Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်

manawphyulayDecember 21, 20111min42016

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော လှည်းတန်းလမ်းဆုံ အနီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိပါသည်။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အသစ်ဆောက်လုပ်ထားတဲ့ အများသုံးအိမ်သာအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ သတင်းရပါတယ်။

ပိုစ့်က ဒီနေ့တင်တာ ၃ ခုဖြစ်သွားတဲ့အတွက် သတင်းပေးချင်လို့သာ ထပ်မံတင်လိုက်ပါတယ်။ သူဂျီးပွိုင့်မပေးလည်းရပါတယ်ရှင်။

16 comments

  • ပေါက်ဖော်

    December 21, 2011 at 12:03 pm

    မပေါက်သေးတဲ့ ဗုံးတွေ ကျန်သေးတယ် ဆိုလား

    • manawphyulay

      December 21, 2011 at 12:05 pm

      ၈ မိုင်ရောက်လာဦးမယ် သတိထား….

  • char too lan

    December 21, 2011 at 12:40 pm

    မိုးတောင် စင်စင်မလင်းသေးဘူး တင်တာသုံးခုရှိသွားပီဆိုပါလား ……..
    ဒီသဒင်းကတော့ အေပီဒီအေတီအီး ဖစ်ဒယ် …. ကြေးဈူး ပါ……………

  • manawphyulay

    December 21, 2011 at 1:08 pm

    လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်တည် ရှိသော အများသုံး အိမ်သာတစ်ခုအတွင်း ယနေ့နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ သေဆုံးသူမှာ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသူမှာ အမျိုးသားဖြစ်သည်။

  • Amilay

    December 21, 2011 at 1:13 pm

    ဗုံးဖောက်တာကိုများအပျော်ကစားသလိုများမှတ်နေကြလားမသိဘူး.ဟိုနားဖောက်လိုက် ဒီနားဖောက်လိုက်နဲ့…….တော်တော်ဖောက်ချင်ရင် ကိုယ့်အိမ်မှာကိုယ်ဖောက်ကြပါလား……………..:P

  • ပေါက်ကွဲတဲ့နေရာမှာ အမျိုးသမီးတစ်ယောက်ရယ် အမျိုးသားတစ်ယောက်ရယ်ဆိုတော့ လက်သည်က သူတို ့ကိုယ်တိုင်
    ဘဲလားဗျ။ပေါက်လို ့ကိုမဆုံးနိုင်တော့ဘူး။ဟိုလူလက်ချက်၊ဒီအဖွဲ ့လက်ချက်ထိုးချအုံးမှာ ……

  • amatmin

    December 21, 2011 at 1:24 pm

    ဘယ်သူတွေ က ဘယ်လိုရည်ရွယ်ချက်တွေ နဲ့ဖောက်ခွဲသည် ဖြစ်ပစေ..
    ဒီလောက်လူမဆန် မိုက်ရိုင်းတဲ့ ကောင်တွေ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုုံ့ချ သလို..
    မိအောင်ဖမ်းနိုင်ပြီး ထိုက်တန်တဲ့ အပြစ်ပေးနိုင်ပါစေ ဗျာ…

  • Maung Dae`

    December 21, 2011 at 1:54 pm

    အခုပဲအဲသည်နေရာကို သွားစပ်စုပြီးပြန်လာတာ… နောက်ထပ် ဗုံးတစ်လုံးကျန်သေးတယ်ထင်တယ် ကျွန်တော်လဲအထွက် နောက်ထပ် ဗုံးရှင်းလင်းရေးအဖွဲ့ထပ်ရောက်လာတယ်….. အလောင်းတွေလဲမသယ်ရသေးဘူး… တော်တော်အားနေကြတယ်ထင်တယ် ဗုံးလောက်လိုက်ခွဲနေကြတာပဲ…. နောက်ဆို အပြင်သွားရင် သေးတောင် ဖြောင့်ဖြောင့် မပေါက်ရဲတော့ဘူး…. ဂယ်ပဲ စိတ်လေတယ်….

    • မှော်ဆရာ

      December 21, 2011 at 9:38 pm

      မမနောရေ .. ကပ်သီလေးပဲနော ..
      ဟိုနေ့ကသာ စီးတီးမတ်မှာဆိုလို့ကတော့ ဟီဟီဟိ

  • koyinmaung

    December 21, 2011 at 2:41 pm

    သတင်းဦးသတင်းထူးတင်ပေးတဲ့အတွက်
    ကျေးဇူးလဲမနောဖြူလေးရေ…….
    နောက်ထပ်ထူးခြားတဲ့နောက်ဆက်တွဲသတင်းရှိယင်လဲလုပ်ပါအုံး…..

  • pasi

    December 21, 2011 at 2:48 pm

    မနောဖြူရယ် ပွိုင့်ကိုအဓိကမထားပါနဲ့ သတင်းကိုအဓိကထားပါ မီဒီယာသမားပီသပါ ကျန်းမာပါစေ ဒေါ်မနောဖြူ

  • comegyi

    December 21, 2011 at 4:04 pm

    ကျွန်တော်တောင် ဒီနေ့အဲဒီသတင်းကြားလို့
    လှည်းတန်းဖက်က ပတ်ပြန်လာတယ် ဒါပေမဲ့
    ကားပေါ်ကတော့ ဆင်းမကြည့်ခဲ့ပါဘူး
    အဲဒီနေရာ ကြိုးတားထားတာတော့ တွေ့ခဲ့ပါရဲ့ …
    တော်တော်ဆိုးတာပဲ….သက်သက်မဲ့ အပြစ်မရှိသူတွေ
    သေနေကြရတယ် ….

  • htoosan

    December 21, 2011 at 4:08 pm

    လှည်းတန်းလမ်းဆုံရှိ အဆင့်မြင့် အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

    ရန်ကုန်၊ ဒီဇင်ဘာ- ၂၁ လှည်းတန်းလမ်းဆုံတွင် မကြာသေးမီကမှ ဖွင့်လှစ်ထားသည့် အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦး
    ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်းသတင်းရရှိသည်။ ပေါက်ကွဲမှုမှာ ၁၁
    နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ပြီ…
    ဗုံးဖေါက်ခွဲမှုနှင့်ပတ်သက်သူမှာ အသက်-၃၀၊ ၃၂ ဝန်းကျင်ရှိ မျက်နှာချွန်၊ ကုလားစင် ကိုအောင်မျိုးသူ ဖြစ်ကြောင်း သိရှိရ…
    ဟိုတယ်များသို့ လာရောက်တည်းခိုပါကလည်း နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားသတင်းပေးပို့ပါရန်…….

    မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း

  • Onyx

    December 21, 2011 at 4:14 pm

    အဲဒါတွေ ခက်တာပေါ့ ဘာမှ မဆိုင်တဲ့ ပြည်သူကိုပဲ ဒုက္ခပေးနေတယ် ။
    သူ့ပထွေးတွေကျ တော့ မလုပ်ရဲဘဲနဲ့ တစ်ကယ့် သောက်ရူးတွေပဲ ။

  • manawphyulay

    December 22, 2011 at 1:46 pm

    အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာအပြင်းအထန် ရရှိသွားသော အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ဒဏ်ရာရရှိသူမှာ အသက် ၂၄ နှစ်အရွယ် မခင်မြတ်နွယ်ဖြစ်သည်။ သူမသည် ထိုအများသုံး သန့်စင်ခန်း၏ ဝန်ထမ်းဖြစ်ပြီး ပုသိမ်မြို့နယ်၊ ကန်ရွာမှ လွန်ခဲ့သည့် နှစ်လခန့်ကမှ ရန်ကုန်သု့ိ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သူမ၏ဦးလေးဖြစ်သူက ပြောသည်။ အရေးပေါ်ခွဲစိတ်ကုသဆောင်တွင် ယနေ့မွန်းလွဲ ၂ နာရီမှ စတင်ခွဲစိတ်မှုမှာ ညနေ ၅ နာရီဝန်းကျင်မှ ပြီးစီးခဲ့သည်။ ညာဘက်မျက်လုံး ကိုခွဲစိတ်ကုသထားပြီး ညာဘက်လည်ပင်းသွေးလွတ်ကြောအတွင်းသို့လည်းရောက်ရှိခဲ့သော ဗုံးစကိုလည်း ခွဲစိတ်ကုသခဲ့ရသည်။ ဒဏ်ရာမှာ ပြင်းထန်ပြီး သတိကောင်းစွာ မရရှိသေးကြောင်း သတင်းရရှိသည်။ အရေးပေါ်ခွဲစိတ်ကုသမှုများအပြီး ဦးခေါင်းပိုင်းကို CT Scan ရိုက်၍စစ်ဆေးပြီး အထူးကြပ်မတ်ကုသဆောင်သို့ ညနေ ၅း၁၅ မိနစ် ဝန်းကျင်တွင် ပို့ဆောင်ကုသပေးလျက်ရှိသည်။

    သက်ဆိုင်ရာဌာနများ၏ အတည်ပြုချက်အရ ဗုံးကွဲမှုကြောင့် သေဆုံးသူမှာ တစ်ဦးဖြစ်ပြီး ဒဏ်ရာရသူမှာ မခင်မြတ်နွယ်တစ်ဦးသာဖြစ်ကြောင်း သတင်းရရှိသည်။

  • ashinthusitta

    December 25, 2011 at 1:16 pm

    ရန်ကုန်လာမိတာ မှားပြီး ထင်တယ် အခု ဦးဇင်း ရန်ကုန်ရောက်နေပြီ …. အစ်မရှိတဲ့ အကောင့်က ဖွင့်လို့ မရလို့ ဒီကနေပဲ ဝင်ရေးလိုက်တယ်… ashinthusitta@gmail.com အဲဒါပဲ ဖွင့်လို့ ရတယ်… အခုတစ်လေား ဗုံးတွေ ခဏခဏ ကွဲနေပါလား..

Leave a Reply