မီးသတ်တပ်ဖွဲ့ဝင်ဘဝ
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က မီးသတ်လုပ်ငန်းဟာ အများအကျိုးဆောင်တဲ့ စွန့်လွှတ် စွန့်စားရတဲ့ သူရဲကောင်းများရဲ့ မွန်မြတ်တဲ့ အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ၊ အမှန်တကယ်လည်းပဲ မီးသတ်တပ်ဖွဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ် နဲ့ ဥစ္စာပစ္စည်းတွေကို မီးဘေး အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခေတ်တွေ စနစ်တွေ ပြောင်းလဲလာမှုနဲ့ အတူ မီသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေလဲ ပြောင်းလဲ လာခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေကို ကျွမ်းကျင်မှုရှိစေဖို့အတွက် မီးသတ်သင်တန်းတွေ လေ့ကျင့် သင်ကြားပေးနေရာကနေ နိုင်ငံတော်အေးချမ်းသာယာရေး အရန်အင်အား ဆိုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို အခြေခံစစ်ပညာတွေ ၊ လက်နက်ငယ်ကိုင်တွ ပစ်ခတ်နည်းတွေကို သင်ကြားပို့ချလာပါတယ်။ မီးသတ်ပိုက် ကိုင်တဲ့ လက်တွေဟာ သေနတ်တွေကို ကိုင်လာရပါတယ်။ လက်ထိပ်တွေ ကိုင်လာရပါတယ် နံပါတ်ဒုတ်တွေ ကိုင်လာရပါတယ် ဧည့်စာရင်းတွေစစ် လုံခြုံရေးတွေစစ် ယာဉ်ထိန်းအလုပ်တွေ လုပ်ရဲအလုပ်တွေလုပ် ကိုယ်နဲ့ မဆိုင်တဲ့အလုပ်တွေ ပေါ်လစီအရ ဝင်ပါပြီး လုပ်နေတော့ ပြည်သူတွေ အမြင်မှာ ညိုညင်စရာတွေ ဖြစ်လာရတယ် ဗဟိုမီးသတ်သင်တန်းကျောင်းကြီးတွေဖွင့်ပြီးတော့ တနိုင်ငံလုံးမှာ ရှိတဲ့ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်တွေကို သင်တန်းတွေ တစ်ခုပြီး တစ်ခု အတင်းအကျပ်ခေါ်ဆိုတော့တာပဲ ၊ မီးသတ်သင်တန်းလို့ အမည်တပ်ထားပေမယ့် တကယ်သင်တာကတော့ စစ်ပညာတွေ ဖြစ်နေတယ် မီးသတ်ပညာ မသင်ရဘူး ခေတ်တွေ စနစ်တွေပြောင်းလဲ သွားလဲ မီးသတ်က ခုချိန်ထိ မပြောင်းလဲပဲ ထူးမခြားနားနေတုန်းပါ။ အဲဒီ ထူးမခြားနားဖြစ်စဉ်တွေထဲမှာ အလူးလဲခံနေရတာကတော့ ပြည်နယ်/တိုင်း ၊ ခရိုင်၊ မြို့နယ် မီးသတ်ဌာနတွေပါပဲ အထက်က မီးသတ်သင်တန်း တစ်ခုဖွင့်တော့မယ်ဆိုတာနဲ့ သင်တန်းသားရရှီရေးကိစ္စ၊ ငွေကြေးထောက်ပံ့ဖို့ကိစ္စတွေနဲ့ အခက်ခဲဖြစ်ပြီးစိတ်ညစ်နေရတော့တာပါပဲ၊ အာဏာပိုင်တွေကလဲ အကူအညီမပေးဘူး ရပ်ရွာ လူထုဆီမှာလဲ ငွေကောက်ခံခွင့်မရှိဘူး၊ ဒီတော့ မိန်းမနားကပ်ပေါင် ဆွဲကြိုးပေါင် အတိုးနဲ့ငွေချေးပြီး သင်တန်းသားကို မဖြစ် ဖြစ်အောင်ပို့ရတော့တာပါပဲ ၊ အဲဒီလို အကြိမ်ပေါင်းများလာတော့ တင်းမခံနိုင်တော့ပဲ အလုပ်က ထွက်ပြီပေါ့။
အခုလဲ အဲဒီလို သင်တန်းသားကိစ္စတွေနဲ့ စိတ်ညစ်နေရာကနေ နောက်ထပ် အခက်အခဲဖြစ်စရာ တစ်ခု ထပ်ပေါ်လာပြန်ပါတယ် ၊ အဲဒါကတော့”၆ရ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခန်းအနား” အတွက်တစ်မြို့နယ်ကို မီးသတ်တပ်ဖွဲ့ဝင် သုံးဦး မပျက်မကွက် စေလွှတ်ပေးရမယ် ၊ ပျက်ကွက်လျင်ထိရောက်စွာ အရေးယူခံရမယ် ၊ တစ်ယောက်ကို ခရီးအကွာ အဝေးမြို့နယ်အလိုက် ထောက်ပံ့ပေးရမယ့် ငွေကတော့ တစ်ဦးကို အနည်းဆုံး (ကျပ် တစ်သိန်းခွဲ) ခန့်တော့ ပေးရပါတယ်။ ဒီငွေတွေကို ဘယ်ကသွားရှာပြီး ထောက်ပံ့ပေးရမှာလဲ ။ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့်ငွေးကြေးကောက်ခံမှု ကိစ္စမျိုးလုံးဝ မလုပ်ရဘူးလို့လဲ ဆိုတယ် ဒါပေမယ့် အခု သင်တန်းသားခေါ်ယူတဲ့ ကိစ္စတွေ ၊ စစ်ရေးပြ ခေါ်ယူမယ့် ကိစ္စတွေ ပေါ်လာပြန်တော့ ပြည်နယ်/တိုင်း ခရိုင် မြို့နယ် မီးသတ်ဦးစီး အရာရှိတွေ စိတ်ညစ်ရပြန်ပြီ ဘယ်ဘဘဏ္ဍာတော်တိုက်ကငွေနဲ့ ဒီသင်တန်းသားတွေကိုထောက်ပံ့ ပေးရမှာလဲ ၊ ပေါင်စရာ နှံစရာ ချေးစရာ လဲ မရှိတော့ဘူး။ ပြည်နယ် ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ တနိုင်ငံလုံးက မီးသတ်ဌာနတွေမှာ ဒီလို အခက်ခဲ အကျပ်တည်းတွေကို ကြုံတွေ့ ရင်ဆိုင်နေရတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ကူညီဖြေရှင်းမပေးနိုင်ကြဘူး။ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ လိုက်လျောညီတွေ ပြောင်းလဲ သွားဖို့လိုအပ်လွန်းနေတဲ့ အချိန် ရောက်နေပါပြီ ၊ အောက်ခြေမှာ ဒီလို အခက်ခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာ အထက် အကြီးအကဲတွေ သိပါရဲ့လား.. အခက်အခဲ မရှိဘူး ကောင်းပါတယ် ..အဆင်ပြေပါတယ် ဆိုပြီး ဒီမိုကရေစီခေတ်မှာ လိမ်ညာနေတုန်းပဲလား.. ဒီလို ပြည်နယ် ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ် တွေကို ဝန်ပိစေတဲ့ ငွေကြေး ထောက်ပံ့ မှုတွေ ပေးနေရတဲ့ ပေးနေရတဲ့ သင်တန်းမျိုးတွေ မခေါ်သင့်တော့ပါဘူး။ သင်တန်းခေါ်မယ့် သင်တန်းသားတွေရဲ့ အသွားအပြန် ခရီးစရိတ် နေ့စဉ်သုံးစရိတ် မိသားစုစားဝတ်နေရေး ထောက်ပံ့စရိတ် တွေကို သင်တန်းအပတ်စဉ် တစ်ခုချင်းအလိုက် ၊ သင်တန်းသားအရေအတွက် အလိုက် တပြည်လုံးကစေလွှတ် ပေးပို့နေရတဲ့ အတိုင်းအတာ နဲ့ တွက်ကြည့်ရင် မနည်းပါဘူး အဲဒီ ငွေကြေးတွေကို တိုင်းပြည်အတွက် ဌါနအတွက် မြို့နယ်အတွက် အကျိုးရှိစေမယ့်လုပ်ငန်းတွေမှာ အသုံးပြုရင် အကောင်းဆုံးပါပဲ။
အခု ပြည်နယ် တိုင်း မြို့နယ် မီးသတ်ဦးဌာနတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်စွမ်းရှိသော အကြီးအကဲများ အချိန်မီ သိရှိ ဖြေရှင်း ကုစားပေးနိုင်ပါရန် လေးစားအားကိုးစွာ ဒီပို့စ်လေးကို တင်လိုက်ရခြင်းဖြစ်ပါတယ်။
7 comments
မှော်ဆရာ
December 22, 2011 at 8:50 am
အကိုရေ ..နိုင်ငံတောင်အရန်အင်အားစုဆိုပြီး တပ်မတော်နေ့မှာ ကြက်ခြေနီတောင်မှပဲ စစ်ရေးပြထဲ ဝင်နေရတဲ့ကိစ္စပဲဟာ …မီးသတ်ကတော့ နဲတောင် နဲသေးတယ် ပြောရမှာပေါ ..။ တကယ်ဆိုရင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲ ကောင်းပါတယ် ..။
ဒါပေမယ့် အချို့နေရာမှာ ကိုယ်နဲ့မဆိုင်တာ ဝင်လုပ်နေရတာကို ကျေနပ်နေတဲ့ကောင်တွေကလဲ ရှိနေသေးသဗျ ..။
ဥပမာ ပွဲတွေမှာ လုံခြုံရေးဆိုပြီး တုတ်တကားကားနဲ့ ဟန်ရေးပြနေတဲ့ မီးသတ်တွေ …
အပေါက်စောင့်တာဝန်ကျပြီး လူတိုင်းကို လူမထင်သလို ဆက်ဆံနေတဲ့ မီးသတ်တွေလဲ ရှိသဗျ ..
ဒါတွေကိုလဲ အကိုတို့ဘက်က ထိမ်းကွတ်ပေးဖို့လိုလိမ့်မယ်..။ပြည်သူဆီက မေတ္တာကို ခံယူနှိုင်မှ အောင်မြင်တဲ့ အဖွဲ့အစည်း ဖြစ်မှာနော … အပြုသဘောနဲ့ရေးတာပါ ..။
Ko Ko Aung
December 22, 2011 at 9:45 am
မီးသတ်တပ်ဖွဲ့ဆိုတာကို အရင် မဆလအစိုးရလက်ထက်ကတည်းက အာဏာပိုင်တွေရဲ့ လက်ကိုင်ဒုတ်အဖြစ်ရော ဓါးစာခံအဖြစ်ပါ အသုံးချခံခဲ့ရပါတယ်။
ဒါကြောင့် မီးသတ်ဆိုရင် ရဲကိုမုန်းသလို မုန်းတဲ့သူတချို့ တွေ့ဘူးပါတယ်။ ကိုယ်တိုင်လဲ ငယ်ငယ်က ပါပါတယ်။
ပြီးတော့ မီးသတ်တွေ မီးလောင်လို့သွားငြိမ်းသတ်ရင် လာဘ်စားတယ်၊ ပိုက်ဆံပေးမှ ရေပက်တယ် ဆိုပြီးတော့လဲ မဟုတ်တဲ့ ကောလဟလအတင်းအဖျင်းတွေ ကြားရပါတယ်။ တကယ်တော့ မီးသတ်ရေခေါင်းကြီးကိုင်ပြီး ပိုက်ဆံထိုင်စောင့်တဲ့မီးသတ်ဆိုတာ မရှိပါဘူး။ အိမ်ရှင်လုပ်ငန်းရှင်တွေကသာ ကိုယ့်ပစ္စည်းမီးလွတ်ချင်ဇောနဲ့ ပိုက်ဆံတွေ အတင်းသွားထိုးထည့်ပေးတာတော့ရှိပါတယ်။ မီးလောင်ဆဲအရာကို အရင်ငြိမ်းဘို့ထက် ဘေးကို မီးမကူးအောင် တားဘို့ အရေးကြီးပါတယ်။ ဒါကို ပြည်သူသိအောင် ကျယ်ကျယ်ပြန့်ပြန့် မရှင်းပြဘူးတော့ – မီးသတ်တွေ မီးလောင်တဲ့အိမ်ကိုတော့ ပိုက်ဆံမရလို့ရေမပက်ဘူး မီးမလောင်တဲ့အိမ်ကိုတော့ ပိုက်ဆံရလို့ ရေပက်တယ်လို့ အထင်မှားတာလဲခံရပါတယ်။ ပြည်သူကို အဖက်လုပ်ပြီး မပြောပြ မရှင်းပြတဲ့ ပြည်သူရဲ့အထင်အမြင်ကို မျက်စိထဲမထည့်တဲ့ စစ်အာဏာရှင်တွေကြောင့် မီးသတ်နာမည်ပျက်ရတာပါ။
utawgyaw
December 22, 2011 at 6:57 pm
တော်တော့ကို ကျိုးကြောင်းဆီလျော်မှုရှိကြောင်းတွေ.ရှိ၇။ မီးသတိပြုကြပါ။
ကြောင်ကြီး
December 22, 2011 at 10:26 am
ငယ်စဉ်တုန်းကတော့ ကြောင်ခြေနီလုပ်ခဲ့ရတာ သိပ်သဘောကျသပေါ့။ ဘာရယ်မဟုတ်ဘူး ယူနီဖောင်းဝတ်၊ ဘွတ်ဖိနပ်လည်ရှည်စည်းပြီး လူမြင်ကွင်မှာ လတ်ယားလတ်ယား လုပ်ရတာ သဘောကျလို့။ ဒါပေမယ့် တခါလာလည်း ဘယ်ညာ နောက်တခါလာလည်း ဘယ်ညာ၊ ဘယ်ညာကနေ မတက်တော့လို့ စိတ်ညစ်ပြီး ရပ်ပစ်လိုက်တယ်။ မဆလခေတ်တုန်းကပါ။ အဲဒီတုန်းက မြို့နယ်စစ်ရေးပြပွဲတွေမှာ လူမပြည့်လို့ တပ်ခွဲမှူးတွေက အကြံအဖန်လုပ်ပြီး နီးစပ်ရာမြို့နယ်က အဖွဲ့ဝင်တွေကို လူစားသွင်း စစ်ရေးပြရတယ်။ ဘယ်ညာလျောက်တတ်အုံးမှ ဖြစ်မယ်ဆိုတော့ တွေ့ကရာလူ အစားသွင်းလို့လည်း မရဘူး။……
မီးသတ်တပ်ဖွဲ့ ကြုံတွေ့နေရသလို အောက်ခြေ အခက်အခဲများ ဝန်ထမ်းအဖွဲ့အစည်းတိုင်းမှာ အနည်းနဲ့အများ ကိုယ်စီရှိပါတယ်။ တကယ်ပပျောက်ချင်ရင် အောက်ခြေဦးစီးမှူးများ အထက်ဖါးအောက်ဖိ လိမ်လည်မတင်ပြဖို့လိုသလို လူဂျီးဆိုသူများ စွတ်စပ်အမိန့်မပေးဖို့လည်း အရေးကြီးပါတယ်။ တိုင်းပြည်မှာ ဖြစ်နေတာ အမိန့်ပေးသူကစွတ်ပေး၊ လုပ်ရဲသူများက စွတ်လုပ်လို့ ဖြစ်သွားတဲ့အခါ အခြေအနေကိုကြည့်ပြီး ရေရှည် အကျိုးသင့်အကြောင်းသင့် တင်ပြသူများ ဘေးရောက်ကုန်ပါတယ်။ အဲဒီမှာတင် ကျန်လူများလည်း မိမိဘေးမရောက်ရေး စွတ်ပြော စွတ်လုပ်ရင်းနဲ့ စွတ်ပျက်ကုန်ကြတယ်။
ပေါက်ဖော်
December 22, 2011 at 10:53 am
တော်သေးတယ်..
မီးသတ်ထဲ မဝင်မိလို ့..
တော်ကြာ..မီးမသတ်ရပဲ.ဘယ်ညာ.လျှောက်နေရမှ ကြွက်တက်နေဦးမယ်..အာဟိ..
တစ်ကယ်တော့..မီးသတ်ဋ္ဌာန တိုင်းကို အထက်က ပြည့်ပြည့်စုံစုံ..လုပ်ပေးထားသင့်သဗျ
ဒါမှလဲ..မီးလောင်တဲ့အခါ..ရေ.ကား..လူ..အဆင့်သင့်နဲ ့..အချိန်မီ ကယ်လို ့ရမှာ
ခုတော့..အာတကေမရှိ..
မရှိတော့.ဝန်ထမ်းမရှိ….
ရှိတော့လဲ..ဘယ်ညာလိုက်လျှောက်နေရတာနဲ ့..
တစ်ခုခုဆို..ဘတူ ့အားကိုးရမှာတုန်း အရပ်ကတို ့ရဲ့
ဒီလိုနေရာတွေမှာ..ငွေကို…လိုအပ်သလောက် သုံးသင့်ဖြုန်းသင့်ပါကြောင်း..
နို ့မဟုတ်ပါက…မိန်းမ နားကပ်ပေါင်၍ မည်သူမှ အိတ်စိုက် အမှုထမ်းမည် မဟုတ်ကြောင်း..
သို ့ပါ၍ မီးသတ်ကိုလဲ..တစ်ချက်လေးစောင်းငဲ့ကြည့်ကြပါဦးလို ့..
ပုံ၊
မီးသတ်အရာရှိဟောင်းတစ်ဦး-Be-WE-Double Black.
အိမ်မဲမြို ့.
pho zaw
December 22, 2011 at 5:48 pm
မီးသတ်တပ်ဖွဲ့ဝင်တွေဆိုတာ တစ်ကယ်တမ်းတွေးကြည့်မယ်ဆိုရင် မွန်မြတ်တဲ့သူတွေပါ။
အားလုံးပဲစဉ်းစားကြည့်ကြပါ မီးလောင်ပြင်တစ်ခုမှာ ကာယကံရှင် အိမ်ရှင်တွေတောင်မှ ပူလွန်းလို့ ကိုယ့်အသက်ကို ကိုယ်လုပြီးထွက်ပြေးလာကြချိန်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ အဲဒီအပူတောထဲကို ဝင်ရောက်ငြှိမ်းသတ်ကြရတာပါ။ မီးလောင်ပြင်မှာ ပိုက်ဆံပေးမှပက်တယ်ဆိုတာတော့ရိုးရိုးလေးပဲတွေးကြည့် ကြပါ မီးလောင်လို့ ရပ်ကွက်ထဲကလူတွေ အုတ်အော်သောင်းနင်း အပူမီးဝိုင်းနေတဲ့အချိန် ၊ အချိန်လုပြီး မီးငြှိမ်းနေတဲ့အချိန်မှာ ဆရာရယ်ကျွန်တော့်အိမ်ကိုငြှိမ်းပေးပါ ၅၀၀၀ဝိ ပေးပါ့မယ်လို့ပြောလို့ အဲဒီအိမ်ကိုပက်မယ်ကြံတဲ့အချိန်မှာ တစ်ခြားလူတစ်ယောက်က သူ့အိမ်ကိုပက်ပေးပါ ၆၀၀၀ဝိ ပေးပါ့မယ် နောက်တစ်ယောက်က ၇၀၀၀ဝိ ပေးပါ့မယ် အဲဒီလို ဈေးညှိနေတဲ့အချိန်မှာ မီးက ပြာတောင်ကျနေလောက်ရောပေါ့။ ထားပါဈေးတဲ့သွားပြီး ပိုက်ဆံယူပြီးမီးငြှိမ်းပြီဆိုပါစို့ အဲဒီပိုက်ဆံအပေးအယူလုပ်နေတဲ့ မီးလောင်ပြင်က ဆိတ်ငြိမ်တဲ့နေရာမဟုတ်ဘဲ လူအများမြင်ကွင်းကြီးပါ။
အဲဒီမှာ ပိုက်ဆံအပေးအယူလုပ်နေတာကို အဲဒီလိုပြောနေတဲ့ လူတွေကိုယ်တိုင်မြင်ဖူးကြလို့လား။
သူများယောင်လို့ လိုက်ယောင်တာတော့ မဖြစ်စေချင်ပါဘူး။ မြင်တယ်ဆိုရင်လည်း ဂုတ်ကနေစွဲချုပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို ဖမ်းခေါ်သွားကြပါ။ သက်ဆိုင်ရာဌာနက အရေးယူမှာပေါ့။ ကိုယ်စကားကြောင့်တော့ တစ်ဖက်ကိုမနစ်နာစေချင်လို့ ဒီစာလေးကိုရေးလိုက်မိတာပါ။ ဘယ်သူ့ကိုမှ ဘယ်လိုမှသဘောထားလို့မဟုတ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
fireman 89
April 27, 2013 at 6:31 pm
အင်း….မီးသတ်ကို အကောင်းမြင်သလို အဆိုးမြင်တဲ ့ သူလဲ ရှိပါတယ်။ ဒါပေမယ့် စစ်ကိုင်းမြို ့၊ရွှေဟင်္သာဆရာတော်ဘုရားကြီးရဲ ့ ဩဝါဒကတော့ ” အများအကျိုး ရွက်သယ်ပိုးက၊ ခနိုး ခနဲ ့ ဆိုကဲ ့ရဲ ့လည်း၊ မရွဲ ့မစောင်း ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင်းယှဉ် ရှေးရငလော့ ” ။ အဲဒီစာထဲကပါသလိုပဲ ကိုယ့်ဝါသနာပါရာ စိတ်အားထက်သန်ရာ အလုပ်က အများကောငိ့ဖို ့အတွက်ဆိုရင် ဘယ်သူတွေဘာပဲပြောနေပါစေ ကိုယ့်လမ်းသာကိုယ်ဆက်လျှောက်ကြရမှာဖြစ်ပါတယ်။ တစ်ကယ်တော့ မီးသတ်သမား အလုပ်ဆိုတာ” ကုသိုလ်လဲရ ဝမ်းလဲဝ ” တဲ ့အလုပ်မျိုးပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ အရန်မီးသတ်မှာ တာဝန်ထမ်းဆောင်နေတာပါ။ အပေါ်ကနောင်ကြီးတို ့ ပြောချင်လဲ ပြောစရာပါပဲ ။ မီးလောင်ပြင်ကိုထွက်ပြီး ဒုက္ခရောက်နေတဲ ့ သူကိုကယ်ချင်လို ့ မီးသတ်ထဲဝင်ပါတယ် တက်ခိုင်းလိုက်တဲ ့သင်တန်း၊ စောင့်လိုက်ရတဲ ့လုံခြုံရေး၊ စစ်လိုက်ရတဲ ့ ဧည့်စာရင်းတွေ မီးသတ်လုပ်ငန်းနဲ ့ ဘာမှ မဆိုင်တာတွေအများကြီးလုပ်ခိုင်းတယ်။ မီးသတ်ဆိုတာ အရန်ပဲဖြစ်ဖြစ်၊ သန္ဓေပဲဖြစ်ဖြစ် နိုင်ငံတော့ အရန်အင်အားဆိုပေမယ်လို ့ မီးသတ်ဆိုတာ မီးပဲသတ်ရမှာပေါ့။ အခုကတော့ ဘာဆိုလားလူကြီးတွေရဲ ့၊ ဟိုဟိုဒီဒီ လူကြီးတွေရဲ ့ လက်ကိုင်တုတ်သဘောမျိုးဖြစ်နေရတာပါ။ လူတစ်ကာ အမုန်းပွား၊ လူတစ်ကာတံတွေးခွက်ပက်လက်မျောအောင် ဘယ်သူတွေကများလုပ်ကြပါသလဲဗျာ..။ တစ်ကယ်တမ်းစဉ်းစားကြည့်ကြရမယ်ဆိုရင် မီးလောင်ပြီဟေ့ ဆိုရင်ရင် မီးသတ်ကားနဲ ့ မီးသတ်ရဲဘော်နဲ ့ လာပြီးငြိမ်းမှ ရမှာပါ။ ရဲ ကလာပြီး လုံခြုံရေးယူရုံ၊ စစ်တပ်ကလာပြီး သေနတ်တကားကားနဲ ့ လာပြီး အမိန် ့ပေး တာနဲ ့ ့ မီးကငြိမ်းသွားမှာမှမဟုတ်တာပဲ။ မီးလောင်တာကို ရေနဲ ့ဖြန်းလို ့ ၊ရေနဲ ့ပက်လို ့ ရရိုးထုံးစံ ရှိရင် မီးသတ်ဆိုတာ ဘာလုပ်တော့မလဲ ရဲတို ့၊ စစ်တပ်တို ့ ၊လူထု ရှိရင်ရပြီပဲ။လူတိုင်းက မီးသတ်ဆိုရင် အထင်မကြီးဘူး၊ လူမလေးခွေးမခန် ့လုပ်ကြတယ်။ ရတဲ ့လစာလေးတစ်ပဲခြောက်ပြား နဲ ့..အရန်တွေဆိုရင် လစာတောင်မရကြဘူး။ မီးလောင်လို ့ မီးငြိမ်းရုံတင်လဲ မကဘူး လူပါကယ်ဖို ့ သင်တန်းတွေမှာသင်ကြရတယ်။ လူကယ်လို ့ထိခိုက်မိရင် ကိုယ့်ဆေးဖို းနဲ ့ကိုယ်ပဲ။ ရတာကနောက်မှ ကိုယ်က အရင်ဆုံး ရင်းသွားရတာ။ ဒါတောင်ထိမိခိုက်မိတာပဲရှိသေးတာ ကျိုးသွား ၊ကန်းသွား ပြီ အဆုံးစွန်ဆုံး သေသွားခဲ ့ရင်တောင်မှ ဘာမှ အသိအမှတ်ပြုခြင်းမခံရဘူး။ အရမ်းရင်နာဖို ့ကောင်းတယ်။ ပြီးတော့ လူကြီးတွေက စားဖို ့ဝါးဖို ့ပဲသိတယ် ။ လူ၊ ကား၊ ရေ ၊ စက် ကောင်းလားမကောင်းလား ၊ အဆင်သင့်ဖြစ်လားမဖြစ်လား သူတို ့မသိဘူး။ တစ်ခုခုဖြစ်ရင် ထုမယ်ထောင်းမယ်ဆိုတာလောက်ပဲသိတယ်။ အဆိုးဆုံးက မီးသတ်ကို ဝါသနာပါလို ့ မီးသတ်လုပ်တဲ ့လူက နေရာမရဘူး တပ်မှာ အနေအစား မချောင်လို ့ ဟိုကကူး ဒီကကူးလာတဲ ့လူတွေကြောင့်၊ မီးသတ်လုပ်ငန်းအကြောင်း နကန်း တစ်လုံးမှ မသိ၊ ဃဂဏန မသိတဲ ့ လူတွေကသာအခန် ့သား နေရာ ယူဆရာလုပ်နေကြတဲ ့ လူတွေကြောင့် ဒုက္ခရောက်နေရတာ။