာဝကိုအမှီပြုပြီးနေရတယ်။ ရေခမ်းတော့ ငါးသေတယ်။ အပင်သေတယ်။ ငါးလည်မရှိ၊ အပင်လည်းမရှိ၊ ရေလည်းမရှိဆိုတော့ လူလည်းစားစရာပြတ်၊ ငှက်လည်းနားစရာပြတ်ကုန်တယ်။ ဒီလိုမျိုးတခုနဲ့တခုချိတ်ဆက်နေတာက Ecosystem (ဂေဟစနစ်) ပဲ။ ဂေဟစနစ်မှာ ရေ၊ နေ၊ လေ၊ မြေ၊ လူ၊ Animal တွေအားလုံးအကျုံးဝင်တယ်။ ဒါက ကျနော်နားလည်တဲ့ ဂေဟစနစ်။
ဘာ့ကြောင့်ရေခမ်းတာလည်းဆိုတော့ အင်းလေကန်ရဲ ့ဘေးပတ်ဝန်းကျင်က Ecosystem တခုလုံးပျက်စီးနေလို့ပဲ။
မြန်မာပြည်တခုလုံးရဲ ့ဂေဟစနစ်လည်းပျက်စီးနေပြီ။ ဒါ့ကြောင့် ရေမရှိတာ၊ မိုးအရမ်းရွာတာ၊ နေပူတာ၊ ရေကြီးတာတွေဖြစ်လာနေတယ်။ ဒါက လူတိုင်းနားလည်တဲ့ သီအိုရီပဲ။
မြန်မာ့နိုင်ငံရဲ ပတ်ဝန်းကျင် နိုင်ငံတွေကိုကြည့်။ လူဦးရေအများဆုံးတရုတ်၊ ကုလားတွေရှိတယ်။ ဒီနိုင်ငံနှစ်ခုရဲ ့ Ecosystem ကိုကြည့်။ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အများဆုံး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အများဆုံးနိုင်ငံ။ ကမ္ဘာပေါ်က စက်ရုံတွေအများစုဟာ တရုတ်ပြည်မှာသွားပြီး Made In China လုပ်ကုန်ပြီ။ အလုပ်သမားဈေးပေါလို့။ စက်ရုံတွေသွားတော့ဘာဖြစ်လဲ။ စက်ရုံနဲ့အတူ အမိုက်၊ အညစ်အကြေး၊ အဆိပ်ငွေ့တွေပါသွားတယ်။ ဒါတွေက တရုတ်လူဦးရေ သန်းတစ်ထောင်ကနေ သန်းတစ်ရာဖြစ်သွားနိုင်တဲ့ အခြေအနေ။
ကုလားပြည်ကိုလည်းကြည့်အုံး။ တရုတ်လိုပဲ။ နေရာတိုင်း ချီးပုံတွေရှိတယ်။ ဗမာတွေလိုပဲ ကုလားတွေလည်း ညစ်ပက်တယ်။ ကုလားပြည်ရဲ ့သဘာဝ ပတ်ဝန်းကျင်လည်း ကမ္ဘာပေါ်က အဆိုးဆုံးနိုင်ငံတွေထဲမှာပါတယ်။ လူဦးရေထူထပ်တယ်။ ကျေးလက်မှာအရမ်းဆင်းရဲတယ်။ အရမ်းဆင်းရဲသောပြည်သူတွေရဲ ့သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ဖို့ဆိုတာက သူတို့အတွက် တနေ့စာထင်းတစ်စီးရဖို့လောက်တောင် အရေးမကြီးဘူး။
ဒီနိုင်ငံနှစ်ခုရဲ ့ Ecosystem မှားယွင်းနေတယ်။ ညစ်ညမ်းမှုတွေရှိနေတယ်။ လေထု၊ ရေထု၊ ညစ်ညမ်းမှုတွေဖြစ်နေတယ်။ ညစ်ညမ်းမှု Pollution တွေက အငြိမ်မနေဘူး။ လျှောက်ဒိုးနေတာ။ လေထုကနေ လေတိုက်ရင်ဗမာပြည်ထဲကို ရောက်သွားနိုင်တယ်။ မြေအောက်ရေ၊ မြေပေါ်ရေကလည်း တဖြည်းဖြည်းရွှေ ့နေတာ ကြပ်ပြေး, အထိမရောက်ဘူးလို့ ပြောနိုင်လား။ ဗိုလ်ချုပ်တွေ Arsenate လို ့ ခေါ်တယ် မြေအောက်အဆိပ်ရေသောက်ပြီး သေသွားနိုင်တယ်။ မြေအောက်အဆိပ်ရေနဲ့ပက်သက်လို့ ရိုဟင်ဂျာနိုင်ငံ (ဘင်္ဂလားဒေ့ရှ်) ကိုကြည့်။ အရမ်းပေါတယ်။ ကုလားတွေ ရေဆိပ်မိလို့သေကုန်တာ နည်းတာမဟုတ်ဘူး။
ဒီ Pollution တွေဘာ့ကြောင့်ဖြစ်လာလဲဆိုတော့ လူတွေစောက်သုံးမကျလို့ဖြစ်လာတာလို့ပြောရမှာပဲ။ စက်ရုံအလုပ်ရုံတွေက ထွက်တဲ့အညစ်အကြေးတွေကို စနစ်တကျစွန့်ပစ်ရမယ်။ ဥပမာ -စက်ရုံကိုမပြောနဲ့အုံး။ ကားတွေကို ဓာတ်ဆီဖြည့်တဲ့ ဓာတ်ဆီဆိုင်ရဲ ့အညစ်အကြေး။ ဓာတ်ဆီသိုလှောင်ကန်ကနေ တဖြည်းဖြည်း စိမ့်ထွက်ပြီးမြေကြီးထဲကိုရောက်မယ်။ မြေကြီးထဲကနေ မြေအောက်ရေရှိတဲ့နေရာအထိရောက်မယ်။ မြေအောက်ရေထဲရောက်သွားပြီပဲထား။ ဓာတ်ဆီဆိုင်ရဲ ့ဘေးနားက အိမ်မှာ အဝီစိတွင်းရှိရင်တော့ သေဖို့သာပြင်တော့။ ဒါက မြေအောက်ရေညစ်ညမ်းမှု။ ဒီဟာတွေဟာ ချက်ချင်းဖြစ်မလာသလို၊ ချက်ချင်းလည်း ပျောက်သွားတာမဟုတ်ဘူး။ အနည်းဆုံး ၁၀- နှစ်လောက်ကြာတယ်။
အထက်က ဥပမာက နိုင်ငံတိုင်းမှာရှိတယ်။ ကျနော်စိုးရိမ်တဲ့ တရုတ်နဲ့ ကုလားပြည်က အညစ်အကြေးတွေဟာ မကြာခင် ဗမာပြည်ကိုကူးလာတော့မယ်။ ဗမာပြည်ဟာ စက်ရုံအလုပ်ရုံအညစ်အကြေးတင်ရတာမဟုတ်ဘူး။ လူ,အညစ်အကျေးပါ တရုတ်ပြည်ကနေရနေတယ်။ ဥပမာ – မန္တလေးကိုကြည့်။ ယူနန် II ဖြစ်တော့မယ်။ ဗမာနိုင်ငံဟာ မိမိရဲ ့ Ecosystem ကို မထိန်းရင် နောင်နှစ်ပေါင်း သုံးရာလောက်ဆိုရင် ဗမာပြည်၊ ဗမာလူမျိုးရှိတော့မှမဟုတ်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ် / ကုလားရဲ ့အညစ်အကျေးတွေ (Pollution) မိကုန်လို့ပဲ။
Ecosystem ပျက်စီးအောင်လုပ်တဲ့နေရာမှာ အရေးကြီးဆုံးက Irreversible မဖြစ်ဘို့အရေးကြီးတယ်။ ဥပမာ – သစ်ပင်ခုတ်လိုက်ရင် သစ်ပင်ဟာ ၁ဝ – နှစ်အတွင်းအရွယ်ရောက်နိုင်တယ်။ မြေကြီးအောက်က ရေနံတွေ၊ Gas တွေအကုန်လုံးကို တရုတ်နဲ့ထိုင်းကိုရောင်းစားလိုက်တဲ့အခါ ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက သစ်ပင်စိုက်သလို ၁ဝ – နှစ်အတွင်းပြန်ပြီး ပြည့်လာတာမဟုတ်ဘူး။ ဒါကို Irreversible လို့ခေါ်တယ်…ငတုံးသန်းရွှေရဲ ့၊ ငအ သိန်းစိန်ရဲ ့။ ရောင်းစားဖို့လောက်ပဲ စိတ်မကူးနဲ့။ ဗမာပြည်ရဲ ့ Ecological footprints ဘယ်လောက်ရှိလဲဆိုတာကိုလည်း လေ့လာအုံး။
ဗမာပြည်ရဲ ့ Ecosystem နဲ့ ပက်သက်ပြီး အခုလောလောဆယ်ဘာလုပ်ရမလဲ။ အဖြေကတော့ ကျနော်တို့ပြန်လည်မွေးမြူရတော့မယ်။ ရေခမ်းသွားလို့ဆိုပြီး NLD လိုကောက်ခါငင်ကာ အပင်ထစိုက်သလိုမျိုးမရဘူး။ အပင်ကလည်း တစ်ရက်အတွင်း ဝုန်းကနဲ့ထပြီး ကြီးသွားတာမဟုတ်ဘူး။ Long Term Plan ရှိရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဥပဒေတွေကို ထုတ်ရတော့မယ်။ ဒါတွေ စနစ်တကျ ဗမာပြည်မှာမရှိဘူး။ ရှိတဲ့ ဥပဒေတွေကလည်း ကဘောက်တိကဘောက်ချာနဲ့။ ဥပဒေရှိပြီး မလိုက်နာရင်လည်း အလကားပဲ။ နောက်ပြီး Instituation တွေရှိရမယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Research ဌာနတွေရှိရမယ်။ Enviromental Impact Assessement တွေကို အစိုးရက စနစ်တကျအကောင်အထည်ဖော်ရမယ်။ အာ…ဒါတွေပြောရင်ပြီးမှာမဟုတ်တော့ဘူး။ ကျနော်ပြောရင် သန်းရွှေအစိုးရ နားလည်မှာ မဟုတ်ဘူး။ အသေးစိတ်သိချင်ရင် ကျနော့်အိမ်လာခဲ့လို့ပဲ ပြောရတော့မယ်။ ထားပါတော့။
ဆိုတော့ ဗမာပြည်ရဲ ့သဘာပတ်ဝန်းကျင်ပျက်စီးနေပြီလို့ လူတိုင်းနားလည်ထားတယ်။ အိုကေ…ရတယ်….ထိုင်းလိုပြောရင် မိန့်ပလိုင်(ပြဿနာမရှိဘူး)။ ပျက်နေပြီးဆိုတော့ပြင်ရတော့မယ်။ ဘယ်လိုပြင်ရင်ကောင်းမလဲ။ ဒီနေရာမှာ ဥပမာတခုရှင်းပြမယ်။ အမေရိကန်နိုင်ငံက ဥပမာ။
” ဒီဖြစ်ရပ်က Air pollution လို့ခေါ်တဲ့ လေထုညစ်ညမ်းမှု နဲ့ဆိုင်တယ်။ အမေရိကန်နိုင်ငံမှာ Chattanooa လို့ခေါ်တဲ့မြို ့ရှိတယ်။ ၁၉၆ဝ မှာ ဒီကိစ္စဖြစ်ခဲ့တယ်။ အဲဒိမြို ့ရဲ ့လေထုညစ်ညစ်မှုဟာ အမေရိကန်မှာ အဆိုးဆုံးပဲ။ သံရည်ကျိုစက်ရုံတွေက ထွက်တဲ့အငွေ့တွေကြောင့် Chattanooa မြို ့ဟာ နေ့ခင်းကြောင်တောင်မှာတောင် ကားမောင်းရင် မီးထိုးပြီးမောင်းရတယ်။ မိုးခိုးငွေ့တွေဟာ တမြို ့လုံးကို မှောင်နေတာပဲ။ ဒါ့ကြောင့် မြို ့လူထုဟာ တခြားမြို ့တွေကိုလစ်ပြေးကုန်ကြတယ်။
၁၉၈၄-ခုနှစ်မှာ လူထုခေါင်းဆောင်တွေ ဒီကိစ္စအတွက် အစည်းအဝေးခေါ်ပြီး၊ လူထုနဲ့တိုင်ပင်တယ်။ အားလုံးသဘောတူမှု Consensus တစ်ခုရတယ်။ ဒါကတော့ ဒီမြို ့ကို သန့်ရှင်းအောင်လုပ်ဖို့။
၁၀-နှစ်ကြာပြီး ၁၉၉၅-ခုနှစ်မှာ Chattanooa မြို ့ဟာ တော်တော်သန့်ရှင်းလာတယ်။ စက်ရုံကထွက်တဲ့မီးခိုးငွေ့တွေကို သုံးညအဆင့်ထိလျှော့ချနိုင်တယ်။ ဒီဇယ်နဲ့မောင်းတဲ့ ဘက်စ်ကားတွေ၊ ရထားတွေအစား၊ လျှပ်စစ်နဲ့မောင်းတဲ့ ရထားတွေ၊ ကားတွေကို အစားထိုးသုံးလာတယ်။ Recycling အစီအစဉ်တွေအကောင်အထည်ဖော်တယ်။ ၃၅ ကီလိုမီတာလောက်ရှည်တဲ့ ပန်းခြံတခုကိုတည်ဆောက်တယ်။ အဲဒိပန်းခြံမှာ အပင်တွေ၊ ပန်းတွေစိုက်တယ်။ နောက်ပိုင်းမြို ့က တော်တော်စိုပြည်လာတယ်။ ကျန်းမာရေးနဲ့ညီညွတ်လာတယ်။ မြို ့ကနေ လစ်ပြေးပြီး၊ တခြားမြို ့မှာ သွားနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူထုတွေပြန်လာကြတယ်။ နောက်ဆုံး အခြားမြို ့ကလူတွေဟာ တစ်နှစ်ကို လူတစ်သန်းလောက်အထိ Chattanooa မြို ့ပန်းခြံကိုလာပြီးတောင် အပန်းဖြေရတဲ့အဆင့်ဖြစ်တဲ့အထိအောင်မြင်လာတယ်”
ဒီဖြစ်ရပ်က အတုယူစရာဖြစ်ရပ်ပါ။ ဖြုတ်, အုံးနှောက်နဲ့စစ်အစိုးရကိုပြောမယ်။
သူများနိုင်ငံတွေရဲ ့ကောင်းတဲ့ လုပ်ရပ်ကိုအတုမခိုးချင်ရင် လုပ်စရာတခုပဲရှိတော့တယ်။ ဗမာပြည်ကို FOR SALE ကပ်လိုက်တော့။ အားလုံးမကုန်သေးခင် အချိန်မှီသေးတယ်။
မှီငြမ်း….Miller ရဲ ့Living in the Enviroment ကိုမှီငြမ်းထားသည်။
11 comments
tzz
December 18, 2011 at 8:11 am
ဪ ဒါ့ကြောင့် စာရေးစရာတွေလက်ကြော မတင်းဘူးလို့ ဒင်းကပြောတာကိုး။
“မှီငြမ်း….Miller ရဲ ့Living in the Enviroment ကိုမှီငြမ်းထားသည်” ဆိုဘဲ။
အင်း Copy & Paste ဆိုတော့လဲ
tzz
December 18, 2011 at 8:28 am
မြန်မာပြည်ရဲ ့ Ecosystem ကိုမထိန်းရင် ဗမာတွေသေဖို့သာပြင်တော့
by Myanmar Wildlife Information Network on Thursday, June 9, 2011 at 7:42pm
(မြန်မာလိုမူရင်းရေးသားသူကိုမသိပါ။ forward mail မှတဆင့်ဝင်လာသောအီးမေးလ်ဖြစ်ပါသည်။ အစိုးရလူကြီးများကိုနာမည်တပ်ဆဲနေသော်လည်း အားမလိုအားမရဖြစ်နေသော စာရေးသူ၏ စေတနာကိုမြင်နေရပါသည်။ ထို့အတွက် မဖတ်ရသေးသူများသိသာရန်ပြန်လည်ဝေငှလိုက်ပါသည်။ )
Ecosystem ဆိုတာက ဗမာလို ဂေဟစနစ်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဂဟေဆော်သလိုမျိုး တခုနဲ့တခုကိုချိတ်ဆက်ပေးတဲ့စနစ်ပဲ။ ဥပမာ- အင်းလေကန် ရေခမ်းတယ်။ ရေခမ်းတော့ အင်းလေးကန်ကို အမှီပြုနေတဲ့ လူ၊ ငါး၊ ငှက် တွေဒုက္ခရောက်ရတယ်။ ဒီသုံးမျိုးစလုံးက အင်းလေးကန်ရဲ ့သဘာဝကိုအမှီပြုပြီးနေရတယ်။ ရေခမ်းတော့ ငါးသေတယ်။ အပင်သေတယ်။ ငါးလည်မရှိ၊ အပင်လည်းမရှိ၊ ရေလည်းမရှိဆိုတော့ လူလည်းစားစရာပြတ်၊ ငှက်လည်းနားစရာပြတ်ကုန်တယ်။ ဒီလိုမျိုးတခုနဲ့တခုချိတ်ဆက်နေတာက Ecosystem (ဂေဟစနစ်) ပဲ။ ဂေဟစနစ်မှာ ရေ၊ နေ၊ လေ၊ မြေ၊ လူ၊ Animal တွေအားလုံးအကျုံးဝင်တယ်။ ဒါက ကျနော်နားလည်တဲ့ ဂေဟစနစ်။
—————————ဆိုပြီး ဖေ့ဘွတ် မှာတွေ့ပါတယ်။
ဂေဇက်စည်းကမ်းချက် 4…………………. forwarded email မှစာများကူးတင်ခွင့်မရှိ။
ကိုယ့်ဟာကိုကျတော့ ၆ တလွဲ
phone_kyaw
December 18, 2011 at 9:03 am
လွန်ခဲ့တဲ့ နှစ်က ကျနော်ရေးထားတဲ့စာတွေကို ပြန်လည်တင်ပြနေခြင်းဖြစ်ပါတယ်။ ဖတ်ချင်ရင်တော့ http://www.phonekyaw.blogspot.com ကိုသာလာခဲ့ပါ။ မဲမဲမြင် ဆဲချင်နေတဲ့ ညီအစ်ကိုတို ့သတိထားရမှာက ခေါင်းကို နဲနဲလောက်အလုပ်ပေးပါလို ့။
Ka Yin Lay
December 18, 2011 at 9:20 am
ဟုတ်ဗျ ခုတလော ရွာသူားတွေလဲ စရိုက်နဲနဲကြမ်းနေတာ မဲမဲတင်မဟုတ် ဖြူဖြူလဲ အမြင်မခံဝံ့ဘူး၊
ဒီလိုပြောမိလို့ သက်ကြီးဝါကြီးများ ကိုလဲ ကန်တော့ပါတယ်။
ပြောစရာရှိရင်ပြောကိုပြောပြရမှဖြစ်မှာ ။ အခွင့်အရေးကြုံရင် မျက်နှာချိုလာ လာသွေးနေတဲ့
အကိုလေး တွေလဲ အများသားဗျ ။
volcano101
December 18, 2011 at 10:06 am
မင်းကနိုင်ငံအတွက် ဘာတွေကောင်းတာလုပ်နေလို့ ကိုယ့်နိုင်ငံကလူတွေကိုပဲလိုက်ဖဲ့နေရတာလဲ
မင်းကိုယ့်နိုင်ငံကိုကောင်းအောင်လုပ်ချင်ရင် ပြန်လာပြီ အဲ့ဒီ ရုပ်နေတဲ့အညစ်အကြေးတွေကိုလျှာနဲ့လာရက်လိုက်
water-melon
December 18, 2011 at 10:07 am
ဘယ်လို Copy & Paste ဖြစ်နေပါစေ ရွာသူရွာသားတွေအတွက် ဗဟုသုတရရင်တော့ ကောင်းတာပေါ့နော်။
ကျန်တာတော့ သူကြီး အပိုင်းပေါ့ 😛
zaw min
December 18, 2011 at 9:35 pm
ငြိမ်ငြိမ်နေသူကိုလည်း ကဲ့ရဲ့တယ်…
စကားများသူကိုလည်း ကဲ့ရဲ့တယ်…
ချင့်ချင့်ချိန်ချိန်ပြောသူကိုလည်း ကဲ့ရဲ့တယ်..
အကဲ့ရဲ့မခံရသူဆိုတာ လောကမှာမရှိ..
(နထ္ထိ လောကေ အနိနိ္ဒတော)
ဗုဒ္ဒ၊ဓမ္မပါဒ
ဘယ်အရာပဲဖြစ်ဖြစ် မိမိကစေတနာထားတတ်ဖို့လိုပါတယ်…
unclegyi1974
December 18, 2011 at 10:08 pm
်အင်းဘာပြောပြောဒီတခုတော့သူတကယ်ကြိုးစားထားတယ်လို့ပြောမယ်
ကော်ပီလို့ဝန်ခံထားတယ်
နောက်တဆင့်ကိုယ်တိုင်ရေးနိုင်ဖို့အားပေးပါတယ်
နောက်တခုဦးအကြံပေးချင်တာကဦးတည်ချက်ကကောင်းနေပြီးအဆဲကလေးကပါတော့
ထမင်းပုဂံထဲမစင်တပဲသားကျနေတယ်ဆိုသလိုဖြစ်နေသလားလို့
ကြောင်ကြီး
December 19, 2011 at 9:45 am
ဒီလို ပညာရပ်ပိုင်းဆိုင်ရာ ရှုဒေါင့်ကနေ လူပြိန်းနားလည်အောင် ရေးပေးတဲ စာမျိုးကို ကြိုဆိုပါသည်၊ ကြိုဆိုပါ၏။ ရွာခဲမှာလည်း မြန်မာပြည်တွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်နေသူ ရွာသူားအများအပြားရှိသည်ဟု ယုံကြည်ပါသည်။ အားလုံး ပူးပေါင်းဆောင်ရွက်ကြလျင် သစ်ပင်ကြီးတပင် ဖြစ်လာရန် မခဲယဉ်းလှပါ။ သို့မှသာ ကြောင်ကြီးသစ်ခုတ်နိုင်မည် ဖြစ်ပါသည်။။
နီလေး
December 19, 2011 at 11:08 am
ကြိုဆိုပါတယ် စေတနာအမှန်တွေကို တစ်နေ့ခံစားတတ်သွားကြမှာပါ
char too lan
December 19, 2011 at 1:37 pm
တချို ့အသုံးအနှုန်းကလွဲရင် အားလုံးကောင်းတယ်