ဘုရင်တစ်ပါး၏ချစ်ခြင်းတရားအပိုင်း(၉)

SonnyDecember 23, 20116min30012

 

  The Love of a King

ဘုရင်တစ်ပါး ၏ ချစ်ခြင်းတရား

(9)

The Woman I love

အခန်း(၉)

ကျွန်တော်ချစ်သောမိန်းမတစ်ယောက်

 

A few days later Mr. Churchill came to see Edward at Buckingham Palace. At first the King was quiet. Then he said: “This is my last night in England, Winston. I love this country. I wanted to be a modern, kind King. I wanted to change the world, but they stopped me. And now I have to leave.”

ရက်အနည်းငယ်ကြာတော့ ဝင်စတန်ချာချစ်လ် အက်ဒဝပ်ကို ဘာမင်ဂမ် နန်းတော် ကိုလာတွေ့ပါတယ်။ ဘုရင်ကြီးကတော့ ပထမတော့ ခပ်အေးအေးပါ။ ပြီတော့မှ အက်ဒဝပ်ကပြောလိုက်ပါတယ် “ဒီညကကျုပ်အတွက်တော့ အင်္ဂလန်မှာနောက်ဆုံးညပါ ဝင်စတန် ရေ။ ဒီတိုင်းပြည်ကိုကျုပ်သိပ်ချစ်ပါတယ်။ ကျုပ်ဗျာ ခေတ်လည်းနောက်မကျပဲ အကြင်နာတရားရှိတဲ့ ဘုရင်တပါးဖြစ်ချင်ပါတယ်။ ကျုပ်ဖြစ်ချင်တာတွေ သူတို့ကတားတယ်ဗျာ။ အခုကျွန်တော် ဒီကနေ ထွက်ခွာသွားရတော့မယ်။

It was ten o’clock. Edward stood up and walked over to the window. In the dark streets below there were hundreds of people. They were singing and calling his name: “Edward, Edward, we love Edward!” they shouted. “Long live the King!” Long live love!”

ည ၁ဝ နာရီထိုးနေပြီ။ အက်ဒဝပ်က မတ်တပ်ရပ် ပြီး ပြူတင်းပေါက်နားသွားရပ်တယ်။

မှောင်နေတဲ့လမ်းတွေပေါ်မှာတောင် လူတွေရာချီပြီးတွေ့ရတယ်။ သူတို့တွေက သီချင်းတွေဆိုရင်း သူ့နာမည်ကိုခေါ်ရင်းနဲ့ပါပဲ။ သူတို့တွေအော်နေကြပါတယ်။

“အက်ဒဝပ်ဘုရင် အက်ဒဝပ်ဘုရင် ပြည်သူအားလုံးက အရှင်ကိုချစ်မြတ်နိုးပါတယ်။ အက်ဒဝပ်ဘုရင်သက်တော်ရာကျော်ရှည်ပါစေ။ အက်ဒဝပ်ဘုရင် သက်တော်ရာကျော် ရှည်ပါစေ။ အက်ဒဝပ်ဘုရင် မေတ္တာရှေ့ထားပွားများနိုင်ပါစေ။”

 

Suddenly the King turned to Mr. Churchill. “Why is this happening to me, Winston?” he cried. “What have I done wrong?”

ရုတ်တရက်ပဲ အက်ဒဝပ်ဘုရင် က ဝင်စတန်ချာချစ်လ် ဘက်ကိုလှည့်ပြီး.. “ ဝင်စတန်ရေ..ကျုပ်ကိုချည်း ဘာတွေဖြစ်ကုန်ပြီလည်း..ကျုပ်ဘာတွေများ အမှားတွေလုပ်မိလို့လဲဗျာ..”

He sat down and put his head in his hands. There was a silence in the room, but through the open window came the shouting from the street. “Long live Edward! Long live love! Long live Edward! Long live love!”

သူထိုင်ချလိုက်ပြီး ခေါင်းကိုလက်နဲ့ဖိထားလိုက်တယ်။ တခန်းလုံးငြိမ်သက်သွားပါတယ်။ ဒါပေမဲ့ ဖွင့်ထားတဲ့တံခါးပေါက်တွေကတဆင့် အသံ တွေကြားနေရပါတယ်။

“အက်ဒဝပ်ဘုရင်သက်တော်ရာကျော်ရှည်ပါစေ။ အက်ဒဝပ်ဘုရင် သက်တော်ရာကျော် ရှည်ပါစေ။ အက်ဒဝပ်ဘုရင် မေတ္တာရှေ့ထားပွားများနိုင်ပါစေ။”

 

Mr. Churchill came over and put his hand on the King’s arm. Edward looked up. “Thank you, Winston,” He said, “You were a good friend to me.”

မစ်စတာ ချာချစ်လ် ဘုရင်အနားတိုးလာပြီး..ဘုရင်ရဲ့လက်မောင်းကိုကိုင်ရင်းအားပေးရှာပါတယ်။ “ကျေးဇူးတင်ပါတယ် ဝင်စတန်။ ခင်ဗျား က ကျုပ်အတွက်တော့
တကယ့်သူငယ်ချင်းကောင်းတစ်ယောက်ပါ။”

“Thank you, Sir. And you were a good king.”

“ကျေးဇူးတင်ပါတယ်။ အရှင်။ အရှင်ကလည်း မင်းကောင်းမင်းမြတ်ပါ။”

At ten o’clock the next morning the telephone rang in Edward’s bedroom.

နောက်တစ်နေ့မနက် ၁ဝ နာရီလောက်မှာ အက်ဒဝပ်အိပ်ခန်းဆီကို တယ်လီဖုန်း ဝင်လာပါတယ်။

“They’re ready for you now, Sir,” a voice said.

အသံတစ်သံက.. “သူတို့ အရှင့်ကိုတွေ့ဖို့အဆင်သင့်ဖြစ်နေကြပါပြီ”

The King walked slowly down the stairs. In front of him there was an open door.
The family were waiting for him. His mother sat near the window, dressed in black.
His brothers stood beside her. “How close they are!” the King thought.

အက်ဒဝပ်ဘုရင် လှေခါးကနေဖြေးဖြေးချင်းဆင်းလာပါတယ်။ သူ့ရှေ့တည့်တည့်မှာတော့ တံခါးကဟင်းလင်းပွင့်နေလျက်ပါ။ သူ့မိသားစုကတော့ သူ့ကိုစောင့်နေလျက်ပါ။

သူ့မိခင် ဘုရင်မကြီးကတော့ အနက်ရောင်ဝတ်စုံဝတ်ဆင်ပြီး ပြူတင်းပေါက်နားမှာ ထိုင်နေလျက်ပါ။ သူ့ညီတော်တွေကတော့ သူ့မိခင်ကြီးရဲ့ဘေးနားမှာရပ်လျက်ရှိနေပါတယ်။

အက်ဒဝပ်ဘုရင် အတွေးဝင်သွားပါတယ်

“ညီတော်တွေနဲ့ ငါ့မယ်တော်တို့ တော်တော်လေး ချစ်ခင်ကြပါလား”

On a small table in the centre of the room there was a piece of paper. Edward sat down
and read these words:

အစည်းအဝေးခန်းမ အလည်တည့်တည့်မှာ ရှိတဲ့ စားပွဲငယ်လေးရဲ့ အပေါ်မှာ စာရွက်တစ်ရွက်တင်ထားပါတယ်။ အက်ဒဝပ် က ထိုင်လိုက်ပြီး စာကို ဖတ်ပါတော့တယ်။

I, Edward, the Eighth, King of Great Britain, King of India, King of Australia, King of New
Zealand, King of Canada, King of Kenya, King of Nigeria, King of Burma, King of Malaya,
King of Singapore, and King of thirty other countries, have today given the crown to
my brother George.

God be with him and all his people.

10th December 1936

“ဂရိတ်ဗြိတိန်နိုင်ငံ၏ ဘုရင်၊ အိနိ္ဒယနိုင်ငံ၏ဘုရင်၊ ဩစတေးလျှ နိုင်ငံ၏ဘုရင်၊ နယူးဇီလန်နိုင်ငံ၏ဘုရင်၊ကနေဒါ နိုင်ငံ၏ဘုရင်၊ ကင်ညာ နိုင်ငံ၏ဘုရင်၊ နိုင်ဂျီးရီးယား နိုင်ငံ၏ဘုရင်၊ မြန်မာ နိုင်ငံ၏ဘုရင်၊ မလေး နိုင်ငံ၏ဘုရင်၊ စင်္ကာပူ နိုင်ငံ၏ဘုရင်၊အခြားနိုင်ငံပေါင်း(၃၀) ၏ဘုရင်
ဖြစ်သော ကျွန်ုပ် ရှစ်ယောက်မြောက် အက်ဒဝပ်ဘုရင် ယနေ့မှ စတင်၍ ကျွန်ုပ်၏ ညီတော် ဂျော့ချ် အား
ဘုရင် သရဖူ အား လွှဲပြောင်း အပ်နှင်း လိုက်ပြီးဖြစ်ပါသည်။”

ဘုရားသခင်မှ ညီတော်နှင့် သူ၏တုိုင်းသူပြည်သားအားလုံးအား
စောင့်ရှောက်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်…

၁ဝ ရက် ဒီဇင်ဘာလ ၁၉၃၆

Edward took a pen and wrote his name at the bottom of the page. Then he stood up
and kissed his brother’s hand.

အက်ဒဝပ် က ဖေါင်တိန်ယူပြီး စာရဲ့အောက်ခြေမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ တစ်ခါတည်း မတ်တပ်ရပ်ပြီး သူ့ညီတော်ရဲ့လက်ကို နမ်းပြီး ဂုဏ်ပြု လိုက်ပါတယ်။

“I never wanted this to happen,” George said. “This is the worst day of my life.”

ဂျော့ချ် ကပြောပါတယ် “ညီတော် ဒီလိုမျိုးဘယ်သောအခါမှ မဖြစ်စေချင်ခဲ့ပါဘူး။ ညီတော့်ဘဝအတွက် အဆိုးဆုံးသောနေ့ရက်တွေပါပဲ။”

Edward walked over to his mother, “Before I kiss you,” she said, “there are some things
that I want to say. I have never understood you, child. This morning you were a King.
But tonight, you’ll run from England like a thief. Alone. Angry. Afraid.
You think that you’re free. But you’re not. You cannot be free.

အက်ဒဝပ်က သူ့မယ်တော်ဆီကိုလျှောက်သွားပြီး..မယ်တော်ကပြောပါတယ်..
“သားတော်ကို မေမေ နှုတ်ဆက်မနမ်းခင် သားတော်ကိုပြောစရာတွေအများကြီးရှိတယ်သား..
သားတော်ကိုမေမေ ဘယ်လိုမှနားမလည်နိုင်အောင်ဖြစ်ရပါတယ်.ကလေးရယ်…ဒီမနက်တုန်းမှ သားတော်ကဘုရင်တစ်ပါးဖြစ်ခဲ့ပါတယ်..ဒီညမှာ ချက်ချင်းကြီးဆိုသလို
ဟောဒီအင်္ဂလန်မြေကနေသူခိုးတစ်ယောက်လိုထွက်ခွာသွားတော့မှာလားကွယ်..

တစ်ယောက်တည်း..စိတ်ကလည်းအခန့်မသင့်…မတွေးရဲလောက်အောင်ဖြစ်အင်..
သားတော်ကတော့ငါလွတ်လပ်ပြီလို့ထင်နေမှာပါ။ တကယ်တော့မလွတ်လပ်ပါဘူးဝေးလွင့်လောက်အောင်မလွတ်လပ်သေးပါဘူး”

“Everyone needs their family. Everyone needs their home. And tonight you have lost
both those things.”

“လူတိုင်းလူတိုင်းမှာ မိသားစုဆိုတာရှိရတယ်သားတော်..ဒီလိုပဲ လူတိုင်းမှ “နားခိုရာအိမ်”
ဆိုတာလိုအပ်စမြဲပါ။ ဒီညတော့သားတော်ဟာ ဒီအလိုအပ်ဆုံးသော အရာတွေကိုမှ
ဖျက်ဆီးပစ်လိုက်ပြီပေါ့။”

“I love you. I am your mother and nothing can change that. But if you marry that
woman, you will break my heart. Go now. It is all very sad.”

“သားတော်ကို မေမေ ချစ်လိုက်တာသားရယ်။ မေမေက သားရဲ့ မေမေပါပဲ။ ဘယ်အရာကမှ သားတော်ကိုချစ်တဲ့မေမေ့ရဲ့ဒီချစ်မေတ္တာတွေကို မပြောင်းလဲနိုင်ပါဘူး။

ဒါပေမဲ့..သားတော်ဒီမိန်ကလေးကိုမှ ရွှေလက်ဆက်မယ်ဆိုရင်ဖြင့်.
.မေ့မေ့ဟောဒီနှလုံးသားတွေကြွေမွသွားရချည်ရဲ့သားရယ်…”

Edward kissed Queen Mary’s hand. Then he turned and walked away.

အက်ဒဝပ်က ဘုရင်မကြီးမေရီ ရဲ့လက်ကိုနှုတ်ဆက်နမ်းပြီး လှဲ့ထွက်သွားပါတော့တယ်။

The next day Edward returned to Windsor Castle. He went into a small, cold room
at the top of the building. From here, he spoke to BBC radio to Britain and the world.

နောက်တစ်နေ့ မနက်ခင်းမှာတော့…အက်ဒဝပ်က ဝင်ဆာရဲတိုက်ကြီးကိုပြန်လာပြီး ရဲတိုက်ကြီးရဲ့ ပေါ်ဆုံးအထပ်က အေးစက်လှတဲ့အခန်းငယ်လေးထဲကနေပြီး ဘီဘီစီ ရေဒီယိုကနေတဆင့် ဗြိတိန်နိုင်ငံတဝှမ်းလုံးကို ရော ကမာ္ဘကိုပါ အသိပေးလိုက်ပါတော့တယ်။

 

This is what he said:

“Tonight, for the first time, I can say a few words to you. Earlier today I gave the crown
to my brother George. He is now your King. I will soon leave this country and travel to
France. My heart is with Wallis and I cannot live without the woman I love.

I don’t know what will happen to me. Perhaps I will never see England again.
But think of me tonight when I sail across the sea.

God be with you. Long Live King George!”

သူပြောတဲ့ အသိပေးချက်တွေကတော့…

“ယနေ့ညနောက်ဆုံးနေနဲ့ရော..ပထမဆုံးစကားအနေနဲ့ရော..ကျွန်ုပ်ရင်ထဲက အရှင်းဆုံးနဲ့အတိုတောင်းဆုံးစကားတွေပြောပါရစေ။ ယနေ့နံနက်စောစောပိုင်းကပဲ..
ကျွန်ုပ်ရဲ့ညီတော်ဂျော့ချ် ကို အာဏာလွှဲပြောင်းပေးခဲ့ပြီးပါပြီ။ အခုဆိုရင် ညီတော်ဟာ
ပြည်သူပြည်သားအားလုံး ရဲ့ ဘုရင် ဖြစ်သွားပါပြီ။

မကြာမီ ဆိုရင် ကျွန်ုပ် ဒီတိုင်းပြည်ကနေထွက်ခွာသွားပြီး..ပြစ်သစ်ပြည်ကိုခရီးထွက်ခွာပါ့မယ်။
ကျွန်ုပ်ရဲ့နှစ်လုံးသားက ဝေါလစ် ဆီမှာပါ။ ကျွန်ုပ်ချစ်သော ဒီအမျိုးသမီးမရှိရင်
ကျွန်ုပ်ရပ်တည်ဖို့မဖြစ်နိုင်ပါဘူး…

ဘုရားသခင်ကပြည်သူပြည်သားအားလုံးကိုစောင့်ရှောက်ပါစေ

ဘုရင်ကြီးဂျောချ် သက်ကျော်ရာကျော်ရှည်ပါစေသောဝ်.. ”

Edward left Windsor Castle and got into a large black car. It was now midnight
and it was just beginning to rain.

အက်ဒဝပ် က ဝင်ဆာရဲတိုက်ကြီးကထွက်ခွာသွားပြီးအနက်ရောင်ကားကြီးပေါ်စီးပြီး
ထွက်ခွာသွားပါတော့တယ်။

ညဉ့်နက်သန်းခေါင်ယံ…အလွမ်းမိုးတွေကလည်းစွေလို့…

“Take me away as quickly as you can,” he said. The car moved off into the darkness
and the rain.

ကားဆရာကို… “ကျွန်ုပ်ကို မြန်မြန်မောင်းပို့ပေးပါ။”

အမှောင်ညမှာ..အနက်ရောင်ကားလေးတိုးဝင် အသွား မိုးတွေကသည်းပါ့။

“What a night!” said the driver? “I think the sky is crying, Sir.”

ကားဆရာ စကားစမြည်ပြောပါတယ်.. “လွမ်းစရာကြေကွဲစရာကောင်းလိုက်တဲ့ညပါ..ကျွန်တော်မျိုးအထင်တော့ ကောင်းကင်ကြီးပါ
လိုက်ငိုနေပါပြီ။”

At 1:30 a.m. they arrived at Portsmouth. Edward got out of the car and a voice said:
“The King is here!”

မနက်ခင်း ၁ နာရီ မှာ ပို့စ်မောက် ဆိပ်ကမ်းကိုရောက်ပါတယ်။ အက်ဒဝပ်ကကားပေါ်ကအဆင်းမှာ အသံတစ်သံကြားရပါတယ်။
“ဘုရင်ကြီးရောက်လာပြီဟေ့…”

Edward stopped and looked out across the open sea. There was a thin, cold smile
on his face. “King?” he said. “No, I’m not the King. I am just a man in love.”

အက်ဒဝပ် ဟိုးအဝေးက ပင်လယ်ပြင် ကြီးကို ငေးကြည့်ရင်း…သူ့မျက်နှာပေါ်မှာလည်း အေးစက်စက် အပြုံးနဲ့ ပြန်မေးလိုက်ပါတယ်။ “ဘုရင် ကြီး..ဟုတ်လား”

“ငါ ဘုရင်မဟုတ်တော့ဘူးကွ…ငါ သာမန် အချစ်နဲ့တည်ဆောက်ထားတဲ့
လူထဲကလူတစ်ယောက်ဖြစ်သွားပြီကွ…..”

Then he turned and walked onto the ship and into the night.

ပြီး….သူလှည့်ထွက်သွားပြီး…သဘောင်္ပေါ်တက်…ဟိုးအဝေးက အမှောင်ညတွေထဲမှာ စီးမျောရင်း……စီးမျောရင်း……………..

 

 

ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ…………….

12 comments

  • blackchaw

    December 23, 2011 at 1:57 pm

    ကိုဆန်နီ ရေ။
    မဖတ်ရသေးပဲ ကွန်းမန့် ဝင်ပေးတာပါဗျာ။
    မဒမ်ဘလက်က
    ကိုဆန်နီ ဟိုတစ်နေ့က ရေးတဲ့
    အမေ ကျွန်တော် သေရင်ဆိုတာလေး ဖတ်ပြီး
    စိတ်မကောင်းဖြစ်တော်မူသတဲ့ဗျာ။
    ကိုဆန်နီ ကို စိတ်ပူပါသတဲ့။
    ကြားထဲက ဆရာမကြီး အတွက်လည်း စိတ်မကောင်းဖြစ်ပါတယ်တဲ့။
    အဲဒါလေးပါဗျာ။

  • ကိုရင်စည်သူ

    December 23, 2011 at 2:05 pm

    ကိုဆန်နီ… ပီဒီအဖ်လုပ်ပြီး
    သိမ်းဆည်းထားလိုက်ပါပြီဗျာ..
    ပြန်ပြန်ဖတ်လို့ရအောင်ပါ…
    ဘဲရီးဂွတ်… ဘဲရီးဘတ်ဒ်.. 😀 😀 😀

  • MaMa

    December 23, 2011 at 3:02 pm

    မြန်မာနိုင်ငံ၏ဘုရင် ဆိုတာက စိတ်ဝင်စားစရာပဲနော်။
    ဟုတ်ပါရဲ့ အဲဒီအချိန်မှာ မြန်မာနိုင်ငံက သူတို့လက်အောက်မှာကိုး။
    (ကျွန်ုပ်ရဲ့နှစ်လုံးသားက ဝေါလစ် ဆီမှာပါ။ ကျွန်ုပ်ချစ်သော ဒီအမျိုးသမီးမရှိရင်
    ကျွန်ုပ်ရပ်တည်ဖို့မဖြစ်နိုင်ပါဘူး…)
    ဆိုတာက ဂန္တဝင်မြောက်သွားစေတယ်လို့ ထင်မိတယ်။
    (မိဘ မောင်နှမတွေနဲ့ ပြည်သူတွေရဲ့ဘက်က ကြည့်ရင်တော့ တော်တော် အကြင်နာမဲ့တာပဲလို့တောင် တွေးမိတယ်။)

  • ငပေါက်ဖော်

    December 23, 2011 at 4:00 pm

    အချစ်တန်ခိုးတွေပါလားဗျာ..
    😀

  • windtalker

    December 23, 2011 at 7:54 pm

    အချစ်ငှက်ရဲ ့သိုက်တစ်ခု သို ့ပေါ့ဗျာ ( မျိုးကြီး သီချင်းစာသားထဲကလို )
    ဘုရင် အက်ဒဝပ် ဟာ လှိုင်းကြမ်းတွေထဲ ကူးခတ်သွားတာပေါ့နော်…

  • pooch

    December 23, 2011 at 8:05 pm

    အချစ်က အဲ့သည့်လောက်တောင် အားကြီးတယ်လား…….
    ဒါဆိုရင် ချားလ်မင်းသားက သူ့အဘိုးဦးကြီးနဲ့ တူတာထင်တယ်……

  • TTNU

    December 23, 2011 at 9:46 pm

    “လူတိုင်းလူတိုင်းမှာ မိသားစုဆိုတာရှိရတယ်သားတော်..ဒီလိုပဲ လူတိုင်းမှာ “နားခိုရာအိမ်”
    ဆိုတာလိုအပ်စမြဲပါ။ ဒီညတော့သားတော်ဟာ ဒီအလိုအပ်ဆုံးသော အရာတွေကိုမှ
    ဖျက်ဆီးပစ်လိုက်ပြီပေါ့။”

    ကြားသလားမောင်ဆန်နီ၊ သတိထား..ဉာဏ်နဲ့ရှု…ဒါပဲ။

    မယ်တော်
    တီတီနု

    • windtalker

      December 23, 2011 at 10:02 pm

      သားတော်
      မယ်တော် အတွက်
      အမြန်ဆုံး လှုပ်ရှားသင့်နေပါပြီကွယ်…..
      ပုံ
      မယ်တော် ကိုယ့်စား
      မစ်စတာပေ
      ခေတ္တ ဘီယာဆိုင်

      • ငပေါက်ဖော်

        December 23, 2011 at 10:54 pm

        အမြဲတမ်းဘီယာဆိုင်လုပ်ပါ
        😀

  • Sonny

    December 23, 2011 at 11:00 pm

    ကိုငဘလက်ချောရေ…
    ကျွန်တော်လည်း တကယ်အစစ်ခံစားရေးလိုုက်တာပါ။ အကို့madam ကိုပြောပေးပါ။စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်လို့။
    ကို့အမအရင်းတစ်ယောက်ကောက်ရသလိုပါပဲလို့။
    ရန်ကုန်လာဖြစ်တဲ့အခါ(မသေသေးလို့) ကိုပေါက်ဖေါ်တို့ကို လက်ဆောင်လေးတစ်ခုခုလောက်ဝင်ပေးပါရစေလို့။
    အင်း..အမေတော့ အဲဒီ ကဗျာ ကို ဆက်ကိုမဆွေးနွေးတော့တာ။ ပရုပ်ဆီလူးယူရတယ်။ အငိုတော့တိတ်သွားလေရဲ့။ ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…..

    ကိုရင်စည်သူရေ
    လိုတာအကုန်ယူပါ။ ပေးချင်လို့ ရေးတာပါ။ ကျွန်တော်ရေးတာ စာလုံးပေါင်းတွေတော့မှားမယ်ထင်တယ်။
    လိုတဲ့ကွက်လပ်လေးတွေ ဖြည့်ဖတ်ပေးပါနော်။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

    မမရေ..
    လွန်ဆွဲပွဲတစ်ခု ကို ရင်ခုန်စွာကြည့်နေ ရသလိုပါပဲ။
    နောက်ဆုံးတော့..သူ့ဘက်ကိုယ့်ဘက်မျှကြည့်တော့လည်း အားလုံးမှန်နေသလိုပါပဲ။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……..

    ကိုငပေါက်ဖေါ်ရေ
    “Love can move mountains” ဆိုတဲ့ ဆိုရိုးစကားလိုထင်ပါရဲ့။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

    ညီလေးဝင်းတော့ကာရေ…
    မျိုးကြီးရဲ့ အဆိပ်ခွက်နဲ့လဲဆင်တယ်ကွ…’ဒဏ်ရာတွေများနဲ့..စိမ့်ဝင်ကာစီးတဲ့ လှိုင်းလေထဲကူးခတ်နေရင်း..
    ငါ..ကမ်းပျောက်နေဆဲ…..”
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

    ညီမpooch ရေ..
    အချစ်တွေမွှန်နေကြတဲ့အခါ အကြည်ဓါတ်တွေကိုမမြင်တတ်ကြတာ သဘာဝ ပါလေ။
    :Love sees no boundary လို့တော့ကြားဘူးတာပဲ။ ဟုတ်ရဲ့လားတော့မသိပါ။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……

    မေမေတီတီနုရေ..
    “သားတော်ကို မေမေ ချစ်လိုက်တာသားရယ်။ မေမေက သားရဲ့ မေမေပါပဲ။ ဘယ်အရာကမှ သားတော်ကိုချစ်တဲ့မေမေ့ရဲ့ဒီချစ်မေတ္တာတွေကို မပြောင်းလဲနိုင်ပါဘူး။
    ဒါပေမဲ့..သားတော်ဒီမိန်ကလေးကိုမှ ရွှေလက်ဆက်မယ်ဆိုရင်ဖြင့်.
    .မေ့မေ့ဟောဒီနှလုံးသားတွေကြွေမွသွားရချည်ရဲ့သားရယ်…”

    မေမေကသူကြွေမွတာပဲပြောနေတာ…သားတော်လေးနှလုံးသား ကြွေမွသွားတာကြမကြည့်ဘူးနော်…
    ဘုရင်မကြီးလည်းသူချစ်တဲ့သူပဲ အိမ်ထောင်ပြုခဲ့တာထင်ပါရဲ့။ သူ့သားတော်မှာလည်းခံစားတတ်တဲ့နှလုံးသားရှိတာပဲနော…နော..နော..

    ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ…….

    • TTNU

      December 24, 2011 at 10:10 am

      “ရန်ကုန်လာဖြစ်တဲ့အခါ(မသေသေးလို့) ကိုပေါက်ဖေါ်တို့ကို လက်ဆောင်လေးတစ်ခုခုလောက်ဝင်ပေးပါရစေလို့။”

      ဤသို့ မန်းထားကြောင်း တွေ့ရှိရသဖြင့် မောင်ဆန်နီသည် ကိုဘလက်ချောနှင့် ကိုပေါက်ဖော်တို့ကို တစ်ရပ်ကွက်တည်း တစ်ရုံးတည်းနေသည်ဟုထင်ပုံရသည်။

      သို့မဟုတ် ကိုဘလက်ချော တို့ကို ဟုရေးရာတွင် လက်ချော်သွားပုံပေါ်သည်။ :mrgreen:

      • windtalker

        December 25, 2011 at 2:56 pm

        ၅၂၈ မက တဲ့ မိခင်မေတ္တာ ကို လည်း လက်ခံပါ
        ၂၀၂၈ ရှိတဲ့ အပျိုကညာ ရဲ ့ချစ်ခြင်း ကို လည်း သိမ်းပိုက်ပါလေ….
        🙂

Leave a Reply