မြန်မာအမျိုးသမီးဖြစ်ရတာ ဂုဏ်ယူစရာ
ကိုမောင်မောင်အေးဆိုတဲ.မိတ်ဆွေတစ်ယောက်ရှိပါတယ်။
သူက စကားပြောတာ အေးဆေးညင်သာသလို ခင်စရာလဲကောင်းပါတယ်။
ဒါပေမဲ.သူက ဘိုနည်းနည်းဆန်ပါတယ်။
အဲပြောရရင် ဘိုစာ ကလည်းကျွမ်းပါတယ်ပေါ.။
မြန်မာသီချင်းမကြိုက်ဘူး မြန်မာရုပ်ရှင်မကြည်.ဘူး ဒါပေမဲ. မြန်မာစာပေကတော.သူလေးစားတယ်ဆိုတဲ.ဆရာ ဆရာမကြီးတွေစာကိုဖတ်ပေမဲ.
တော်တော်များများကိုမဖတ်ဘူး။
အထင်မကြီးဘူးပေါ.ဗျာ။
အနောက်ကလာတဲ.စာအုပ်မူရင်းတော်တော်များများကိုသူဖတ်ဘူးတယ်လို.လဲဆိုနိုင်ပါတယ် အဆက်အသွယ်ကလဲကောင်းတာကိုးဗျ။
သူနဲ.စကားပြောရင် အပွင်.လင်းဆုံးပြောရင်တော. သူက အနောက်ဘက်ကလာတာမှန်သမျှကောင်းတယ်လို.ယူဆတတ်တဲ.သူထဲမှာပါ ပါတယ်။
ဒါပေမဲ.ကိုးကွယ်ဆည်းကပ်တဲ.နေရာမှာ ကျနော်တို.လိုသာမန်လူထက်သာတဲ. ဗုဒ္ဒဘာသာဝင်ကောင်းတစ်ယောက်ပါ။
မီးမလာတာ ရေမလာတာ လမ်းမကောင်းတာ ဖုန်းလူတိုင်းမကိုင်နိုင်တာ တွေဟာသူအတွက် ပြောစရာပြဿနာတွေလိုဖြစ်နေပါတယ်။
ကျနော်တို.အယူအဆကျတော.လို. မိဘဆင်းရဲလို.သားသမီးဆင်းရဲတာဘာတတ်နိုင်မှာလဲလို.ခံယူထားပါတယ်။
သူနဲ.စကားပြောပြီဆိုရင် လူ.အခွင်.အရေးဆိုတဲ.ခေါင်းစဉ်အောက်မှာနောက်ဆုံး အဆုံးသတ်ကြပါတယ်။
သူအမြဲပြောတာက လူ.အခွင်.အရေး ဆုံးရှုံးတာတို. ကိုယ်ပိုင်လွတ်လပ်ခွင်.တို.ပုံကြီးချဲ.ပြောတတ်ပါတယ်။
တစ်ရက် သူနဲ.ကျနော်တို.စကားပြောနေကြရင်း အမျိုးသမီးရေးရာကိစ္စရောက်သွားပါတယ်။
ထုံးစံအတိုင်းသူက လူ.အခွင်.အရေးဆိုတဲ.ခေါင်းစဉ်အောက်လဲရောက်ရော အမျိုးသမီးတွေနိုင်ငံခြားမှာ သူတို.အခွင်.အရေးကိုဘယ်လိုတောင်းဆိုကြတာ ဘာညာကွီကလဲပြောရောကိုအောင်မောင်းနဲ.သူတယ်ကြပါတော.တယ်။
ကိုအောင်မောင်းက မြန်မာပြည်မှာ လောက် မိန်းမကိုဦးစားပေးတာဘယ်နေရာမှမရှိနိုင်ဘူးလို.ထပြောပါတော.တယ်။
ဒါနဲ.ပဲထပ်မငြင်းခင်အမြန်လူစုခွဲလိုက်ပါတယ်။
ကျနော်အိမ်ပြန်ရောက်လို.ဆက်တွေးမိနေတာကတော. ကျနော်တို.ရဲ.မိခင်အပါအဝင်မြန်မာအမျိုးသမီးများအကြောင်းပါ။
ဘယ်သူမဆို ဆင်းရဲချမ်းသာမရွေး အမေအရွယ်အမျိုးသမီးကိုတွေ.လို ့ကတော.ကျနော်ကိုယ်တိုင်က အစ
“အမေ”လို.လှိုက်လှိုက်လှဲလှဲခေါ်တတ်ကြတာ အလွန်လေးစားစရာ ချစ်စရာကောင်းသော မြန်မာ.ဓလေ.လေးပါ။
မြန်မာအမျီုးသမီးဖြစ်ရတာ ဂုဏ်ယူစရာကောင်းတာလေးတွေကို ကျနော် နံပါတ်စဉ်ထိုးလို.ကြည်.မိပါတယ်။
(1)မြန်မာပြည်က ဘယ်အမျိုးသမီးမဆို အိမ်ထောင်ကျပြီးရင်လဲ ကို်ယ်အမေအဖေပေးတဲ.နာမယ်ကိုဆက်သုံးခွင်.ရှိပါတယ်။
ဥပမာ မခင်အေး က ကိုထွေးမောင်နဲ.အိမ်ထောင်ကျသွားလဲ မခင်အေးပါဘဲ ။
အနောက်နိုင်ငံကတွေလိုယောက်ျားရဲ.မျိုးရိုးနာမယ်အောင် ဝင်ခိုစရာမလို ပြောင်းစရာမလိုပါ။
(2)ကိုယ်မွေးထားတဲ.ကလေး ကို ကျားဖြစ်ဖြစ် မဖြစ်ဖြစ် ပိုင်ပိုင်နိုင်နိုင် ပိုင်ဆိုင်ခွင်.ရှိပါတယ်။
မခင်အေးရဲ.ကလေး ဟာ မခင်အေးအပိုင်ပါ သူများတွေလို.ယောက်ျားလေးမွေးရင် အဖေ.ဘက်က မျိုးရိုးနာမယ်ယူရတာတို.ဘာတို.မရှိ
ကိုယ်ကြိုက်တဲ.နာမယ်ပေးပါ။
(3)မိမိယောက်ျားရှာဖွေလို.ရတဲ.ဥစ္စာပစ္စည်းမှန်သမျအလိုလိုထက်ဝက်ပိုင်ဆိုင်ပြီးသားပါ။
သူများနိုင်ငံက မိန်းမတွေလို တရားရုံးတက်စရာမလိုပါ။
(4)မြန်မာပြည်က အိမ်ထောင်ရှင် မိန်းမမှန်သမျှတွေဟာ အိမ်ရဲ.အရေးအရာမှန်သမျှကို ပိုင်နိုင်စွာ ကိုင်တွယ်အုပ်ချုပ်ခွင်.ရသူတွေပါ။
(5)ခုခေတ်မှာဆိုရင်လဲ ကို်ယ်လုပ်ချင်တယ်ဆိုရင်ယောက်ျားတွေနဲ.ရင်ဘောင်တန်းလို.လုပ်ငန်းခွင်တွေကို အနှောင်.အယှက်မရှိ
ဝင်ရောက်လုပ်ကိုင်လို.ရပါတယ်။
(6)နေရာတကာမှာအမလို ညီမလေးလို အဒေါ်လို မိခင်လိုသဘောထားလို.အားလုံးက ဦးစားပေးတာကိုခံကြရပါတယ်။
(7)မွေးသမိခင်ကျေးဇူးကိုအောက်မေ.လို.အမေနေ.ကိုတွင်တွင်ကျယ်ကျယ်လုပ်ပေးတာ ခံယူရပါတယ်။
(တစ်ဝက်ပါတဲ.အဖေ.နေ.တောင် သည်လောက်လုပ်ပေးတာမကြားရဘူူးနော်)
(8)မိန်းကလေးမွေးလို.သတ်ပစ်တာ အနှိမ်ခံရတာ မရှိပါ အမကြီးအမိအရာသဘောထားကြပါတယ်။
(9)အချိန်တန်အရွယ်ရောက်လို.အိမ်ထောင်ရက်သားကျမယ်ဆိုရင်တောင်ယောက်ျားလေးဘက်က တန်ဖိုးထားလို.တင်တောင်းတာ
တင်.တောင်.တင်.တယ်တလေးတစားနဲ.လက်ထပ်ခွင်.တောင်းတာကိုခံယူရပါတယ်။
နိုင်ငံခြားမှာကတော. ကျနော်သိသလောက် lady first ဆိုတာ ထမင်းစားရင်သူထိုင်မယ်.ခုံကို အဆင်.သင်.ဖြစ်အောင်လုပ်ပေးတာလောက်သာထင်ပါတယ်။
တကယ်လို.သာ အခွင်.အရေးတွေရပြီးသားဆိုဘယ်လမ်းမပေါ်ထွက်အော်ပြီးတောင်းစရာလိုမလဲနော်။
မြန်မာပြည်မှာ တိုင်းသိပြည်သိ ဂုဏ်ယူစရာကောင်းသော အမျိုးသမီးတွေ အများကြီးပါနော်။
ဒါကကျနော်စဉ်းစားရမိသလောက် ပါးပါးလေးပြောပြတာပါ။
သည်ထက်ဂုဏ်ယူစရာကောင်းတာလေးတွေ ကိုစဉ်းစားမိရင်ထပ်လို.ပြောပြစေချင်ပါသေးတယ်နော်.။
ဘာဘဲပြောပြော မြန်မာပြည်မှာမိန်းကလေးဖြစ်ရတာ ဒီပြင်နိုင်ငံတွေထက်သာတယ်ဆိုတာကိုတော. ငြင်းမရပါ။
6 comments
intro
May 27, 2010 at 12:52 pm
ရှိသေးတယ် လေးပေါက်ရ… မိန်းကလေးတွေချည်းပဲ စုနေတဲ့ အိမ်တို့လို၊ မိန်းမသားချည်းပဲ ရှိတဲ့အိမ်တွေဆိုရင် ရပ်ကွက်က စောင့်ရှောက်တယ်… ဒါမျိုးက တစ်ခြားနိုင်ငံတွေမှာ ရှိမရှိမသေချာဘူး… ဒီမှာက အတိုင်းအတာတစ်ခုထိတော့ လုံခြုံမှုရှိတယ်… မြန်မာပြည်မှာ မိန်းကလေး ဖြစ်ရတာ… တစ်ခြားနိုင်ငံမှာမိန်းကလေး ဖြစ်ရတာထက်စာရင် အများကြီးကံကောင်းတယ်… နိုင်ငံ ခေတ်နည်းနည်း နောက်ကျချင် ဖြစ်တာ မဖြစ်တာတော့ မပါဘူးပေါ့နော…
BaKo
May 27, 2010 at 9:13 pm
သေချာလည်းလေ့လာပါအုံးငါ့လူရာ။ အနောက်နိုင်ငံတွေမှာ မျိုးရိုးနာမည်က မယူလည်းရယူလည်းရပါတယ် ဥပဒေအရ အတင်းလုပ်တာမဟုတ်ဘူးကွ
တချို ့မိန်းမမျိုးရိုးအမည် ယောက်ကျားကယူတာပဲ
တရားရုံးလည်းမတက်ရပါဘူးကွာ ဥပဒေအရသူ့အလိုလိုပိုင်တာပါပဲ
ကျန်တာတွေလည်း တူတူပါပဲ
မြန်မာပြည်မှာမိန်းမဖြစ်ရတာ ဒီခေတ်ကြီးအင်မတန်ကြောက်စရာကောင်းတယ်ကွ
တလဒေါ်လာ ၃-၄ရာလောက်နဲ့ လပေးမယားဖြစ်နေသူတွေအများကြီး။ အဖြူကောင်တွေ မြန်မာပြည်သွားသွားပြီး ကင်မရာတလုံးပေးပစ်ပြီး တလစိတ်ကြိုက်ဆွဲတာ ငါ့လူမသိလို့နေမှာပါ။
နောက်မြန်မာ့ဥပဒေမှာ တလင်တမယားစံနစ် ခွင့်မှမပြုတာကိုးကွ။ ယောက်ကျားက မယားပြိုင်တွေအများကြီး ထားလို့ရပြီး မိန်းမကလင်တွေအများကြီးယူဖို ့ဥပဒေကခွင့်မပြုဘူးကွ ငါ့လူ၇
အမျိုးသမီးအခွင့်အရေးအနည်းဆုံးတိုင်းပြည်လို့တောင်ပြောလို့ရတယ်
konaing
May 28, 2010 at 1:20 am
အကောင်းမြင် နဲ့ အဆိုးမြင်
Rain girl
May 28, 2010 at 6:23 am
အော် လက်ချောင်းတွေတောင် အတိုအရှည် မညီသေးတာပဲ။ အမြင်ချင်းလဲ ဘယ်တူမလဲလေ။
မန်း ရိပ်
August 22, 2010 at 4:10 am
ဘာပဲဖြစ်ဖြစ် ကိုယ့်စာပေ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုမြတ်နိုးသင့်တယ်
ကိုယ့်နိုင်ငံက မြန်မာအမျုးိသမီးတွေ ကမ္ဘာ ဝင့်ထည်စေချင်တာအမှန်ပဲ
ကိုယ်လူမျုးိဂုဏ် ကိုယ်မဖော် ဘယ်သူဖော်မှာလဲ
pan pan
September 10, 2010 at 5:19 am
မိန်းကလေးတွေကို ဦးစားပေးတယ်၊ စောင့်ရှောက်တယ် ဆိုတာ တစ်ယောက်ချင်းစီမှာ မူတည်ပါတယ်။
အဲဒီလို စိတ်ထားလေး ထားကြဖို့က အဓိကပါပဲ။
မြန်မာနိုင်ငံမှာလည်း မိန်းမသားရယ်လို့ စောင့်ရှောက်ပေးကြတဲ့လူ ရှိသလို အခွင့်အရေးရရင် စော်ကားချင်ကြတဲ့လူတွေလည်း ရှိပါတယ်။ တစ်နို်င်ငံလုံးကလူတွေက စိတ်ထားချင်းတူတာမှ မဟုတ်တာကပဲ။