Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဆဲခံခြင်လို့ကိုရေးတယ် ( ၂ ) ( ပြည်သူ့ အသံ အစွန်း )

Foreign ResidentDecember 25, 20112min119025

အဆဲခံခြင်လို့ကိုရေးတယ်  ( ၂ )
 
ဘာတစ်ခုမှ မရေးရသေးခင်
အဘ အရင်ဆုံး ဝန်ခံထားချင်တာ တစ်ခုက
အဘဟာ စစ်တပ်အုပ်ချုပ်တာကို ရွံမုန်းတဲ့
ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့်
တရားမျှတမှုကို ချစ်မြတ်နိုးသူ ၊
မြန်မာ နိုင်ငံ နှင့် မြန်မာ လူမျိုးကို
ချစ်မြတ်နိုးသူ တစ်ဦးပါ ။
 
အဘ ၁၉ ရက်ကနေ ၂၃ ရက်အထိ
ပြည်တွင်း ခရီးထွက်ဖြစ်ပါတယ် ။
 
အဓိကကတော့
သီတဂူ – တက်လမ်း မျက်စိဆေးရုံ ( လွိုင်ကော် )
ရေစက်ချ လှူဒါန်းပွဲကို သွားဖြစ်တာပါ ။
 
အဲဒီပွဲမှာ အဘ သတိထားမိတာ တစ်ခုကတော့
အဘ တို့ အစိုးရ အရာရှိမင်းများ
တော်တော် ပြောင်းလဲနေတာကို တွေ့ရပါတယ် ။
 
အထူးသဖြင့် ပြည်နယ် ဝန်ကြီးချုပ် ကအစ
အရာရှိမင်း အများစုရဲ့ မျက်နှာမှာ
အရင် စစ်အစိုးရ ခေတ်ကလို
 မေါက်မာ မာန်တက်နေတဲ့
ပုံစံမျိုးတွေ မတွေ့ခဲ့ရပါဘူး ။
( မေါက်မာတတ်တဲ့ ကတော်တွေ
မပါခဲ့လို့လားတော့ မသိဘူး )
 
အထူးသဖြင့် သီတဂူ ဆရာတော်ကြီး တရားပွဲမှာ
အဘ ပြည်နယ် ဝန်ကြီးချုပ် ရဲ့ အနောက် ကပ်ရက်မှာ ထိုင်ခဲ့ပြီး
တရားပွဲ ပြီးတော့လည်း သူ့ရဲ့ အနောက်က ကပ်ပြီး
အပြင်ရောက်တဲ့အထိ ထွက်ခဲ့တာပါ ။
သိပ်ကပ်လွန်းလို့ သူ့ကိုယ်ရံတော်ရဲ ကတောင်
ကြည့်နေတာပါ ။
 
အမှန်ပြောရရင် တမင် သိချင်လို့ကို
လိုက်ကြည့်နေမိတာပါ ။
လူအုပ်ကြီး ကြားထဲမှာ
သူရော ကိုယ်ရံတော် အထူးရဲတွေကော
ကျပ်ညပ်ပြီး ပါသွားတာပါ ။
 
ကားပေါ်ရောက်ပြီးတာတောင်
သူ့ကားရှေ့က လူတွေဖြတ်လျှောက် ပိတ်လျှောက် နေတာပါ ။
ကိုယ်ရံတော် အထူးရဲတွေက
” လမ်းဖယ်ပေးကြပါ ခင်မျ ” လို့ပဲ
 မေတ္တာရပ်ခံခဲ့တာ တွေ့ခဲ့ရပါတယ် ။
 
အဲဒီ အသံဟာလည်း
အာဏာသံ မပါတာကို တွေ့ခဲ့ရပါတယ် ။
 
အဘ အမြင်မှာတော့ မြန်မာနိုင်ငံဟာ မှန်ကန်ပြီး တိုးတက်မယ့် ဖက်ကို
အမှန်တကယ် စတင် လျှောက်လှမ်းနေပါပြီ ။
 
အနောက်နိုင်ငံတွေမှာလိုတော့ နိုင်ငံရေးသမားတွေက
တွေ့သမျှ လူတွေမှန်သမျှကို ဖားပြီး
ရီပြ နှုတ်ဆက်ပြ ဖက်နမ်းပြ နေရတဲ့ အခြေအနေကိုတော့
မရောက်သေးဘူးပေါ့လေ ။
 
ဒါပေမယ့် အပြောင်းအလဲကတော့ သိသာနေပါပြီ ။
အနဲဆုံး အရပ်ဝတ် ခေါင်းဆောင်တွေ နှင့် ရဲတွေ ကတော့
စပြောင်း နေပါပြီ ။
 
အဘ တဦးခြင်း Personal အမြင်အရဆိုရင်
သူတို့ ပြောင်းလဲသွားတာ ပြောင်းလဲဖို့ ကြိုးစားနေတာကို
အသိအမှတ်ပြု အားပေးမိပါတယ် ။
 
ကောင်းတာလေးကို ရေးပြီးတော့
လွဲနေတာလေး တစ်ခုကိုလည်း
ထောက်ပြချင်မိပါတယ် ။
 
အဘ ခုတလော ဖတ်ရတဲ့
December 22nd နေ့ထုတ်
7 Days News ဂျာနယ်ထဲမှာ
မန္တလေးမှာ ဆိုင်းဘုတ်တွေကို
 မြန်မာစာ နှင့် အင်္ဂလိပ်စာ ကလွဲရင်
မရေးရတော့ဘူးလို့ ပါသကွဲ့ ။
အဓိကကတော့ တရုတ်စာ နှင့်ရေးထားတဲ့
ဆိုင်းဘုတ်တွေကို ဖျက်ခိုင်းတာပေါ့ကွယ် ။
 
အဘ တို့ အစိုးရမင်းများ ခမျာမလည်း
အခုတလော မှာ
 ပြည်သူ့ အသံ နားထောင်တယ်
 ပြည်သူ့ အသံ နားထောင်တယ် နှင့်
 ပြည်သူ့ အသံ စွတ်နားထောင်လိုက်တာ
မျက်ကန်း မျိုးချစ် အစွန်းဖက် နီးလာသလိုပဲ ။
 
Democracy ရဲ့ အခြေခံ ထောက်တိုင် တစ်ခုဖြစ်တဲ့
” Majority Rule, Minority Right “
” လူများစု Majority မှ စိုးမိုး အုပ်ချုပ်ပိုင်ခွင့် Rule ရှိသော်လည်း
လူနည်းစု Minority ၏ ရပိုင်ခွင့်များ Right ကို ကာကွယ်ပေးရမည် “
ဆိုတဲ့ အခြေခံ အယူအဆ တစ်ခုကို လွတ်လာသလိုပဲ ။
 
အဘတို့ ဩဇီ မှာတော့ ဒီလို ဥပဒေ မျိုး မရှိပါဘူးကွယ် ။
အဲလို ဥပဒေ မျိုး ထုတ်လို့လဲ မရပါဘူးကွယ် ။
 
လူ့အခွင့်အရေး အခြေခံ အချက်တစ်ခုဖြစ်တဲ့
လူတိုင်းဟာ တခြား သူတပါးကို မထိခိုက် သရွေ့
လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ရှိပါတယ် ။
 
အဲဒီ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ဟာ
 မြန်မာဘာသာ နှင့်မှ အင်္ဂလိပ်ဘာသာ နှင့်မှ ဆိုပြီး
ကန့်သတ်ခွင့် မပြုရပါဘူး ကွယ် ။
 
 မြန်မာ အများစု နေထိုင်ရာ ဒေသဖြစ်တဲ့အတွက်
ဆိုင်းဘုတ်တွေမှာ  မြန်မာဘာသာ မပါမနေရ ပါရမယ်လို့
ပြောတဲ့ အဆင့် အထိ လောက်က လက်ခံနိုင်ပေမယ့် ၊
 
တရုတ် ဘာသာ ၊ ကချင် ဘာသာ ၊ ရှမ်း ဘာသာ မပါရ ၊
ဆိုတာကတော့ ဘောင်ကျော် သွားပါပြီကွယ် ။
 
ဒီအချက်လေးဟာ သေးငယ် အရေးမပါလှတဲ့ အချက်လေး တစ်ခုဖြစ်ပေမယ့် ၊
ဒီမိုကရေစီ အစိုးရ ဆိုရင်တော့ လုပ်လို့ မသင့်တော်ပါဘူး ။
အထူးသဖြင့် မြန်မာ နိုင်ငံမှာပဲနေနေတဲ့ မြန်မာ လူမျိုးများက မမြင်လောက်ပေမယ့် ၊
ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ နေသားကျနေတဲ့ လူတွေရဲ့ မျက်စိထဲမှာ ကန့်လန့် ကြီးပါကွယ် ။
စဉ်းစားကြဖို့ပါကွယ် ။
 
သတင်းထောက်မင်းမှာလည်း အဲဒီ အမြင် Idea မျိုးရှိတယ်ထင်ပါ့ ။
သူက China Eastern Air Lines ရဲ့ ကြော်ငြာမှာ
တရုတ်စာတွေကို ဖျက်ထားတဲ့ ဆိုင်းဘုတ်ကြီးကို ရွေးပြီး ရိုက်ပြထားတယ် ။
တရုတ်ပြည်ကို ပြေးဆွဲနေတဲ့ ၊ တရုတ်ပြည်ပိုင် လေကြောင်းလိုင်းကြီးက
အဓိကစီးနင်းတဲ့ တရုတ်လူမျိုးတွေကို ကြော်ငြာတာမှာ
တရုတ်စာတွေကို ဖျက်ထားရတယ် ဆိုတော့ ၊
အင်း… ဒုက္ခ…  ဒုက္ခ…
 
ဒီမိုကရေစီ ခေါင်းပါးတဲ့ ကွန်မြူနစ် တရုတ်ပြည် မှာတောင်
သူတို့ဆီက ဆိုင်းဘုတ်တွေမှာ မြန်မာဘာသာ နှင့်ပါ ရေးထားတာကို
ဘာမှမပြောပါဘူးကွယ် ။
 
ဒါတွေက သမိုင်းတွေနော်
တစ်နေ့ တစ်ချိန် မြန်မာနိုင်ငံ အရမ်း ကောင်းစားလို့
အဘတို့ သားမြေးတွေက ကမာ္ဘမှာ ကြွားချင်လာတဲ့အခါ
တခြားသူတွေက ထောက်စရာ အချက်လေးတွေ ပေါ့ကွယ် ။
စဉ်းစားကြဖို့ပါကွယ် ။
 
တော်သေးဘီ ။

မြို့မေတ္တာခံယူမယ့် ။
 
အဘ ( FR )
 

25 comments

  • ငပေါက်ဖော်

    December 25, 2011 at 11:55 am

    ပြည်သူ ့အသံတွေ.လွှတ်နားထောင်မိလို ့..ဂေါက်ကြောင်ဖြစ်သွားတာထင်တယ်..အဘားရေ
    နောက်လဲ အမြင်မတော်တာလေးတွေ..သတိပေးလိုက်ပါဦး..
    🙄

  • Zaw Wonna

    December 25, 2011 at 12:22 pm

    တကယ့်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ပဲ …. မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာဖို့ ကြိုးစားသလို ဖြစ်နေတယ်။
    ဝီကီအဆိုအရ ကမ္ဘာပေါ်မှာ သန်းပေါင်း ၄ဝ လောက်ရှိတဲ့ လူတွေက တရုပ်ဘာသာစကားကို second language အဖြစ် သင်ယူနေကြတဲ့အချိန်မှာ ….. တို့လူကြီးတွေ ခေတ်မမီလိုက်လေခြင်း ။
    ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ဘာသာစကားကို ဘာဖြစ်လို့ အထူးအလေးထား လေ့လာခဲ့သလဲဆိုတာ သဘောပေါက်သင့်တယ်။
    အခုဆို အာရှနိုင်ငံအတော်များများမှာ အထူးသဖြင့် အာဆီယံနိုင်ငံတွေမှာ တရုပ်စကားတတ်ဖို့ဆိုတာ လိုအပ်ချက်တစ်ခု ဖြစ်လာနေပါတယ်။
    အထူးသဖြင့် စီးပွားရေးလုပ်ငန်းသမားတွေဆို ပိုလိုအပ်ပါတယ်။
    တို့လူကြီးများ တလွဲဆံပင် မကောင်းချင်ကြပါနဲ့ …

  • manawphyulay

    December 25, 2011 at 12:27 pm

    အင်း ဒါပေမယ့် အဘဖောရေ နေပြည်တော်ဟိုတယ်ဝန်ထမ်းတွေမှာတော့ ၂၀၁၃ အတွက် တရုတ်စာတွေ အပီအပြင်သင်နေတာတော့ တွေ့ခဲ့ရတယ်။ ခုမှအစပဲရှိသေးတယဆိုတော့ ပြောလို့တော့မရသေးပါဘူး။ ဆက်လက်စောင့်ကြည့်ပါဦးလို့ပဲ ပြောချင်ပါသေးတယ်။

  • ဦးဦးပါလေရာ

    December 25, 2011 at 1:20 pm

    ကျုပ်တော့ ဒီလိုထင်တယ် ကိုဖေါရင်းရဲ့-
    ဒီကလူကြီးဆိုသူတွေက
    ဘာမလုပ်ရဘူးဆိုတာတော့ နဲနဲသိလာပြီ
    ဥပမာ လူတွေကို မတရားဖိနှိပ်တာမျိုး ရမ်းမလုပ်ရဘူး .. စသည်ဖြင့်ပေါ့
    ခက်တာက-
    ဘာလုပ်ရမယ် ဆိုတာတော့ သိပ်မသိပဲ ယောင်ဝါးဝါးဖြစ်နေကြပုံရတယ်။
    အဲဒီတော့ ဘာသဘောတရား ဘာပေါ်လစီ ဘာ “မူ” မှ မရှိပဲ မီးစင်ကြည့်ကကြတာပေါ့။

    အခုတလော မန္တလေးမှာ တရုတ်လွှမ်းမိုးမှု့ကို ဆန့်ကျင်တာတွေ ကြားနေတွေ့နေရတော့
    တရုတ်စာတွေ ဖျောက်လိုက်ရင် လူပြောနဲသွားမယ် ထင်ကြပုံရပါတယ်။
    သူတို့ဆိုက်ဝါးတွေ အဲလောက်ညံ့လို့ နှစ်ပေါင်း ငါးဆယ်ကြာတဲ့အထိ
    သူတို့ပြောသမျှ တခုမှ လူလက်မခံတာ။

    တကယ်တော့ ဆိုင်းဘုတ်ဆိုတာ လူသိလွယ်အောင် ရေးရတာလေ။

  • ကြောင်ကြီး

    December 25, 2011 at 1:23 pm

    အစိုးရမင်းများ အချိုးပြောင်းသွားတာ မဟုတ်ပါဘူး။ အသစ်ကပြန်စတာမို့ အစပျိုးနေတာပါ။ အာဏာတည်ဆောက်ချိန်မှာ ဒီလိုပဲလုပ်ရပါတယ်။ လုပ်ရဆို ခါးမှာဗျောက် တရားဝင်ချိတ်ခွင့်မှ မရှိတော့တာကိုး။ လူဆိုတာခက်သား၊ ဗျောက်ရှိမှန်းသိပေမဲ့ မမြင်ရရင် မကြောက်တတ်ဘူး။ ဒါကြောင့်လည်း လူမိုက်များ နေရာမရရင် ပုဆိုးလှန်ပြမယ်၊ အဲဒါမှမရရင် ဒုတ်ပြခဲပြနဲ့ ဗိုလ်လုပ်တော့တာပဲ။ အခုလည်း ကြည့်ပါအုံး။ သူတို့နေရာမရတော့ရင် ဘာလုပ်မလဲဆိုတာ….။
    တရုတ်စာကိစ္စမှာလည်း တရုတ်တွေကိုယ်တိုင် ကြိုမြင်တတ်ရင် စည်းကမ်းရှိနားလည်တတ်ရင် အခုလိုဖြစ်စရာ မရှိကောင်းပါဘူးဗျာ။ ငွေရှိတိုင်း အာဏာပိုင်တွေနဲ့ ပေါင်းနိုင်တိုင်း လုပ်ချင်သလို လုပ်ခဲ့၊ ဒေသခံများနဲ့ အလိုက်အထိုက် ပေါင်းရကောင်းမှန်း မသိခဲ့တဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။ တဖက်မှာလည်း တိုင်းရင်းသားစာတွေတောင် အခွင့်အရေးမရမှတော့ တိုင်းတပါးစာကို ဖိနှိပ်တာ မဆန်းဘူးပေါ့နော်။ အနှစ်နှစ်ဆယ်လုံးလုံး အထိန်းချုပ်မဲ့ အားကြီးလာတဲ့ တရုတ်လွှမ်းမိုးမှုကို ဇက်ကြိုးပြန်ခွံ့ခြင်းလို့ မြင်ပါတယ်။ တရားလက်လက် မလုပ်မိဖို့သာ သတိထားရမယ်။ အာဏာပိုင်များ အချိုးပြောင်းလာတာကို တရုတ်လူရည်တတ်များ သတိထားမိရင် သူတို့လည်း ဘယ်လိုအပြောင်းအလဲ လုပ်ရမယ်ဆိုတာ မြင်ကောင်းပါရဲ့…။ ကြောင်ကြီးလည်း ကြေးမုံလေးဆီက ပြောင်းလဲလာမဲ့ အဖြေကို ရင်ခုန်စွာ စောင့်စားလျက်……။ ကြောင်တရုတ်ကြီး 😀

    • NAJA

      December 26, 2011 at 1:04 pm

      ဦးကြောင် ပြောသလိုပဲ မြင်မိပါတယ်… ဒီမိုကရေစီနည်းလမ်းမကျရကောင်းလားတော့ အပြစ်မတင်ချင်ပါဘူး… ပြည်သူတွေအတွက်ကောင်းမယ်ထင်ပြီး လုပ်ပေးတဲ့စိတ်ကိုကြိုဆိုပါတယ်… အဲဒိလိုဆိုလိုက်လို့ မျက်ကန်းမျိုးချစ် လူမျိုးကြီးဝါဒကိုအားပေးအားမြောက်လုပ်တာတော့မဟုတ်ပါ….အခုလိုလုပ်တာထက်ပါးပါးနပ်နပ်ရှိဖို့တော့ပိုလိုမယ်ထင်ပါတယ်…

      ပစ္စည်းမဲ့ဒေသခံတွေရဲ့ ပေါက်ကွဲမှုကိုတတ်နိုင်သမျှ နှစ်သိမ့်ပေးတဲ့သဘောပဲဖြစ်မှာပါ…

      • NAJA

        December 26, 2011 at 1:05 pm

        ဦးကြီး FR ကိုမျှော်နေတာကြာပါပြီ… နောက်ထပ်ပို့စ်ဘယ်တော့များထပ်ဖတ်ရပါမလဲ ခင်ဗျာ…

        • NAJA

          December 26, 2011 at 1:17 pm

          ပြောစရာကျန်သွားလို့ခင်ဗျ… ဦးကြီး FR
          ဒီကိစ္စလဲ အမြင်မတော်တာမှန်ပေမဲ့… ဆိုင်းဘုတ်တွေပြောင်းခိုင်းတဲ့ကိစ္စမှာ အမိန့်အာဏာသုံးပြီး ပြောင်းရမယ်လို့ မပါဘူးခင်ဗျ… မြန်မာနဲ့အင်္ဂလိပ်ကလွဲရင် တခြားဘာသာစကားမသုံးဖို့ မေတ္တာရပ်ခံတယ်… လို့ပဲသုံးနှုံးသွားပါတယ်… သူတို့မေတ္တာရပ်ခံတာက အမိန့်အာဏာနဲ့သိပ်မခြားနိုင်သော်လည်းပဲ… လေသံပျော့ပြောင်းမှု နဲ့.. negotiation အရိပ်အငွေ ့တွေပါတာတွေ ့ရတဲ့အတွက် ဆိုးလှတယ်တော့ ကျွန်တော်မမြင်မိဘူး ဦးကြီးခင်ဗျား… ပြောမှားဆိုမှားရှိရင်.. ခွင့်လွှတ်ပါခင်ဗျာ…

  • windtalker

    December 25, 2011 at 1:44 pm

    ဂေဇက် အသံ ကို ကြားပြီးရရင်ဖြင့် ၊ မှန်ကန်သော ပြောင်းလဲမှုများ ဖြစ်လာနိုင်ပါကြောင်း ရယ်ပါလေ

  • nature

    December 25, 2011 at 2:43 pm

    တရုပ်စာတွေကို ဘာဖြစ်လို့ဖျက်ရတာလဲလို့ ကျွန်တော်လည်းနားမလည်ဘူး။ Zaw Wonna ပြောသလို အမေရိကန်တောင် တရုပ်ကိုယှဉ်ပြိုင်ဖို့တရုပ်စာကို second language လုပ်နေချိန်မှာ တရုပ်စာကိုလည်းအားပေးသင့်တယ်။ အထူးသဖြင့်တရုပ်လေကြောင်းက တရုပ်စာရေးတာကို ဖျက်ခိုင်းတာကတော့ သူတို့ရဲ့လွတ်လပ်ခွင့်ကို မလေးစားရာရောက်တယ်လို့ထင်မိတယ်။ ကျွန်တော်မြင်တာကတော့ နိုင်ငံတော်အကြီးအကဲတွေက တရုပ်စာ အားနည်းတော့ ဆိုင်းဘုတ်မှာ ပေါက်ကရ ရှောက်ရေးမှာကို စိုးရိမ်ကြီးလို့ပဲထင်တယ်ဗျ။

  • chityimhtoo

    December 25, 2011 at 4:49 pm

    မဖတ်တတ်လို့ဖျက်လိုက်တာထင်တယ်……:P

  • kai

    December 25, 2011 at 4:55 pm

    ယူအက်စ်ရဲ့.. အကြီးဆုံးတရုတ်တန်းရှိတဲ့.. နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်မှာတော့.. တရုတ်ဆိုင်တွေ..တရုတ်စာ ပြူးပြဲအောင်တင်ထားသဗျ..။
    အဲ.. တချို့ဆို.. အင်္ဂလိပ်စာတွေ..တလုံးမှမပါလို့.. ကျုပ်ဆို..ဘာဆိုင်မှန်းမသိ.. ဘာမှန်းမသိလို့..ကပ်တောင်မကပ်ဖူး..။
    ကပ်ရင်လည်း.. အထဲဝင်သွားရင်.. တရုတ်လိုပဲပြောတာလေ…။
    ဘာပြောမှန်မသိလို့.. အင်္ဂလိပ်လိုပြောရင်လည်း.. တရုတ်လိုပဲ.. ဖိပြီးပြန်ပြောနေတာ…
    သဘောက..ရှင်ရှင်းပဲ.. ။ တရုတ်လိုမတတ်ရင်..ဆိုင်ထဲ..အလုပ်ထဲ..ဝင်မလာနဲ့..။
    ဒီလို..။
    အဲလိုပြောလို့..တရုတ်မှရယ်မဟုတ်ပါဘူး..။ကမ္ဘာ့နိုင်ငံတွေက.. လူပေါင်းစုံ အမေရိကားလာနေကြတာ..။
    ဂျပန်လည်းသူ့စာ..သူ့ဓလေ့နဲ့..လုပ်ချင်တာလုပ်တယ်.။
    အီတလီ၊ ပြင်သစ်၊ရုရှား..၊ အာရတ်.. အကုန်ဒီလိုချည်းပါပဲ..။

    ဆိုတော့.. တိုတိုဖြတ်ပြောရရင်…
    မန္တလေးမှာ.. တရုတ်စာတွေနဲ့…ဆိုင်းဘုတ်မထင်ရဘူးဆိုတာ….အမိန့်..ဥပဒေထုတ်တဲ့.. အာဏာပိုင်ကို.. တရုတ်စာနဲ့ဆိုင်းဘုတ်တင်ထားသူ/တင်ချင်သူများက.. တရားစွဲသင့်တယ်ထင်ကြောင်းပါခင်ဗျား…။
    တတ်လို့ရတဲ့..ဥပဒေပုဒ်မတွေအများကြီးရှိမယ်ထင်ပါတယ်.။ လူလူချင်းခွဲခြားဖိနှိပ်တာ၊ စီးပွားရေးထိခိုက်နစ်နာစေတာ၊ စရိတ်ပိုကုန်တာ၊ စသဖြင့်ပေါ့..။
    တရားနိုင်မှာသေချာပါတယ်..။ 🙂

    • ဦးဦးပါလေရာ

      December 25, 2011 at 6:48 pm

      ဒီသူကြီးကတော့ ခက်သေးတာပဲ …….

      မြန်မာပြည်မှာ ဆိုင်းဘုတ်တင်ဘို့ တရားဝင် စည်ပင်ကိုလျှောက်ထားပြီး ခွင့်ပြုမှ တင်ခွင့်ရှိပါတယ်။
      အဲဒီလိုလျှောက်ထားတဲ့အခါမှာ လက်မှတ်ထိုးရတဲ့ ဝန်ခံကတိပြုလွှာထဲမှာ ပါတဲ့တချက်က ဆိုင်းဘုတ်ပေါ်မှာ စည်ပင်ကခွင့်ပြုတဲ့ စာသား အမှတ်အသားနဲ့ ရုပ်ပုံတွေကိုသာ ထည့်သွင်းပါမယ်ဆိုတာပါ။
      အဲသလိုလျှောက်ထားပြီးမှ ဆိုင်းဘုတ်တင်တာ ဇတ်ရှုပ်တဲ့အတွက် ဘေဘုတ်ကြီးတွေကလွဲရင် ကျန်တဲ့ဆိုင်းဘုတ်မှန်သမျှ ကိုယ့်သဘောနဲ့ကိုယ်တင်- စည်ပင်က စုံစမ်းတွေ့ရှိတဲ့သဘောနဲ့ ဆိုင်းဘုတ်ခွန်ဆောင်ခို်င်းလိုက်ပါတယ်။
      အဲဒီလိုနဲ့ လုပ်ထုံးလုပ်နည်းနဲ့မညီ၊ ဌာနကခွင့်ပြုတဲ့ဘောင်လဲမဝင်တဲ့ (ဥပဒေနှင့်မညီသော) ဆိုင်းဘုတ်တွေဖြစ်ကုန်ပါတယ်။ ဥပမာပြောရရင် လမ်းဘေးဈေးသည်လိုပေါ့။ ရောင်းရင်တော့ အခွန်ကောက်မယ် တရားဝင်တော့ရောင်းခွင့်မရှိဘူး ဈေးရောင်းနေသရွေ့ အချိန်တိုင်း အပြစ်ရှိနေတယ် ဆိုတာမျိုးပေါ့။
      သူတို့သနားလို့ ဆိုင်းဘုတ်တင်ထားလို့ရတာ၊ သူတို့စကားနားထောင်ရမယ်ပေါ့။

      အဲဒါမျိုးက နေရာတိုင်း သူကြီးရေ ….
      နေရာတိုင်း…
      နေရာတိုင်း…

  • thit min

    December 25, 2011 at 5:28 pm

    ဗဟိုဦးစီးစနစ်ကိုလျှော့ချဘို့ ဆိုပေမဲ့ အင်နားရှား ကရှိနေသေးတာပါဘဲ။
    ဈေးကွက်စီးပွါးရေးစနစ်လို့လဲ အော်နေသေးတယ်။ ဈေးကွက်ကိုလဲ လွတ်လပ်တဲ့လုပ်ပိုင်ခွင့်မပေးဘူးဆိုတဲ့
    ဆိုရှယ်၊ကွန်မြူ အသွင်ပြောင်းတွေရဲ့ လုပ်နည်းကိုင်နည်းတွေအတိုင်း ဟိုလိုမလုပ်နဲ့ဒီလိုမလုပ်နဲ့တော့ရှိနေအုန်းမှာပါ။
    မိဘတွေပေးစားလို့ ညားကာစ လင်မယားသွေးတိုးစမ်းတာမျိုးပေါ့။
    နောက်ပိုင်းတော့ ထိန်းညှိရင်းအချိန်တန်တော့ လုပ်သင့်တာတွေပုံမှန်ဖြစ်လာပါလိမ့်မယ်။
    သူလည်းပြင်သင့်တာပြင် ကိုယ်လဲ ပြင်သင့်တာပြင် နဲ့ မှန်ကန်သောဈေးကွက်စီးပွါးရေး လူလားမြောက်ဘို့ဆိုတာ
    အချိန်တော့ပေးရအုန်းမှာပါ။
    (Accountability)တင်ပြဆွေးနွေးခွင့်ရှိဖို့၊(Responsibility)တာဝန်ယူဖြေရှင်းပေးဖို့ ဆိုတဲ့ဟာတွေကတော့
    အရေးကြီး လိုအပ်တယ်လို့ယူဆပါတယ်။ အဲဒါရှိသွားမှ နောက်ပိုင်း (Transparency) ပွင့်လင်းမြင်သာမှု ရှိလာမှာပါ။
    ART ပါ။

  • alinsett

    December 25, 2011 at 6:55 pm

    ဆဲချင်လို ့ကို ဝင် ဖတ်မိတာ..။ ဒါပေမယ့် ဆဲ ရလောက်အောင် ဘာမှ မတွေ ့လို ့ ( ချီးကျူးစရာ အရေးအသားနဲ ့ အကြောင်းအရာတွေ ပဲ.တွေ ့လို ့)
    ချီကျူး သွားပါတယ် ။
    မဆဲ..တော့ပါဘူးနော် ။

    နောက်ကိုလည်း ဒီလို ပို ့စ်ကောင်းကောင်းလေးတွေ တင်ပေးပါဦးဗျ။
    လေးစားစွာ..ခင်မင်လျက်
    အလင်းဆက်

  • pooch

    December 25, 2011 at 6:55 pm

    အဘဖောရေ စောင့်ကြည့်ပါအုန်းလို့ပဲ ပြောချင်ပါတယ်….
    နောက်ဆိုရင်တော့ အတိုးအလျှော့ရှိလာမှာလို့ထင်ပါတယ်…
    ဒီမိုကရေစီကတော့ ကိုယ်တွေတောင် ဘာမှန်းမသိသေးတာ … တစိမ်းများတော့ ပိုဝေးနေအုန်းမှာပါ…

  • koyinmaung

    December 25, 2011 at 7:16 pm

    မန်းလေးမှာတရုတ်စာပါတဲ့ဆိုင်းဘုတ်တွေကိုတရုတ်စာဖျက်ခိုင်းတယ်ဆိုတာ
    ဖုံးကွယ်ခြင်းလို့ဆိုချင်ပါတယ်….
    တရုတ်လူမျိုးများလာတဲ့မန်းလေးမှာတရုတ်စာပါတဲ့ဆိုင်းဘုတ်မရှိယင်
    တရုတ်လူမျိုးများမှန်းမသိသာအောင်လုပ်တာဘဲဖြစ်မှာပါ…

  • MaMa

    December 25, 2011 at 7:32 pm

    FR ရေ-
    ကိုယ့်အတွေးအမြင်ကို အများနဲ့ဆန့်ကျင်မယ်ထင်ပေမယ့် ခုလို ရေးရဲတာကိုက နိုင်ငံခြားမှာ အနေကြာလို့ စိတ်ဓာတ်တွေ ပြည့်ဝလို့ လို့ ပြောရမယ်။
    ကိုယ်မြင်တဲ့အတိုင်း ရေးပြလို့ ကျန်တဲ့လူတွေလည်း (ကိုယ့်စိတ်နဲ့နှိုင်းတာ) ကောင်းတာမြင်ရင် ကောင်းတယ်လို့ ခံယူနိုင်လာကြမယ် ထင်ပါတယ်။

  • kokoover

    December 25, 2011 at 7:33 pm

    ကောင်းပါတယ် ယောက်က္ခမကြီး အဲ. ဘဘကီး….

  • naywoonni

    December 25, 2011 at 8:10 pm

    ဆဲရမယ်ဆိုရင်တော့ ဆဲမယ်…။ ဘဖောကိုမဟုတ်ဘူး…။ ဘဖောကို ဆဲတဲ့ ကောင်တွေပြန်ဆဲပေးမယ်..။ ဟီးးးးးးးးးးးး:P 😛

  • မှော်ဆရာ

    December 25, 2011 at 8:26 pm

    အဘဖောပြောတာ မှန်ပါတယ်
    တချို့နေရာတွေမှာ ပြောင်းလဲလာမှုတွေ မြင်သာလာပြီ
    တချို့ နေရာတွေမှာ အရှိန်နဲ့ ရောလိမ့်နေတာလေးတွေ ကျန်နေသေးတာက လွဲလို့ပေါ့နော်
    တချို့နေရာတွေက ပြည်သူတွေကိုယ်တိုင်ကိုက ကိုယ့်အခွင့်အရေးကို ကိုယ်မသိသေးလို့ လို့ဖြစ်နေတာလဲ ပါတယ် ..
    ဥပမာ ဘဏ်သွားတယ် ၊ ငွေထုတ်တယ် ..
    ဘဏ်ဝန်ထမ်းကတော့ အရင်လောက် ပွင့်ပွင့်လင်းလင်း ငွေမတောင်းရဲတော့ဘူး ၊ ငွေထွက်လာအောင် အချိန်ဆွဲတယ် .. ရစ်တယ် ..၊ ဒီတော့ ဘာလုပ်ရသလဲ .. ငွေပေးခဲ့ရတယ်..
    ဒါမျိုးကျတော့ ကိုယ့်မှာ အခွင့်အရေးရှိတယ်.. ကြာသင့်တာထက် ပိုကြာရင် မန်နေဂျာကို တိုင်ရမယ်
    မန်နေဂျာကမှ ထပ်ရစ်တယ်ဆိုရင် အထက်တက်တိုင်ဗျာ .. တိုင်စာတက်လို့ တိုင်တဲ့သူကို အရေးယူမယ်ဆိုတဲ့ ခေတ်ကုန်သွားပါပြီ
    လူဆိုတာ ကိုယ်ရထားတဲ့ နေရာလေးကို ဖက်တွယ်တတ်ကြတယ်..။အောက်ခြေဝန်ထမ်းမကောင်းလို့ ဘဏ်မန်နေဂျာကို တိုင်ရင် ဘဏ်မန်နေဂျာ အရေးမယူပဲ မနေရဲပါဘူး..။ကိုယ်နေရာပါ ထိခိုက်လာမှာတော့ စိုးတယ်လေ ..။
    အခု မြန်မာပြည် ဖြစ်နေတာက ဘာနဲ့တူသလဲဆိုရင်
    လှောင်ခြိုင့်ထဲမှာ အနေကြာလို့ အသားကျနေတဲ့ ငှက်ကလေးတွေ လှောင်အိမ်တခါးဖွင့်ပေးတာတောင် မပျံနှိုင်သေးသလိုပါပဲ ..။
    ဒါပေမယ့် စည်းလွတ်ဘောင်လွတ် မလုပ်ဖို့တော့ လိုပါမယ် ..။

  • htet way

    December 25, 2011 at 8:51 pm

    ကျွှန်တော်ချစ်သူဟောင်းလေး(ခွင့်လွတ်ပါခင်ဗျား)နိုင်ငံခြားမှာအလုပ်သွားလုပ်
    တာတရုတ်စာမတတ်လို့ ပြန်လာပြီးသင်တယ်လို့ကြားမိပါတယ်
    အဘတို့ကပိုသိမှာပါ ပြောင်းလဲတာတော့ အမှန်ပါပဲ အာဏာရှင်စနစ်မရှိလေ၊
    သားတို့ကကြိုက်လေ၊ လူ့အခွင့်အရေးရှိလာလေ သားတို့ ပျော်လေပါပဲ အဘရေ့

  • Oo Oo

    December 25, 2011 at 10:18 pm

    အစဆိုတော့လည်းအိုးနင်းခွက်နင်းတော့ဖြစ်တတ်ပါတယ်..(လူကြီးတွေကိုယ်တိုင်ကလည်းဒီမိုကရေစီကိုလေ့လာနေတုန်းဆို
    တော့လေ)..ဒီမိုကရေစီနဲ့မယဉ်ပါးသေး (အဆင်သင့်မဖြစ်သေး) တဲ့ လူထုကို ကျေနပ်မှုအတိုင်းအတာတစ်ခုအထိရစေချင်တာလဲပါမယ်ထင်ပါတယ်..
    ဒီလို အမြီး အမေါက် မတည့် တာလေးတွေရှိနေပေမယ့်..မြင်သာတဲ့ပြောင်းလဲမှုတွေရှိလာတာဟာဝမ်းသာစရာပါ

  • chindwinsayargyi

    December 26, 2011 at 1:21 pm

    VERYGOOD.ကောင်းတယ်ဗျာ.ဘာမလုပ်ရဘူးဆိုတာတော့နဲနဲသဘောပေါက်နေပြီ.ဘာလုပ်ရမယ်ဆိုတာ
    တော့သိပ်မသိသေးလို့နေမှာပါ.စောင့်ကြည့်ကြရဦးမှာပါ

Leave a Reply