“သူကလဲတွေ့သမျှနေရာမှာလက်ဆော့ ကျနော်ကလည်းမြင်သမျလက်ဆော့”
“သူကလဲတွေ့သမျှနေရာမှာလက်ဆော့ကျနော်ကလည်းမြင်သမျလက်ဆော့”
အကြောင်းကိစ္စအမျိုးမျိုးကြောင့် နေရာအတော်များများကို ကျနော်ရောက်လေ့ရှိပါတယ်။
အဲဒီအခါများမှာ စုံစမ်းစပ်စုသွေး ပါနေတော့ မြင်မြင်ရာနေရာမှာ ဟိုကြည့်ဒီကြည့်ပေါ့။
အဲတော့ နံရံ သစ်ပင် တန်းလျားတွေမှာလက်ဆော့ထားတာတွေကို မြင်မိတော့
ကျနော်ကလဲလက်ဆော့သပေါ့။
အဲတော့ ရွာသူရွာသားတွေမြင်ရအောင် တင်ပေးလိုက်မိတာပေါ့။
ဒီလိုပေါက်ကရရေးတာကလဲ ကောင်းတော့မကောင်းဘူး။
ညစ်ပတ်တယ် အမြင်ဆိုးတယ် နိုင်ငံကြီးသား မပီသဘူးပေါ့။
နိုင်ငံတကာတော့ မရောက်ဘူးလို့ လက်မဆော့ရသေးပါဘူး။
အမေရိကန် ရုပ်ရှင်ကားတွေထဲမှာတော့ ကပ္ပလီတွေလက်ဆော့တာ မြင်ဘူးပါတယ်။
တကယ်ပြောရင် ဒီစာလေးတွေက ရောက်ကြောင်းသတင်းပို့တဲ့မှတ်တမ်းဆိုလဲဟုတ်။
ပေါက်တတ်ကရ ဟာသတွေလုပ်ထားတာဆိုရင်လဲဟုတ်၊
ရင်ထဲမှာ မခံစားနိုင်လို့ ပွင့်အံထွက်လာတဲ့ခံစားချက်လဲဟုတ်။
လူခြင်းမဆုံနိုင်ပေမယ့် အမှတ်တရနေရာဟောင်းဆီကိုများသူပြန်လာရင်
တွေ့ပါစေလို့ ရည်ရွယ်ပြီးရေးသူထားတာဆိုလဲဟုတ်။
ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်တစ်ခုခုကတော့ ပျော်ဝင်နေတာအမှန်ပါဘဲ။
အခုလိုမညစ်ပတ်စေချင်ဘူးဆိုရင် ခံစားမူ့လေးတွေကို ရင်ဖွင့်လို့ရတဲ့နေရာလေးတွေ
ကို နေရာတကာမှာထား မယ်ဆိုရင် သိပ်ကောင်းမှာဘဲလို့တွေးမိပါတယ်။
ကဲ ဘယ်လိုသဘောရကြပါသလဲ အရပ်ကတို့။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့
(21-12-2011)
15 comments
ဆူး
December 21, 2011 at 2:03 pm
အဲလို စာတွေ ရေးထားတာ မြင်ရတာ တော်တော် ရုပ်ပျက်တယ်။
ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။
စာမရေးခဲ့ရလို့ သူတို့ ဘာမှ မဖြစ်ဘူး။ စာရေးလိုက်လို့ အလှပျက်မယ် ဆိုတာကို မတွေးကြဘူး။ သူများ လက်ဆော့တာ မြင်လို့ လက်ဆော့တာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။
အဲဒါကို မူလတန်း ကလေးတွေနဲ့ တိုက်ဖျက်ရေး လုပ်ရမယ်။
ကလေးတွေကို အဖွဲ့လိုက် ခရီးထွက်ခိုင်းမယ်။ အဲလို စာရေးတာ မကောင်းဆိုပြီး ဆရာမတွေ လက်ညိုးထိုးပြပြီး သင်ပေးမယ်။ ပြီးတော့ စုပ်တံ မျိုးစုံနဲ့ ဆေးသုတ်တမ်း ကစားခိုင်းတယ်။
ကလေးတွေ အဲလို ရေးတာ မြင်ရင် နောက်မရေးအောင် ပြောရမယ် ကိုယ်တိုင်လည်း မလုပ်ရဘူး။ သင်ပေးလိုက်မယ်။ ကြီးလာရင် အဲဒီလို ဆေးသုတ်တာလေးတွေ အမှတ်ရနေရင် သူတို့ ဘယ်တော့မှ လုပ်မှာ မဟုတ်တော့ဘူး။
windtalker
December 21, 2011 at 2:14 pm
ကိုပေါက် ပို ့စ်မှာ မောင်ပေ ဝင်ကမြင်း လိုက်ဦးမှဘဲ
““ သတိရ တမ်းတ လွမ်းဆွတ်နေရပါသော
မိန်းမ ရေ ၊ ပုံ မစ်စတာပေ ””
Moe Z
December 21, 2011 at 2:29 pm
အရည်မရအဖတ်မရစာတွေများ ရင်ဖွင့်ချင်ရင် ကိုယ့်ဟာကိုယ် ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ဘောလ်ပင်တစ်ချောင်း သွားလေရာဆောင်သွားပါစေပေါ့ လေးပေါက်ရယ်
ဘာလို့နေရာပေးရမှာတုန်း 😀 😀
inz@ghi
December 21, 2011 at 2:42 pm
Mr.Guitar ရဲ့ အိမ်သာမှာတော့ အဲ့လိုရေးဖို့ခွင့်ပြုထားတယ်ဗျ..
(မရောက်တာကြာပီမို့ ယခုတော့ ဘယ်လို နေလဲ မသိပါ.. )
အမျိုးသမီး အိမ်သာထဲလဲ မရောက်ဖူးလို့ မသိပါ။
အဲ့သည့်မှာ ရေးထား တဲ့စာတွေက အများသုံးအိမ်သာ လို
အသားလွတ် ဆဲဆို တာတွေ ..ညစ်ညမ်း တာတွေ မရှိဘူး..
ကဗျာ စာတိုပေစ ..တွေးစရာ …ရင်ဖွင့်တာ သရော်တာ …
ဒါမျိုးတွေချည်းပဲဗျ ..
အဲ့ဒါကိုက form of an art …
တချို့ အတော်ပြောင်မြောက်တာတွေ ရှိဖူးတယ်..
ဆယ်ကျော်သက်တုန်းက အဲ့သည့်မှာ ရေးထား(ကပ်ထား)တဲ့..
“ဒါမဖတ်ရ” ဆိုတာလေး အတော် နှစ်သက်ခဲ့ဖူးတယ်…
သံတူကြောင်းကွဲလေးတွေ နေရာအတော်များများမှာ
တွေ့ဖူးပါတယ်. .. သိတယ်မလား …အစကတည်းက
မဖတ်ဖို့ တားရင်း ဆုံးတဲ့အထိ ..မဖတ်နဲ့ပဲ တွင်တွင်ရေးတာလေ..
ဂလို ဂလို ….သည်တော့ အနုပညာတစ်ရပ် အနေဖြင့်ဆိုရင်တော့….
😀
Moe Z
December 21, 2011 at 4:31 pm
Mr.Guitar ရဲ့အိမ်သာထဲမရောက်ဖူးလို့မသိပေမယ့် အမျိုးသားအိမ်သာမှာတောင်ညစ်ညမ်းတာမတွေ့ဘူးဆိုရင် အမျိုးသမီးအိမ်သာမှာလုံးဝမရှိတာသေချာတယ် ဆိုင်ရှင်ကခွင့်ပြုလို့ အများမြင်သာတဲ့နေရာမဟုတ်လို့ ရေးတာကိစ္စမရှိဘူး
လူမြင်ကွင်းမှာ ပေါက်ကရရေးတာကိုတော့ အနုပညာကို မခံစားတတ်တဲ့သူမို့
အဲဒါတွေကို form of art လို့ မြင်ပေးလို့မရဖြစ်နေတယ် 🙁
myanmarcitizen
December 21, 2011 at 3:32 pm
အဲလိုတွေ့ရာမှာ လျောက်မရေးခိုင်းပဲနဲ့ board ထောင်ထားပြီးအဲ့မှာရေးခိုင်းရမယ်။ 🙂
comegyi
December 21, 2011 at 4:00 pm
အိမ်သာတွေထဲမှာ ချောက်ချတဲ့စာတွေလည်း
တွေ့ဖူးပါရဲ့
ဘယ်ကိုလှည့်ကြည့် ၊ ညာကိုလှည့်ကြည့်။ နောက်ကိုကြည့်
အပေါ်ကိုမော့ကြည့်ပါ ၊ အပေါ်မှာကျ `စောက်ပေါ´
ကိုပေါက်ရေ့
အခုတော့ ဘတ်စ်ကားထိုင်ခုံတွေမှာတောင်တွေ့နေရပါပြီ
ရိုးရာမြန်မာ ဂရစ်ဗစ်တီ စစ်စစ်တွေပေါ့
ဟဲဟဲ …….
kai
December 21, 2011 at 5:33 pm
အဲဒီလို လျှောက်ရေးတာက.. နိုင်ငံတိုင်းလိုလိုရှိပါတယ်.။
ယူအက်စ်မြို့ကြီးတွေဖြစ်တဲ့.. လော့စ်အိန်ဂျလိစ်ရော..နယူးယောက်ရော.. ပုံနေတာပဲ..။
ဒါပေမဲ့..
အယ်လ်အေမှာတော့.. (အများအားဖြင့်) ဂိုဏ်းသမားတွေက.. သူတို့နယ်နမိတ်အမှတ်အသားနဲ့.. အချိန်းအချက်နေရာတွေရေးတာတဲ့..။
သူတို့က ခွေးတွေလိုပဲ.. နယ်နမိတ်သတ်မှတ်နေတယ်လေ…။
၆-ရနှစ်လောက်ရှိပြီထင်တယ်..။
ဂျပန်တယောက်.. ဟောလိဝုဒ်လို့ရေးထားတဲ့ ဆိုင်းဘုတ်ကြီးအောက်မှာ..သူ့နာမယ်ရေးလို့.. အဖမ်းခံရဖူးတယ်..။
ဒဏ်ကြေးချပြီး ပြန်လွတ်ပေးလိုက်တယ်ပေါ့…။
အဲဒါမျိုးလေးတွေလည်း…ရှိပါ့…။ 😆
MaMa
December 21, 2011 at 5:55 pm
ကိုပေါက်ရေ- ခုလောလောဆယ်တော့ အဘဖောရဲ့ ဘူဖေးပွဲမှာ ခြစ်ချင်ရာ လျှောက်ခြစ်ပေးလိုက်ကြတာကို မှော်ဆရာက သူ့ကို ပွိုင့်တွေလွှဲပေးတာလို့ ထင်နေတယ် .. 😆
ပေါက်ဖော်
December 21, 2011 at 10:02 pm
မိုးယုစံကို ချစ်သည်..ဝတ်မှုံကို.ခိုက်သည်..တက်မွန်မြင့်ကိုကြွေသည်…
ပုံ၊
ငပေါက်ဖော်
တညင်သား
December 22, 2011 at 1:05 am
ငယ်ငယ်တုန်းကတော့ ကျိုက်ထီးရိုးဘုရားဖူးသွားရင် မြေဖြူပါတခါထဲယူသွားတယ်.. လူစု ကွဲသွားရင် ဘယ်သူက ဘယ်နေရာရောက်နေပြီဆိုတာသိရအောင် ကျောက်တုံးကြီးတွေမှာ..ရေးကြတယ် ..အခုလိုဆက်သွယ်ရေးအစဉ်မပြေလေတော့ပေါ့နော်…တောင်ခြေမှာတင် မြေဖြူဝယ်လို့ရပါတယ်….အခုလို အများသူငှာ ထိုင်ခုံတွေမှာရေးတာမျိုး တော့ မလုပ်သင့်ပါဘူး.ကျောင်းကားတွေမှာဆို ပိုတောင်ဆိုးသေး……………
“ဘီလူးကြီး”ogre
December 22, 2011 at 11:39 am
အကိုပေါက်
မင်ကွန်းရောက်ရင်
မင်းကွန်းခေါင်းလောင်းထဲက စာတွေလဲဒါ့ပုံရိုက်တင်ပေးအုံးဗျ
အဲဒီမှာလဲအများကြီးပဲ
char too lan
December 22, 2011 at 11:47 am
ကျနော်လဲ ငယ်ငယ်ကတစ်ခါရေးဖူးတယ်
တိုင်းရင်းသားကျေးရွာထဲက ဦးပိန်တံတားပေါ်မှာ
ရေးခဲ့တာက လေးပေါက်ရဲ့ ပုံ၁၁ ကဒီဇိုင်းမျိုး
သူများရေးထားတာကိုပြန်လှောင်ထားခဲ့တာ 😀 😀
ကိုပေါက်(မန္တလေး)
December 22, 2011 at 10:14 pm
မင်းကွန်းကတော့ အလုပ်အားရက်ကျရင်သွားမယ်ဗျာ။
ရေလမ်းကမသွားဘူး ကုန်းလမ်းကသွားမယ်။
လိုက်ကြအုံးမလားနော်…………….
cum min
June 22, 2012 at 10:18 am
အော် ..တာလေးတွေဖက်လိုက်ရမှ
ပြန်သတိရနေမိတယ်ဗျာ…
အဟင့်..
ရွာကဘုန်တော်ကြီးကျောင်းကို.. 😆