လုံထော်…
လောကအလယ်ထဲကို ကျုပ်ရောက်ရှိလာခြင်းကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြသူတွေက
အဖေနဲ့ အမေဖြစ်မှာပါ … အစ်မတွေကြားထဲမှာ အငယ်ဆုံးလည်းဖြစ်ပြန် တစ်ဦးတည်းသော
သားလည်းဖြစ်ပြန်ဆိုတော့ မိသားစု တစ်ခုလုံးက သည်းသည်းလှုပ်ပေါ့ ….
မျှော်လင့်ချက်တွေ တပုံတပင်လည်း ထားခဲ့ကြမှာ အမှန်ပါပဲ… ဒီမျှော်လင့်ချက်တွေ
ပြိုလဲပျက်စီးစေခဲ့တာက ကျုပ်အသက် ငါးနှစ်ကျော် ခြောက်နှစ်ထဲမှာပါ …
ကျုပ်ကို အဖေနဲ့ အမေက စာသင်ကျောင်းပို့တယ်လေ… ခက်တာက ကျုပ် အရွယ်တူ
သူငယ်ချင်းတွေလို မရေးတတ် မဆိုတတ်ဘူးဗျ… ဆရာမ နှုတ်တိုက်ချပေးတော့
လိုက်ဆို လိုက်ပြောတတ်တယ်… ပြီးရင် ကျုပ် ဘာမှမသိတော့ဘူး …
ဒါနဲ့ ကျုပ်ဟာ ဉာဏ်ရည်မမီတဲ့ ကလေးလို့ သတ်မှတ်ခံရတော့တာပါပဲ….
အရပ်အခေါ်ကတော့ ကျပ်မပြည့်ဘူးပေါ့ဗျာ… ကျုပ်ကလည်း ကျုပ်ပါပဲလေ…
အဖေနဲ့ အမေကလွဲရင် ကျန်တဲ့သူတွေကို သိပ်ဂရုမစိုက်တတ်ဘူး… စိတ်ထဲရှိရာ
လျှောက်လုပ်နေတတ်တာ.. ဒါနဲ့ ကျုပ် ကျောင်းမနေရတော့ဘူးပေါ့ … ကျုပ်အဖေက
ကျုပ်ကို တောထဲက အပင်တွေစိုက်တဲ့နေရာခေါ်သွားတယ်… ကျုပ်ရဲ့ ကလေးဘဝဟာ
အဲ့ဒီတောထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ … ကျုပ်ပျော်ပါတယ် … အဖေ့ရဲ့ အပင်တွေစိုက်တဲ့
ကွင်းကြီးထဲမှာ စိတ်လိုလက်ရ ပြေးလွှားဆော့ကစား မောရင် ရေအေးအေးလေးတွေ
စီးနေတဲ့ ချောင်းကလေးထဲမှာ ရေချိုး ပြီးရင် တောင်တန်းပြာကြီးကို ငေးမောပေါ့…
အမေကတော့ ကျုပ်ကိုကြည့်ပြီး ခဏခဏငိုတယ်…. ဘာကြောင့်ငိုမှန်း ကျုပ်သေသေ
ချာချာ မသိပါဘူးဗျာ … ကျုပ်တောထဲမှာ ဘယ်လောက်ကြာအောင်နေခဲ့ရတယ် မသိပါဘူး။
ကျုပ်တောထဲမှာ တော်တော်ကြာကြာနေခဲ့ရသဗျ .. ဘာပဲဖြစ်ဖြစ် ကျုပ်ပျော်ပါတယ်…။
စိတ်ထဲရှိတဲ့ အတိုင်းလုပ်နေရတယ်လေ…။ တောထဲကနေပြီး ကျုပ် အိမ်ပြန်လာရတယ်..။
ကျုပ်အိမ်ဘေးမှာ ကျုပ်နဲ့ရွယ်တူ သူငယ်ချင်းတစ်ယောက်ရှိတယ်…။ ဒီကောင့်ကို ကျုပ်
ခင်ပါတယ်… ဒါပေမယ့် ဒီကောင်က ကျုပ်ဆိုရင် စ..စရာ နောက်စရာလို့ပဲ ထင်နေတယ်
ထင်ရဲ့ ..။ ကျုပ်ကတော့ သူ့ဆီအမြဲ သွားလည်ပါတယ်..။ ဒီကောင်က အဝတ်အစားတွေ
သပ်သပ်ရပ်ရပ်ဝတ်တယ်.. အကျင်္ီဆိုလည်းထည်လဲပဲ.. ပြီးတော့ ကျုပ်မဝတ်တတ်တဲ့
ပုဆိုးတို့ ဂျင်းဘောင်းဘီတို့ကိုလည်း ဒီကောင်က ဝတ်တတ်တယ်ဗျို့ …။ ကျုပ်ကတော့
စွပ်ကျယ်၊ ဘောင်းဘီတိုနဲ့ပဲ နေတတ်တာပါ … ကျုပ်သူ့ဆီသွားတိုင်း ကျုပ်ကိုပြောလေ့ရှိ
တာက မင်းနေတာ သိပ်ညစ်ပတ်တယ်တဲ့… ညစ်ပတ်တယ်ဆိုတာဘာလဲဗျ…
ပြီးတော့ မနက်အိပ်ယာထရင် မျက်နှာသစ် သွားတိုက်တဲ့… မျက်နှာသစ်ရအောင် ကျုပ်မျက်နှာ
ကဟောင်းမှ မဟောင်းတာ.. မနေ့ကလည်း ဒီမျက်နှာ..ဒီနေ့လည်း ဒီမျက်နှာပဲလေ… ဘယ်မှာ
ဟောင်းလို့တုန်းးး.. သွားကိုကရော ဘာနဲ့တိုက်ရမလဲ…. ကျုပ်က တစ်ခါတစ်လေ လမ်းထွက်လျှောက်
ရင်လည်း ကလေးတွေက ကျုပ်ကို “လုံထော်…လာပြီဟေ့…” ဆိုပြီး နောက်ကနေလိုက်ပြီး…
ဘာပြောကြတယ်ထင်လဲ… အရူးကြီးးးး အရူးကြီးးတဲ့လေ… ကျုပ် ဒေါသထွက်လို့ သူတို့ကို
တံတွေး သေနတ်နဲ့ ပစ်တယ်… ဒါလည်းး မရပါဘူးးဗျာ… ကလေးတွေက ကျုပ်ကိုမြင်တိုင်း
စနေကြတာပါပဲ … နောက်တစ်ယောက်က ကျုပ်တို့ရွာထဲက လူပျိုကြီးကိုသာလှဗျ…
သူကတော့ ကျုပ်ကို ခင်တယ်.. ကျုပ်နဲ့ စကားတွေပြောတယ်… ဘာကြောင့်မျက်နှာ
သစ်ရတယ်..သွားတိုက်ရတယ်ဆိုတာ သူရှင်းပြတယ်.. ဘာတဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု
ဆိုလားဘားလားပဲ… ကျုပ်ကလည်း ကျုပ်ပါပဲ.. ပြောတဲ့အခါသာ မှတ်မိတာ…
ပြီးတော့လည်း ဘာမှမသိတော့ဘူး…။ ကျုပ်အလုပ်လား မနက်ခင်းကို အဖေရဲ့ အရက်ချက်
လုပ်ငန်းအတွက်လိုအပ်တဲ့ လောင်စာ စပါးခွံတွေ ကျုံးပေးရတယ်…
ဒါတော့ ကျုပ်မှတ်မိတယ်ဗျ…. မမှတ်မိလို့လည်း မရဘူးလေ.. မမှတ်မိရင် အဖေ့ရဲ့
ကြိမ်လုံးက ကျုပ်ကြောပြင်ကို ဗြောတင်သလို ဆော်ပလော်တီးမှာကိုး ….
နေ့လည်ရောက်ရင်တော့ မြင်းစာ နွားစာတွေ စဉ်းရတယ်… ကျုပ်အိမ်ဘေးက သူငယ်ချင်းက
ဟိုတစ်လောက ကောင်မလေးတစ်ယောက်နဲ့ မင်္ဂလာဆိုလား ဘာလားးဗျာ…
ပွဲကြီးလုပ်တယ်… ဒီကောင်က အဲ့ကောင်မလေးကို ကျုပ်ရှေ့မှာ ခါးဖက်ပြ လက်ကိုင်ပြနဲ့
ပြီးတော့ ပြောသေးတယ်…“ဟေ့ကောင် လုံထော် မင်းရော ငါ့လို မနေချင်ဘူးလားတဲ့…”
ပြောလည်းပြောတတ်ပါ့နော်… ပထမတော့ ကျုပ်မလိုချင်ဘူးလို့ပြောမိတယ်…
တကယ်တော့ ကျုပ်သူ့လို ကောင်မလေးတစ်ယောက်ရချင်တယ်ဗျ…
ဒါနဲ့ အမေ့ကို ပြောမိတယ်… အမေကတော့ “သားရယ်..မင်းငယ်ပါသေးတယ်
နောက်တစ်နှစ် နှစ်နှစ်နေရင် အမေရှာပေးမယ်တဲ့လေ….”
ကျုပ် မကျေနပ်နိုင်ဘူးး တစ်နှစ် နှစ်နှစ်ဆိုတာ ဘယ်လောက်ကြာနေဦးမယ်မှ မသိတာ..
ရွာထဲက လူပျိုကြီး ကိုသာလှကတော့ သူပြောသလိုနေရင် ကောင်မလေးတစ်ယောက်မကဘူး
ရနိုင်တယ်ပြောတာပဲ… ခက်တာက သူပြောသလို နေရအောင် ဘယ်လိုနေရမယ်
ဆိုတာ ကျုပ်မမှတ်မိသလို နေလည်းမနေဖြစ်တာပဲ … ခုတော့ ကျုပ်ရွာထဲက ကောင်မလေးတွေ
ကို လိုက်လိုက်ဆွဲနေလို့ အဖေက ကြိမ်လုံးနဲ့ရိုက်တယ်… ဒါလည်း မရဘူးလေ..
ကျုပ်က သောင်းကျန်းလို့ဆိုပြီး … အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မပေးတော့ဘူး …
လူတွေကပြောနေကြတယ်… “နေမြင့်လေ အရူးရင့်လေတဲ့..” ဘာတွေပြောနေကြတာလဲဗျာ..
ကျုပ်သိတာကတော့ ကောင်မလေးတစ်ယောက်လောက် ကျုပ်ပိုင်ချင်တယ်…
ဒါပါပဲလေ…. ကူညီနိုင်ရင် ကူညီပေးကြစမ်းပါဦး ..သေချာတာက ကျုပ်မရူးဘူး
ဆိုတာ ခင်းဗျားတို့ ယုံတယ်မဟုတ်လားဗျာ…..။
6 comments
မစာဥ-ရွာသာကြီး
December 23, 2011 at 10:19 am
တိုတိုရေ..တူနေချင်လှဘီ..ချစ်လွန်းလို ့….
တိုတိုရေ..မြန်လာလှည့်ပါ..ချစ်လွန်းလို ့..
တိုတိုရေ..လင်လိုချင်လှဘီ..ချစ်လွန်းလို ့.
တိုတိုရေ..အိပ်ချင်လှဘီ..ချစ်လွန်းလို ့.
😆
kotun winlatt
December 23, 2011 at 12:32 pm
ဟီဟိ..လုံထော်ကို ပြောထားးမယ်…
အားးငယ်နဲ့လို့ ..
ရွာသာကြီးးးက မစာဥက မျှော်နေဒယ်လို့…
Moe Z
December 23, 2011 at 12:40 pm
မစာဥ ဆူးလေဘုရားနားမှာ အရူးကြီးတစ်ယောက်ရှိတယ်
သွားတွေ့ကြည့်ပါလား 😀
windtalker
December 23, 2011 at 12:29 pm
ဟိုကာတွန်းထဲကလို
ဘိုမ အရုပ်လေး နို ့ဆီ သုတ်ပြီး
ပေးလိုက်ရမလား
kotun winlatt
December 23, 2011 at 12:34 pm
အရုပ်ကို ဆီသုတ်…
ဘာနဲ့ မြုပ်ရပါ့မလဲလို့
လုံထော်က ပုံမတော်လို့
ပြန်မေးနေရင် ဘီလိုလုပ်မလဲ့
အစ်ကိုတော်ရဲ့…။
windtalker
December 23, 2011 at 12:47 pm
အပျိုမ အရုပ် ကို
နို ့ဆီ ချိုချိုလေး လူးပြီးတော့
လုံထော် လူလေး
ထပ်မမေး နဲ ့ဆိုပြီး
ပေးလိုက်မှာပေါ့လို ့