Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဏာရှင် မဟန ပြောင်းလဲ သင့်ပြီလော ( ဦးပညာဇောတ – ABMA )

kaiDecember 21, 20111min3525

ရဟန်းသံဃာတော်များသည် ဘုရားရှင်လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင်အောင်ပင် ဖြစ်ပါတယ်။ နောင်လည်းပဲ အစုအဖဲ့ွ အနေနှင့်ပင် ဆက်လက် နေသင့် နေကြရမှာဖြစ်ပါတယ်။တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊
လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲနဲ့ နေတဲ့ ပေါင်းစုထားတဲ့ အဖဲ့ွအစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖဲ့ွနေစရာ မလိုတဲ့ သဘောပါ။

ဗုဒ္ဓက သူ့ သာသနာတော်သို့ ဝင်ရောက်လာသူ မှန်သမျှကို ဝိနည်းသိက္ခာပုဒ်အတိုုင်း လိုက်နာနေထိုင်ပါက
သံဃာ့အဖွဲ့ဝင်အဖြစ် အသိ
အမှတ်ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်းချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန်
သေးသမျှ ရဟန်းအဖြစ်က ရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လဲမရပါဘူး။ အာဏာအသုုံးပြုပြီး သင်္ကန်းဆွဲ ချွတ်ရင်တောင် သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂ သိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ ညီမှသင်္ကန်းဝတ်တာ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင် အမည်ခံထားပြီး ဝိနည်းကို နားမ
လည်တဲ့ လူ့အန္ဓများကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလု့ိ ထင်နေကြပုံရပါတယ်။

မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄ရပါးနဲ့အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ မဆလ အာဏာရှင် ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ် ဆိုပေမယ့် ဒီ မဟန အဖွဲ့ကို လွယ်လွယ်နဲ့ ဖွဲ့နိုင်ခဲ့တာတော့ မ
ဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့ နောက်ကွယ်မှာ သံဃာ့အဖ့အွဲ စည်းတခုဖြဲ့ွပီး ယင်းအဖွဲ့ကို အသုံးပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေဝင်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီးများက ကောင်းစွာသိ နေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက်မယ့်အထဲမှာ ငါတို့ကို ဆမွဲ ထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေ များ
လာသည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ဝိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်”လို့ဟု မဟုတ်မမှန်လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို
အဓမ္မဖဲ့စွ ည်းခ့ပဲ ါသည်။ ၁၉၉ဝ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာ ဝါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀ရ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး
သံဃာတော်များကိုဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖဲ့ွ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကိုကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတသဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်း
နိုင်အောင် ဖြားယောင်းခ့ပဲ ါတယ်။ ဖုန်း ကား ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလဲ အပြည်အဝ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများက့သဲ ို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ
ဏာပိုင်အဆင့်ဆင့်ခိုင်းတာကို လုပ်နေသည့်အပြင် လဘ်ထိုးပြီး နေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာတွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။

မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟန ဆရာတော်အချို့ကို အသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့်အသီးသီးထုတ်ပြီး အုပ်ချုပ်ခ့ပဲ ါတယ်။ အဖွဲ့အ စည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြို
ကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလ အစိုးရကို အပြစ်မမြင်တော့ပဲ မဟနကိုသာ အမြင်မကြည်မလင်ဖြစ်လာပါတယ်။
ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့် မပေးပဲ အပြင်လူထုနှင့် အဆက်အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်း တိုက်ပေးတဲ့ နည်းကို အသုံးပြုပါတယ်။
အာဏာရှင်အဆက်ဆက်များဟာ မဟန အဖြဲ့ွကီးကိုလည်း မြေမှု ကျောင်းမှု ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာနက လူပြန်တော်ပွဲစားများက တဆင့် လာဘ်စား တတ်အောင်သင်ပေးပြီး ငွေများ တရားနိုင်တဲ့ အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ ်။ အမှု
ကိစ္စ ဖြစ်သည့်အခါ အမှုနိုင်ရေးအတွက် ငွေ ဘယ် လောက်ပေးရမယ်ဆိုတာမျုးိကို လူပြန်တော်တွေကတဆင့် ပြောဆိုပြီး လူပြန်တော်နဲ့ ဝိနိစယ္ဆ ( တရားရေးအဖဲ့ွ)တို့ ခွဲ ဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။

မဟန အဖြဲ့ွကီးကို“သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖဲ့ွခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေကကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟန အဖွဲ့ရဲ့ အဝိဇ္ဇာမောဟတရားများ ဖုံးလွှမ်းတာ အားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့်
သာ သနာတော်ဟာ မသန့်ရှင်းပဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင် လုပ်ရာမှာလည်း နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်တွေ ပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး
သာသနာတော် တိုးတက်စေလိုတဲ့ ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ တက္ကသိုလ်တွေရဲ့ လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းကအထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။

နိုင်ငံတော်ကနေပြီး ပြည်ပက်ို သာသနာပြု လွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့တက္ကသိုလ်တွေ (နပသ)တွေ ဖွင့်ထားသော်လည်း အရည်အချင်းမပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှုစတဲ့ အကြောင်းများကြောင့် နှစ်ပေါင်း ၂ရ နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့် အစီအစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့် သံဃာတော်များ ရှိလို့သာ မြန်မာပြည် ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်းဖြစ်ပါတယ်။

နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကို တင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာ မနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေးပွဲ အချခံရခြင်း အပြစ်သေးသေးလေးကို အကြောင်းပြကာ နှင်ထုတ်ခံရခြင်းများ ပြုလုပ်ပြီး ခိုင်းသမျှ လုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့် စနစ်ကို တရားမဝင် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ
သာသနာပြန့်ပွားဖို့အတွက် လုပ်ခ့ေဲ ပမယ့်၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိ ဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှလုပ်ဆောင်တာမရှိတော့ပါဘူး။

မဟန အဖဲ့ဟွ ာ သာသနာတော်နဲ့ သက်ဆိုင်တဲ့ ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ပဲ အာဏာရှင် အဆက်ဆက်ရဲ့ အကျိုးဆောင်လက်ကိုင်ဒုတ်ဖြစ်လာနေပါတယ်။ မဆလ ရှိစဉ်က မဆလ ခိုင်းတာလုပ်ပေးရပြီး နဝတ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို လုပ်ပေးခဲ့ပါတယ်။ အခုလည်း
ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကို မကြည့်ပဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့ အဖွဲ့အဖြစ်ပဲ တည်ရှိနေပါတယ်။ အာဏာရှင်အစိုးရတွေ ပုံစံမျုးိစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့ မပြောင်းလဲသေးပါဘူး။

သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀ရ မှာကျောင်းတိုက်တွေ ဝင်ရောက်စီးနင်းတာ သံဃာတော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာတည်မြဲ
ရေးအတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ်ဝိုင်းဆရာတော်လို ဆင်းရမဲ ျိုးစုံ ကြုံနေရပြီး မှန်ကန်တဲ့ ပြည်သူ့ဘက်က မရပ်ပဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့ အဖဲ့ွဖြစ်နေတော့
မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။

မဟန အဖွဲ့ထဲ က အမှန်အတိုင်း လုပ်ကိုင်ချင်တ့ဆဲ ရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိပဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာတော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ဝင်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်းငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ဝမ်းနည်းစရာအလွန်
ကောင်းပါတယ်။သံဃဝိနိစ္ဆယ (သံဃာ့တရားရုံး)တွေ ရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှ အကာအကွယ် မပေးခဲ့ပါဘူး။ သံဃာ့တရားရုံး ဥပဒေအရ ဖြေရှင်းခွင့် မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရား
ရုံးအဆင့်ဆင့်က ပထမဆုံး တရားစီရင်ချက် ချပြီးမှလူ(အရပ်သား) တရားရုံးက ဒုတိယ စီရင်ချက် ချရတာဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာတော်များဟာ မဟန အဖွဲ့နဲ့တရားဥပဒေရဲ့ အကူအညီ လုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ်
ရှည်ထောင်ဒဏ်တွေလဲ ကျခံနေရပါတယ်။

မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကို သိနေတဲ့ အာဏာရှင်အဆက်ဆက်ကလဲ သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖဲ့ွတွေ ပညာဒါန ကျောင်းတိုက်တွေကို လူထု အကျုးိပြုလုပ်ငန်း တခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီ မဟန အဖွဲ့ကို အမြဲ အသုံးချပြီး
သံဃာအချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာထုတ်ခိုင်းပါတယ်။ မဟန အဖွဲ့က လည်း မှားသည် မှန်သည်ဆိုတဲ့ အဖြစ်မှန်ကို သေချာ စစ်မနေတော့ပဲ အာဏာတည်မြဲရေးအတွက် စစ်
အာဏာရှင် အစိုးရအကြိုက် လုပ်ဆောင်ပေးခ့ပဲ ါတယ်။

ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာ သွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘဝတွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေ ကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ကျန်မာရေး ပညာ
ရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင်သည့်အပြင် ဘုရားဟောနဲ့ လည်း ညီညွတ်ပါတယ်။ သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင်
သာသနာတော်ဟာ သိက္ခာမကျပဲ သိက္ခာတက်လာမှာဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများအဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ
လူထုကောင်းကျိုးတွေ လုပ်ခ့တဲ ဲ့အတကွ ် လူသားတွေ မင်းညီ မင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှု ရရှိပြီး လူထုအာဏာဟာသံဃာတော်များဆီမှာ အလိုလို ရှိနေတ့အဲ တကွ ် အုပ်ချုပ်သူနဲ့ အုပ်ချုုပ်ခံရသူ နှစ်မျိုုးလုံးကို ဆုံးမ ဩဝါဒပေးနိုင်ပါတယ်။ သာသနာ့လည်း
ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖဲ့ွအစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့သိက္ခာကျမှာမလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ကျဆင်းစေပါတယ်။

လူထုအကျိုးဆောင်ရကွ ်နေတဲ့ အဖ့အွဲ စည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင်
ရွက်နေတဲ့အတွက် မဟန အဖ့အွဲ နေနဲ့ ကူညီ စောင့်ရှောက်အားပေးရမှာပါ။ တဘက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲစတဲ့
လောင်းကစားတာ လမ်းဘေးမှာ အချိန်မတော်အလှူခံတာ ရထားဘူတာနဲ့ကားဂိတ်တွေမှာ လိုက်တောင်းနေတာ အရက်သောက်တာ
မွန်းလခွဲ ျိန် ဆိုင်ထိုင်တာတွေ လုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာ သန့်
ရှင်းရေး ဆိုတာဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ် လုပ်ရ
မယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖဲ့ွ အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး
လုပ်ရပ်တွေကို အရေးမယူပဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ၂၀၀ရ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလို ရဟန်းအတုအယောင်တွေ
ကြောင့် ဖမ်းပါတယ် ဆိုတာမျိုး အကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလို သာသနာထနွ ်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့
လွတ်လပ်စွာ ဆုံဖြတ်ပိုင်ခငွ ့်ရှိတဲ့ သံဃာ့ အဖ့အွဲ စည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖဲ့ွအစည်းဟာ အဂတိတရား ၄ ပါး ကင်း
ပြီး မည်သည့်ပုဂိ္ဂုလ် မည်သည့်အဖဲ့ွအစည်းရဲ့ လက်အောက်ခံမှ မဟုတ်ပဲ သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင်
ခွင့် ရှိတဲ့အဖဲ့ွ ဖြစ်ဖို့လိုပါတယ်။ ဒီလိုအဖြဲ့ွဖစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့်
အစိုးရမှ ပါဝင်ပတ်သက်ခငွ ့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ ထောက်ပံ့လှူဒါန်းကူညီသူများ အနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိူးဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။

လက်ရှိ မဟန အဖွဲ့ အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော် မတိုးတက်ပဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလ ပါတီ ပျောက်
ကွယ် သွားတာကို သင်္ခန်းစာယူပြီး ပြင်သင့်တာ ပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာသာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်း ဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့ မဟန အဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင်
မဟန အဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။

ဦးပညာဇောတ ( ABMA )

=

မှတ်ချက်။  ။ အီးမေးလ်မှရရှိသည်ကို ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။

5 comments

  • inz@ghi

    December 21, 2011 at 7:50 am

    ကိုယ်ပိုင်စာ ရေးပါ သဂျီးရဲ့ …ဟဲဟဲ …
    သည်စာမူကို အခြေခံပီး ..သဂျီးရဲ့ …from kai’s point of view ကို ဖတ်ချင်လို့ပါ…

    ဟီဟိ. ….. လုပ်နေကြ အလုပ်ကြီး ၂ခုကို တပြိုင်နက်လုပ်လိုက်ပါသည်…
    ထိုအရာ၂ခုမှာကား …”ကြပ်ပေး”ပြီး “ထွက်ပြေး”ခြင်းပင်ဖြစ်ခြေတမုံ့…။

    ဒက်ဂလောက် ဒက်ဂလောက်…..

    • kai

      December 21, 2011 at 9:00 am

      တချို့စာတွေကူးတင်တာမှာ.. ကာယကံရှင်ကိုယ်တိုင်က တင်ခိုင်းတာတွေပါပါတယ်..။ အဲဒါ.. အရင်တုံးကများ.. သူများတင်ခိုင်းလို့ တင်ပေးတာကို.. ကျုပ်တင်တာ.. တရက်၂ပုဒ်ကျော်တာဖြစ်လို့.. အဆဲတောင်ခံလိုက်ရသေး…။

      ဆိုတော့.. ဒေါက်ကလက်..ဒေါက်ကလက်..။
      ဒီကိစ္စက နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ.. ကို့ယို့ကားယားကြီးဖြစ်နေတာမို့.. ကျုပ်ကိုယ်ပိုင်အမြင် ရေးထားပြီးသားပါ..။

      http://myanmargazette.net/86583/uncategorized-other/copypaste

      အဲဒီအပေါ်ကစာမှာမန့်ထားတာ ပြန်တင်လိုက်တယ်..။
      မတူတဲ့အတွေးနဲ့ရေးပြထားတယ်.. 😆

      ============

      သိသလောက်ကတော့.. သံဃာတွေကို.. သံဃာတွေက ဂိုဏ်းဖွဲ့အုပ်ချုပ်တာမျိုး.. ဂေါတမဗုဒ္ဓခွင့်ပြုတော်မမူခဲ့ပါဘူး.။( မှားရင်ပြင်ပေးပါ)
      ရဟန်းတွေအသက်ကြီးတာ.. ငယ်တာနဲ့လည်း ဆုံးဖြတ်တာမဟုတ်ဖူး..သတိထားမိတယ်..။
      ရဟန်းဝါနဲ့.. ဆုံးဖြတ်တာပါ..။
      ဒါပေမဲ့…
      ရှင်သာရိ ပုတ္တရာ(လကျာ်ရံ)မထေရ်ကြီးတောင်..(သင်္ကန်းရုံလို့.. အဝန်းမညီတာမျိုးကို) ရှင်သာမဏေကလေးကထောက်ပြရင်.. တလေးတစားနဲ့ ပြန်မေးပြုပြင်တော်မူပါတယ်..။
      အာပါတ်ဖြေရင်လည်း.. အနိမ့်အမြင့်ရာထူးမရှိ.. ရဟန်းအချင်းချင်း.. ဖြေလို့ရတဲ့အခွင့်ပေးထားတော်မူပါတယ်..။
      တန်းတူညီမျှမှုကို.. အင်မတန်အလေးထားတော်မူတဲ့.. ဂေါတမဗုဒ္ဓဘုရားရှင်ပါ..။

      ဆိုတော့…
      သံဃမဟာနာယကဆိုတာ လူမှုအသိုင်းအဝိုင်း နိုင်ငံရေးမှာ ဘယ်နေရာကရပ်တည် နေသလည်း မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်..။
      တိုင်းပြည်တပြည်ရဲ့.. အုပ်ချုပ်ရေး။ တရားစီရင်ရေး..။ ဥပဒေပြုရေး.။ စာနယ်ဇင်းမီဒီယာ မဏ္ဍိုင်ကြီးတွေထဲ.. မဟန ကိုဘယ်နေရာမှာထားသလည်း..။
      လူတွေက.. ဘုန်းတော်ကြီးတွေမတရားရင်.. ခုံရုံးနဲ့.. တရားရေးအရ.. တရားစွဲခွင့်ရှိသလား..။ ဆုံးဖြတ်ခွင့်ရှိသလား..။
      မီဒီယာက.. အမှားတွေထောက်ပြခွင့်ရှိသလား..။
      အုပ်ချုပ်သူရဲ့.. ဥပဒေတွေ..လုပ်ထုံးတွေက.. ဘယ်နေရာတွေကနေ.. ဘယ်လိုသက်ရောက်ရသလည်း..။
      ဒါမှမဟုတ်.. ၅ခုမြောက်မဏ္ဍိုင်အနေနဲ့.. ဥပဒေအားလုံးအထက်မှာရှိနေတာလား..။ ဘေးတိုက်ယှဉ်ရှိနေတာလား..။
      လား..လား…လား…။ 🙂

      အရင်ကတည်းက… မဟနရဲ့..လုပ်ပုံရပ်တည်ပုံက.. မြန်မာ့နည်းမြန်မာ့ဟန်.. ဒီမိုကရေစီနိုင်ငံတော်သစ်..ဖြစ်လာဦးမယ့်လမ်းကြောင်းပေါ်မှာမို့… အင်မတန်အတွေးခက်ခဲ့တာ…။

  • kotun winlatt

    December 21, 2011 at 8:32 am

    အယ်…ကြည့်ဇမ်းးးးးတို့ တဂျီးးကို
    ရန်လာစနေဒယ်….
    တဂျီးးးးဒါတော့လွန်ဒယ်ဗျ..(ဟီဟိ..)
    ရန်တိုက်ပေးပီးပီ…။

  • ကြောင်ကြီး

    December 21, 2011 at 11:56 am

    အင်အားသိန်းချီရှိနေတဲ့ အဖွဲ့အစည်းဖြစ်လို့ အပေါ်ကနေ စည်းကမ်းကလနား ချမှတ်ရမှာကိုတော့ ရှောင်လွဲမရနိုင်ဘူး။ ဘုရားလက်ထက်ကနဲ့တော့ သွားမနှိုင်းကြေးပေါ့လေ၊ ခေတ်ခြင်းမတူလို့ လူခြင်းလည်း မတူကြတော့ပဲဟာ။ သို့သော် လက်ရှိအနေအထားအရတော့ သံဃာ့အဖွဲ့အစည်းသည် သံဃာများအရေးကို မဆောင်ရွက်နိုင်တာ ထင်ရှားတယ်။ အရင်ကတော့ လက်နက်နဲ့ဖိကွပ်ထားလို့ သူလည်းပဲ ပုထုဇဉ်ပဲဆိုတဲ့ အတွေးနဲ့ နားလည်ပေးနို်င်ပေမဲ့ ဒီနေ့အချိန်လို ပြောင်းလဲလမ်းကြောင်းပေါ် ရောက်နေပါပြီဆိုတဲ့အချိန်မျာ အခွင့်အလမ်းကို ဆုပ်မယူတတ်ရင် မယူရဲလို့ဖြစ်တာလို့ သတ်မှတ်ပါတယ်။ လုပ်နိုင်သူများကို အခွင့်ပေးလိုက်ပါ။ စိတ်မချရင် ဘေးကနေ ဝန်းရံပေးပါ။ ဒါမှမဟုတ် လက်တွဲခေါ်ယူပါ။ ခေါင်းဆောင်ဆိုတာ လက်အောက်ငယ်သားများအရေးကို တာဝန်ယူ ဖြေရှင်းပေးနိုင်သူ ဖြစ်ရပါမယ်။

  • char too lan

    December 21, 2011 at 2:19 pm

    ကျေးဇူးတင်တယ် သဂျီးမင်း ………. (တဘက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲစတဲ့
    လောင်းကစားတာ လမ်းဘေးမှာ အချိန်မတော်အလှူခံတာ ရထားဘူတာနဲ့ကားဂိတ်တွေမှာ လိုက်တောင်းနေတာ အရက်သောက်တာ
    မွန်းလခွဲ ျိန် ဆိုင်ထိုင်တာတွေ လုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာသန့်ရှင်းရေး ဆိုတာဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။) အဲ့ဒီမှာထပ်ထဲ့ချင်တာက ချဲဂဏန်းပေးတာ၊ ချဲဒိုင်ကိုင်တာ၊ ချဲဒိုင်ကိုကျောင်းထဲမှာ အငှားထားပေးပီးကာကွယ်တာ၊ အင်တာနက်ထိုင်ပီး ဂျီတော့ထဲ လာလာသောင်းကျန်းတာမျိုးတွေပါ ရှိနေတာပါ… အရင်က ဘလော့ထားတဲ့ ဦးဇင်းလေးတွေကိုပြန်ရှယ်လိုက်မယ် ခွင့်ပြုပါ……..

Leave a Reply